News @ M-Media

Blog

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မတ် ၁၈၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဒရမ်တီးနိုင်တဲ့ စက်လက်အတု

    အရင်တစ်ပါတ်က ထိတွေ့မှုကို ခံစားနိုင်တဲ့ လက်အတုအကြောင်း ဖေါ်ပြခဲ့တာ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ အခု နောက်ထပ် တစ်မျိုးကတော့ Georgia Tech တက္ကသိုလ်မှ ပါမောက္ခ Gil Weinberg က ဒရမ်တီးနိုင်တဲ့ စက်လက်အတုကို တီထွင်ခဲ့ပါတယ်။ ဒရမ်ရိုက်ချက် ကို စက်မောင်းတံနဲ့ ရိုက်ခတ်ဖို့ ကို လက်ရဲ့ အာရုံကြောက ပို့လွှတ်တဲ့ အချက်ပြလှိုင်းကို electromyographyန နည်းနဲ့ ဆက်သွယ် လုပ်ဆောင်ပါတယ်။ ထူးခြားတာကတော့ နောက်ထပ် အလိုအလျောက် ဒရမ်ခေါက် တံတစ်ချောင်းက လက်နှစ်ဘက်က တီးနေတဲ့ သံစဉ်ပေါ် မူတည်ပြီး စည်းချက် ဖြည့်စွက် တီးခတ်ပေးမှာ ဖြစ်ပါတယ်။

    6

    တီးခတ်မှု ဗွီဒီယို


    _____________________
    လူသားနှင့် စက်ရုပ် တို့ရဲ့ စားပွဲတင်တင်းနစ် ပြိုင်ပွဲ

    ဂျာမဏီနိုင်ငံက စက်ရုပ်လုပ်ငန်း Kuka က စားပွဲတင်တင်းနစ် ရိုက်နိုင်တဲ့ စက်ရုပ် Agilus ကို ထုတ်လုပ်ခဲ့ပြီး ဂျာမန် ချန်ပီယံ Timo Boll နဲ့ ယှဉ်ပြိုင် ကစားရာမှာ အစပိုင်းမှာ လူသားက ရှုံးနိမ့်ခဲ့ပေမယ့် Agilus စက်ရုပ်ကို ပြုလုပ်သူ လူသားတွေရဲ့ တီထွင်နိုင်စွမ်းကို တော့ youtube ဗွီဒီယို https://www.youtube.com/watch?v=tIIJME8-au8 မှာ ကြည့်ရှုနိုင်ပါတယ်။

    5
    ___________________
    Googleရဲ့ Project Ara

    လက်ရှိခေတ်မှာ စားပွဲတင်ကွန်ပျူတာတွေ တစ်လုံး ဝယ်ယူတဲ့အခါမှာ စိတ်ကြိုက် အစိတ်အပိုင်း တစ်မျိုးချင်းစီ ဝယ်ယူ တပ်ဆင်နိုင်ကြသို လက်ကိုင်ဖုန်းတွေကိုလည်း စိတ်ကြိုက် ပရိုဆက်စာ၊ စိတ်ကြိုက် ကင်မရာ။ စိတ်ကြိုက် မှတ်ဉာဏ်သိုလှောင်မှု စသည်ဖြင့် တပ်ဆင်နိုင်မယ် တပ်ဆင်နိုင်တဲ့ ဖုန်း စနစ်ကို ဂူးဂဲလ်က Ara ဆိုတဲ့ ပရောဂျက်အမည်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဧပြီ ၁၅−၁၆ ရက်တွေမှ ဒီ အာရာ ပရောဂျက် ကွန်ဖရင့်တစ်ရပ်ကျင်းပဖို့ စီစဉ်ထားပါတယ်။

    4
    _____________________________________
    ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printerနဲ့ တည်ဆောက်ခြင်း

