News @ M-Media

Blog

  • မြန်မာ-အင်ဒို ဗီဇာ ကင်းလွတ်ခွင့် နိုင်ငံခြားရေး ၀န်ကြီးများ လက်မှတ်ရေးထိုး

    မေ ၁၅ ၊ ၂၀၁၄
    M-Media

    – သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    02077825443083033084032118511478

    နေပြည်တော်တွင် ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ၊ အင်ဒို နှစ်နိုင်ငံ သီးခြားပြုလုပ်သော အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် ဦ၀ဏ္ဏမောင်လွင်နှင့် မာတီနာတီလီဂီဝါတို့က ထိုသဘောတူညီချက်အား လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

    အဆိုပါသဘောတူညီချက်မှာ နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေးတိုးတက်မှုကို အထောက်အကူပြုရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်မှုတိုးမြှင့်ရေးနှင့် ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြို့ရေးတို့ အတွက် အရေးကြီးသည်ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာတီက ပြောကြားခဲ့သည်။

    “အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံအကြားက ဆက်ဆံရေးဟာ သမိုင်းရှုထောင့်အရ ကြည့်ရင် သိပ်ကောင်းပါတယ်။ ဒီမိုကရေစီပြောင်းလဲရေးမှာလည်း နှစ်နိုင်ငံစလုံးဟာ အတွေ့အကြုံတွေရှိကြပါတယ်” ဟု ၎င်းကဆိုသည်။

    ယခုသဘောတူညီချက်မှာ၂၀၀၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့က  ကွာလာလမ်ပူတွင် လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် အရ ၂၀၁၅ ခုနှစ် အာဆီယံ ဘုံဗီဇာ စနစ်ဖြစ်ရေး ဦးတည်သည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။

    ခရီးသွားကဏ္ဍမှလွဲ၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း နှစ်နိုင်ငံလုံးက ရည်မှန်းထားကြသည်။ ယခု သဘောတူညီချက်အရ နှစ်နိုင်ငံ အပြန်လှန်ကုန်သွယ်ရေးမှာ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

    – BERNAMA

  • ဗိယက်နမ်တွင် ဖြစ်ပွားနေသည့် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်း လူ ၂၀ ကျော် သေဆုံး

    မေ ၁၅၊ ၂၀၁၄
    M-Media
    vietnam-riot-police
    – အင်္ဂါနေ့က ဗီယက်နမ်တွင် စတင်ခဲ့သည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ ပိုမိုကြီးထွားလာခဲ့ပြီး ယမန်နေ့က ဆက်လက်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် တရုတ်လူမျိုးဟု ယူဆရသူ ၁၆ ဦး အပါအ၀င် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

    ဟိုချီမင်းမြို့ စက်မှူဇုံရှိ နိုင်ငံခြားသားပိုင်စက်ရုံများကို မီရှို့လုယက်ကြပြီးနောက် ထိုကဲ့သို့ တိုကခိုက်များဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် အနည်းဆုံး ဗီယက်နမ် ၅ ဦးပါဝင်ကာ ဒဏ်ရာရသူ အများအပြားလည်းရှိနေသည်။ လုံခြုံရေးအရ စိုးရိမ်ရမှုများကြောင့် ဗီယက်နမ်ရှိ တရုတ်လူမျိုးများမှာလည်း အိမ်နီးချင်း ကမ္ဘောဒီယားသို့ ထွက်ပြေးနေကြရသည်။

    တရုတ်နိုင်ငံကမူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်းမှ ထွက်သွားရန် သတိပေးသကဲ့သို့ မဖြစ်မီ ထိုအခြေအနေကို ထိန်းသိမ်းရေး ဖိအားပေးဆောင်ရွက်ရန် ဗီယက်နမ်အစိုးရအား တောင်းဆိုခဲ့သည်။ ထို့ပြင် ဟနွိုင်းရှိ တရုတ်သံရုံးမှ တရုတ်ခရီးသွားများအတွက် သတိပေးချက်ထုတ်ပြန်ထားသည်။

