News @ M-Media

Blog

  • သူပုန်များအတွက် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် အီရတ် ၀န်ကြီးချုပ်ကြေညာ

    ဇူလိုင် ၄ ၊ ၂၀၁၄
    M-Media
    20147217916480734_20
    – တိုင်းပြည်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး ဗဟိုအစိုးရအား တိုက်ခိုက်နေသည့် လက်နက်ကိုင် စွန်နီမျိုးနွယ်စုများအား အလျော့ပေးသည့်အနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အီရတ် ၀န်ကြီးချုပ် နူရီ အလ်မာလီကီက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောမိန့်ခွန်းတွင် မာလီကီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လုပ်ရပ်ဆိုးများ၊ သွေးထွက်သံယိုမှုများကို ကျူးလွန်သူများမှအပ မည်သူကိုမှ ဖယ်ကျဉ်ထားခြင်းမရှိဟု ဆိုသည်။

    အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် လူဦးရေမည်မျှပါဝင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ထို့ပြင် ထိုဆောင်ရွက်မှုက ဘာ့သ်ပါတီနှင့် အစိုးရဆန့်ကျင်ရေးမျိုးနွယ်စုများအကြား မဟာမိတ်ဖြစ်မှုကို ပြိုကွဲနိုင်သည့် အနေအထားရှိသည်။

    အစ္စလာမ့်မစ်နိုင်ငံတော်တည်ထောင်ကာ ခြိမ်းခြောက်မှုကိုလည်း မာလီကီက သတိပေးခဲ့ပြီး ထိုအစီအစဉ်က အီရတ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ မည်သူ့ကိုမှ လုံခြုံမှုမပေးနိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီရတ်ရှိ နယ်နိမိတ်အချို့ကို သိမ်းပိုက်ထားသည့် ISIL အဖွဲ့ကမူ ၎င်းတို့သိမ်းပိုက်ထားသည့် ဒေသများအား ခလီဖာစနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု တနင်္ဂနွေနေ့က ကြေညာခဲ့ပြီး အဘူဘာကာ အလ်-ဘဂ္ဂဒါဒီကို ၎င်းတို့၏ ခလီဖာအဖြစ် သတ်မှတ်ခဲ့သည်။

    Ref: Al Jazeera and agencie

  • ရမသွာန် ဥပုသ်လအတွင်း ဆီးချို ရှိသူများ ဆောင်ရန်၊ ရှောင်ရန် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲ ဆီနီဂေါတွင် ဖြန့်

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    Diabetic-mobile-app
    – ဆီးချိုရောဂါသည်များ ရမသွာန် ဥပုသ်လအတွင်း မည်ကဲ့သို့ နေထိုင်စားသောက်ရမည်ကို အကြံပေးသည့် ဖုန်းဆော့ဖ်ဝဲတစ်ခုကို ဆီနီဂေါတွင် ဖြန့်ချီလိုက်သည်ဟု သိရသည်။

    mRamadan ဟု အမည်ရပြီး ရမသွာန် မတိုင်ခင်ကတည်းက ဖြန့်ချီခဲ့သည့် အဆိုပါ ဆော့ဖ်ဝဲမှာ ဆီးချိုရောဂါသည်များ ဥပုသ်သီလဆောက်တည်မှုအတွက် အကြံပြုချက်များကို ဖော်ပြသွားမည်ဖြစ်ပြီး ရမ်ဇာန်မတိုင်မီ၊ ရမ်ဇာန်အတွင်းနှင့် ရမသွာန် ပြီးနောက်ပိုင်းတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

    “အရင်ကဆို ရမသွာန် ဥပုသ်လမှာ ဘာလုပ်ရမယ်ဆိုတာကိုမသိတဲ့ ဆီးချိုသမားတွေ အများကြီးရှိပါတယ်။ ဥပုသ်စောင့်ရမလား၊ မစောင့်ရဘူးလားဆိုတာကို သူတို့မသိကြပါဘူး။ ဒါပေမယ့် ဒီဆော့ဖ်ဝဲကတော့ ဥပုသ်စောင့်နေစဉ်အတွင်းမှာ ဘာတွေလုပ်ရမလဲဆိုတာအတွက် ကူညီပေးပါတယ်” ဟု အသက် ရှစ်နှစ်အရွယ်မှာပင် ဆီးချိုရောဂါ အဆင့် ၁ ခံစားခဲ့ရသည့် အသက် ၂၆ နှစ်အရွယ်ရှိ နဒီယာဂါ ဒီအုပ်က VOA သတင်းဌာနသို့ ဇူလိုင်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

