News @ M-Media
Blog
  • အမေရိကန် ဒရုန်းကို အဆင့်မြှင့် ထားသည့် ပြည်တွင်းထုတ် ဒရုန်းလေယာဉ် အီရန်ပြသ
    အမေရိကန် ဒရုန်းကို အဆင့်မြှင့် ထားသည့် ပြည်တွင်းထုတ် ဒရုန်းလေယာဉ် အီရန်ပြသ
    မေ ၁၂၊ ၂၀၁၄
    M-Media
    11B
    – ၂၀၁၁ နှစ်က ရခဲ့သည့် အမေရိကန်ဒရုန်းလေယာဉ် RQ-170 အား အဆင့်မြှင့်တင်ထားပြီး ပြည်တွင်း၌ ထုတ်လုပ်ခဲ့သော ဒရုန်းလေယာဉ်အား အီရန်က ထုတ်ဖော် ပြသခဲ့သည်ဟု သိရသည်။
    စတီးဖြင့်ပြုလုပ်ထားသော အဆိုပါ ဒရုန်းလေယာဉ်ကို အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် IRGC ၏ လေတပ် ဌာနချုပ်တွင် ပြုလုပ်သည့် IRGC လေတပ်၏ အောင်မြင်မှုများပြပွဲတွင် ပြသထားခြင်းဖြစ်ပြီး အစ္စလာမ်မစ်တော်လှန်ရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီက တက်ရောက်ကြည့်ရှုခဲ့သည်။
    အဆိုပါ ပြပွဲတွင် အီရန်၏ အခြားသော ဒရုန်းလေယာဉ်များဖြစ်သည့် ရှာဟဒ် ၁၂၉ နှင့် ၁၂၅ တို့ကိုလည်း ပြသထားပြီး ဒရုန်းလေယာဉ်များ၏ ဒီဇိုင်းများနှင့် ဖွံ့ဖြိုး တိုးတက်မှုများ၊ ရေဒါနှင့် လေကြောင်းကာကွယ်ရေးစနစ်တို့အပြင် သင်္ဘောဖျက်နှင့် တိုက်ချင်းပစ်ဒုံးပျံဖျက် ဒုံးကျည် စနစ်များကိုလည်း ပြသထားသည်။
    အမေရိကန်၏ အဆိုပါ RQ-170 လေယာဉ်မှာ အာဖဂန်နယ်ခြားမှ ၂၂၅ ကီလိုမီတာအကွာ အီရန်၏ ကရှ်မာရ်မြို့တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က အသေးစား ယိုးယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကမူ ထိုဒရုန်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အီရန်တွင် နည်းပညာမရှိဟု ပြောကြားခဲ့သည်။
    သို့သော်လည်း အီရန်ပညာရှင်များကမူ ထိုဒရုန်းလေယာဉ်မှ ကင်မရာအား အောင်မြင်စွာ ဖြည်ချနိုင်ခဲ့ပြီး ကန်ဒါဟာ အခြေစိုက်စခန်းပတ်ဝန်းကျင်ဒေသများကို ရိုက်ထားကူထားသော မှတ်တမ်းများကို ဖော်ထုတ်ခဲ့သည်။
    Ref : Press TV
  • လွတ်လပ်သော နိုင်ငံ တည်ထောင်ရန် ပြည်သူ့ ဆန္ဒခံယူပွဲ အောင်မြင်ဟု ရုရှား လိုလားသူ ခွဲထွက်ရေး သမားများ ကြေညာ
    လွတ်လပ်သော နိုင်ငံ တည်ထောင်ရန် ပြည်သူ့ ဆန္ဒခံယူပွဲ အောင်မြင်ဟု ရုရှား လိုလားသူ ခွဲထွက်ရေး သမားများ ကြေညာ
    မေ ၁၂၊ ၂၀၁၄
    M-Media
    –  ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသ အချို့အား လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန် ပြည်သူ့ဆန္ဒ ခံယူပွဲမှာ အောင်မြင်ခဲ့သည်ဟု ရုရှားလိုလားသူ ခွဲထွက်ရေး သမားများက ကြေညာလိုက်သည်။
