News @ M-Media

Blog

  • FFP ကို အသုံးချ၍ PSG အသင်း တိုးတက်မှုကို ဥရောပ အသင်းကြီးများ ဟန့်တားနေကြောင်း အီဗရာဟီမိုဗစ်ပြော

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    411651_heroa
    –  ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစာရင်း FFP ကိုအသုံးပြု၍ ဥရောပပြိုင်ဘက်များက မိမိတို့အသင်း၏ တိုးတက်မှုကို ပိတ်ပင်ရန် ရည်ရွယ်နေကြသည်ဟု ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြာလိုက်သည်။

    FFP စည်မျဉ်းကို ချိုးဖောက်မှုကြောင့် ပီအက်စ်ဂျီအသင်းအား ယူအီးအက်ဖ်အေက ယူရို သန်း ၆၀ ဒဏ်ရိုက်ထားသည်။ ယူအီးအက်ဖ်အေက အသင်းအား ထပ်မံ၍ အရေးယူမှုများ မပြုလုပ်ရန် အီဗရာဟီမိုဗစ်က မျှော်လင့်နေပြီး မိမိအလုပ်မှာ အသင်းအား ဖလားရရန်အတွက် ကူညီပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    “ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းကို အခြားကလပ်အသင်းကြီးတွေက ကြောက်နေကြပါတယ်။ ပီအက်စ်ဂျီဟာ ယူအီအက်ဖ်အေအတွက် အရမ်း အရေးပါပါတယ်။ ချန်ပီယံလိဂ်ရဲ့တန်ဖိုးနဲ့ ရုပ်သံအခွင့်အရေးတွေဟာ ပီအက်စ်ဂျီနဲ့အတူ မြင့်တက်လာတာပါ။ ယူအီးအက်ဖ်အေက ဒါကို လက်ခံမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု အီဗရာဟီမိုဗစ်က ဆိုသည်။

    ထို့ပြင် ပီအက်စ်ဂျီအသင်းမှာ ယူအီးအက်ဖ်အေကို အကျိုးရှိစေပြီး ပြင်သစ်ဘောလုံး လောကအတွက်သာမက ဥရောပ ဘောလုံးလောကအတွက်ပါ အလုပ်လုပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • ၄၃၆ ကို ဥပဒေ စာအုပ်ကြီးထဲမှာ အပြီး မသိမ်းထားပါနဲ့ ကြိုးတုတ် မထားပါနဲ့။ (ပြည်သူ့ အသံ)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကောလင်းသောင်းထိုက်
    No 436
    ပြည်သူတွေ မြန်မာပြည်အနှံ့ ဆန္ဒပြ ထုတ်ဖော်ပြောဆိုနေကြတဲ့ အသံတွေ နေ့စဉ်နဲ့အမျှ ကြားနေရပါသည်။ ဟုတ်ပါသည်။

    စာရေးသူလည်း ပြည်သူတွေလို ဆန္ဒရှိနေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်နဲ့ မြန်မာပြည်သူတွေမှာ ခေတ်အဆက်ဆက် (နှစ်အဆက်ဆက်) နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ သူတွေပါ၊ (တစ်မင်း) ကြီးစိုးပြန်လည် အမျိုးမျိုး ဒုက္ခတွေ့ခဲ့ရတဲ့ သူတွေပါ….ကျွန်တော်တို့ အသက်တွေသာ နှစ်တွေ တိုးလာ၊ ကျွန်တော်တို့ ပြည်သူတွေ အစော်ကားခံရ အလိမ်ခံရ၊ ဘ၀ကို ရုန်းကန်နေကြရသည်မှာ ယခုထက်တိုင်အောင်ပါဘဲ။

    ဟိုဟာနဲ့ နှစ်သိမ့်လိုက်၊ ဒီဟာနဲ့ နှစ်သိမ့်လိုက်၊ ဒီစကား ပြောလိုက်-ဟိုစကား ပြောလိုက်နဲ့ ကျေနပ် ရတော့မလို၊ အော်……….(မင်းကြီးတို့ ပြည်သူတွေကို မလှည့်စားပါနဲ့ဗျာ)လို့ ပြည်သူ့ကိုယ်စား ပြောလိုက်ပါ ရစေ။