    အဆိုပါဆော့ဖ်ဝဲမှာ He@lthy Be မိုဘိုင်းဖုန်းဆော့ဖ်ဝဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရမ်ဇာန်ဥပုသ်လ၌ ဆီနီဂေါရှိ ဆေးရုံများအတွင်း အရေးပေါ်လူနားများ မြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    “အချို့ဆီးချိုရောဂါသည်တွေဟာ ဘာမှမသိဘဲနဲ့ သူတို့သဘောနဲ့သူတို ဥပုသ်စောင့်ကြပါတယ်။ ဒါပေမယ့် ဒီနည်းပညာဖွံ့ဖြိုးလာပြီး ဒီဆော့ဖ်ဝဲကတစ်ဆင့် လူတွေဟာ အကြံဥာဏ်တွေ ရယူနိုင်ကြပါတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဆီးချိုရောဂါရှင် မာရီ ဂါဒီယိုက ဆိုသည်။

    ဆီးချိုရောဂါသည် မွတ်စလင်များ အင်ဆူလင်ထိုးနေရပါက ဥပုသ်စောင့်ခြင်းမှ ကင်းလွတ်ခွင့်ရသည့်စာရင်းတွင် ပါဝင်သည်ဟု အစ္စလာမ်ဓမ္မပညာရှင်များက အတည်ပြုထားသည်။

    လူဦးရေ ၁၃ သန်းရှိသည့် ဆီနီဂေါနိုင်ငံတွင် ၉၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ကြသည်။

    Ref: OnIslam & News Agencies

  • အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်နှင့် တိုက်စစ်မှူး ဒမ်ဆီတို့အား အိုဘားမားချီးကျူး

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    431058_heroa
    – ၁၆ သင်း ရှုံးထွက် ဘယ်လ်ဂျီယံအသင်းအား ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် လက်စွမ်းပြခဲ့သည့် ၀ါရင့်ဂိုးသမား တင်ဟောင်းဝပ်နှင့် အုပ်စုအဆင့်မှ ကျော်အောင် ကူညီပေးခဲ့သည့် တိုက်စစ်မှူး ဒမ်ဆီတို့အား အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးကျူုးခဲ့သည်ဟု သိရသည်။

    ဘယ်လ်ဂျီယံအသင်းမှာ ထိုပွဲတွင် အမေရိကန်အား တောက်လျှောက်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်အများ အပြားရခဲ့သော်လည်း တင်ဟောင်းဝပ်က အပိုင်ဂိုးသွင်းမှု ၁၆ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး အများဆုံး ကာကွယ်နိုင်သည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဒမ့်ဆီမှာလည်း အုပ်စုအတွင်းပြိုင်ပွဲများတွင် ၂ ဂိုးသွင်းယူပေးကာ အမေရိကန်အသင်းအား ၁၆ သင်းအဆင့်ရောက်အောင် ကူညီပေးနိုင်ခဲ့သည်။

    “နှစ်ယောက်လုံးက ကျွန်တော်တို့ ဂုဏ်တက်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘောလုံးအားကစားကို ကျွန်တော်ဒီလောက်မကြိုက်ပေမယ့် ဒါကို ကြိုက်နှစ်သက်ကြတဲ့သူတွေရဲ့ နှလုံးသားနဲ့ ပြည်သူတွေရဲ့ စိတ်အာရုံကို ညှို့ယူဖမ်းစားခဲ့တာကို မြင်ရတာဟာ မယုံကြည်နိုင်စရာပါပဲ” ဟု အိုဘားမားက အမေရိကန်ဘောလုံးသမားများနှင့် ဖုန်းပြောဆိုမှုအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်အသင်း နိုင်ငံသို့ပြန်လာသည့်အခါ ပြည်သူများ ချက်ချင်းမမှတ်မိစေရန် မျက်နှားပေါ်ရှိအမွှေးများအား ရိတ်ပစ်ထားရမည်ဟု တင်ဟောင်းဝပ်အား အိုဘားမားက အရွှန်းဖောက်ပြောဆိုခဲ့သည်။