    Donetsk ဒေသ၏ မဲပေးခွင့်ရှိသူ သုံးသန်းတွင် ၈၉ ရာခိုင်နှုန်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနိုင်ငံအဖြစ် ထူထောင်ရန် မဲပေးခဲ့ကြသည်ဟု Donetsk ပြည်သူ့ သမ္မတနိုင်ငံဟု ခေါ်ဆိုသည့် ဒေသမှာ ရွေးကောက်ပွဲ အကြီးအကဲ ရိုမန် လယာဂင်က ဆိုသည်။
    နိုင်ငံအရှေ့ပိုင်း စက်မှုမြို့ဖြစ်သည့် Luhansk ဒေသတွင်လည်း ခွဲထွက်ရေးသမားများက ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ကြပြီး ရလဒ်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
    ထိုပြည်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ မပါဝင်ဘဲ ခွဲထွက်ရေးကြေညာချက်ကို မှန်ကန်ကြောင်းကြေညာရန် မဖြစ်နိုင်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ မဲရေတွက်မှုကို ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်အပြီး ၂ နာရီအကြာတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
    ယူကရိန်ဗဟိုအစိုးရနှင့် အနောက်ပိုင်း အစိုးရတို့က အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ နိုင်ငံတကာ ဥပဒေအား ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ ရှုတ်ချခဲ့ကြပြီး၊ ခရိုင်းမီးယားကို ပိုင်နက် အတွင်း သွတ်သွင်းခဲ့ပြီးနောက် တိုင်းပြည်၏ အစိတ်အပိုင်းများကို သိမ်းပိုက်ရန် အတွက် ရုရှား၏ ကြိုးကိုင်ဆောင်ရွက်မှု သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
    အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း ထိုရလဒ်အား အသိအမှတ်ပြုမည် မဟုတ်ဟု ပြောကြားထားပြီး ယူကရိန်းနိုင်ငံခြားရေး ၀န်ကြီးကမူ အဆိုပါ လူထုဆန္ဒ ခံယူပွဲနှစ်ခုကို ရာဇ၀တ်မှုမြောက်သည့် ဟာသပြဇာတ် အဖြစ် သရော်ခဲ့သည်။
    Ref : Aljazeera
  • မိခင်က Facebook သုံးရန် ပိတ်ပင်မှုကြောင့် ၁၃ နှစ်အရွယ် မိန်းကလေး မိမိကိုယ်ကို သတ်သေ
    မေ ၁၂ ၊ ၂၀၁၄
    M-Media
    အိန္ဒိယ နိုင်ငံတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်ဟာ မိခင်ဖြစ်သူက Facebook အကောင့်ကို ပိတ်ပစ်ဖို့ပြောတာကြောင့် မိမိကိုယ်ကို ဆွဲကြိုးချသတ်သေခဲ့ပါတယ်။
    article-2624845-0DBAA46100000578-267_634x440
    ၁၃ နှစ်အရွယ် အိန္ဒိယက မိန်းကလေးငယ် အက်ဒီတီ ဂုပတ ဟာ သူငယ်ချင်းတွေနဲ့ အချိန်ကြာရှည်စွာ စကားပြောလွန်းတာကြောင့် မိခင်ဖြစ်သူ မိုဟာနား ရဲ့ တောက်လျောက် ဆူပူမှုအပြီးမှာ သူ့ရဲ့အိပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။