    လူပေါင်း နှစ်သောင်းကျော်ပါဝင်ပြီး အင်္ဂါနေ့က စတင်ခဲ့သည့် ထိုဆန္ဒပြမှုအတွင်း လူပေါင်း ၄၄၀ ကျော်ကို ဖမ်းဆီးထားသည်ဟု ဗီယက်နမ်အစိုးရက ကြေညာ ထားသည်။ အငြင်းပွားဖွယ်ရေပိုင်နက်အတွင်း တရုတ်က ချထားသည့် ရေနံတူးဖော်ရေးစင်အနီးသို့ သင်္ဘောများကို ဗီယက်နမ်က စေလွှတ်ထားပြီး ထိုရေနံစင်ကို တရုတ်သင်္ဘောများလည်း စောင့်ကြပ်နေသည်။

    Ref: Al Jazeera and agencies

  • အိန္ဒိယ ရွေးကောက်ပွဲကာလ အာသံတွင် မွတ်စလင်များ အစုအလိုက် အကြမ်းဖက် သတ်ဖြတ်ခံရ

    မေ ၁၅ ၊ ၂၀၁၄
    M-Media
    hromedia-More-bodies-found-dozens-still-missing-after-India-election-massacre-of-Muslims-intl.-news4
    – အာသံပြည်နယ်တွင် ရွေးကောက်ပွဲ ပြဿနာကြောင့် မွတ်စလင်များ အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရပြီး ပျောက်ဆုံးနေ သူများ၏ အလောင်း ၇ လောင်းကို ဘီကီမြစ်ထဲတွင် ပြီးခဲ့သည့် သီတင်းပတ်က တွေ့ရှိခဲ့ ရသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    မွတ်စလင်များက ဘိုဒိုလူမျိုးစု အမတ်များအား မဲမပေးခဲ့ခြင်းကို လက်စားချေသည်ဟု ယုံကြည်ရသော ဘိုဒို စစ်သွေးကြွများ၏ တိုက်ခိုက်မှု ၃ ခု ပြီးခဲ့သည့် သီတင်းပတ်က အာသံပြည်နယ်တွင်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄၁ ဦးသေဆုံးခဲ့သည်။ ဘီကီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသော နာရာယန်ဂူရီရွာတွင် မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်များက နေအိမ်များစွာကို မီးရှို့ခဲ့ကြပြီး အမျိုးသမီးနှင့် ကလေး ၂၀ ကျော်ကို ပစ်သတ်ခဲ့ကြသည်။

    ၅ ပတ်တာ ရွေးကောက်ပွဲ ကျင်းပနေသည့် အိန္ဒိယနိုင်ငံ အချို့နေရာများတွင် ဘာသာရေးနှင့် လူမျိုးရေး တင်းမာမှုများ ကြီးထွားလာနေသည်။ ထိုအကြမ်းဖက်မှုအား အတိုက်အခံ BJP ပါတီက ရှုတ်ချခဲ့ပြီး လက်ရှိအာဏာရ ကွန်ဂရက်ပါတီကို ပြစ်တင်ခဲ့သည်။ သို့သော်လည်း BJP ပါတီမှ ၀န်ကြီးချုပ်အဖြစ် ၀င်ရောက် အရွေးခံနေသည့် နရန် ဒရာမိုဒီမှာ မွတ်စလင်များမှာ ဘင်္ဂလားဒေ့ရှ်မှ တရား မ၀င်ခိုးဝင်လာသည်ဟု နှုတ်ဖြင့် တိုက်ခိုက်မှုများကြောင့် ထိုပြဿနာအား BJP မှ ပြုလုပ်နေသည်ဟု ပြိုင်ဘက်များက ပြန်လည်စွပ်စွဲခဲ့သည်။

    “ ပျောက်နေတဲ့သူတွေကို ဘီကီမြစ်ထဲမှာရှာဖို့ ကျွန်တော်တို့ ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ SDRF တွေကိုချထားပါတယ်” ဟု အာသံ ရဲတပ်ဖွဲ့အကြီးအကဲက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများမှာ ၆ လအရွယ် ကလေးငယ်နှင့် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးပါအ၀င် အလောင်း ၇ လောင်းကို သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ရွာမှ ၁၆ မိုင်အကွာ မြစ်အတွင်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    အာသံပြည်နယ်အကြီးအကဲ တာရန်ဂိုဂီမှာ အခင်းဖြစ်ပွားသည့်နေရာသို့ ပြီးခဲ့သည့် တစ်ပတ်က သွားရောက်ခဲ့ပြီး အဆင့်မြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