    ဂျာမနီ၊ ပေါ်တူဂီ၊ ဂါနာတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည့် အမေရိကန်အသင်းမှာ အုပ်စုဒုတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဘယ်လ်ဂျီယံအား အချိန်ပိုတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

  • နန်းရှေ့ ရွာသာရပ်မှ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှင့် အိမ်အချို့ ဖျက်ဆီးခံရ

    နန်းရှေ့ ရွာသာရပ်မှ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှင့် အိမ်အချို့ ဖျက်ဆီးခံရ

    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    သုတ

    မန္တလေးမြို့ နန်းရှေ့ ရွာသာရပ်ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား အကြမ်းဖက်သမားတစ်စုမှ ယနေ့ညနေ ၅း၁၅ နာရီခန့်က ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသဖြင့် စာသင်ကျောင်းဆောင် မှန်များကွဲသွားကြောင်း၊ အနီးဝန်းကျင်ရှိ အိမ် ၆-အိမ်ခန့်ကိုလည်း ခဲများဖြင့် ပစ်ပေါက်၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

    အဆိုပါ ဖျက်ဆီးမှု ပြုလုပ်သည့် လူအုပ်သည် လူ ၃၀၀ ခန့်ရှိပြီး ဆိုင်ကယ်များ၊ ကားများဖြင့် လာရောက်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရှိရပါတယ်။

    ယမန့်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ည ၉ နာရီမှ မနက် ၅ နာရီအထိ အပြင်မထွက်ရန် လူ ၅ ဦးထက် လူပို မစုစေရ ဆိုသော အမိန့်ထုတ်ပြန်ခဲ့သောလည်း ဇူလိုင် ၂ ရက်နေ့ ည အကြမ်းဖက်မှုမှာ ကွယ်လွန်သွားတဲ့ ကိုထွန်းထွန်းရဲ့ အသုဘ ကို လူထောင်ပေါင်းများစွာ  ဒီကနေ့ လိုက်ပို့ခဲ့ကြတာကို တွေ့ရပါတယ်။

  • မန္တလေး ကြာနီကန်မွတ်စလင် သုဿန်ဝင်းအတွင်း မီးရှို့ခံရ

    ဇူလိုင် ၄၊ ၂၀၁၄ ညနေ ၄း၅၀ နာရီ)
    M-Media
    သုတ
    Kyar ni kan 2

    အေးရိပ်ငြိမ် မွတ်စလင်သုဿာန် အတွင်းရှိ ဗလီ (ကြာနီကန် ကဘာရ်စတာန် ဗလီ)အား အကြမ်းဖက်သမားများက မီးရှို့ရန် ကြိုးစားခဲ့သော်လည်း ဗလီမှာ ပျက်စီးမှုမရှိကြောင်း၊ သုဿာန်ဝင်းအတွင်းရှိ ၀န်ထမ်းနေအိမ်ကို မီးရှို့ခံခဲ့ရပြီး ၀န်ထမ်းများမှာလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပါတယ်။

    ဇူလိုင် ၂ ရက်နေ့ ည အကြမ်းဖက်မှုမှာ ကွယ်လွန်သွားတဲ့ ကိုထွန်းထွန်း အသုဘ ကို လိုက်ပို့ပြီး ယခုကဲ့သို့ မီးရှို့မှုဖြစ်ပွားခြင်းဖြစ်ကြေင်း အဆိုပါ အသုဘကို လိုက်ပို့သူ ထောင်ပေါင်းများစွာ ရှိကြောင်းသိရပါတယ်။

    အသုဘ လိုက်ပို့ရာလမ်းတယောက်ရှိ ဗလီ အနီးတွင် ရပ်ထားသည့် ကားတစီး ခဲ့ဖြင့်ပစ်ပေါက်မှုကြောင့် ပျက်ဆီးခဲ့ပါတယ်။

    Photo- Internet