    မိခင်ဖြစ်သူက သူမအလုပ်မသွားခင် သမီးဖြစ်သူကို ” အိမ်ပြန်ရောက်တဲ့အချိန် Facebook အကောင့် ပိတ်ထားတာ လိုချင်တယ် ” လို့ ပြောသွားခဲ့ပါတယ်။ နေ့လည်ထမင်းစားချိန် အိမ်ပြန်ပြီး ၄ နာရီအကြာမှာ သမီးဖြစ်သူသေဆုံးကြောင်းသိခဲ့ရပါတယ်။
    ရဲဌာန ကို ပြောကြားရာမှာ “ဒီလောက်ကြီးအရေးမကြီးတဲ့အရာအပေါ်” ကိုယ့်ကိုသတ်သေရလောက်အောင် သမီးဖြစ်သူ လုပ်လိမ့်မယ်လို့ ထင်မှတ်မထားခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
    သူမက ” ၉ နာရီခွဲလောက်မှာ ကျွန်မ အလုပ်သွားလေ့ရှိပြီး။ အမျိုးသားဖြစ်သူက ဒီထက်စောစောသွားလေ့ရှိပါတယ်။ သားအကြီးကတော့ အားလပ်ရက်ဖြစ်တာကြောင့် အဖွားဖြစ်သူအိမ်မှာရှိနေပါတယ်။ ”
    ” ကျွန်မ အလုပ်သွားတော့မယ့် အချိန် သူမက ကွန်ပျူတာရှေ့မှာ ရှိနေပါတယ်။ လူမှုကွန်ရက် (Social Network) တွေပေါ်မှာ သူမအချိန်ဖြုန်းလွန်းတာကြောင့် ကျွန်မလည်း စိတ်ဆိုးနေခဲ့ပါတယ်။ ”
    ” Facebook သုံးရအောင်နဲ့ အဲ့ဒီအပေါ်မှာ အချိန်ဖြုန်းရအောင် သိပ်ငယ်သေးလွန်းတယ်လို့ သူမကိုပြောခဲ့မိပါသေးတယ်။ ”
    ဒီဖြစ်ရပ်က Facebook နဲ့ပတ်သတ်ပြီး မိဘတာဝန်ဝတ္တရားနဲ့ ဆိုက်ဘာ(ကွန်ပျူတာနည်းပညာ) ကမ္ဘာထဲ ကလေးငယ်တွေ နှစ်မြုပ်နေမှုအကြောင်း ဆွေးနွေးငြင်းခုန်မှုတွေ အိန္ဒိယနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့ပါတယ်။
    Souce : UK DailyMail
  • စင်္ကာပူ ဝန်ကြီးချူပ်နှင့် ထိပ်တန်းခေါင်းဆောင်များမှ ကွယ်လွန်သူ အစ္စလာမ်ဘာသာရေး ဆရာကြီးကို ဂုဏ်ပြု
    မေ ၁၂ ၊ ၂၀၁၄
    M-Media
    main_RA_p45b_1005_50p
    ထင်ရှားသည့် အစ္စလာမ်  ဘာသာရေးဆရာကြီး အုစ်သာ့ဇ် အစ်ဗရာဟီမ် ကာစင်မ်အား ၀န်ကြီးချုပ် လီရှန်လွန်း၊ ဒုဝန်ကြီးချုပ် တျိုချီဟိန် နှင့် မွတ်စ်လင်မ်ရေးရာ စီမံဝန်ကြီး ဒေါက်တာ ယာကွတ် အီဗရာဟီမ် ပါဝင်သော စင်္ကာပူခေါင်းဆောင်များမှ ဂုဏ်ပြုစကားဆိုလိုက်သည်။
    မွတ်စ်လင်မ် လူ့အသိုင်းအ၀ိုင်း၏ အရေးပါသည့်နေရာများတွင် ရှိနေသူ အုစ်သာ့ဇ် အီဗရာဟီမ်(၈၈ နှစ်)သည် နမိုးနီးယားရောဂါဖြင့် ကြာသပတေးနေ့ နံနက် ၂း၁၅ နာရီတွင် ကွယ်လွန်ခဲ့သည်။
    သူ၏ရုပ်ကလာပ်ကို မမြုပ်နှံမှီ နောက်ဆုံးဈာပန၀တ်ပြုရန်အတွက် Teck Whye ရှိ အလ်ခိုင်းရ် ဗလီဝတ်ကျောင်းတော်သို့ သယ်ဆောင်ခဲ့ကြသည်။
