News @ M-Media

Blog

  • မန်ယူအသင်းမှာ ချန်ပီယံလိဂ်ဖလားအား ရယူနိုင်သည်ဟု မိုယက်စ်ဆို

    မတ် ၂၁ ၊ ၂၀၁၄
    M-Media

    – အိုလံပီယာကော့စ်အသင်းအား အနိုင်ကစားနိုင်ပြီး ကွာတားဖိုင်နယ်တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြမိုယက်စ်က မန်ယူအသင်းမှာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်သည်ဟု ပြောကြားလိုက်သည်။

    380581hp2

    ပထမအကျော့ ဂရိမြေတွင် ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယနေ့နံနက်က ကစားခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် မန်ယူအသင်းမှာ ဗန်ပါစီ၏ ဟက်ထရစ်ဖြင့် ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ပရီးမီးယားလိဂ်တွင် ကြုံတွေ့နေရသော ခြေအနေအရ ချန်ပီယံလိဂ်မဲခွဲမှုတွင် အောက်အသင်းအဖြစ်သာ ရှိနေမည်ဟု မိုယက်စ်က ၀န်ခံခဲ့သော်လည်၊ အသင်းမှာ စတုတ္ထမြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်စွမ်းရှိနေသည်ဟု မိုယက်စ်ကဆိုသည်။

    “မဲခွဲမှုအပေါ်မှာ မူတည်ပေမယ့်၊ ပွဲတော်တော်များများ ကျွန်တော်တို့က အောက်အသင်းအဖြစ်နဲ့ သွားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ စွမ်းဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီရာသီမှာ အပြည်အ၀မရသေးတဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်အတိုင်း ကစားမယ်ဆိုရင်တော့ ဘယ်အသင်းနဲ့မဆို ကျွန်တော်တို့ ယှဉ်နိုင်ပါတယ်” ဟု မိုယက်စ်ကဆိုသည်။

    ထို့ပြင် ထိုပွဲတွင် ကစားသွားခဲ့သည့် အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး၊ ထိုပွဲတွင် အကောင်းဆုံးခြေစွမ်းပြခဲ့သည့် ရွိုင်ယန်ဂစ်ကိုလည်း အရွယ်နှင့်မမျှအောင် စွမ်းဆောင်နိုင်သည့် ကစားသမားကောင်းအဖြစ် ချီးကျူးပြောဆိုခဲ့သည်။
    Goal

  • အက်သလက်တီကို နည်းပြ စီမီနီယိုနှင့် အလုပ်တွဲ လုပ်ချင်သည်ဟု တောရက်စ်ဆို

    မတ် ၂၁ ၊ ၂၀၁၄
    M-Media

    – ချယ်ဆီးတွင် ပုံမှန်နေရာမရသည့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ၎င်းအနေဖြင့် အက်သလက်တီကို မက်ဒရစ်အသင်းအားကိုင်တွယ်နေသော ကစားဖော်ဟောင်း စီမီယိုနီနှင့်အတူ အလုပ်လုပ်ချင်သည်ဟု ပြောကြားလိုက်သည်။

    355344_heroa

    အသက် ၃၀ အရွယ်ရှိ တောရက်စ်မှာ ချယ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းကို မပြသနိုင်သောကြောင့် အသင်းတွင်နေရာ ရရှိခြင်းမရှိဘဲ၊ နိုင်ငံအသင်း တွင်လည်း ရွေးချယ်ခံရခြင်း မရှိတော့ပေ။ လာမည့် နွေရာသီတွင် ချယ်ဆီးအသင်းမှ တောရက်စ်အား လက်လွှတ်ရန် ဆန္ဒရှိနေပြီး အက်သလက်တီကိုမက်ဒရစ် အသင်းကလည်း ခေါ်ယူနိုင်ရန်ကြိုးစားနေသည်။

    “ကျွန်တော်တို့ အတူကစားခဲ့စဉ်ကတည်းက စီမီယိုနီကို ကျွန်တော် တော်တော်လေး လေးစားခဲ့ပါတယ်။ သူက ကျွန်တော့်ကို အများကြီးကူညီတယ်။ ဘယ်လိုအသင်းခေါင်းဆောင်မျိုးဖြစ်ရမယ်ဆိုတာ၊ ရာသီကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာကို သူက ကျွန်တော့်ကို အများကြီး သင်ပေးခဲ့ပါတယ်” ဟု တောရက်စ်က AS သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် စီမီနီယိုမှာ ဂွာဒီယိုလာ သို့မဟုတ် အခြားသော နာမည်ကြီးနည်းပြများကဲ့သို့ အရည်အချင်းရှိကြောင်းချီးကျူးခဲ့ပြီး အက်သလက်တီကိုသို့ ပြန်သွားမည်လားဟု မေးမြန်းရာ ဘောလုံးလောကတွင် မနက်ဖြန်ဘာဖြစ်မည်ဆိုသည်ကို မပြောနိုင်ကြောင်း တောရက်စ်က ထပ်လောင်းပြောကြားခဲ့သည်။

