News @ M-Media

Blog

  • အိမ်ရှင်ဘရာဇီးလ်၊ ဂျာမနီတို့ အကြိုဗိုလ်လုပွဲတက်ပြီ

    ဇူလိုင် ၅၊ ၂၀၁၄
    M-Media
    –  ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်နှစ်ခုကိုတော့ ယမန်နေ့ညနဲ့ ယနေ့ နံနက်တွေမှာ ကစားခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်နဲ့ ခြေစွမ်းထက်နေတဲ့ ဂျာမနီတို့ ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ကြပါတယ်။

    ဂျာမနီ ၁-၀ ပြင်သစ်

    10525749_932327386783109_3770479366699847272_n

    ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ပွဲမှာတော့ နှစ်ဖက်ခြေမျှခဲ့ပြီး နောက်ခံလူ ဟမ်းမဲလ်ရဲ့ ၁၂ မိနစ်ခေါင်းတိုက်ဂိုးနဲ့ ဂျာမနီတို့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပါတယ်။ ပွဲအစမှာ ဂျာမနီတို့ ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့် စရခဲ့တာကတော့ ပြင်သစ်အသင်းကပါ။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ပြင်သစ်တို့ ပိုကောင်းခဲ့ပြီး ပထမပိုင်းပြီးကာနီး ၁၁ မိနစ်အလိုမှာ ဘန်ဇီမာရဲ့ ကန်ချက်ကို ဂျာမန်ဂိုးသမား နူအာ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    10383546_932327376783110_5422573878145631177_n

    ဒုတိယပိုင်းမှာ ပြင်သစ်တို့ ဂျာမနီကို ဖိအားပေးနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ဂိုးတွေကို သွင်းယူနိုင်ခြင်းမရှိတာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားကို ကွာတားအဆင့်ကပဲ လက်ပြတ်နှုတ်ဆက်ခဲ့ရပါတယ်။ ဒီပွဲအရှုံးဟာ ၁၉၈၂၊ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်အဆင့်မှာ အနောက်ဂျာနီကိုရှုံးခဲ့ရှုံးကြွေး ပြန်ဆပ်ခွင့် ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

     

    10347779_932457026770145_2508273868307699793_n==============================

    ဘရာဇီးလ် ၂-၁ ကိုလံဘီယာ

    10297693_932909783391536_7700946321552842969_n

    အိမ်ရှင်ဘရာဇီးကလည်း အခုနှစ်မှာ အံသြဖွယ်ခြေစွမ်းပြနေတဲ့ ကိုလံဘီယာကို အသားစီး ကစားနိုင်ခြင်းမရှိပေမယ့် သီယာဂိုဆေးလ်ဗား၊ ဒေးဗစ်လူးဝစ်တို့ရဲ့ ဂိုးတွေနဲ့ ဆီမီးတက်နိုင်ခဲ့ပါတယ်။ ပွဲအစမှာ အိမ်ရှင်တို့ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်နိုင်ခဲ့ပြီး ၇ မိနစ်မှာ နေးမာရဲ့ ထောင့်ကန်ဘောကနေ သီယာဂိုဆေးလ်ဗားက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုလံဘီယာကလည်း ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး ချေပဂိုးရလုရခင်အထိဖြစ်ခဲ့ပါတယ်။

    10425448_932702310078950_3809571765081797736_n

    ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်ကသာ ဘောလုံးကိုင်ထားခဲ့ပြီး ၆၉ မိနစ်မှာ လူးဝစ်က နောက်တစ်ဆင့်တက်ဖို့ သေချာစေမယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မိနစ် ၈၀ မှာ ကိုလံဘီယာ စတား ရော်ဒရီဂက်စ်က ချေပဂိုး ၁ ဂိုး ပြန်သွင်းပေးနိုင်ခဲ့ပေမယ့် ကျန်ရှိတဲ့ ပွဲကစားချိန်တွေကို ဘရာဇီးလ်နောက်တန်းက အကောင်းဆုံး ပိတ်ဆို့သွားနိုင်တာကြောင့် သမိုင်းသစ်ရေးထိုးဖို့ အိပ်မက် ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးလ်အတွက် တန်ဖိုးကြီး ပေးဆပ်ခဲ့ရတာတစ်ခုကတော့ အားထားရတဲ့ တိုက်စစ်မှူး နေးမာ ပွဲပြီးကာနီးမှာ ဒဏ်ရာရခဲ့ပြီး ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရတာပါပဲ။

