News @ M-Media

Blog

  • ကျွန်းပိုင်ဆိုင်မှုကိစ္စ တစ်ဖက်သတ် ဆောင်ရွက်ခြင်း မပြုရန် တရုတ်အား အမေရိကန် သတိပေး

    ဧပြီ ၆၊ ၂၀၁၄
    M-Media
    201446553271580_20
    – ဂျပန်နှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများနှင့် ဖြစ်ပွားနေသည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများကို ဖြေရှင်းရာတွင် တစ်ဘက်သတ် ဆောင်ရွက်မှုများ မပြုလုပ်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က တရုတ်နိုင်ငံအား သတိပေး ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ စစ်ရေးပြင်ဆင်မှု၊ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံနှင့် အငြင်းပွားနေသော ကျွန်းစုအား ရဲရဲတင်းတင်း လုပ်ကိုင်ဆောင်ရွက်နေမှုများကြောင့် စိုးရိမ်မှုများ တိုးပွားလာနေသည့် မဟာမိတ် ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိစဉ်အတွင်း ချက်ဟေဂယ်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ ဟေဂယ်မှာ မနက်ဖြန်တွင် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

    “အင်အားကြီးနိုင်ငံတစ်ခုမှာ ကြီးမားတဲ့ တာဝန်ယူမှုလည်း ရှိရပါမယ်။ တရုတ်နိုင်ငံဟာ အင်အားကြီး နိုင်ငံတစ်ခုပါ” ဟု ဟေဂယ်ကဆိုပြီး တရုတ်နိုင်ငံ၏ စစ်အင်အား အသုံးပြုမှုနှင့် စပ်လျဉ်း၍လည်း တရုတ်နိုင်ငံနှင့် ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဟေဂယ်မှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း အရှေ့တောင်အာရှနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသည့် ပိုင်ဆိုင်မှုအငြင်းပွားခြင်းများနှင့် ပတ်သက်၍ အမေရိကန်မှာ စိုးရိမ်မှု ကြီးထွားလာနေသည်ဟု သတိပေးခဲ့သည်။

  • ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရ၍ နှစ်ပတ်လည် အခမ်းအနား ပြင်သစ် မတက်တော့

    ဧပြီ ၆၊ ၂၀၁၄
    M-Media

    – ရ၀မ်ဒါလူမျိုးတုန်းသ တ်ဖြတ်မှုတွင် ပြင်သစ်နိုင်ငံ ပါဝင်ခဲ့သည်ဟု ရ၀မ်ဒါသမ္မတက စွပ်စွဲခဲ့ပြီးနောက် လူမျိုးတုန်း သတ်ဖြတ်မှု နှစ် ၂၀ မြောက် ၀မ်းနည်းဖွယ် အခမ်းအနားကို တက်ရောက်တော့မည် မဟုတ်ဟု ပြင်သစ်နိုင်ငံက ပြောကြားလိုက်သည်။

    357379_Rwanda-genocide

    ၁၉၉၄ ခုနှစ်တွင် ရ၀မ်ဒါ၌ဖြစ်ပွားခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှုအတွက် နိုင်ငံရေးအရ ပြင်ဆင်မှုများပြုလုပ်မှုတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတို့မှာ တိုက်ရိုက်ပါဝင်ခဲ့သည်ဟု ရ၀မ်ဒါသမ္မတ ပေါလ် ကာဂိမ်းက ပဲရစ်မြို့ထုတ် အပတ်စဉ်ဂျာနယ် Jeune Afrique ၏အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

