News @ M-Media

Blog

  • ဆီးရီးယားက ပြည်တွင်း စစ်ဒဏ်ခံရသည့် ကလေးများ အတွက် ယူနီဆက်ဖ်မှ အွန်လိုင်း ကမ်ပိန်းလုပ်

    မတ် ၁၂၊ ၂၀၁၄
    M-Media

    Facebook-cover

    – ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အကြမ်းဖက်မှုတွေ၊ ချို့တဲ့မှုတွေ၊ အတိ ဒုက္ခရောက်မှုတွေကို စာနာဖို့၊ အသိအမှတ်ပြုဖို့နဲ့၊ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်တွေတောင်းဆိုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က အွန်လိုင်းကမ်းပိန်းတစ်ခု စတင်လိုက်ပါတယ်။

    အဲဒါကတော့ မိမိတို့ ဆိုရှယ်အကောင့်က Profile ဓာတ်ပုံနဲ့ Cover ဓာတ်ပုံတွေကို ခဏဖျောက်ထားပြီး NO LOST GENERATION ဆိုတဲ့ခေါင်းစဉ်ပါတဲ့ ကလေးဓာတ်ပုံတစ်ခုပြောင်းပေးဖို့ပါပဲ။ ပြီးရင်တော့ အဲဒီဓာတ်ပုံအောက်က ဖော်ပြထားတဲ့ အင်္ဂလိပ်လို စာသားလေးရေးပေးဖို့ အဆိုပါကမ်ပိန်းလှုပ်ရှားမှု လမ်းညွှန်မှာ ရေးသားထားပါတယ်။

    Facebook: I’m changing my profile picture to mark 3 years of suffering for the #childrenofsyria with @UNICEF. Help us spread the word and demand a better future for them: http://bit.ly/nolostgeneration

    Twitter: I changed my profile for the #childrenofsyria, who’ve suffered through 3 yrs of crisis. Join me: http://bit.ly/nolostgeneration @UNICEF

    “ဆီးရီးယားက ကလေးငယ်တွေနာကျင်ခံစားနေရတာတွေဟာ ၃ နှစ်မြောက်လာခဲ့ပြီဖြစ်ပြီး ဒါကို အ သိအမှတ်ပြုဖို့ ယူနီဆက်ဖ်နဲ့အတူ ကျွန်တော်တို့ရဲ့ Profile ဓာတ်ပုံကို ပြောင်းလိုက်ပါပြီ။ သင်လည်း ဒါကို ကမ္ဘာသိအောင် ဖြန့်ပေးခြင်းဖြင့် ကလေးတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကိုတောင်းဆိုပေးပါ” လို့ ဆိုလိုပါတယ်။

    ဒီကမ်ပိန်းကို ဒီကနေ့က စတင်ပြီး ဆီးရီးယားပြည်တွင်းစစ် ၃ နှစ်တင်းတင်းပြည့်တဲ့ ၁၅ ရက်နေ့ အထိ ၃ ရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ပြီး၊ တစ်ရက်ခြင်းစီက တစ်နှစ်တွင်းခံစားရတဲ့ အကြမ်းဖက်မှု တွေ၊ အတိဒုက္ခရောက်မှုတွေကို ကိုယ်စားပြုပါတယ်။ အပြစ်မဲ့တဲ့ကလေးသူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကိုတောင်းဆိုဖို့ ဒီကမ်ပိန်းလေးမှာ ပါဝင်ကူညီကြပါစို့………..