    10501980_933265386689309_6749480468327377860_n

    ဘရာဇီးလ်ဟာ ပြင်သစ်ကို အနိုင်ယူခဲ့တဲ့ ဂျာမနီနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကိုတော့ ဇူလိုင် ၉ ရက်နေ့ နံနက် ၂ နာရီခွဲမှာ ကစားမှာဖြစ်ပါတယ်။

  • ဇူလိုင် ပထမအပတ် သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇူလိုင် ၇  ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ကာဗွန်ဒိုင်အောက်ဆိုက် လေ့လာရေးဂြိုဟ်တု

    Orbiting Carbon

    NASA ရဲ့ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို တိုင်းတာဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုအပေါ် ကာဗွန်ဒိုင်အောက်ဆိုက် ရဲ့ သက်ရောက်မှုကို လေ့လာဖို့တည်ဆောက် ထားတဲ့ Orbiting Carbon Observatory 2 ဂြိုဟ်တု ကို ဗုဒ္ဓဟူးနေ့က Delta 2 ဒုံးပျံနဲ့ ကယ်လီဖိုးနီးယား Vandenberg Air Force Base ကနေ အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။

    ဒေါ်လာ $465 သန်း တန်ဘိုးရှိတဲ့ ဒီဂြိုဟ်တုကို အင်္ဂါနေ့က လွှတ်တင်ခါနီးမှ အအေးပေးစနစ် ချွတ်ယွင်းမှုကြောင့် တစ်ရက် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

     

    ဒီနှစ်အတွင်းမှာ OCO ဂြိုဟ်တု ငါးလုံး လွှတ်တင်နိုင်ဖို့ စီစဉ်ထားပါတယ်။ အခုလွှတ်တင်တာဟာ ဒုတိယ မြောက် ဖြစ်ပါတယ်။

     

    ——————————–
    လမ်းမလျှောက်နိုင်သူတွေအတွက် exoskeleton

    exoskeleton

    ReWalk လို့ အမည်ပေးထားတဲ့ exoskeleton တစ်မျိုးကို Argo Medical Technologies က ထုတ်လုပ်ထားပြီး ဖြန့်ချီရောင်းချနိုင်ခွင့်ကိုလည်း အမေရိကန် FDAက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

    exoskeleton ဆိုတာကတော့ ခန္ဓာကိုယ် ပြင်ပမှာ တပ်ဆင်ရတဲ့ အရိုးအဆစ်သဖွယ် ထောက်ပံ့ပေးတဲ့အပြင် သွားလာလှုပ်ရှား မှုကိုလည်း လုပ်ဆောင်ပေးပါတယ်။

    အခု ထုတ်လုပ်လိုက်တဲ့ exoskeleton ကိရိယာကို ထိန်းချုပ်လုပ်ဆောင်ပေးတဲ့ ကွန်ပြူတာ ငယ်ကလေးနဲ့ ဘက်ထရီကိုတော့ သုံးစွဲသူရဲ့ ကျောပိုးအိပ်ထဲမှာ ထည့်ထားပါတယ်။

    လမ်းမလျှောက်နိုင်သူတွေအတွက် အားတက်စရာ သတင်း ဖြစ်ပေမယ့်လည်း ဈေးနှုံးကတော့ $69 500 ဖြစ်တဲ့အတွက် ဈေးကြီးလွန်းနေပါတယ်။
    ——————————–
    ရှာဖွေရေးသုံး လက်ကိုင် ဓါတ်မှန်စက်