    ပြီးခဲ့တဲ့အပါတ်အတွင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printer နဲ့ တည်ဆောက် ကုသတဲ့ သတင်းနှစ်ရပ် ရှိပါတယ်။ ပထမသတင်းကတော့ အသက် ၂၉နှစ်အရွယ် Stephen Power ဟာ ဆိုင်ကယ် မတော်တဆဖြစ်ပြီး ဦးခေါင်းခွံ ကျိုးကြေခဲ့ရတဲ့ အပိုင်းတွေကို Morriston ဆေးရုံက Adrian Sugar ဦးဆောင်တဲ့ အဖွဲ့က 3D printer တစ်မျိုးနဲ့ လိုအပ်တဲ့ ဦးခေါင်းခွံ အပိုင်းကို ပြုလုပ်ပြီး ကုသပေးခဲ့ကြပါတယ်။ နောက်သတင်းကတော့ Harvard တက္ကသိုလ်က Jennifer Lewis ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ ပိုမို ရှုပ်တွေး အဆင့်မြင့်တဲ့ စမ်းသပ် သုတေသနဖြစ်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း ကြွက်သားတစ်ရှူး တွေကို 3D printer နဲ့ ပြုလုပ်တဲ့အခါမှာ တစ်ရှူးထဲမှာ သွေးကြောလေးတွေကိုပါ ထည်ုသွင်းတည်ဆောက် နိုင်ခဲ့ကြပါတယ်။
    10001495_10152274814033166_1510596250_n
    ————————–————————–——-
    ** Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • မက္ကဆီကိုတွင် ကလေးများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း ထုတ်ယူရောင်းချသည့် ဂိုဏ်းသား တစ်ဦးအား ဖမ်ဆီး

    မတ် ၁၈ ၊ ၂၀၁၄
    M-Media

    201431824411557734_20
    – ကလေးများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား ထုတ်ယူရောင်းစားသည်ဟူသော သံသယဖြင့် ဒုစရိုက်ဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးအား မက္ကဆီကို အနောက်ပိုင်း မီချိုအာကန် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    Knights Templar အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ မန်နျူယဲလ် ပလန်ကာတီ ဂက်စ်ပါအား ခန္ဓာကိုယ် အစိတ်အပိုင်းရောင်းချသည့် ဂိုဏ်းတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  ရောင်းစားရန် ခန္ဓာကိုယ် ကလီဇာ အစိတ်အပိုင်း ဖြတ်ထုတ်ခြင်းကြောင့် ကလေးငယ်များသေဆုံးမှု အတွက် မီချိုအာကန်ပြည်နယ်၏ တရားရေးဌာနက ၎င်းအား စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါဂိုဏ်းမှာ ကလေးငယ်များအား ဖမ်းဆီး၍ ဆေးဘက်ဆိုင်ရာ ကိရိယာများ တပ်ဆင်ထားသည့် နေရာတစ်ခုတွင် ထားရှိကာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား ထုတ်ယူရောင်းစားကြသည်ဟု ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အတွင်းရေးမှူး ဘီဆာရာက ဆိုသည်။ အချို့သော ကလေးငယ်များအား စောင်ဖြင့်ပတ်ကာ အအေးပေးထားသည့် ကွန်တိန်နာထဲတွင် ထည့်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလည်း ရှိသည်ဟု သိရသည်။

    လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအတွက် တိုင်ကြားမှုများလည်း ရရှိထားကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် အသေးစိတ် ပြောကြားရန် မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

    ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်းစားသည့် အဆိုပါဂိုဏ်းနှင့် Knights Templar အဖွဲ့တို့ ပတ်သက်မှု ရှိနေကြောင်း ကလေးများအား ကယ်ဆယ်စဉ် ကတည်းက သတိထားမိခဲ့သည်ဟု ဒေသတွင်း စေတနာ့ဝန်ထမ်း ကင်းအဖွဲ့ ခေါင်းဆောင် ဂျိုဆေး မန်နျူယဲလ် မီရီးလက်စ်က ပြောကြားခဲ့သည်။

    Knights Templar အဖွဲ့မှာ မက္ကဆီကိုရှိ ဒုစရိုက်ဂိုဏ်း တစ်ခုဖြစ်ပြီး၊ ယခင်က မူးယစ်ဆေးဝါး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် လုပ်ကိုင်ခြင်းမရှိတော့ပေ။ ထိုအဖွဲ့၏ အဓိက၀င်ငွေများမှာ တရားမ၀င် သတ္ထုတူးခြင်း၊ သစ်ခုတ်ခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းတို့မှ ရရှိခြင်းဖြစ်သည်ဟု မက္ကဆီကို အာဏာပိုင်များက ပြောကြားခဲ့သည်။

    AP

  • ကျောင်းသားထုညီလာခံ ၂၀၁၅ နှစ်ဆန်းတွင် ပြုလုပ်မည်ဟု ဗကသများအဖွဲ့ချုပ် သတင်းထုတ်ပြန်

    ကျောင်းသားထုညီလာခံ ၂၀၁၅ နှစ်ဆန်းတွင် ပြုလုပ်မည်ဟု ဗကသများအဖွဲ့ချုပ် သတင်းထုတ်ပြန်

