News @ M-Media

ရ၀မ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့မှ လူ ၁၀၀ ကျော် ကွန်ဂိုတွင် လက်နက်ချ

မေ ၃၁၊ ၂၀၁၄
M-Media

31A

– ၁၉၉၄ ခုနှစ်က ရ၀မ်ဒါတွင်ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ရ၀မ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဖွဲ့ FDLR မှ လက်နက်ကိုင် ၁၀၅ ဦးမှာ ကွန်ဂိုနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့က လက်နက်ချခဲ့ကြသည်ဟု သိရသည်။

ထိုလက်နက်ချမှုကို ကွန်ဂိုရှိ ကုလသမဂ္ဂ မစ်ရှင် MONUSCO က ကြိုဆိုခဲ့သော်လည်း  သူပုန်များအနေဖြင့် ပြင်းပြသောဆန္ဒရှိမရှိ စောင့်ကြည့်ရန် အချိန်ယူရမည်ဟု ပြောကြားခဲ့သည်။

“ဒါဟာ ကောင်းတဲ့ စတင်မှုပါ။ ဒါပေမယ့် အများကြီးထပ်လုပ်ရပါဦးမယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ အားပေးပြီး ကျွန်တော်တို့ရဲ့ တပ်တွေကိုလည်း စုစည်းထားပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ ယုံကြည်ရပြီး သေချာလားဆိုတာကိုတော့ လာမယ့်အချိန်တွေ စကားပြောသွားပါလိမ့်မယ်” ဟု MONUSCO မှ ဗိုလ်ချုပ် အဘ်ဒါလ်လာ ၀ါဖီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရ၀မ်ဒါလွတ်မြောက်ရေးတပ်မှာ အနည်းဆုံး တွတ်ဆီလူမျိုး ၈ သိန်းကျော်အား သတ်ဖြတ်ခဲ့သည့် ပြည်သူစစ်တပ်ဖွဲ့တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်ဟု ကွန်ဂိုအခြေစိုက် MONUSCO က ဆိုသည်။

FDLR အဖွဲ့မှာ တပ်ဖွဲ့ဝင် ၁၅၀၀ ရှိမည်ဟု ကုလကခန့်မှန်းပြီး ကွန်ဂိုအစိုးရကမူ တပ်ဖွဲ့ဝင် ၄၀၀၀ ရှိသည်ဟု ခန့်မှန်းသည်။ ၎င်းတို့မှာ ကွန်ဂိုနိုင်ငံ မြောက်ပိုင်း ကီဗူပြည်နယ်တွင် ပြန့်ကျဲလျက်ရှိပြီး အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲပြစ်တင်ခြင်း ခံထားရသည်။

Ref : Aljazeera

Comments

Leave a Reply