    X-ray 1

    American Science & Engineering ကုမ္ပဏီက ရဲဝန်ထမ်းတွေ ရှာဖွေရေးလုပ်ရာမှာ သုံးနိုင်မယ့် Mini Z လို့ အမည်ပေးထားတဲ့ လက်ကိုင် ဓါတ်မှန်စက် ကို တီထွင်လိုက်ပါတယ်။

    လက်နက်၊ ငွေစက္ကူ၊ မူးယစ်ဆေးဝါး စတာတွေကို စက်မှာ တပ်ဆင်ထားတဲ့ LCD မြင်ကွင်းမှာ ကြည့်ရှူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

    အားပျေားတဲ့ X-ray ဖြစ်လို့ ခန္ဓာကိုယ်ကို မဖြတ်သန်းနိုင်တဲ့အတွက် လူသားတွေအဖို့ အန္တရာယ် နည်းပါးပါတယ် ။ နည်းပညာကတော့ လေဆိပ်တွေမှာသုံးတဲ့ scanner ကြီးတွေနဲ့ ဆင်တူပြီး အခုလို လက်ကိုင်စက်ငယ်လေး အဖြစ်ပြုလုပ်နိုင်ဖို့ ခုနှစ်နှစ်ကြာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
    ——————————-
    ဂူးဂဲလ်ရဲ့ Cardboard
    1403785377
    ဂူးဂဲလ်က သူတို့ရဲ့ Google I/O ညီလာခံ အပြီးမှာ Cardboard လို့ အမည်ပေးထားတဲ့ ကတ်ထူဘူးတစ်ခုစီ လက်ဆောင်ပေးပါတယ်။

    ဒီကတ်ထူဘူးလေးကို ညွှန်ကြားချက်အတိုင်း ခေါက်ချိုးလိုက်တာနဲ့ Oculus Rift လိုမျိုး ပုံရိပ်ယောင်မြင်ကွင်းစစ် (virtual reality) ကိရိယာပုံစံ ဖြစ်သွားပါတယ်။ နောက်ပြီး အထဲမှာ Android phone တစ်လုံးကို မြင်ကွင်းအတွက် အပေါက်ဖေါက်ပေးထားတဲ့ ရှေ့မှာ ထည့်ထားပြီး စမ်းသပ်ဖို့ ရေးဆွဲထားတဲ့ app ကို သုံးပြီး ပုံရိပ်ယောင်မြင်ကွင်းစစ် ကို စမ်းသပ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

    SOFTWARE developer တွေက virtual reality အတွက် software တွေ ရေးသားနိုင်ဖို့ အလွယ်ဆုံး နဲ့ ဈေးအသက်သာဆုံး နည်းလမ်းကို Google I/O ညီလာခံ က ပေးလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ မတက်ရောက်နိုင်သူတွေလည်း အင်တာနတ်ဝဘ်ဆိုက်မှာ VR Toolkit နဲ့ design files တွေ ရယူနိုင်ပါတယ်။ စမ်းသပ်ဖို့ ရေးဆွဲထားတဲ့

    app —> https://play.google.com/store/apps/details?id=com.google.samples.apps.cardboarddemo

    VR Toolkit —> https://developers.google.com/cardboard/overview

    design files —> https://gweb-cardboard.appspot.com/downloads/cardboard_design_v1.0.zip

    related news —>http://www.m-mediagroup.com/news/28411

  • သူပုန်များအတွက် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် အီရတ် ၀န်ကြီးချုပ်ကြေညာ

    ဇူလိုင် ၄ ၊ ၂၀၁၄
    M-Media
    20147217916480734_20
    – တိုင်းပြည်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး ဗဟိုအစိုးရအား တိုက်ခိုက်နေသည့် လက်နက်ကိုင် စွန်နီမျိုးနွယ်စုများအား အလျော့ပေးသည့်အနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အီရတ် ၀န်ကြီးချုပ် နူရီ အလ်မာလီကီက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောမိန့်ခွန်းတွင် မာလီကီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လုပ်ရပ်ဆိုးများ၊ သွေးထွက်သံယိုမှုများကို ကျူးလွန်သူများမှအပ မည်သူကိုမှ ဖယ်ကျဉ်ထားခြင်းမရှိဟု ဆိုသည်။

    အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် လူဦးရေမည်မျှပါဝင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ထို့ပြင် ထိုဆောင်ရွက်မှုက ဘာ့သ်ပါတီနှင့် အစိုးရဆန့်ကျင်ရေးမျိုးနွယ်စုများအကြား မဟာမိတ်ဖြစ်မှုကို ပြိုကွဲနိုင်သည့် အနေအထားရှိသည်။

    အစ္စလာမ့်မစ်နိုင်ငံတော်တည်ထောင်ကာ ခြိမ်းခြောက်မှုကိုလည်း မာလီကီက သတိပေးခဲ့ပြီး ထိုအစီအစဉ်က အီရတ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ မည်သူ့ကိုမှ လုံခြုံမှုမပေးနိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီရတ်ရှိ နယ်နိမိတ်အချို့ကို သိမ်းပိုက်ထားသည့် ISIL အဖွဲ့ကမူ ၎င်းတို့သိမ်းပိုက်ထားသည့် ဒေသများအား ခလီဖာစနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု တနင်္ဂနွေနေ့က ကြေညာခဲ့ပြီး အဘူဘာကာ အလ်-ဘဂ္ဂဒါဒီကို ၎င်းတို့၏ ခလီဖာအဖြစ် သတ်မှတ်ခဲ့သည်။

    Ref: Al Jazeera and agencie

  • ရမသွာန် ဥပုသ်လအတွင်း ဆီးချို ရှိသူများ ဆောင်ရန်၊ ရှောင်ရန် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲ ဆီနီဂေါတွင် ဖြန့်

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    Diabetic-mobile-app
    – ဆီးချိုရောဂါသည်များ ရမသွာန် ဥပုသ်လအတွင်း မည်ကဲ့သို့ နေထိုင်စားသောက်ရမည်ကို အကြံပေးသည့် ဖုန်းဆော့ဖ်ဝဲတစ်ခုကို ဆီနီဂေါတွင် ဖြန့်ချီလိုက်သည်ဟု သိရသည်။

    mRamadan ဟု အမည်ရပြီး ရမသွာန် မတိုင်ခင်ကတည်းက ဖြန့်ချီခဲ့သည့် အဆိုပါ ဆော့ဖ်ဝဲမှာ ဆီးချိုရောဂါသည်များ ဥပုသ်သီလဆောက်တည်မှုအတွက် အကြံပြုချက်များကို ဖော်ပြသွားမည်ဖြစ်ပြီး ရမ်ဇာန်မတိုင်မီ၊ ရမ်ဇာန်အတွင်းနှင့် ရမသွာန် ပြီးနောက်ပိုင်းတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

    “အရင်ကဆို ရမသွာန် ဥပုသ်လမှာ ဘာလုပ်ရမယ်ဆိုတာကိုမသိတဲ့ ဆီးချိုသမားတွေ အများကြီးရှိပါတယ်။ ဥပုသ်စောင့်ရမလား၊ မစောင့်ရဘူးလားဆိုတာကို သူတို့မသိကြပါဘူး။ ဒါပေမယ့် ဒီဆော့ဖ်ဝဲကတော့ ဥပုသ်စောင့်နေစဉ်အတွင်းမှာ ဘာတွေလုပ်ရမလဲဆိုတာအတွက် ကူညီပေးပါတယ်” ဟု အသက် ရှစ်နှစ်အရွယ်မှာပင် ဆီးချိုရောဂါ အဆင့် ၁ ခံစားခဲ့ရသည့် အသက် ၂၆ နှစ်အရွယ်ရှိ နဒီယာဂါ ဒီအုပ်က VOA သတင်းဌာနသို့ ဇူလိုင်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

