News @ M-Media

Blog

  • အခွန်မဆောင်သည့် သတင်းမှားကြောင်း AGD ဘဏ် ရှင်းလင်း၊ ကွန်ပျူတာစာရင်း မှားယွင်းမှုကြောင့်ဟု အခွန်ဌာန ဝဘ်ဆိုဒ်တွင်ကြေညာ

    မတ် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    DSC00191
    ရန်ကုန်  ။     ။ ဘဏ္ဍရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်စည်းကြပ်မှုခံယူခြင်း မရှိသည့် ကုမ္မဏီများစာရင်းများကို မှားယွင်းဖော်ပြခဲ့ရာတွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သည် အခွန် စည်းကြပ်မှု မပြုရသေးသော ကုမ္မဏီ ၁၀၀၀၀ တွင်ပါဝင်ကြောင်း ၁၁-၃-၂၀၁၄ နေ့ထုတ် Daily Eleven သတင်းစာတွင် တွင်ဖော်ပြခဲ့ရာ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ ယင်းဖော်ပြချက်သည် မှားယွင်းကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပြုလုပ်ခဲ့သည်။

    “ကျွန်တော်တို့ဘဏ်တွေဆိုတာ ပြည်သူတွေရဲ့ပိုက်ဆံနဲ့လုပ်ငန်းလုပ်နေရတာပါ။ ကျွန်တော်တို့ ဘဏ်စာရင်းကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နေ့တိုင်း တင်ပြရတာပါ။ ကျွန်တော်တို့တစ်နှစ်မှ အခွန်ဆောင်တာ ပျက်ကွက်ခြင်းမျိုး မရှိခဲ့ပါဘူး။ အခုဟာကလည်း အခွန်ဌာနက မှားယွင်းတာဖြစ်ပါတယ်။ Daily Eleven သတင်းစာကလည်း အခွန်ဌာနရဲ့ဖော်ပြချက် အရလို့ဆိုပြီးဖော်ပြထားတာပါ။ ကွန်ပျူတာတွေ ချို့ယွင်းမှုကြောင့် ယခုလို ဖြစ်သွားတာဖြစ်ပါတယ်လို့ ကျွန်တော်တို့ကို အခွန်ဌာနကပြောပါတယ်”ဟု အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးကရှင်းလင်းပြောကြားခဲ့သည်။

    အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ၆-၈-၂၀၁၀ နေ့တွင်စတင်တည်ထောင်ခဲ့ပြီး တည်ထောင်ချိန်သည့်ချိန်မှ စတင်ကာ နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်များကို နှစ်စဉ် မပြတ်ပေးဆောင်ခဲ့ရာ ယနေ့အထိ ကျပ်သန်းတစ်ထောင် ရှစ်ရာကျော်ကို ပေးဆောင်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ၇-၃-၂၀၁၄ နေ့တွင်  ပြည်တွင်းအခွန်များဦးစီးဌာန၏  IRD Website တွင်ဖော်ပြထားသော  အခွန်စည်းကြပ်မှုခံယူခြင်း မရှိသည့် ကုမ္မဏီများစာရင်း ၁၀၀၀၀ ကျော်ကိုထုတ်ပြန်ခဲ့ရာ ကွန်ပျူတာ၏ မှားယွင်းဖော်ပြမှုကြောင့် အခွန်ပေးဆောင်နေသော ကုမ္မဏီအချို့ကို မှားယွင်းစွာဖော်ပြခဲ့ မိသည်ဟု  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကုမ္မဏီများဆိုင်ရာ ညွန်ကြားရေးမှူး ဦးတင်ထွန်းနိုင်ကပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှားယွင်းတယ်ဆိုတာကိုသိသိချင်း အဲဒီစာရင်းကို Website ပေါ်နေကချက်ချင်းဖျက်လိုက်တာပါ။ အချိန်ခဏလေးမှာ သိသွားတဲ့လူတွေရှိသလို မသိသေးတဲ့လူတွေလည်းရှိမှာပါ။ ဒါဟာ ကျွန်တော်တို့ အခွန်ဦးစီးဌာနရဲ့မှားယွင်းစွာဖော်ပြမှုပဲဖြစ်ပါတယ်။ နောက်ဒီလို မဖြစ်အောင်လည်း လုပ်ဆောင်သွားမှာပါ။ အခုလည်း သေချာစီစစ်ထားပြီးတော့မှ ကျန်နေတဲ့စာရင်းတွေကိုထုတ်ပြန်ထားပါတယ်” ဟု၎င်းကဆက်လက်ပြောခဲ့သည်။

