News @ M-Media

Blog

  • ဖျက်ဆီးခံရသည့် မွတ်စလင်တို့၏ အဆောက်အအုံများ ပြန်ဆောက်ရန် ဘတ်ဂျက် ဒေါ်လာ (၁.၅)သန်း သီရိလင်္ကာ အစိုးရထုတ်ပေး

    ဇွန်လ ၂၈ ရက်၊ ၂၀၁၄
    M-Media
    Sri Lanka deploys 700 army to rebuild homes, shops damaged in communal clashes
    – ပြီးခဲ့သည့် သီတင်းပတ်က သီရီလင်္ကာတောင်ပိုင်း အလုသ်ဂါမာနှင့် ဘီရူဝါလာမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး အခြေခံသော တိုက်ခိုက်မှုများတွင် ပျက်ဆီးသွားခဲ့သော အဆောက်အဦးများအား ပြန်လည်ဆောက်လုပ်ပေးရန် စစ်သား ၇၀၀ ကျော်ကို အစိုးရက ယနေ့တွင် တပ်ဖြန့်ချထားခဲ့သည်ဟု သိရသည်။

    သဘောထား တင်းမာသည့် ဗုဒ္ဓဘာသာအဖွဲ့ BBS က ထိုဒေသတွင် လူမျိုးရေး တိုက်ခိုက်သော ဟောပြောမှုများကို ပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်များ၊ ဗလီဝတ် ကျောင်းတော်များနှင့် ဆိုင်ခန်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထိုကဲ့သို့ မီးရှို့မှုများတွင် ဘုန်းကြီးများလည်း ပါဝင်ခဲ့သည်။

    အခြေအနေ တည်ငြိမ်စေရန် အတွက် အစိုးရက သုံးရက်ဆက်တိုက် ကာဖျူး အမိန့်ထုတ်ခဲ့ရပြီး ထိုပြဿနာအား သီရိလင်္ကာအစိုးရ၏ ကိုင်တွယ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်ရှုတ်ချခဲ့သည်။ သမ္မတ မာဟင်ဒါ ရာဂျာပါ့က်ဆာကမူ ထိုပြဿနာအား ဆောင်ရွက်သူများကို ဥပဒေအရ အရေးယူမည်ဟု ကတိပြုထားသည်။

    ပျက်ဆီးသွားသည့် အဆောက်အဦးများ ပြန်လည် ဆောက်လုပ်ရန်အတွက် ရူပီး သန်း ၂၀၀ (ကန်ဒေါ်လာ ၁.၅ သန်း) ကို အစိုးရက ယမန်နေ့တွင် ထုတ်ပေးခဲ့ပြီး ဆောက်လုပ်ရေလုပ်ငန်းများအတွက် စစ်တပ်အား တာဝန်ပေးထားသည်။

    ဘာသာရေးကိုအခြေခံပြီး အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများမှာ သီရိလင်္ကာနိုင်ငံတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး အစိုးရကမူ ပြတ်ပြတ်သားသား ကိုင်တွယ်ခြင်းမရှိပေ။

    ဆင်ဟွာ

  • မလိမ်​မာတဲ့သူ​တွေ စုစည်းထားတဲ့ပြည်​​ထောင်​စု ဖြစ်​​နေတယ်​လို့ အရှင်​သံဝရာ လင်္ကာရ ဆရာ​တော်​မိန့်​ကြား

    ဇွန်​ ၂၈၊ ၂၀၁၄
    M-Media
    လမင်း
    Myit tar
    ရန်​ကုန်​။ ။ မြန်​မာနိုင်​ငံသည်​ မလိမ်​မာတဲ့သူ​တွေ စုစည်းထားတဲ့ပြည်​​ထောင်​စု ဖြစ်​​နေတယ်​လို့ အရှင်​သံဝရာလင်္ကာရ ဆရာ​တော်​(ဓမ္မပီယ) ကမိန့်​ကြားလိုက်​သည်​။

    ယ​နေ့ ဆူး​လေ ရှန်​ဂရီးလားဟိုတယ်​ တွင်​ ​နေ့လည်​ ၁ နာရီမှ ၆ နာရီအထိပြုလုပ်​ကျင်းပ​သော မတူကွဲပြားမှု​တွေကြားတွင် ​မေတ္တာနှင့်​​နေထိုင်​နည်း ​ဆွေး​နွေးပွဲတွင်​ ဆရာ​တော်​မှ ယခုကဲ့သို့ မိန့်​ကြားခဲ့ခြင်းဖြစ်​သည်​။

    ‘ဦးဇင်းတို့နိုင်​ငံဟာ အများတိုင်းရင်းသား​တွေ ​ကျေနပ်​စွာစုထားတဲ့ ပြည်​​ထောင်​စု မဟုတ်​ပါဘူး။ စစ်​အာဏာရှင်​​တွေ စိတ်​တိုင်းကျစုစည်းထားတဲ့ ပြည်​​ထောင်​စုဖြစ်​​နေတယ်​။ ​ကောင်းမှု​တွေက တိုင်းပြည်​မှာမတည်​မြဲဘူး။ ဘာ​ကြောင့်​လဲဆို​တော့ မ​ကောင်းတဲ့သူ​တွေ ပြည်​​ထောင်​စုထားလို့ဖြစ်​တယ်​ ။ တိုင်းပြည်​စုထားတဲ့သူ​တွေ လိမ်​မာဖို့အ​ရေးကြီး​နေပါပြီ’ ဟု ဆရာ​တော်​မှ ဆက်​လက်​မိန့်​ဆိုသည်​။