    အက်သလက်တီကိုနှင့်အတူ နာမည်ကျော်ခဲ့သည့် တောရက်စ်မှာ လီဗာပူးလ်အသင်းသို့ ၂၀၀၇ ခုနှစ်က ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ချယ်ဆီးအသင်းသို့ ဗြိတန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ၃ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့သည်။

  • ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲသွားမည်ဟု မထသ ဥက္ကဋ္ဌပြော

    ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲသွားမည်ဟု မထသ ဥက္ကဋ္ဌပြော

    မတ် ၁၉၊ ၂၀၁၄
    M-Media
    လမင်း

    DSC00488

    ရန်ကုန် ။       ။        ရန်ကုန်မြို့ စည်ပင်သာယာမြို့နယ်အတွင်းရှိ ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ်များအား ယခုလအတွင်းအပြီး အစားထိုးမှုများကို ပြုလုပ်၍ ပြေးဆွဲသွားမည်ဖြစ်ပြီး မတ်လ ၃၁-ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရမည်ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောကြားခဲ့သည်။

    “အခုဒီမတ်လအတွင်းမှာပဲတော်တော်များများ ပြောင်းလဲနေကြပြီဖြစ်တယ်။ မီနီဘတ်စ်တွေကိုလည်း ပြောင်းလဲပြေးဆွဲရင် ယာဉ်လမ်းကြောပြောင်းလဲပြေးဆွဲဖို့တွေလည်းလုပ်နေပါတယ်။ ပြောင်းလဲဖို့ ကျွန်တော်တို့တွေလည်း အထူးကြိုးစားနေပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ယခု မတ်လမကုန်မှီအထိ စည်ပင်သာယာ နယ်နမိတ်အတွင်း မီနီဘတ်စ်ကားများ ၂၂-စီးပြေးဆွဲနေပြီဖြစ်ပြီး ၃၄-စီးရောက်ရှိနေပြီဖြစ်သည်။ ကျန်အစားထိုးရန် ကျန်ရှိသည့် ကားများကိုလည်း ဆက်လက် တင်သွင်းသွားရန်ရှိကြောင်း သိရသည်။

    စည်းကမ်း ပိုင်းဆိုင်ရာများကိုလည်း ရှေ့လျောက် တင်းတင်းကြပ်ကြပ်ပြုလုပ် သွားရန်ရှိပြီး စည်ပင်သာယာပြင်ပမှကားများကို CNG ထည့်နိုင်ရန်အတွက် မြို့တွင်းကိုသာပြေးဝင်ခွင့်ပေးမည်ဖြစ်ပြီး ခရီးသည်များတင်ဆောင်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း မ.ထ.သ (ဗဟို)ကပြောကြားခဲ့သည်။

    စည်ပင်သာယာ နယ်နမိတ်ပြင်ပရှိ ဟိုင်းလတ် ယာဉ်များကိုလည်း ခေါင်မိုးပေါ်နှင့် နောက်တွင်တွဲစီးရန် သတ်မှတ်ထားသူများထက် ကျော်လွန်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလဲသိရသည်။

    မတ်လ ၃၁ ရက်နေ့နောက်ဆုံး ထား၍ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ ဟိုင်းလပ်ယာဉ်များကို ရပ်နားမည်ဖြစ်သော်လည်း “က” လိုင်စင်ဖြင့် ကုန်ပစ္စည်းတင်ဆောင် ခွင့်ပေးထားသော ယာဉ်များကို ပြေးဆွဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

     

  • MH370 မှ အစိတ်အပိုင်းဟု ယူဆရနိုင်သော အရာဝတ္ထု ၂ ခု ပင်လယ်ပြင်တွင် တွေ့ရှိဟု သြစတြေးလျ သတင်းထုတ်ပြန်

    မတ် ၂၀ ၊ ၂၀၁၄
    M-Media

    Australian government map of the area being searched for wreckage from flight MH370
    – ပြီးခဲ့သည့် တစ်ပတ်ကျော်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အစိတ်အပိုင်းများအား အိန္ဒိယ သမုဒ္ဒရာထဲတွင် တွေ့ရှိခဲ့ ရသည်ဟု သြစတြေးလျမှ သတင်းထုတ်ပြန်ခဲ့သည်။

    မြို့တော် ကန်ဘာရာ၌ ယနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သြတေးလျ ရေတပ်လုံခြုံရေး တပ်ဖွဲ့ AMSA မှ သတင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာတောင်ဘက်တွင် ၂၃ မီတာနှင့် ၅ မီတာခန့် အရှည်ရှိသည့် အရာဝတ္တုနှစ်ခု မျောပါနေသည့် ဂြိုဟ်တုမှ ရိုက်ထားသော ဓာတ်ပုံ တစ်ပုံကိုလည်း ပြသခဲ့သည်။