    သင်ရဲ့ Facebook နဲ့ Twitter အကောင့်တွေအတွင် သင့်လျော်တဲ့ဓာတ်ပုံတွေကို အောက်ကလင့်တွေကနေ ရယူနိုင်ပါတယ်။

    Facebook Profile ပုံယူရန်

    Facebook cover photo ယူရန်

    witter cover photo.ယူရန်

  • ဒုတိယ ဗိုလ်ချူပ်ကြီး တဦးပိုင် မှန်လုံယာဉ်တိုက်ပြီး သေဆုံးခဲ့သူ တနှစ်ကျော်သည့် အထိ လျော်ကြေး မရသေး

    ဒုတိယ ဗိုလ်ချူပ်ကြီး တဦးပိုင် မှန်လုံယာဉ်တိုက်ပြီး သေဆုံးခဲ့သူ တနှစ်ကျော်သည့် အထိ လျော်ကြေး မရသေး

    မတ် ၁၂၊ ၂၀၁၄
    M-Media
    လမင်း

    IMG_20140312_113750

    ရန်ကုန် ။ ။ မြ၀တီမှ ရန်ကုန်သို့ဘားအံမြို့နယ် စစ်ပြန် စစ်မှုထမ်းဟောင်းများ အဖွဲ့လက်အောက်ရှိ အောင်စစ်သည် မှန်လုံယာဉ်ဖြင့် ၁-၄-၂၀၁၃ နေ့တွင် ပြန်လာ ခဲ့သော မလှိုင်ဝင်းမော်သည် ဘားအံမြို့နယ် မိုင်တိုင် ၂၇/၇ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပွဲခြင်းပြီးသေဆုံးခဲ့ပါသည်။ သို့သော်ယနေ့တိုင် လျော်ကြေး တစ်စုံတစ်ရာ မရရှိသည့် အပြင် ယာဉ်တိုက်စဉ်က သူမ ပိုင်ငွေ ၁၅ သိန်းခန့်ပျောက်ဆုံးသွားကြောင်း သူမ၏ မိခင်က မတ်လ ၁၂-ရက်နေ့ တွင် မြန်မာ ဂျာနယ်လစ် ကွန်ယက်ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အခင်းဖြစ်စဉ်မှာ မလှိုင်ဝင်းမော်သည် အောင်စစ်သည်ကား ခုံနံပါတ် (၁)တွင်လိုက်ပါ စီးနင်းခဲ့ပြီး ည ၈ နာရီခန့်တွင် မြ၀တီမှ ရန်ကုန်သို့ မောင်းနှင် လာသော ယာဉ် Canter အဖြူရောင်ယာဉ်သို့တိမ်းရှောင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ခုံနံပါတ် (၁)မှ မလှိုင်ဝင်းမော်သည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အောင်စစ်သည်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး Canter မှယာဉ်မောင်းကိုကိုမျိုးကို ဘားအံမြို့ အိန္ဒုရဲစခန်းမှ ဖမ်းဆီးထားသည်။

    “ကျွန်မသမီး အဲလိုဖြစ်တာကို ကော့ကရိတ်က တူလေး ဖုန်းဆက်ပြီးပြောတော့မှသိပြီး လိုက်သွားတော့ ဆေးရုံမှာ သမီးနာမည်ကို မမာလာလို့ ပြောင်းထားပါတယ်။ သမီးလွယ်ထားတဲ့ စလင်း ဘတ်အိတ်ကလည်းမြောင်းဘေးရောက်နေပြီး အထဲက လက်ဝတ်လက်စားတွေ ပိုက်ဆံတွေ ပေါင်းလိုက်ရင် ၁၅ သိန်းလောက်ပျောက်ဆုံးနေတာကိုတွေ့ရတယ်။ သမီး စီးလာတဲ့ကားကို ပိုင်ရှင်ကို စုံစမ်းကြည့်လိုက်တော့ ဒုတိယဗိုလ်ချုပ်ကြီး မင်းသိန်းရဲ့ ကားဖြစ်နေတယ်တဲ့။ အာမခံကြေး ရနိုင်တယ်လို့သိရတဲ့ အတွက်တောင်းတော့ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ နှုတ်နဲ့လာပြီးတော့ မေးတာမျိုးတောင် မရှိခဲ့ပါဘူး။ လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓာတ်ကလေးတော့ရှိသင့်ပါတယ်။ အခုဟာကလျော်ကြေးပေးဖို့ မပြောနဲ့ နှုတ်နဲ့တောင်မမေးဘူး” မိခင်ဖြစ်သူ ဒေါ်သန်းစိန်ကပြောကြားခဲ့သည်။

