News @ M-Media

ခရိုင်းမီးယား အရေးနှင့် ပတ်သက်၍ ရုရှားအား ဥရောပမှ ပိတ်ဆို့မှုများ ပြုလုပ်သွားမည်

မတ် ၁၇ ၊ ၂၀၁၄
M-Media
2014316181316944734_20
– ခရိုင်းမီးယားဒေသအား ယူကရိန်းမှခွဲထွက်၍ ရုရှားနှင့်ပေါင်းစည်းရန် ပြည်သူများက ယမန်နေ့တွင် ဆန္ဒမဲပေးခဲ့ပြီးနောက် ဥရောပမှ ရုရှားအပေါ် ပိတ်ဆို့မှုများပြုလုပ်ရန် စီစဉ်နေသည်ဟုသိရသည်။

ထိုကဲ့သို့ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါကာ စစ်အေးကာလနောက်ပိုင်း အရှေ့နှင့်အနောက်အကြား အဆိုးဝါးဆုံး တင်းမာမှုလည်းဖြစ်လာမည်ဖြစ်သည်။ ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံသို့ဝင်ရောင်ခွင့်ပြုမည့် ဥပဒေ တစ်ခုကို ရုရှားအောက်လွှတ်တော်က မကြာခင် ပြဌာန်းတော့မည်ဖြစ်သည်ဟု အောက်လွှတ်တော် ဒုတိယဥက္ကက Reuters သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။

ယမန်နေ့ကပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ခရိုင်းမီးယားဒေသခံ ၉၅.၅ ရာခိုင်နှုန်းက ရုရှားနိုင်ငံအတွင်းသို့ဝင်ရောက်ရန် မဲပေးခဲ့ကြပြီး၊ ယူကရိန်းကမူ အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု ပြောကြားထားသည်။

ဥရောပနှင့် နိုင်ငံတကာကလည်း ထိုကိစ္စအားရှုတ်ချခဲ့ပြီး ပြည်သူ့ဆန္ဒခံယူပွဲရလဒ်အား အသိအမှတ်ပြုမည်မဟုတ်ဟု ဆိုသည်။ ခရိုင်မီးယားဒေသ ရုရှားပိုက်နက်အတွင်းသို့ ၀င်ရောက်ခဲ့လျှင် ၂၀၀၈ ခုနှစ်က ဆာဘီးယားနိုင်ငံမှ ကိုဆိုဗိုခွဲထွက်ခဲ့ပြီးနောက် ဥရောပတွင် ဒုတိယမြောက် ခွဲထွက်မှု ဖြစ်လာမည်ဖြစ်သည်။

ဘရပ်ဆဲမြို့တွင် ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက ယနေ့တွင် ပြုလုပ်မည့် အစည်းအဝေးတွင် မော်စကိုရှိခေါင်းဆောင်အချို့၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်း၊ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်း စသည့် ပိတ်ဆို့မှုများကို ပြုလုပ်ရန်ရှိနေသည်။ သို့သော်လည်း ထိုပိတ်ဆို့မှုများက ရုရှားအစိုးရအဖွဲ့ဝင်များအား ထိခိုက်မှုရှိမည်မဟုတ်ချေ။

Agencies

Comments

Leave a Reply