    အုစ်သာ့ဇ် အီဗရာဟီမ်သည် မလေး မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၏ ဘာသာရေး အခြေတည်လူမှုဘ၀ ဖွံ့ဖြိုးရေး၌ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးဆပ် ခဲ့သူဖြစ်သည်။ အင်္ဂလိပ်၊ မလေး၊ အရဗီ၊ တမီလ်၊ အူရဒူ နှင့် ကမ္ဘာသုံးတရုတ် စသည့် ဘာသာစကားခြောက်မျိုးကို ကျွမ်းကျင် ပိုင်နိုင်သူဖြစ်သည့်အားလျော်စွာ စွမ်းရည်အသီးသီးမြင့်တက်ရေးအတွက် တံတားထိုးနိုင်ခဲ့သည်။
    သူ့မိသားစုထံပေးပို့သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာ၌ “အုစ်သာ့ဇ် အီဗရာဟီမ်သည် အလယ်အလတ် အစ္စလာမ့်လမ်းစဉ်ကို ရှေ့ဆုံးမှ ဦးဆောင်ခဲ့သည့်အပြင် စင်္ကာပူတွင် လူမျိုးရေး၊ ဘာသာရေး သင့်မြတ်စေရာလုပ်ငန်း အများအပြားကို ဖော်ဆောင်ခဲ့သူဖြစ်သည် ” ဟု ၀န်ကြီးချုပ်လီမှ မှတ်တမ်းတင် ရေးသားထား၏။ “သူ၏ကြွေလွင့်ခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် မဟာဆုံးရှုံးမှု ” ၊ ၎င်းပြင် “မွတ်စ်လင်မ် အသိုင်းအ၀ိုင်းနှင့် စင်္ကာပူအား တန်ဖိုးမဖြတ်နိုင်သော တရားများဟောကြားခဲ့သည့် ဂါရ၀ ထားအပ်ရာ ဘာသာရေးဆရာတစ်ဦး” ဟု လီက ပြောကြားသည်။
    အုစ်သာ့ဇ် အစ်ဗရာဟီမ်သည် သာသနာပြန်လည် ထွန်းတောက်ရေးအဖွဲ့ Religious Rehabilitation Group (RRG)အပေါ် အခိုင်အမာ ရပ်တည်သူဖြစ်ပြီး ဆယ်စုနှစ် တစ်ခုမက အတိုင်ပင်ခံ အဖြစ်ဆောင်ရွက်နေသူဖြစ်သည်။ အစွန်းရောက် ဘာသာရေး အတွေးအခေါ်များကို ပြန်လည် ရင်ဆိုင်တုန့်ပြန်ရာ၌ အစိုးရနှင့်လည်းကောင်း၊ မွတ်စ်လင်မ်လူ့ အဖွဲ့အစည်းနှင့်လည်းကောင်း အနီးကပ် လက်တွဲဆောင်ရွက်ခဲ့သည်။
    အုစ်သာ့ဇ် အီဗရာဟီမ်သည် ဇန္န၀ါရီလတွင် မကျန်းမာသည့်ကြားမှ မလေး မွတ်စ်လင်မ်ခေါင်းဆောင်များနှင့် အတူ tudung အရေးဆွေးနွေးပွဲသို့ အလေးထား တက်ရောက်ခဲ့ကြောင်း၊ ထိုအရေးနှင့်ပ တ်သက်၍ မိမိ၏အဆိုများကို လူ့အဖွဲ့အစည်းအကျိုး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် မကြာခဏ စာရေးသား တိုက်တွန်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလက Pioneer Generation tribute party ၌ ထပ်မံတွေ့ဆုံစဉ် သူသည် ကျန်းမာရေး ဆိုးဝါးနေသော်လည်း စိတ်ဓာတ် ခိုင်မာစဲ ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့် လူမျိုးပေါင်းစုံ အသိုင်းအ၀ိုင်း ထူထောင်ရာ၌ ခက်ခဲသော အနေအထားများကို အခြားထိပ်တန်း မျိုးဆက်များအတိုင်း ကူညီပံ့ပိုးခဲ့သူဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံနှင့် လူ့အဖွဲ့အစည်းအပေါ် အကောင်းဆုံးအား ထုတ်စွမ်းဆောင်နိုင်ခဲ့သူ တစ်ဦး အပါအ၀င်ဖြစ်ကြောင်း လီက တခုတ်တရ ပြောကြားသည်။