    ကျွန်တော်တို့ခင်ဗျားတို့ တတွေ ဆင်းရဲတွင်းက လွတ်မြောက်နိုင်ရန် တွေးစရာ အကြောင်းမရှိတော့ ဘူးလေ။ နေစရာ အိမ်မရှိတော့ ဒုက္ခ၊ စားစရာ မရှိတော့ ဒုက္ခ၊ ဒုက္ခပင်လယ် ဝေနေတာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ (တစ်မင်း) အုပ်စိုးလာရင် ကောင်းလာမလား (တစ်မင်း) ပြောင်းလဲသွားရင် ကောင်းလာမလား (တစ်လားလား………တစ်လားလား) ပါဘဲဗျာ။

    စာရေးသူရဲ့ မိဘနှစ်ပါး ရှိစဉ်က ဆင်းရဲဒုက္ခ၊ မိဘနှစ်ပါးဆုံးပါးသွား ပြန်တော့လည်း ဒုက္ခ၊ စာရေးသူ မှာ သားသမီးတွေ ရှိလာပြန်တော့လည်း ဒုက္ခ၊ (ဒုက္ခ၊ဒုက္ခ၊ ဒုက္ခ ပါတကား) ယခု နီးကပ်လာပြီ ဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင် ရင်တမမနဲ့ မျှော်နေရပြန်ပြီလေ။ ငါတို့ရဲ့ ပြည်သူတွေကို ဒုက္ခကင်းဝေး ပါ့မလား။

    အဲဒီတော့ ပြည်သူတွေနဲ့အတူ စာရေးသူ ပါဝင်၍ ဆန္ဒထုတ်ဖော် ပြောဆိုနေတဲ့ ဥပဒေ ပုဒ်မ ၄၃၆ ကို ဥပဒေ စာအုပ်ကြီးထဲမှာ မသိမ်းထားပါနဲ့၊ ကြိုးတုတ်မထားပါနဲ့လို့ ပြောဆိုခြင်းဖြင့်၊ ပြင်ပေးပါ၊ မြန်မြန် ပြင်ပေးပါလို့ ဆန္ဒပြင်းပြစွာဖြင့် အော်…………လိုက်ရပါသည်။

  • ကိုယ်ကျင့်သိက္ခာ (ကဗျာ)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- ကောလင်းသောင်းထိုက်
    ethic
    ကိုယ်ကျင့်သိက္ခာ
    မြင့်မြတ်ပါမှ
    နိုင်ငံတကာ
    ချီးကျူးလာမည်
    မြန်မာပြည်ဆီ…..

    အပြောတမျိုး
    အလုပ်တမျိုး
    ဗရမ်းပတာ
    လုပ်ဆောင်နေလျှင်
    မြန်မာပြည်တခွင်
    အေးချမ်းခြင်းမှ
    ကင်းဝေးလေစွ

    ပြည်သူ့ဆန္ဒမှန်
    လိုက်လျောစေရန်
    ကြံဆောင်ပါမှ
    ရန်ဘောင်တံတား
    မမှီကင်းရှင်း……

    အောင်မြင်ခြင်းဖြင့်
    တိုင်းပြည်အေးချမ်း
    ငြိမ်းချမ်းခြင်းနဲ့
    တည်ဆောက်နိုင်မည်
    မြန်မာပြည်ဆီ……………..။

  • ပြင်လိုသူနဲ့ မပြင်လိုသူ (ကာတွန်း)

    မေ ၃၀၊ ၂၀၁၄
    M-Media
    ကာတွန်း- လျောက်လျောက်

    92

  • ဘင်္ဂလား-မြန်မာ တင်းမာမှုကို ဗမာအစိုးရ တမင် ဖန်တီးလာနေပြီလား (သူအမြင်)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- (ရောဘတ်အယ်လ်ဟို့စ်)

    Border-1
    ဘင်္ဂလား-မြန်မာ နယ်စပ်မှာ တကယ်မရှိတဲ့ ရိုဟင်ဂျာ RSO အကြမ်းဖက်သမားတွေနဲ့ မြန်မာ နယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်ပြီး RSO တိုက်ခိုက်ရေးသမား တစ်ယောက်ကို တိုက်ခိုက် ရေး ရိုင်ဖယ်တစ်လက် ၊ ကျည် အတောင့်ပေါင်း တစ်ထောင် ကျော် နဲ့ အသေဖမ်းဆီးရမိတယ် လို့ မောင်တောခရိုင် ရဲမှုးကြီးက တရားဝင် မီဒီယာကို ပြောခဲ့တယ်။

