သြဂုတ် ၁၀ ၊ ၂၀၁၄
M-Media
တင်ဆက်သူ- daythanix
အင်္ဂါဂြိုဟ်မှာ လက်ရှိလှည့်ပါတ် သွားလာပြီး လေ့လာနေတဲ့ Curiosity Mars rover လိုမျိုး နောက်ထပ် Mars rover အသစ်တစ်စီးကို ၂၀၂၀ မှာထပ်လွှတ်ဖို့ စီစဉ်ထားပါတယ်။
ဒီယာဉ်အသစ်မှာ အာရုံခံ ကိရိယာ ၇ မျိုးတပ်ဆင်မှာ ဖြစ်ပြီး ဒေါ်လာသန်း ၁၉၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ Mars rover အသစ် မှာတော့ ဘက်တီးရီယား အရွယ် သက်ရှိတွေ အထိ ရှာဖွေနိုင်မယ့် ကိရိယာတွေ ပါဝင်မယ့်အပြင် လေထုထဲကနေ အောက်စီဂျင် ထုတ်လုပ်နိုင်မယ့် ကိရိယာ ပါဝင်ပါတယ်။
အောက်စီဂျင် ကို နောင်တစ်ချိန် အာကာသယာဉ်မှူးတွေ ကိုယ်တိုင် သွားရောက်တဲ့ အခါမှာ အသက်ရှုဖို့ အပြင် ဒုံးပျံလောင်စာအဖြစ် ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။
Leave a Reply
You must be logged in to post a comment.