    ပစ္စည်းဆုံးရူံးမှုကိုရဲစခန်းတွင် တိုင်ချက်ဖွင့်၍ တိုင်ကြားခဲ့သော်လည်း ထူခြားမှု မရှိကြောင်း၊ ကားပိုင်ရှင်က ဗိုလ်ချုပ်ဖြစ်တာကြောင့် ပြန်လှည့်မကြည့် တာလား မေးစရာပါပဲ ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ထိုအမှုဖြစ်ပြီး ၁၀ ရက်အကြာတွင်လည်း ထိုသို့ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးခဲ့ရာ ပစ္စည်းများပျောက်ဆုံးခဲ့သည်။ ထိုနေရာတွင် ဤကဲ့သို့ ဖြစ်ရပ်များ အဖြစ်များကြောင်း သိရသည်။ ဒီလိုဖြစ်ရပ်တွေဖြစ်လေ့ရှိတဲ့ နေရာဆိုတာ ပြည်သူတွေကိုသိစေချင်လို့ အခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရတာ ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဝင်းမော်ဆိုသည်။

    ယာဉ်တိုက်မှုဖြစ်စဉ်က ထွက်ပြေးရှောင်တိမ်းနေသူများကို ၁-နှစ်နီးပါးရှိပြီဖြစ်သော်လည်း ယနေ့တိုင်ဖမ်းဆီးမရရှိသေးကြောင်းသိရသည်။ ယာဉ်ပိုင်ရှင်များဘက်မှ လူမှုရေးအရသော် လည်းကောင်း၊ မေတ္တာစိတ်အားဖြင့် လည်းကောင်း တစ်စုံတစ်ရာကူညီမှု မရှိပေးခြင်း မရှိကြောင်းလည်း သေဆုံးသူ မိဘများထံမှသိရှိရသည်။

  • ခရိုင်းမီယား လွတ်လပ်ရေး ကြေညာခြင်း တရားဝင်သည်ဟု ရုရှာပြော

    မတ် ၁၂၊ ၂၀၁၄
    M-Media
    Ukrainian soldiers stand on top of an armoured personnel carrier at a checkpoint near Salkovo
    – ခရိုင်းမီယား ပါလီမန်မှ ရုရှားထောက်ခံသူများက ဆုံးဖြတ်သော ခရိုင်းမီယားဒေသ လွတ်လပ်ရေး ကြေညာချက်မှာ တရား ဥပဒေနှင့် ညီညွတ်သည်ဟု ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

    ယူကရိန်း၏ ရုရှားထောက်ခံသော သမ္မတ ယာနူကိုဗစ်ခ်ျ ပြုတ်ကျသွားပြီးနောက် ခရိုင်းမီးယားဒေသတွင် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ဒေသအား ရုရှား ပိုင်နက်အတွင်းသို့ သွတ်သွင်းရန်အတွက် ခရိုင်းမီးယားပါလီမန်က ဆုံးဖြတ်ခဲ့ကာ ပြည်သူဆန္ဒခံယူပွဲကို လာမည့် တနင်္ဂနွေနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    ယမန်နေ့နံနက်ပိုင်းတွင် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်းမီးယားဒေသနှင့် စီဗက်စ်စတိုပိုလ် မြို့တော်၏ လွတ်လပ်ရေးကြေညာချက်” ကို ခရိုင်းမီယားပါလီမန်ရှိ ဥပဒေပြုအမတ် ၈၁ ဦးအနက် ၇၈ ဦးက ထောက်ခံခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင်

