မေ ၁၈ ၊ ၂၀၁၄
M-Media
– လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများကြောင့် လွန်ခဲ့သည့် ၁၂ လတာအတွင်း အမှုထမ်း ၅၀၀ နီးပါးကို အမေရိကန်စစ်တပ်က ထုတ်ပယ်ခြင်း၊ အရေးယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးဌာနမှ ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုကိစ္စအပေါ် ဌာန၏ ကိုင်တွယ်ဖြေရှင်းမှုအတွက် ဝေဖန်မှုများရှိနေစဉ် တရားဝင်ထုတ်ပြန်သော အစီရင်ခံစာလည်းဖြစ်ပြီး အရေးယူခဲ့သည့် အရေအတွက်မှ ၁၃ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို တပ်တလဲလဲကျူးလွန်ကြသူများဖြစ်ကြသည်။ ပြီးခဲ့သည့် စင်ဘာ ၃၀ ရက်နေ့က ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်အတွင်း အမှုထမ်း ၄၉၆ ဦးက လိင်ပိုင်းဆိုင်ရာ နှောက်မှု ၁၃၆၆ မှုကို ကျူးလွန်ခဲ့ပြီး၊ ၅၉ ရာခိုင်နှုန်းမှာ သက်သေခိုင်ခိုင်လုံလုံရှိသည်ဟု ထိုအစီရင်ခံစာအရ သိရသည်။
တိုင်တန်းခြင်းမရှိသည့် အမှုများရှိနေသည်ဟု ကာကွယ်ရေးအရာရှိများက ယုံကြည်နေပြီး ကျူးလွန်ခြင်းခံရပါက မည်သည့်အချိန်မဆို လာရောက်တိုင်တန်းစေချင်ကြောင်း ပင်တဂွန်မှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများကို စီမံကိုင်တွယ်ရာတွင် ပိုမိုခိုင်မာသော နည်းလမ်းများကို အသုံးပြုရန်အတွက် ကာကွယ်ရေးဌာနက မျှော်လင့်နေကြောင်း ပင်တဂွန်ကဆိုသည်။
အမေရိကန်စစ်တပ်တွင် လိင်ပိုင်းဆိုင်ရာ လက်ရောက်ကျူးလွန်မှုများမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများထက် ပိုမိုဖြစ်ပွားလေ့ရှိပြီး ၅၀၆၁ မှုရှိကာ ပြီးခဲ့သည့် နှစ်ကထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားသည်။
Ref: Pentagon releases sexual harassment figures (Aljazeera)
Leave a Reply
You must be logged in to post a comment.