    Daily Eleven သတင်းစာမှ သတင်းထောက်ချုပ်ကလည်း ၎င်းတို့အနေနှင့် ပြည်တွင်း ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် အရရေးသားထားခြင်းဖြစ်ကြောင်းဖြစ်ရာ ၎င်းတို့အနေနှင့် မှားယွင်းမှု မရှိကြောင်းပြောကြားခဲ့သည်။

    ဘဏ္ဍရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာနမှ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမီတက်အပါအ၀င် Yoma Bank ၊ Small & Media Development Bank Co.Ltd ၊ A-1 Garment Co.Ltd ၊ Korea Development Bank Co.Ltd တို့ကိုလည်း မှားယွင်းစွာဖော်ပြခဲ့ပြီး ယခုချိန်တွင် ကုမ္မဏီ ၁၀၆၇၀ စာရင်းကိုပယ်ဖျက်ပြီးဖြစ်ကြောင်း  ဘဏ္ဍရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။

  • ဘဏ်လုပ်ငန်း တိုးတက်ရေး လာအို-မြန်မာ ပူးပေါင်းဆောင်ရွက်မည်။

    မတ် ၁၁ ၊၂၀၁၄
    M-Media

    Myanmar, Laos
    – နိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းများ တိုးတက်ရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်နှင့် လာအိုနိုင်ငံ ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလု ပ်သွားမည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ထိုကဲ့သို့ လုပ်ငန်းဆောင်တာများ ပူးပေါင်းဆောင်ရွက်ရန် အတွက် နားလည်မှုစာချွန်လွှာ MoU ကို ဘဏ်နှစ်ခုမှ အကြီအကဲများက ယမန်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေး ထိုးခဲ့ကြခြင်းဖြစ်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    အဆိုပါ နားလည်မှုစာချွန်လွာတွင် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းအပြင်၊ ဘဏ္ဍာရေးပေါ်လစီနှင့် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန်လည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ပုဂ္ဂလိကဘဏ် ၁၉ ခုနှင့် နိုင်ငံပိုင် ဘဏ် ၃ ခု စုစုပေါင်း ဘဏ် ၂၂ ခုရှိပြီး၊ နိုင်ငံခြားဘဏ်လုပ်ငန်းများ၏ ရုံးခန်းပေါင်း ၂၀ ကျော်ကို ဖွင့်လှစ်ထားပြီး၊ အဓိကအားဖြင့် ဘရူးနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှဖြစ်သည်။

    Ref: ဆင်ဟွာ

  • ကိုလိုနီ အရိပ်အငွေ့သန်းနေသည့် နယူးဇီလန် အလံအား ပြောင်းရန် ၃ နှစ်အတွင်း ဆောင်ရွက်သွားမည်

    မတ် ၁၁ ၊ ၂၀၁၄
    M-Media

    _73494995_139471006

    – တိုးတက်နေသော ကမ္ဘာ့သစ်တွင် နိုင်ငံ၏ အမှတ်သညာကို ထင်ဟတ်စေသော နိုင်ငံတော်အလံအား ပြောင်းလဲခြင်း ပြုမည်၊ မပြုမည်ကို နယူးဇီလန်နိုင်ငံသားများက ၃ နှစ်အတွင်း မဲခွဲဆုံးဖြတ်သွားမည်ဟု ၀န်ကြီးချုပ် ဂျွန်ကီးက ယနေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် အစိုးရအဖွဲ့နှင့် လွတ်ကင်းသော ထိုအဆိုပြုချက်အား ပါလီမန်အတွင်းရှိ ပါတီစုံမှ အဖွဲ့ဝင်များက လက်ရှိအလံပုံစံအား ပြောင်းလဲပြင်ဆင်သွားရန်အတွက် စဉ်းစားဆုံးဖြတ်မှုများပြုလုပ်၍၊ ပြည်သူများ၏ မဲပေးရွေးချယ်မှုဖြင့် အကောင်အထည်ဖော်သွားမည်ဟု ဂျွန်ကီးက ၀ယ်လင်တန်ရှိ ဗစ်တိုးရီးယား ကောလိပ်၌ ပြည်သူများအား ယနေ့ပြောကြားသည့် မိန့်ခွန်း၌ အသိပေးထားခဲ့သည်။