    ထို့နောက် ထိုအရာဝတ္ထုအား စုံစမ်းမှုများပြုလုပ်ရန် လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ကြောင်း သြစေတြးလျ ၀န်ကြီးချုပ် Tony Abbott က ယနေ့နံနက် ပါလီမန်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    အဆိုပါအရာဝတ္ထုတွေ့ရှိခဲ့ရာ ပတ်ဝန်းကျင်နေရာများတွင်လည်း အခြားသော အပျက်အစီးများ ရှိနိုင်ကြောင်း၊ အဆိုပါ ပင်လယ်ပြင်တွင် မြင်နိုင် စွမ်းအားနည်းမှုက အခြား အပျက်အစီးများကို ရှာရန် အခက်အခဲဖြစ်နိုင်ကြောင်း AMSA မှ တာဝန်ရှိသူ ဂျွန်ယန်းက ပြောကြားခဲ့သည်။

    လေယာဉ်အမှုထမ်းနှင့် ခရီးသည် စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်ပြီး မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ အသွား ဗီယက်နမ်နိုင်ငံ အနီးတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့် MH370 လေယာဉ်မှာ ၁၀ ရက်ကျော်ကြာမြင့်ခဲ့သော်လည်း ယခုအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

    Ref:Al Jazeera and agencies

  • ခရိုင်းမီးယားကိစ္စ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရုရှားနှင့် အမေရိကန်တို့ အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြ

    မတ် ၂၀၊ ၂၀၁၄
    M-Media
    US-russia-UN-Ukraine-Crimea_3-20-2014_141733_l
    – ယူကရိန်းအရေးနှင့် ပတ်သက်၍ ကုလ လုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ အမေရိကန်နှင့် ရုရှားတို့မှာ တစ်ဖက်နှစ်တစ်ဖက် အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြသည်ဟု သိရသည်။

    သုံးပတ်အတွင်း ၈ ကြိမ်မြောက်အဖြစ် ယမန်နေ့ကပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးတွင် အမေရိကန်ဆိုင်ရာ ကုလသံအမတ် စမန်သာပါဝါက ယူကရိန်းအရေး ရုရှား၏ ပါဝင်စွက်ဖက်မှုအတွက် အမေရိကန်နှင့် ဥရောပနိုင်ငံများက ရုရှားအား ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့သည်။ ရုရှားသံအမတ်ကြီး ဗီတာလီ ချာကင်ကမူ အမေရိကန်၏ ထိုလုပ်ရပ်မှာ ရုရှားအား စော်ကားခြင်းဖြစ်ပြီး၊ ရုရှား၏ သံတမန်ရေးအရ ဖြေရှင်းရန်ဆန္ဒကို ပျက်ဆီးစေသည်ဟု တန်ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် ခရိုင်းမီးယားဒေသအား ရုရှားပိုက်နက်အဖြစ် လက်ခံခဲ့ခြင်းမှာ ခရိုင်းမီးယားပြ
်သူတို့၏ဆန္ဒကို အလေးထားခြင်းဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနှင့်လည်း ညီညွတ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ခရိုင်းမီးယားအရေး သံတမန်နည်းအရ ဖြေရှင်းနိုင်ရန် အတွက် ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များနှင့် ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်လည်းထွက်ခွာသွားပြီဖြစ်ပြီး မနက်ဖြန်တွင် တွေ့ဆုံမည်ဖြစ်သည်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများတွင် ပါဝင်နေသည့် ရုရှားက ဗီတိုသုံးရန် အခွင့်ရှိနေသည့် အတွက် ခရိုင်းမီးယားအရေး ကုလသမဂ္ဂကလည်း မည်သည့်ဆောက်ရွက်မှုမှ မလုပ်နိုင်သေးပေ။

    ခရိုင်းမီးယားဒေသ ရုရှားပိုက်နက်အတွင်းသို့ဝင်ရောက်ရန် မတ်လ ၁၆ ရက်နေ့က လူထုဆန္ဒခံယူ၍ အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် ရုရှားပိုင်နက် အဖြစ် လက်ခံကြောင်း ရုရှားအစိုးရက လက်မှတ်ထိုးခဲ့ပြီး သမ္မတ ပူတင်ကလည်း ယခင်က ရုရှားပိုင်နက်ဖြစ်သည့် ခရိုင်းမီးယားဒေသမှာ ရုရှားနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာသည့်အတွက် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ခရိုင်းမီးယားဒေသ အတွင်းရှိနေသူများအား ရုရှားနိုင်ငံကူး လက်မှတ်များ ထုတ်ပေးလျက်ရှိနေသည်ဟု သိရသည်။

    ခရိုင်းမီးယားဒေသတွင် ရှိနေသည့် ယူကရိန်း စစ်တပ်များမှာ ပိတ်မိနေပြီး ယမန်နေ့ကလည်း ရုရှား၏ ခရိုင်းမီးယား ကာကွယ်ရေးတပ်ဖွဲ့နှင့် ယူကရိန်း စစ်တပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကာ တစ်ဖက် တစ်ဦးစီ သေဆုံးခဲ့ကြသည်။
    AP