    မတ် ၁၀၊ ၂၀၁၄
    M-Media
    ပိုင်စိုးနိုင်

    ဓါတ်ပုံအညွှန်း - ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)အဖွဲ့ဝင်များ
    ဓါတ်ပုံအညွှန်း – ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)အဖွဲ့ဝင်များ

    ကျောင်းသားထုညီလာခံကို ၂၀၁၅ နှစ်ဆန်းတွင် ကျင်းပပြုလုပ်နိုင်ရန် စီစဉ်သွားမည်ဟု ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ၏  ဖေဖော်ဝါရီ ၂၅ရက်မှ မတ်လ ၁ရက်နေ့အထိ ငါးရက်ကြာ အစည်းအဝေးမှ ရလဒ်အဖြစ် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ညီလာခံ မတိုင်မီ ကျောင်းသားထု အခွင့်အရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ကျင်းပမည်ဖြစ်ပြီး ခရိုင်အဆင့် ကျောင်းသားသမဂ္ဂများ၏ စည်းရုံးရေး လုပ်ငန်းစဉ် များကိုလည်း ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

    အဆိုပါကျောင်းသားညီလာခံသို့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ ခရိုင်ကျောင်းသား သမဂ္ဂ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး တစ်နိုင်ငံလုံး အဆင့် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ကိုလည်း ရွေးကောက် တင်မြောက်သွားမည်ဟု သိရသည်။ ကျောင်းသားညီလာခံ မဖြစ်မြောက်မီ အချိန်ထိ လက်ရှိဦးဆောင်နေသော ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များကသာ ဦးဆောင်ပေးသွားမည်ဖြစ်ပြီး အမှုဆောင်သစ်ပေါ်ပေါက်လာပါက တာဝန်လွှဲ ပြောင်းပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ကျောင်းသားထုညီလာခံဖြစ်မြောက်ရေးအတွက် ခရိုင် အသီးသီးရှိ ကျောင်းသား သမဂ္ဂများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ဖြစ်မြောက်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး လုပ်ငန်း အဆင့်အဆင့်ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ ဗကသများ အဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ မပါဝင်ဘဲ ကိုကျော်ကိုကို ဦးဆောင်သည့် ယခင်မျိုးဆက်ကျောင်းသားဟောင်များဖြစ်ကြသည်။

    ကျောင်းသားထုညီလာခံဟု အမည်တပ်ရန်အတွက် ဗကသများ အဖွဲ့ချုပ်နှင့် မူဝါဒ ကွဲပြားသည့် အခြားကျောင်းသား သမဂ္ဂများလည်း ပါဝင်ရန် လိုအပ် သော်လည်း လက်ရှိတွင် ကျောင်းသားသမဂ္ဂများမှာ ကိုကျော်ကိုကို ဦးဆောင်သည့် အုပ်စု၊ ကိုဒီငြိမ်းလင်း ဦးဆောင်သည့် အုပ်စု၊ ကိုစည်သူမောင် ဦးဆောင်သည့် အုပ်စုဟူ၍ ကွဲပြားနေလျက်ရှိပါသည်။ ဗကသများ အဖွဲ့ချုပ်ကို ၂၀၀၇-ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ အဆိုပါကျောင်းသားခေါင်းဆောင်များက ပြန်လည်အသက်သွင်းခဲ့ကြခြင်းဖြစ်သည်။

     

  • ခရိုင်းမီးယား အရေးနှင့် ပတ်သက်၍ ရုရှားအား ဥရောပမှ ပိတ်ဆို့မှုများ ပြုလုပ်သွားမည်

    မတ် ၁၇ ၊ ၂၀၁၄
    M-Media
    2014316181316944734_20
    – ခရိုင်းမီးယားဒေသအား ယူကရိန်းမှခွဲထွက်၍ ရုရှားနှင့်ပေါင်းစည်းရန် ပြည်သူများက ယမန်နေ့တွင် ဆန္ဒမဲပေးခဲ့ပြီးနောက် ဥရောပမှ ရုရှားအပေါ် ပိတ်ဆို့မှုများပြုလုပ်ရန် စီစဉ်နေသည်ဟုသိရသည်။

    ထိုကဲ့သို့ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါကာ စစ်အေးကာလနောက်ပိုင်း အရှေ့နှင့်အနောက်အကြား အဆိုးဝါးဆုံး တင်းမာမှုလည်းဖြစ်လာမည်ဖြစ်သည်။ ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံသို့ဝင်ရောင်ခွင့်ပြုမည့် ဥပဒေ တစ်ခုကို ရုရှားအောက်လွှတ်တော်က မကြာခင် ပြဌာန်းတော့မည်ဖြစ်သည်ဟု အောက်လွှတ်တော် ဒုတိယဥက္ကက Reuters သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။