    ကာဂိမ်း၏ ထိုပြောကြားချက်က နှစ်နိုင်ငံကြား ရင်ကြားစေ့ရေး ကြိုးပမ်းမှုကို အနှောက်အယှက်ဖြစ်စေသည်ဟု ပြင်သစ်ဘက်က ပြန်လည်တုံ့ပြန်ခဲ့ပြီး ရ၀မ်ဒါမြို့တော် ကီဂါလီ၌ မနက်ဖြန်တွင်ပြုလုပ်မည့် လူမျိုးတုန်းသတ်ဖြတ်မှု နှစ် ၂၀ မြောက် ၀မ်းနည်းဖွယ် အခမ်းအနားအား ပြင်သစ် တရားရေးဝန်ကြီးက တက်ရောက်ရန် စီစဉ်ထားမှုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    နိုင်ငံတောင်ပိုင်း လူသားချင်းစာနာသည့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြင်သစ်စစ်သားများကိုလည်း “သွေးကန်ထဲမှ မင်းသားများ” ဟု ကာဂိမ်းက စွပ်စွဲခဲ့ပြီး၊ ပြင်သစ်ဘက်ကမူ ထိုစွပ်စွဲချက်အား ငြင်းဆိုခဲ့ကာ ၎င်းတို့၏စစ်သားများမှာ အရပ်သားများအား ကာကွယ်ခဲ့သည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

    ရ၀မ်ဒါ-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အေးစက်ခဲ့သော်လည်း နောက်ပိုင်းတွင် အနည်းငယ် တိုးတက်ခဲ့သည်။ ပြင်သစ် ဘက်ကမူ ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ရ၀မ်ဒါစစ်တပ် အရာရှိဟောင်း ပါစကယ် စင်မ်ဘီကန်ဂွါအား  ပြီးခဲ့သည့်လက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ပထမဆုံး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

    AFP

  • ကမ္ဘာ့တစ်ဝှမ်းမှ ကုရ်အာန်ကျမ်း စာအုပ်ပြပွဲ ရုရှားတွင်ပြုလုပ်ခဲ့

    ဧပြီ ၆၊ ၂၀၁၄
    M-Media

    korani

    – ကမ္ဘာ့နိုင်ငံများတွင် ပုံနှိပ်ထုတ်ဝေခဲ့သော ကုရ်အာန်ကျမ်းတော်မြတ် စာအုပ်များပြပွဲကို မတ်လ ၃၀ ရက်နေ့က ရုရှားနိုင်ငံ Nizhniy Novgorod မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ကုရ်အာန်ကျမ်းတော်မြတ် ဖရွတ်သရဇ္ဈာယ်မှုပြိုင်ပွဲ ကျင်းပပြုလုပ်မှုအတွင်း ထိုပြပွဲကို ထည့်သွင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုရှား၊ တူရကီ၊ အမေရိကန်၊ လစ်ဗျား၊ ဥဇဘက်ကစ္စတန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည့် ကုရ်အာန်ကျမ်းတော်မြတ်များကို ထည့်သွင်းပြသခဲ့သည်။ ထိုပြပွဲတွင် ပြသထားသည့် ကုရ်အာန်ကျမ်းတော်မြတ်များမှာ Nizhniy Novgorod မြို့ရှိ Makhinure အစ္စလာမ့် ဓမ္မသင်တန်းကျောင်း၏ စာကြည့်တိုက်တွင် စုဆောင်းထားသည့် ကျမ်းများဖြစ်သည်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော်က တမန်တော်မုဟမ္မဒ်သခင်ထံသို့ အာရဗီဘာသာစကားဖြင့် ကျရောက်ခဲ့ခြင်းဖြစ်သည်။ လိုအပ်သည့်အချိန်တွင် တစ်ကြောင်း၊ တစ်ပိုဒ်၊ ကဏ္ဍတစ်ခု စသဖြင့် လိုအပ်သလို ကျရောက်ခဲ့ခြင်းဖြစ်ပြီး ၂၃ နှစ်တာကာလအတွင်း အပြည့်အစုံကျရောက်ခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် ကိုယ်ကျင့်တရား၊ စာရိတ္တ၊ စိတ်စေတနာ၊ ရှောင်ရန်၊ ဆောင်ရန်များ ဥပဒေရေးရာ၊ လူမှုကျင့်ဝတ်၊ သိပ္ပံပညာရပ် စသည့် ကဏ္ဍပေါင်းစုံကို ထည့်သွင်းဖေါ်ပြထားသည်။
    islam.ru