    တစ်ဖက်ကလည်း ဘင်္ဂလားအစိုးရ က သူတို့ရဲ့ နယ်ခြားစောင့် တပ်ဖွဲ့က အရာရှိ တစ်ဦး အဲ့ဒီ အချိန်မှာ ပဲ ဒီနေရာမှာ ပျောက်ဆုံးသွားတယ်လို့ တရားဝင် ပြောလာတယ်။ ဒီတော့ ဒီမိထား တယ် ဆိုတဲ့ RSO လို့ စွပ်စွဲခံထား ရသူဟာ ဘင်္ဂလား နယ်ခြားစောင့် တပ်ဖွဲ့ဝင် ကို ၀ါဒဖြန့်ချီပြီး နှစ်နိုင်ငံ အကြားတင်းမာလာအောင် ဗမာဖက်က တမင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလာ ပြီ လား ဆိုပြီး စဉ်းစားစရာ ဖြစ်လာပြီ။

    တစ်ချိန်တည်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ စလောင်းကျေးရွာအုပ်စုက အများပြည် သူပိုင် လယ်မြေဧကပေါင်း ၂၀၀ ကျော်ကို အရင် ဗိုလ်ချူပ်မှုးကြီး သန်းရွှေ ရဲ့ သမီး ဒေါ်သန္တာ ရွှေ မိသားစု က လျှော်ကြေးမပေးဘဲ ၂၀၁၀ ခုနှစ်က မတရားသိမ်းထားတဲ့ ကိစ္စကို လူထုက မခံနိုင်တော့ဘဲ အာခံလာကြတဲ့ ကိစ္စက တစ်ပြိုင်နက်တည်း ပေါ်လာတယ်။ သူတို့မိသားစု ပိုင်ဆိုင်မှုကို ထိလာလို့ အများအာရုံ ကတစ်ဖက်ကို ပြောင်းသွားအောင် divert လုပ်တာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

    တစ်ချိန်တည်းမှာပဲ ဒီလိုလုပ်လာတဲ့ အချိန်ဟာ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ နှစ်ပတ်လည် နေ့နဲ့လည်း လာတိုက်ဆိုင်နေတယ်။ ဗမာအစိုးရ သာ တကယ်တမ်း ရိုးသားမယ် ဆိုရင် အသေဖမ်းမိတယ် ဆိုတဲ့ RSO အကြမ်းဖက်သမား ဆိုသူရဲ့ ၀တ်ဆင်ထားတဲ့ ယူနီဖောင်းနဲ့ လက်နက်တွေလို ဟာမျိုးကို ဖုံးကွယ်မထားဘဲ၊ အများသိအောင် မီဒီယာကနေ ချပြသင့်တယ်။ ဒါမှ ဒီလူဟာ RSO လား၊ ဘင်္ဂလား နယ်ခြားစောင့် တပ်ဖွဲ့ဝင်လားဆိုတာ အများကွဲကွဲပြားပြား သိရမှာဖြစ်တယ်။

    ဗိုလ်ချူပ်မှုးကြီးသန်းရွှေဟာ အရင်ကလည်း ဒါမျိုး စိတ်ဓာတ်စစ်ဆင်ရေး တွေ လုပ်တာမှာ ရာဇ၀င် တွေ အများကြီး ရှိဘူးတော့ ဒါဟာ သိပ်ကိုစဉ်းစားဖို့ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာတယ်။ မိတ္ထီလာမှာလည်း ပြဿနာဖန်တီးပြီး ဗိုလ်ချူပ်မှုးကြီးသန်းရွှေ သမီး တွေက အဲ့ဒီက မွတ်စလင်မ် မြေတွေကို သူတို့ လုပ်ချင်တဲ့ ဟိုတယ်ဇုန်းအတွက် ၀င်အမြတ်ထုတ်သွားခဲ့တာတွေ ရှိခဲ့တယ်။

    ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံ အကြား တရားဝင် တိုက်ခိုက်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ ဒါကို အကြောင်းပြုပြီး ဘာမှ မဆိုင်တဲ့ ပြည်တွင်းက ရိုဟင်ဂျာ နဲ့ မြန်မာမွတ်စလင်မ် တွေ အပေါ် ထိုးနှက်မှုတွေ ပိုလုပ်လာဖို့ အကြောင်းအရာကောင်း တစ်ရပ်ဖြစ်လာလိမ့်မယ်။ ဒီလောက် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ကို တကယ်သာ လုပ်လာပြီ ဆိုလို့ကတော့ ထင်ထားတာထက် အတိုင်းအတာ ကြီးမားတဲ့ ထိခိုက်မှုတွေ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် တွေ ဆီ ကို ရောက်လာနိုင်တယ်လို့ ထင်တယ်။ သတိရှိထားတာ မမှားပါဘူး။ သတိရှိကြပါ။

    (ရောဘတ်အယ်လ်ဟို့စ်)