    ဗုဒ္ဓအဆုံးအမတွင်​ ​ရောင့်​ရဲခြင်းသည်​ အမြတ်​ဆုံးဖြစ်​ပြီး တိုင်းပြည်​တွင်​ အာဏကိုင်​ထားတဲ့ ပုဂ္ဂိုလ်​​တွေများသည်​ ​အာဏာနှင့်​ မ​ရောင့်​ရဲနိုင်​ကြသည်​များ ဖြစ်​ကုန်​​နေကြ​ကြောင်း၊ မိမိ​နေရာနှင့်​မိမိ ကျရာတာဝန်​ကိုသာ ထမ်း​ဆောင်​သင့်​​ကြောင်း ဆရာ​တော်​က သုံးသပ်​​ပြောကြားသည်​။

    တစ်​စု တစ်​ဖွဲ့ကဖွဲ့ထားတဲ့နိုင်​ငံမှာ ​မေတ္တာတရား​တွေ ​ခေါင်းပါး​နေကြပြီး အာဏာကို​ လက်​ကိုက်​ထားပြီး​ဆောင်​​နေကြ​ကြောင်း၊ ​မေတ္တာတရားရှိမှ တစ်​​ဦးနင့်​တစ်​ဦး လက်​တွဲနိုင်​မည်​ဖြစ်​​ကြောင်းကိုလည်း ဆရာ​တော်​ဦး​သောဘိတ (အလင်း​ရောင်​ဆရာ​တော်​) က ​မေတ္တာထားရှိရန်​လိုအပ်​​ကြောင်း မိန့်​ကြားသည်​။ အဆိုပါ​ဆွေး​နွေးပွဲအား ​ရွှေည၀ါ ဆရာ​တော်​၊ အရှင်​သံဝရာ လင်္ကာရဆရာ​တော်​၊ အရှင်​ဦး​သောဘိတ(ဘ၀အလင်း​ရောင်​ဆရာ​တော်​)၊ ဦးဘုန်း(ဓာတု)၊ ဦးစည်​သူ​အောင်​မြင့်​၊ ​ဒေါ်စန်စန်းနွဲ့(သာယာဝတီ)၊ မသီတာ (စမ်း​ချောင်း) တို့မှ ​​မေတ္တာတရားများ အ​ကြောင်းကို ​ဆွေး​နွေးခဲ့ကြသည်​။

  • ဆီးရီးယား သူပုန်များအား ငွေကြေးထောက်ပံ့ရန် လွှတ်တော်သို့ အိုဘားမား တောင်းဆို

    ဇွန်လ ၂၇ ၊ ၂၀၁၄
    M-Media
    Obama seeks $500m to equip Syria rebels
    – ဆီးရီးယားရှိ အစိုးရ အတိုက်အခံများအား လေ့ကျင့်ပေးရေးနှင့် လက်နက် တပ်ဆင်ရေးတွင်အသုံးပြုရန်အတွက် ကန်ဒေါ်လာ သန်း ၅၀၀ ဘက်ဂျက်အား ခွင့်ပြုပေးရန် အမေရိကန်သမ္မတ အိုဘားမားက လွှတ်တော်သို့ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ တောင်းဆိုမှုမှာ အလယ်အလတ် အတိုက်အခံများက ထိန်းချုပ်ထားသော ဒေသများ တည်ငြိမ်ရေးနှင့် ဆီးရီးယားပြည်သူများအား ကာကွယ်ရေးတို့အတွက် အမေရိကန်၏ ကူညီမှုကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ကုလရှိ ရုရှားသံအမတ် ဗီတာလီ ချာကင်ကမူ အမေရိကန်၏ ထိုခြေလှမ်းမှာ မှားယွင်းသောလားရာသို့ ဦးတည်နေသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်မတ်လကတည်းက ဆီးရီးယား အတိုက်အခံများအတွက် အမေရိကန်၏ ထောက်ပံ့မှုမှာ ဒေါ်လာ ၂၈၇ သန်းရှိပြီဖြစ်ပြီး များသောအားဖြင့် အသက်အန္တရာယ်မရှိနိုင်သည့် ကိစ္စများတွင်ဖြစ်သည်။ ထို့ပြင် အလယ်အလတ် အတိုက်အခံများအတွက် လျှို့ဝှက် စစ်သင်တန်းပေးမှုများကို စီအိုင်အေက ဂျော်ဒန်နိုင်ငံတွင် ပြုလုပ်ခဲ့သည်။