    ဒုဝန်ကြီးချုပ်ကလည်း အုစ်သာ့ဇ် အီဗရာဟီမ်သည် လူ့ဘောင်ရပ်ဝန်းအတွက် အရေးပါလှသည့် စွမ်းဆောင်ချက်များစွာကို ပြုလုပ်ခဲ့သူအဖြစ် သူ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အမွှမ်းတင်ဖော်ပြခဲ့သည်။
    အလားတူစွာပင် “ သူ့ရဲ့စွမ်းဆောင်ချက်တွေဟာ မွတ်စ်လင်မ်များ ထိမ်းမြားမှု အသိအမှတ်ပြုရေး ROMM (Registry of Muslim Marriages) ကနေ ရှရီအဟ်တရားရုံးအထိ တကယ့်ကို ကြီးမားထိရောက်ကျယ်ပြန့်လှပါတယ်။ သူ့တပည့်တွေကို စာပြေးပြနေတာလည်း မပျက်ကွက်ခဲ့ပါဘူး။ သို့သော် ပိုပြီး ထိရောက်ခဲ့တာက RRG နဲ့ပတ်သက်တဲ့ စွမ်းဆောင်ချက်တွေဘဲဖြစ်တယ်။ ဒီလုပ်ငန်းမျိုး မဖြစ်မနေပြုရမယ်လို့ သူက လက်ခံ အသိအမှတ်ပြုထားတယ်။ တကယ်လို့ ဘာသာရေးဆိုင်ရာ ထိပ်တန်း ပုဂ္ဂိုလ်တွေမှ ရှေ့ထွက်မလှမ်းရင် ဘယ်သူတွေ လုပ်ကြမှာလဲ (လို့ သူက ဆိုတတ်တယ်)။  ဒါဟာ အရေးပါလှတဲ့ နိုင်ငံတော် အဆင့်စွမ်းဆောင်ချက်လို့ ကျွန်တော် မြင်ပါတယ်။
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်မှာရှိနေနေ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး ကိုင်စွဲထားရမယ်ဆိုပြီး သူက လက်ခံထားတဲ့အပြင် အဲ့ဒီအပေါ် ခိုင်ခိုင်မာမာ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အဖို့တော့ ဒါဟာ အလွန်အင်မတန် အရေးပါတဲ့ စွမ်းဆောင်ချက်ပါ။ ဘာကြောင့်လဲဆိုရင် သူဟာ အဲ့လိုပုဂ္ဂိုလ်မျိုးထဲက တစ်ယောက် ဖြစ်နေလို့ပါပဲ။ စင်္ကာပူနိုင်ငံဟာ လူမျိုးဘာသာ ယဉ်ကျေးမှုစုံဒေသကြီး တစ်ခုအဖြစ် တည်ရှိရမယ်လို့ လက်ခံ ထားခဲ့ကြကုန်သော ပထမဆုံး လမ်းဖောက် မျိုးဆက်ဝင် တစ်ဦး ဖြစ်လို့ပါပဲ ” ဟု ဆက်သွယ်ရေးနှင့်ပြန်ကြားရေး ၀န်ကြီးလည်းဖြစ်သူ ဒေါက်တာ ယအ်ကူးဗ် မှ ပြောပြခဲ့သည်။
    – CNA/nd
  • အကောင်းဆုံးတိုက်စစ်နဲ့ ချန်ပီယံဖြစ်သွားတဲ့ မန်စီးတီး၊
    မေ ၁၁ ၊ ၂၀၁၄
    M-Media
    BnXb3mKCQAMHhKe
    – နောက်ဆုံးပွဲစဉ်အထိ စိတ်ဝင်စားစရာကောင်းခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရဲ့ ၁၀ ပွဲစလုံးကို တနင်္ဂနွေနေ့ညမှာ တစ်ပြိုင်တည်းကစားခဲ့ကြပြီး ပရိတ်သတ်တွေ ထင်ထားတဲ့ရလဒ်အတိုင်းပဲ ၂၀၁၃-၁၄ ဘောလုံးရာသီကို ပိတ်သိမ်းခဲ့ပါတယ်။