    ယမန်နေ့ကပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ခရိုင်းမီးယားဒေသခံ ၉၅.၅ ရာခိုင်နှုန်းက ရုရှားနိုင်ငံအတွင်းသို့ဝင်ရောက်ရန် မဲပေးခဲ့ကြပြီး၊ ယူကရိန်းကမူ အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု ပြောကြားထားသည်။

    ဥရောပနှင့် နိုင်ငံတကာကလည်း ထိုကိစ္စအားရှုတ်ချခဲ့ပြီး ပြည်သူ့ဆန္ဒခံယူပွဲရလဒ်အား အသိအမှတ်ပြုမည်မဟုတ်ဟု ဆိုသည်။ ခရိုင်မီးယားဒေသ ရုရှားပိုက်နက်အတွင်းသို့ ၀င်ရောက်ခဲ့လျှင် ၂၀၀၈ ခုနှစ်က ဆာဘီးယားနိုင်ငံမှ ကိုဆိုဗိုခွဲထွက်ခဲ့ပြီးနောက် ဥရောပတွင် ဒုတိယမြောက် ခွဲထွက်မှု ဖြစ်လာမည်ဖြစ်သည်။

    ဘရပ်ဆဲမြို့တွင် ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက ယနေ့တွင် ပြုလုပ်မည့် အစည်းအဝေးတွင် မော်စကိုရှိခေါင်းဆောင်အချို့၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်း၊ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း စသည့် ပိတ်ဆို့မှုများကို ပြုလုပ်ရန်ရှိနေသည်။ သို့သော်လည်း ထိုပိတ်ဆို့မှုများက ရုရှားအစိုးရအဖွဲ့ဝင်များအား ထိခိုက်မှုရှိမည်မဟုတ်ချေ။

    Agencies

  • စပါးအသင်းအား အနိုင်ကစားနိုင်ခဲ့သည့် အသင်း၏ စိတ်ဓာတ်ကို ၀င်းဂါးချီးကျူး

    မတ် ၁၇ ၊ ၂၀၁၄
    M-Media
    165012893_3348031673001_video-still-for-video-3347879495001
    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဝေးကွင်း၌ စပါးအသင်း၏ တိုက်စစ်အား ကြံ့ကြံ့ခံကာ အနိုင်ကစားနိုင်ခဲ့သည့် အသင်း၏စိတ်ဓာတ်အား အာဆင်ဝင်းဂါးက ချီးကျူးခဲ့သည်ဟု သိရသည်။

    အာဆင်နယ်အသင်းမှာ ပွဲအစ ၂ မိနစ်မှာပင် အနိုင်ဂိုးရခဲ့ပြီး ရိုစစ္စကီးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ထိပ်ဆုံးမှချယ်ဆီးအသင်းနှင့် ၁ ပွဲလျော့ ၄ မှတ်အကွာဖြင့် တတိယနေရာတွင်ရှိနေကာ ပရီးမီးယားလိဂ်ဖလားအား ပြန်လည်စိန်ခေါ်နိုင်ခဲ့သည်။

    လာမည့်သီတင်းပတ်တွင် ချယ်ဆီးအသင်းနှင့် ကစားမည့်ပွဲတွင် အာဆင်နယ်အသင်းအား ကိုင်တွယ်သည့် ပွဲစဉ် ၁၀၀၀ ပြည့်မြောက်မည့် အာဆင်ဝင်းဂါးက

    “ဒီပွဲအနိုင်ဟာ လာမည့်ပွဲတွေအတွက် စိတ်ဝင်စားစရာတွေဖြစ်လာပါတယ်။ မန်ယူကို လီဗာပူးလ်က အနိုင်ကစားနိုင်ခဲ့ပြီး မန်စီးတီးကလည်း မနေ့က နိုင်ခဲ့တဲ့အတွက် သိပ်ကို စိတ်ဝင်စားစရာကောင်းသွားပါပြီ။ ” ဟု ၀င်းဂါးကပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ စပါးအသင်းအား ကစားပုံအသာမရခဲ့ကြောင်း ၀န်ခံခဲ့ပြီး စပါးအသင်းတိုက်စစ်ကို ကြံ့ကြံ့ခံကာ အနိုင်ကစားနိုင်ခဲ့သည့် အသင်း၏ စိတ်ဓာတ်အား ချီးကျူးပြောကြားခဲ့သည်။
    skysports.com