    အဆိုပါဆော့ဖ်ဝဲမှာ He@lthy Be မိုဘိုင်းဖုန်းဆော့ဖ်ဝဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရမ်ဇာန်ဥပုသ်လ၌ ဆီနီဂေါရှိ ဆေးရုံများအတွင်း အရေးပေါ်လူနားများ မြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    “အချို့ဆီးချိုရောဂါသည်တွေဟာ ဘာမှမသိဘဲနဲ့ သူတို့သဘောနဲ့သူတို ဥပုသ်စောင့်ကြပါတယ်။ ဒါပေမယ့် ဒီနည်းပညာဖွံ့ဖြိုးလာပြီး ဒီဆော့ဖ်ဝဲကတစ်ဆင့် လူတွေဟာ အကြံဥာဏ်တွေ ရယူနိုင်ကြပါတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဆီးချိုရောဂါရှင် မာရီ ဂါဒီယိုက ဆိုသည်။

    ဆီးချိုရောဂါသည် မွတ်စလင်များ အင်ဆူလင်ထိုးနေရပါက ဥပုသ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည့်စာရင်းတွင် ပါဝင်သည်ဟု အစ္စလာမ်ဓမ္မပညာရှင်များက အတည်ပြုထားသည်။

    လူဦးရေ ၁၃ သန်းရှိသည့် ဆီနီဂေါနိုင်ငံတွင် ၉၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ကြသည်။

    Ref: OnIslam & News Agencies

  • အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်နှင့် တိုက်စစ်မှူး ဒမ်ဆီတို့အား အိုဘားမားချီးကျူး

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    431058_heroa
    – ၁၆ သင်း ရှုံးထွက် ဘယ်လ်ဂျီယံအသင်းအား ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် လက်စွမ်းပြခဲ့သည့် ၀ါရင့်ဂိုးသမား တင်ဟောင်းဝပ်နှင့် အုပ်စုအဆင့်မှ ကျော်အောင် ကူညီပေးခဲ့သည့် တိုက်စစ်မှူး ဒမ်ဆီတို့အား အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးကျူုးခဲ့သည်ဟု သိရသည်။

    ဘယ်လ်ဂျီယံအသင်းမှာ ထိုပွဲတွင် အမေရိကန်အား တောက်လျှောက်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်အများ အပြားရခဲ့သော်လည်း တင်ဟောင်းဝပ်က အပိုင်ဂိုးသွင်းမှု ၁၆ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး အများဆုံး ကာကွယ်နိုင်သည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဒမ့်ဆီမှာလည်း အုပ်စုအတွင်းပြိုင်ပွဲများတွင် ၂ ဂိုးသွင်းယူပေးကာ အမေရိကန်အသင်းအား ၁၆ သင်းအဆင့်ရောက်အောင် ကူညီပေးနိုင်ခဲ့သည်။

    “နှစ်ယောက်လုံးက ကျွန်တော်တို့ ဂုဏ်တက်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘောလုံးအားကစားကို ကျွန်တော်ဒီလောက်မကြိုက်ပေမယ့် ဒါကို ကြိုက်နှစ်သက်ကြတဲ့သူတွေရဲ့ နှလုံးသားနဲ့ ပြည်သူတွေရဲ့ စိတ်အာရုံကို ညှို့ယူဖမ်းစားခဲ့တာကို မြင်ရတာဟာ မယုံကြည်နိုင်စရာပါပဲ” ဟု အိုဘားမားက အမေရိကန်ဘောလုံးသမားများနှင့် ဖုန်းပြောဆိုမှုအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်အသင်း နိုင်ငံသို့ပြန်လာသည့်အခါ ပြည်သူများ ချက်ချင်းမမှတ်မိစေရန် မျက်နှားပေါ်ရှိအမွှေးများအား ရိတ်ပစ်ထားရမည်ဟု တင်ဟောင်းဝပ်အား အိုဘားမားက အရွှန်းဖောက်ပြောဆိုခဲ့သည်။

    ဂျာမနီ၊ ပေါ်တူဂီ၊ ဂါနာတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည့် အမေရိကန်အသင်းမှာ အုပ်စုဒုတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဘယ်လ်ဂျီယံအား အချိန်ပိုတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။