    အပြာခံနောက်ခံထားသည့် နယူဇီလံနိုင်ငံ လက်ရှိအလံ၏ ၀ဲဘက်အပေါ်ထောင့်တွင် ဗြိတိသျှ အမှတ်အသားဖြစ်သော ယူနီယံဂျက်အမှတ်တံဆိပ်ကို တပ်ဆင်ထားပြီး လက်ယာဘက်တွင် အဖြူရောင် အနားကွတ်ထားသည့် အနီရောင် ကြယ်လေးလုံးရှိနေပြီး ထိုအလံက နယူးဇီလံနိုင်ငံအား နိုင်ငံခြားသားများက သတိမပြုမိစေဘဲ၊ နှစ်ကာလကြာညောင်းနေခဲ့ပြီဖြစ်သည့် ယူကေ၏ ဒိုမီနီယံ ကိုလိုနီနိုင်ငံ အဖြစ်သာ ဖော်ပြနေကြောင်း ဂျွန်ကီးက ထည့်သွင်းပြောကြားခဲ့သည်။

    “လက်ရှိအလံက နယူးဇီလန်နိုင်ငံကို ၁၈၀၀ ပြည့်နှစ်ကနေ ၁၉၀၀ ပြည့်နှစ်အတွင်းမှာရှိခဲ့တဲ့ နိုင်ငံငယ်လေး အဖြစ် ဖော်ပြနေပါတယ်။ လေကြောင်း ပို့ဆောင်ရေး မရှိတဲ့အချိန်၊ ပစိဖိတ်ဒေသမှာ အရေး မပါသေးတဲ့ အချိန်နဲ့၊ အာရှတိုက်အတွင်းမှာ ကျွန်တော်တို့ကို သတိမမူမိသေးတဲ့ အချိန်ကာလကပေါ့။ အလံမှာတော့ ယူနီဂျက်ရဲ့ လွှမ်းမိုးမှုရှိနေပေမယ့်၊ ကျွန်တော်တို့နိုင်ငံကတော့ ယူကေရဲ့ လွှမ်းမိုးမှုမရှိခဲ့တာ ကြာပါပြီ” ဟု ဂျွန်ကီးကဆိုသည်။

    ထို့ပြင် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘုရင်စနစ်နှင့် သိသာစွာဆက်သွယ်မှုရှိနေသော်လည်း ကနေဒါနိုင်ငံ၏ မေပယ်ပန်းပုံ အလံကဲ့သို့ အလွယ်တကူ ခွဲခြားနိုင်သော အလံမျိုးရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရှိ အားကစားသမားများ ၀တ်ဆင်ကြသော အမှတ်တံဆိပ် တစ်ခုဖြစ်သည့် အနက်နောက်ခံပေါ်တွင် ထင်ရှားသည့် ငွေရောင် နယူးဇီလန် ဖန်းပင်အား မိမိအနေဖြင့် ပိုနှစ်သက်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    နိုင်ငံတော်အလံပြောင်းလဲရေးအတွက် လူထုဆန္ဒခံယူပွဲ လုပ်ငန်းစဉ်များကို နောက်လာမည့် ပါလီမန်ရွေးကောက်ပွဲ မတိုင်ခင်ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၇ နှစ် မတိုင်မီ ပြီးမြောက်ဖွယ်ရှိနေသည်။

    ဗြိတိသျှထံမှ ၁၈၅၃ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည့် နယူးဇီလန်နိုင်ငံမှာ ၁၉၀၇ ခုနှစ်တွင် ဗြိတိသျှ၏ အုပ်ချုပ်ခံ ဒိုမီနီယံနိုင်ငံဖြစ်လာခဲ့ပြီး လက်ရှိတွင် စည်းမျဉ်းခံဘုရင်စနစ်အောက်၊ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးနေသော နိုင်ငံဖြစ်သည်။

    Ref: ဆင်ဟွာ

  • ယူကရိန်း အရေးစိုးရိမ်သဖြင့် နေတိုး ပိုင်နက်အတွင်း လေကြောင်းမှ ကင်းလှည့်စောင့်ကြပ်သွားမည်