    “ခရိုင်းမီယားပါလီမန်က ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ လုံးဝညီညွတ်တယ်လို့ ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက မှတ်ယူပါတယ်” ဟု ဖော်ပြထားသည်။

    အဆိုပါ လွတ်လပ်ရေးကြေညာချက်အား တရားမ၀င်ဟု ယူကရိန်းအစိုးရသစ်က ပြောကြားခဲ့ပြီး ရုရှားနိုင်ငံသို့ ၀င်ရောက်ရန်အတွက် တမင်ဖန်တီးခြင်းသာဖြစ်သည်ဟုဆိုသည်။ အနောက်နိုင်ငံများလည်း ၁၆ ရက်နေ့တွင်ပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲအား တရားဝင်အဖြစ် သတ်မှတ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထုပ်ပယ်ခံခဲ့ရသည့် ရုရှားထောက်ခံသူသမ္မတဟောင်း ယာနူကိုဗစ်ကမူ ယူကရိန်းအစိုးရသစ်မှာ ပြည်တွင်းစစ်ဖြစ်အောင် ဖန်တီးနေသည်ဟု စွပ်စွဲခဲ့သည်။

    ခရိုင်းမီယားဒေသအနေဖြင့် ရုရှားနိုင်ငံအတွင်းသို့ဝင်ရောက်ရန်အတွက် ထိုကဲ့သို့ မဲခွဲခြင်းမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်ခြင်းလည်းဖြစ်သည်။

  • ယမန့်နှစ် ဆန္ဒပြပွဲတွင် ဒဏ်ရာရကာ ကိုးမားဝင်ပြီး သေဆုံးခဲ့သည့် ကလေးငယ် အတွက် ဆန္ဒပြသူတွေကို တူရကီ ရဲတပ်ဖွဲ့ဖြိုခွင်း

    မတ် ၁၂၊ ၂၀၁၄
    M-Media
    201431117534512734_20
    – ယမန်နှစ်က မြို့တော် အစ္စတန်ဘူလ်၌ ဆန္ဒပြမှုအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် သတိလစ်မေ့မြောက သေဆုံးသွားခဲ့သည့် ဆယ်ကျော်သက် အတွက် ဆေးရုံရှေ့တွင် ဆန္ဒပြသူများကို တူရကီ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် နှိမ်နင်းခဲ့သည်ဟုသိရသည်။

    အစ္စတန်ဘူလ်မြို့ရှိ ဆေးရုံ အပြင်ဘက်တွင် လူ တစ်ထောင်ခန့်မှာ အဆိုပါ ဆယ်ကျော်သက် ကလေးငယ်အား ထောက်ခံသည့်အနေဖြင့် စုရုံးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ရေပိုက်များအသုံးပြုကာ လူစုခွဲခဲ့ကြသည်။ ဆန္ဒပြသူများကလည်း ရဲကားများအား ခဲလုံးများဖြင့်ပြန်လည် ပစ်ပေါက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ဦးထုပ်များ၊ ဒိုင်းများကို လုယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး ဆန္ဒပြသူတစ်ဦး ဒဏ်ရာရခဲ့သည်။

    ယမန်နှစ်ဇွန်လက အစ္စတန်ဘူလ်တွင် ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများအတွင်း ရဲတပ်ဖွဲ့က ပစ်လိုက်သော မျက်ရည်ယိုဗုံး အပိုင်းအစ တစ်ခုမှာ ပေါင်မုန့်သွား ၀ယ်သော အသက် ၁၅ နှစ်အရွယ် ဘာကင် အဲလ်ဗန် ဆိုသည့် အဆိုပါဆယ်ကျော်သက်အား ထိမှန်ခဲ့သည်။ အဲလ်ဗန်မှာ ထိုဒဏ်ရာဖြင့် ၂၆၉ ရက်ကြာ သတိလစ်မေ့မြောနေခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

