မေ ၃၁၊ ၂၀၁၄
M-Media
– ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ၁၀ ရက်ကျော်သာ လိုတော့ချိန်တွင် ဘရာဇီးနိုင်ငံတစ်ဝှမ်း ပြိုင်ပွဲဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ကြီးထွားလာနေပြီး ယမန်နေ့ကလည်း မြို့တော် ရီယိုဒီဂျနေရိုးတွင် ကြီးမားသည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကျောင်းဆရာများအပါအ၀င် လူပေါင်း ၅၀၀ ကျော်ပါဝင်ပြီး မြို့တော်ခန်းမသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြကာ ကမ္ဘာ့ဖလား ဆန့်ကျင်ရေး ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ ထို့ပြင် ထိုပြိုင်ပွဲအတွက် ကုန်ကျသည့် ဒေါ်လာ ဘီလီယံများစွာကို ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်ရာများအတွက် သုံးစွဲပါက ပိုမိုကောင်းမွန်လိမ့်မည်ဟု အစိုးရအား တောင်းဆိုခဲ့သည်။
ဆန္ဒြုပနေစဉ် ရဲတပ်ဖွဲ့ရှိနေသော်လည်း ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ခြင်း မရှိချေ။ မေလ ၂၈ ရက်နေ့ကလည်း ရီယိုဒီဂျနေရိုးရှိ ဘတ်စ်ကား မောင်းသူ သုံးပုံ တစ်ပုံက ဆန္ဒပြခဲ့ကြသောကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အခက်တွေ့ခဲ့ရသည်။ ဘရာဇီးအာဏာပိုင်များကမူ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း လုံခြုံရေးဆောင်ရွက်ရန် ရီယို ဒီဂျနေရိုးတွင် စစ်တပ် ၂ သောင်းခန့်ကို ချထားမည်ဖြစ်ကြောင်း စောစောပိုင်းက ပြောကြားထားသည်။
Ref : PressTV


Leave a Reply
You must be logged in to post a comment.