  • ရုရှားအား ပိုမိုဖိအားပေးရန် ဥရောပနိုင်ငံများ စီစဉ်၊ ရုရှားကလည်း အနောက်နိုင်ငံများအား လှောင်ပြောင်ခဲ့

    ဧပြီ ၆ ၊ ၂၀၁၄
    M-Media

    – ယူကရိန်း နယ်စပ်တွင်ရှိနေသည့် ရုရှားစစ်တပ်များအား ရုတ်သိမ်းခြင်းဖြင့် ယူကရိန်းပြဿနာကို အမှန်တကယ် လက်ရှောင်လိုကြောင်း ရုရှားက ပြသရန် လိုအပ်သည်ဟု ဥရောပယူနီယံ ထိပ်တန်း သံတမန်များက ပြောကြားလိုက်သည်။

    20144419120510734_20

    ခရိုင်းမီးယားဒေသအား ရုရှားမှကျူးကျော်ခြင်း အတွက် အရေးယူမှုများပြုလုပ်ရေး ဆွေးနွေးရန် ဂရိနိုင်ငံ အေသင်မြို့တွင် ပြုလုပ်သည့် ဥရောပနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝ န်ကြီးများ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က ယမန်နေ့တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယံဟေ့ဂ်ကလည်း မော်စကိုနှင့် အသိမ်းပိုက်ခံ ခရိုင်မီးယားဒေသရှိ ရုရှားအာဏာပိုင်များ၏ ဆိုးရွားသော အပြုအမူများနှင့် ပတ်သက်ပြီး ဥရောပနိုင်ငံများက စုစုစည်းစည်းရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။ သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ အေသင်တွင် မည်သည့် ဆုံးဖြတ်ချက်မှ ချမှတ်မည် မဟုတ်ဟုလည်း ဟေ့ဂ်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါအစည်းအဝေးတွင် ဥရောပနိုင်ငံငယ်ဖြစ်သည့် လစ်သူယေးနီးယားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး လီနက်စ် လင်ကီဗစ်စီယက်စ်က မိမိတို့နိုင်ငံမှာ ရုရှား၏ နောက်ထပ် ကျူးကျော်ခြင်းခံရမည့် နိုင်ငံများမှ တစ်နိုင်ငံဖြစ်လာမည်ကို ကြောက်ရွံ့မိကြောင်း ပြောကြားခဲ့သည်။

    ခရိုင်းမီးယားဒေသအား ရုရှားက ကျူးကျော် သိမ်းပိုက်ခြင်းကြောင့် စစ်အေးကာလနောက်ပိုင်း ဥရောပနှင့် ရုရှားနိုင်ငံတို့အကြား တင်းမာမှုများကြီးထွား လာခဲ့သည်။ ထို့ပြင် ရုရှားအပေါ် ကာလကြာရှည် ပိတ်ဆို့မှုများပြုလုပ်ရန်နှင့် ဒေသအတွင်း တည်ငြိမ်ရေး ဥရောပနိုင်ငံများ၏ အားပေးထောက်ခံနိုင်စွမ်းတို့နှင့် ပတ်သက်၍လည်း မေးခွန်းများ မြင့်တက်လာခဲ့သည်။

    ရုရှားဝန်ကြီးချုပ် ဆာဂျီလာဗရော့ဗ်ကမူ ယူကရိန်း၏ အမွှေးအတောင်စုံသော အစိုးရ၏ အမှီအခိုကင်းမှုကို မမြင်ရသေးမီ အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အခန်းကဏ္ဍတွင် ၀င်ရောက်နေရာယူနေသည်ဟု အနောက်နိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့အား သရော်ခဲ့သည်။

    Agencies