    ထိုကလေးငယ်အတွက် ငြိမ်သက်စွာ ဆုတောင်းခြင်းကို တူရကီနိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် ပြုလုပ်ခဲ့ကြပြီး ကျောင်းသားများကလည်း အတန်းများမတက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။ ကလေးငယ်၏ မိခင်ဖြစ်သူက အဲလ်ဗန်သေဆုံခြင်းအတွက် ၀န်ကြီးချုပ် အာဒိုဂန်အား အပြစ်တင်ခဲ့သည်။ တူရကီ သမ္မတ အဗ်ဒူလာ ဂေါလ် ကမူ အဲလ်ဗန်သေဆုံးသွားခြင်းအတွက် ၀မ်းနည်းကြောင်း မိသားစုအား ပြောကြားခဲ့ပြီး ထိုအဖြစ်မျိုး ထပ်မံမဖြစ်စေရန် တာဝန်ရှိသူအားလုံးကို တိုက်တွန်းခဲ့သည်။

    ပြီးခဲ့သည်နှစ်က တူရကီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြမှုမှာ ၂၀၀၃ ခုနှစ်က ၀န်ကြီးချုပ် ရီဆက်ပ် တိုင်ယစ် အာဒိုဂန် အာဏာရပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြမှုဖြစ်သည်။
    Ref: Al Jazeera and agencies

  • ချန်ပီယံလိဂ် ကွာတားရောက် အသင်းများမှာ မိမိတို့ထက်ပိုကောင်းဟု အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာဆို

    မတ် ၁၂၊ ၂၀၁၄
    M-Media

    377654_heroa
    – အေစီမီလန်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သော်လည်း မိမိတို့ထက်ပိုကောင်းသော အသင်းများရှိသေးသည်ဟု အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာက အသင်းအား သတိပေးလိုက်သည်။

    ဒီယေဂိုကော်စတာမှာ ပထမအကျော့ ဆန်စီရိုတွင်ကစားခဲ့သည့်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး၊ ယနေ့နံနက်က အေစီမီလန် အသင်းအား အနိုင်ရခဲ့သည့် ပွဲတွင်လည်း အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ကာ ကွာတား ဖိုင်နယ်သို့ တက်ရောက်ရန် ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

    သို့သော်လည်း ဥရောပ ထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်သည့် ချန်ပီယံလိဂ်တွင် အက်သလက်တီကို အသင်းအနေဖြင့် နောက်တစ်ဆင့်တွင် ပိုမိုခက်ခဲ့သော အသင်းဖြင့် တွေ့ဆုံရမည်ဟု ဒီယေဂိုကော်စတာက ဆိုသည်။

    “ဖိုင်နယ်ကိုရောက်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါဟာ သိပ်ကိုခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆင့်ကိုရောက်လာတဲ့ အသင်းအားလုံးဟာ ကျွန်တော်တို့ထက် ပိုတောင့်တင်းတဲ့ အသင်းတွေပါ” ဟု ဒီယေဂိုကော်စတာက သတင်းထောက်များအား ပြောကြာခဲ့သည်။

    ဘရာဇီးလ်တွင်မွေးဖွားခဲ့သော်လည်း ဒီယေဂိုကော်စတာမှာ မွေးစားနိုင်ငံဖြစ်သည့် စပိန်လက်ရွေးစဉ်အသင်းအတွက် ပြီးခဲ့သည့်တစ်ပတ်က ပထမဆုံးပွဲထွက်ခဲ့သည်။ ကလပ်အသင်းအဆင့် အောင်မြင်မှုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်လက်ရွေးစင်အသင်း၌ ပါဝင်ခွင့်ရနိုင်သောကြောင့် ဒီယေဂိုကော်စတာမှာ အက်သလက်တီကိုအသင်းနှင့် အကောင်းဆုံးအဆင့်ဖြင့် ရာသီသိမ်းရန် ဆန္ဒရှိနေသည်။
    Goal