    မတ် ၁၁ ၊ ၂၀၁၄
    M-Media

    201431020103847734_20

    – ရုရှားတပ်များက ခရိုင်းမီးယားဒေသအား သိမ်းပိုက်ထားသောကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ယူကရိန်းနိုင်ငံ၏ အခြေအနေများကို စောင့်ကြည့်ရန် အတွက် ပိုလန်နှင့် ရိုမေးနီယားနိုင်ငံများရှိ ဝေဟင်ပြင်တွင် နေတိုးမှ ကင်းထောက်လေယာဉ်များကို ပျံသန်းတော့မည်ဟု ပြောကြားခဲ့သည်။

    လေကြောင်းသတိပေးမှုနှင့် ထိန်းချုပ်ရေးစနစ် AWACS မှ ပြုလုပ်မည့် အဆိုပါ ကင်းထောက်လေယာဉ် ပျံသန်းမှုများမှာ နေတိုးပိုင်နက်အတွင်းတွင် သာ ပြုလုပ်မည်ဖြစ်သည်ဟု ယမန်နေ့က နေတိုးမှ ပြောခဲ့ခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံမှာ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ခရိုင်းမီးယားဒေသအတွင်း ရုရှားမှ ကျူးကျော်ခြင်းက ယခုလက်ရှိ နေတိုးအဖွဲ့ဝင်ဖြစ်နေသည့် ယခင်ဆိုဗီယက်ပြည်ထောင်စုအတွင်းရှိ နိုင်ငံများအတွက် သတိပေးသကဲ့သို့ ဖြစ်နေသောကြောင့် ထိုကဲ့သို့ စောင့်ကြည့်ထောက်လှမ်းခြင်းဖြစ်သည်။

    ထိုကြေညာချက်မှာ အမေရိကန်ပြည်ထောင်စုက ပိုလန်နိုင်ငံသို့ စစ်ရေးလေ့ကျင့်မှုအစီအစဉ်အတွက် F-16 တိုက်လေယာဉ် တစ်ဒါဇင်နှင့် စစ်သည် ၃၀၀တို့အား စေလွှတ်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ ရုရှားနှင့် အမေရိကန်တို့၏ ရှုမြင်ပုံများမှာ ကွဲပြားနေသည်။

    တနင်္ဂနွေနေ့က ယူကရိန်းထောက်ခံသူများနှင့် ရုရှားထောက်ခံသူများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကာ ရုရှားနိုင်ငံကမူ ထိုအဖြစ်အပျက်အတွက် ယူကရိန်းအစိုးရအား ပြစ်တင်ပြောဆိုခဲ့ပြီး ယူကရိန်းရှိ လက်ယာစွန်းရောက်များက ရုရှားမှာ ယူကရိန်းကို ကျူးကျော်မည်ဆိုသည့် ကြောက်ရွံ့မှုများကို ဖန်တီးနေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ယူကရိန်းအရေးအတွက် မော်စကိုတွင်ပြုလုပ်မည့်ဆွေးနွေးပွဲသို့ လာရောက်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ဖိတ်ခေါ်ခဲ့သော်လည်း ဂျွန်ကယ်ရီက ယမန်နေ့တွင် ငြင်းဆိုခဲ့သည်။
    Ref: Agencies

  • မင်္ဂလာတောင်ညွှန့် မြို့နယ်မှ MPTရဲ့ ၁၅၀၀ တန် ဖုန်းကဒ် ရောင်းချနေမှုမြင်ကွင်း (ဓါတ်ပုံ သတင်း)

    မတ် ၁၁ ၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ – လင်းခန့်ဇော် (CJ)
    Sim Card
    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စာတိုက်ရုံးရှေ့ မိုဘိုင်းဖုန်း SIM ကဒ်များ ထုတ်ယူရန် စောင့်ဆိုင်းနေသော မြင်ကွင်းဖြစ်ပါတယ်။

    မြန်မာ့ဆက်သွယ်ရေး (MPT) မှ ၁၅၀၀ တန် မိုဘိုင်းဖုန်း SIM ကဒ်များ ယခင်က ခွဲတန်းဖြင့် မဲနှိုက် ရောင်းချပေးခဲ့ပြီး ပြည်ပမှ ကုမ္ပဏီ (၂) ခုဖြစ်သော အူရီဒူးနှင့် တယ်လီနော့ ကုမ္ပဏီ (၂)ခုကို လုပ်ငန်းလိုင်စင်များ ချပေးပြိးနောက်ပိုင်း ဖုန်းမရသေးသူ မည်သူမဆို ဝယ်ယူနိုင်သည့် ပုံစံဖြင့် ပြောင်းလဲ ရောင်းချလာခြင်းဖြစ်ပါတယ်။