    ၂ မှတ်အသာနဲ့ ဂိုး ၁၀၀ သွင်းထားတဲ့ မန်စီးတီးတို့ ဒီပွဲမှာ သရေရရုံနဲ့ ချန်ပီယံဖြစ်ခွင့်ရမှာဖြစ် ပေမယ့် ဖိဖိစီးစီးကစားခဲ့ပြီး ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီး အတွက်ဂိုးတွေကိုတော့ ပထမပိုင်းမှာ နာဆရီက အဝေးကန်ချက်နဲ့တစ်ဂိုး၊ ဒုတိယပိုင်းအစမှာ အသင်းခေါင်းဆောင် ကွန်ပနီက ထောင့်ကန်ဘောက ကျလာတဲ့ဘောလုံးကို ပိတ်ပြီး တစ်ဂိုး အသီးသီးသွင်းပေးခဲ့တာပါ။
    ဒီဖလားဟာ မန်စီးတီးရဲ့ ၃ ရာသီမှာ ၂ ကြိမ်မြောက်ရရှိတဲ့ ပရီးမီးယားလိဂ် ဖလားလည်းဖြစ်ပါတယ်။
    နောက်တန်းအမှားကြောင့် ခရစ္စတယ်ပဲလေ့စ်ကို ၁၀ မိနစ်အတွင်း ၃ ဂိုးပေးလိုက်ရပြီး ၂၄ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလားဆွတ်ခူးဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့ လီဗာပူးလ်ကလည်း ဒီနေ့ပွဲမှာ နောက်ခံလူစကာတဲလ်ရဲ့ ကိုယ့်ဂိုးကိုသွင်းမှုနဲ့ ဦးဆောင်ဂိုးပေးခဲ့ရပြီး အဂ္ဂါနဲ့ စတားရစ်ခ်ျတို့ရဲ့ ၃ မိနစ်အတွင်း သွင်းဂိုးနဲ့ ရာသီကို လှပစွာသိမ်းနိုင်ခဲ့ပါတယ်။
    ချယ်ဆီးကလည်း အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် နောက်ကျဂိုးတွေနဲ့ ပြန်အနိုင်ယူနိုင်ခဲ့ပါတယ်။
    အာဆယ်နယ်ကတော့ နော်ဝစ်ခ်ျကို ဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့နိုင်ခဲ့ပြီး ဒီပွဲအရှုံးကြောင့် နော်ဝစ်ခ်ျဟာ ဖူလ်ဟမ်၊ ကာဒစ်ဖ်တို့နဲ့အတူ ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။
    မန်စီးတီး၊ လီဗာပူးလ်၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကတော့ နောက်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာခဲ့ပြီး အဲဗာတန်နဲ့ စပါးကတော့ ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။ နည်းပြအပြောင်းအလဲနဲ့ ဖရိုဖရဲဖြစ်ခဲ့ရတဲ့ မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူကတော့ အဆင့် ၇ နဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရဲ့ရလဒ်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
    ကာဒစ်ဖ် ၁-၂ ချယ်ဆီး
    ဖူလ်ဟမ် ၁-၂ ခရစ္စတယ်ပဲလေ့စ်
    ဟားလ်စီးတီး ၀-၂ အဲဗာတန်
    လီဗာပူးလ် ၂-၁ နယူးကာဆယ်
    မန်စီးတီး ၂-၀ ၀က်စ်ဟမ်း
    နော်ဝစ်ခ်ျ ၀-၂ အာဆင်နယ်
    ဆောက်သက်တမ် ၁-၁ မန်ယူ
    ဆန်းဒါးလန်း ၁-၃ ဆွမ်ဆီး
    စပါး ၃-၀ အက်စတွန်ဗီလာ
    ဓါတ်ပုံ- အိမ်ကွင်းမှာ အနိုင်ရပြီး ချန်ပီဖြစ်သွားသည့် မန်စီတီးပရိတ်သတ်များ အောင်ပွဲခံနေစဉ်
    Photo- Yahoo Singapore