    ထို့ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဂျော်ဒန်၊ လက်ဘနွန်၊ တူရကီနှင့် အီရတ်နိုင်ငံများရှိ ဆီးရီးယား ဒုက္ခသည်များအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၁.၅ ဘီလီယံ ပေးမည်ဟု အမေရိကန်က အဆိုပြုထားပြီး ထိုအထဲမှ သန်း ၅၀၀ ကို ပေးအပ်ခဲ့သည်။

    သို့သော်လည်း ဆီးရီးယားပြဿနာအား စစ်ရေးအရ မဖြေရှင်းနိုင်ဘဲ အမေရိကန်တပ်များကိုလည်း ဆီးရီးယားသို့မလွှတ်ဟု အမေရိကန် အစိုးရက ပြောဆိုထားသည်။

    Ref: Agencies

  • ဥရောပ ကုန်သွယ်ရေး သဘောတူညီချက်ကို ယူကရိန်း လက်မှတ်ထိုး

    ဇွန်လ ၂၇ ၊ ၂၀၁၄
    M-Media

    ukraine-crisis-eu
    – ရုရှားလိုလားသူ ခွဲထွက်ရေးသမားများ၏ ပြဿနာနှင့် ကြုံတွေ့နေရသည့် ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂ ၏ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    “လေးနက်၍ ပြည့်စုံသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်” ဟုခေါ်သည့် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်နေ့မှာ သမိုင်းဝင်နေ့ဖြစ်ပြီး ထိုအခွင့်အရေးအား ခေတ်မှီသောနိုင်ငံ ဖြစ်လာရေး အတွက် အသုံးချသွားမည်ဟု ယူကရိန်း သမ္မတသစ် ပိုရိုရှန်ကိုကဆိုသည်။ ထို့ပြင် ယူကရိန်းနှင့် ဒေသတွင်းအနာဂတ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမှာလည်း အရေးပါကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသဘောတူညီချက်အား လက်မှတ်ထိုးရေး အတွက် ပြည်သူများက ဆန္ဒပြခဲ့ခြင်းကြောင့် ရုရှားလိုလားသူ ယူကရိန်းသမ္မတဟောင်း ယာနူကိုဗစ်ခ်ျ ပြုတ်ကျခဲ့ ရပြီး နောက်ပိုင်းတွင် ရုရှား လိုလားသူ ခွဲထွက်ရေးသမားများက ခရိုင်းမီးယားဒေသအား ယူကရိန်းမှ ရုရှားနိုင်ငံ အတွင်းသို့ ပြောင်းလဲ သွတ်သွင်းခဲ့သည်။ ထို့ပြင် နိုင်ငံအရှေ့ပိုင်း ဒေသများကိုလည်း လွတ်လပ်သောနိုင်ငံအဖြစ်တည်ထောင်ရန် လက်နက်ကိုင် ပုန်ကန်ခဲ့ကြသည်။

    သမ္မတစ် ပိုရိုရှန်ကို တက်လာပြီးနောက်ပိုင်း ခွဲထွက်ရေးသမားများအား ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးပြီးနောက်ပိုင်း ပြဿနာပြေလည်ရေး အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ကာ ယခုလက်ရှိတွင် အပစ်ရပ်ကြောင်း ကြေညာထားသည်။

    Ref: Al Jazeera and agencies

  • တစ်ဦးချင်းအရည်အသွေး ကင်းမဲ့မှုကြောင့် ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရခြင်းဟု ဂျပန်တိုက်စစ်မှူး ကာဂါဝါဆို

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media

    429477_heroa
    – တစ်ဦးချင်း အရည်အသွေး ကင်းမဲ့မှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်ပြီး ထိုအမှားအား ပြုပြင်သွားမည်ဟု ဂျပန်အသင်းတိုက်စစ်မှူး ရှင်ဂျီ ကာဂါဝါက ပြောကြားလိုက်သည်။

    အာရှချန်ပီယံ ဂျပန်အသင်းမှာ ဘရာဇီးလ်တွင် ခြေစွမ်းပြနိုင်မည်ဟု ယူဆခဲ့သော်လည်း ၃ ပွဲကစား တစ်မှတ်သာရရှိကာ အုပ်စု C ၏ အောက်ဆုံးနေရာဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ထို့ကြောင့် ကိုလံဘီယာအား ၄ ဂိုး ၁ ဂိုဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် နည်းပြ ဇက်ခရိုနီလည်း ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    “အသင်းတစ်သင်းအနေနဲ့တော့ ကျွန်တော်တို့ ကစားနိုင်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းဖို့ ဒါမှမဟုတ် နောက်ဆုံးအခြေအနေမှာ ဂိုးမပေးရဖို့အတွက် တစ်ဦးချင်းအရည်အသွေးကတော့ လုံလောက်အောင် မကောင်းပါဘူး။ ဒါဟာ ကြီးမားတဲ့ခြားနားမှုကို ဖြစ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အသင်းနှင့်ပတ်သက်၍ ကာဂါဝါက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ထိုအားနည်းချက်အားပြင်ဆင်ကာ တိုးတက်သွားအောင် ပြုပ်လုပ်မည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှာ မိမိ၏ နောက်ဆုံးပြိုင်ပွဲမဟုတ်ဘဲ စိတ်ပျက်မှုများကို အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ချင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။