    Ref: Human Rights Observers

  • တိုင်ကီပေါ်တက်၍ တန်းရိုက်နေစဉ် လူတစ်ဦးဓာတ်လိုက်သေဆုံး

    တိုင်ကီပေါ်တက်၍ တန်းရိုက်နေစဉ် လူတစ်ဦးဓာတ်လိုက်သေဆုံး

    မေ ၁၄၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။     ။   အင်းစိန်မြို့နယ် ကမ်းနားလမ်းအလယ်ရပ်ကွက် လှိုင်မြစ်လမ်းတွင် ဦးလှထွေး လက်သမား ဆိုသူ အသက် (၄၇) နှစ်သည် ဒေါ်ခင်မြအေး၏ အိမ်အနောက်ဘက်တွင် ဂိုဒေါင်ဆောက်ရန် တိုင်ကီပေါ်တက်၍ တန်းရိုက်နေစဉ် ဓာတ်လိုက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ ဦးလှထွေးသည် ဒေါ်ခင်မြအေး၏ အိမ်အနောက်တွင် တိုင်ကီဆောက်ရန်အတွက် ၁၄၀၀ အချိန် သံတိုင်အား တိုင်ကီအပေါ်တက်၍ တန်းရိုက်နေစဉ် ကျောက်စက် (ဂလိုင်နာ) အားမီးသွယ်တန်းထားသည့် လျှပ်စစ်ကြိုးမှာသံတိုင်နှင့်ထိမိပြီး ဓါတ်လိုက်မှုဖြစ်ပွား၍ တိုင်ကီပေါ်မှ ပတ်လက်လှန်ကျကာ ဦးခေါင်းနှောက်စေ့ ပေါက်ပြဲဒဏ်ရာ(၁)ချက် ရရှိ၍ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

    ၎င်းသေဆုံးမှုသည် ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်မဟုတ်သိရှိစေရန် အင်းစိန်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂၄/၁၄)ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

  • ဒလမြို့နယ် သောက်ရေရှားပါးမှုအတွက် ကုသိုလ်ဖြစ် ပါဝင်နိုင်

    ဒလမြို့နယ် သောက်ရေရှားပါးမှုအတွက် ကုသိုလ်ဖြစ် ပါဝင်နိုင်

    မေ ၁၅၊ ၂၀၁၄
    M-Media
    K K

    img008

    ရန်ကုန်  ။       ။    ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် သောက်ရေရှားပါးခြင်းနှင့် ကြုံတွေ့နေရသည့်အတွက် စေတနာရှင်များ စုပေါင်း လှူဒါန်းမည်ဖြစ်ပြီး စုပေါင်း ပါဝင် လှူဒါန်းနိုင်ကြကြောင်း သိရသည်။

    သောက်ရေလှူဒါန်းခြင်းအတွက် ကုသိုလ်ဖြစ် အလှူရှင်များ လှူဒါန်းခြင်းကို မေလ ၉-ရက် နေ့ ညနေ ၆း၁၅ နာရီအချိန်တွင် လှူဒါန်းနေကြသဖြင့် ဆက်သွယ် မေးမြန်းစုံစမ်းရာ ယခုကဲ့သို့ သောက်ရေရှားပါးခြင်း ဒုက္ခနှင့် ရင်ဆိုင်နေရသူများကို လှူဒါန်းလိုသည့် ကုသိုလ်ရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းအောက်လမ်းတွင် Alpine သောက်ရေသန့် ဆိုင်ခွဲ ဖွင့်လှစ်ထားသည့် ဆိုင်မှ ကုသိုလ်ရှင်တို့အတူ ရပ်ကွက်အရောက် ကုသိုလ်ပြုဝန်ဆောင်မှု ပေးနေကြောင်းနှင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် 01-251441, 09-73002160, 09-421013349 သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။