News @ M-Media

ဆီးရီးယားက ပြည်တွင်း စစ်ဒဏ်ခံရသည့် ကလေးများ အတွက် ယူနီဆက်ဖ်မှ အွန်လိုင်း ကမ်ပိန်းလုပ်

မတ် ၁၂၊ ၂၀၁၄
M-Media

Facebook-cover

– ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အကြမ်းဖက်မှုတွေ၊ ချို့တဲ့မှုတွေ၊ အတိ ဒုက္ခရောက်မှုတွေကို စာနာဖို့၊ အသိအမှတ်ပြုဖို့နဲ့၊ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်တွေတောင်းဆိုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က အွန်လိုင်းကမ်းပိန်းတစ်ခု စတင်လိုက်ပါတယ်။

အဲဒါကတော့ မိမိတို့ ဆိုရှယ်အကောင့်က Profile ဓာတ်ပုံနဲ့ Cover ဓာတ်ပုံတွေကို ခဏဖျောက်ထားပြီး NO LOST GENERATION ဆိုတဲ့ခေါင်းစဉ်ပါတဲ့ ကလေးဓာတ်ပုံတစ်ခုပြောင်းပေးဖို့ပါပဲ။ ပြီးရင်တော့ အဲဒီဓာတ်ပုံအောက်က ဖော်ပြထားတဲ့ အင်္ဂလိပ်လို စာသားလေးရေးပေးဖို့ အဆိုပါကမ်ပိန်းလှုပ်ရှားမှု လမ်းညွှန်မှာ ရေးသားထားပါတယ်။

Facebook: I’m changing my profile picture to mark 3 years of suffering for the #childrenofsyria with @UNICEF. Help us spread the word and demand a better future for them: http://bit.ly/nolostgeneration

Twitter: I changed my profile for the #childrenofsyria, who’ve suffered through 3 yrs of crisis. Join me: http://bit.ly/nolostgeneration @UNICEF

“ဆီးရီးယားက ကလေးငယ်တွေနာကျင်ခံစားနေရတာတွေဟာ ၃ နှစ်မြောက်လာခဲ့ပြီဖြစ်ပြီး ဒါကို အ သိအမှတ်ပြုဖို့ ယူနီဆက်ဖ်နဲ့အတူ ကျွန်တော်တို့ရဲ့ Profile ဓာတ်ပုံကို ပြောင်းလိုက်ပါပြီ။ သင်လည်း ဒါကို ကမ္ဘာသိအောင် ဖြန့်ပေးခြင်းဖြင့် ကလေးတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကိုတောင်းဆိုပေးပါ” လို့ ဆိုလိုပါတယ်။

ဒီကမ်ပိန်းကို ဒီကနေ့က စတင်ပြီး ဆီးရီးယားပြည်တွင်းစစ် ၃ နှစ်တင်းတင်းပြည့်တဲ့ ၁၅ ရက်နေ့ အထိ ၃ ရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ပြီး၊ တစ်ရက်ခြင်းစီက တစ်နှစ်တွင်းခံစားရတဲ့ အကြမ်းဖက်မှု တွေ၊ အတိဒုက္ခရောက်မှုတွေကို ကိုယ်စားပြုပါတယ်။ အပြစ်မဲ့တဲ့ကလေးသူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကိုတောင်းဆိုဖို့ ဒီကမ်ပိန်းလေးမှာ ပါဝင်ကူညီကြပါစို့………..

သင်ရဲ့ Facebook နဲ့ Twitter အကောင့်တွေအတွင် သင့်လျော်တဲ့ဓာတ်ပုံတွေကို အောက်ကလင့်တွေကနေ ရယူနိုင်ပါတယ်။

Facebook Profile ပုံယူရန်

Facebook cover photo ယူရန်

witter cover photo.ယူရန်

Comments

Leave a Reply