မေ ၁၅ ၊ ၂၀၁၄
M-Media
– သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
နေပြည်တော်တွင် ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ၊ အင်ဒို နှစ်နိုင်ငံ သီးခြားပြုလုပ်သော အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် ဦ၀ဏ္ဏမောင်လွင်နှင့် မာတီနာတီလီဂီဝါတို့က ထိုသဘောတူညီချက်အား လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်မှာ နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေးတိုးတက်မှုကို အထောက်အကူပြုရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်မှုတိုးမြှင့်ရေးနှင့် ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြို့ရေးတို့ အတွက် အရေးကြီးသည်ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာတီက ပြောကြားခဲ့သည်။
“အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံအကြားက ဆက်ဆံရေးဟာ သမိုင်းရှုထောင့်အရ ကြည့်ရင် သိပ်ကောင်းပါတယ်။ ဒီမိုကရေစီပြောင်းလဲရေးမှာလည်း နှစ်နိုင်ငံစလုံးဟာ အတွေ့အကြုံတွေရှိကြပါတယ်” ဟု ၎င်းကဆိုသည်။
ယခုသဘောတူညီချက်မှာ၂၀၀၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့က ကွာလာလမ်ပူတွင် လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် အရ ၂၀၁၅ ခုနှစ် အာဆီယံ ဘုံဗီဇာ စနစ်ဖြစ်ရေး ဦးတည်သည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။
ခရီးသွားကဏ္ဍမှလွဲ၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း နှစ်နိုင်ငံလုံးက ရည်မှန်းထားကြသည်။ ယခု သဘောတူညီချက်အရ နှစ်နိုင်ငံ အပြန်လှန်ကုန်သွယ်ရေးမှာ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။
– BERNAMA
Leave a Reply
You must be logged in to post a comment.