News @ M-Media

Blog

  • ကိုဆိုဗိုစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် ဆာ့ဘ်ခေါင်းဆောင်တစ်ဦးအား ဥရောပသမဂ္ဂမှ ခေါ်ယူစစ်ဆေး

    ကိုဆိုဗိုစစ်ပွဲအတွင်း စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် ဆာ့ဘ်ခေါင်းဆောင်တစ်ဦးအား ဥရောပသမဂ္ဂမှ ခေါ်ယူစစ်ဆေး

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media

    – ကိုဆိုဗိုစစ်ပွဲအတွင်း ပါဝင် ပတ်သက်ခဲ့သည်ဟု သံသယရှိသည့်အတွက် ကိုဆိုဗိုမြောက်ပိုင်းရှိ ဆာ့ဘ်နိုင်ငံရေး အဓိက  ခေါင်းဆောင်တစ်ဦးအား ဇန်န၀ါရီ ၂၇ ရက်နေ့(ယမန်နေ့)က ခေါ်ယူမေးမြန်းခဲ့သည်ဟု ဥရောပသမဂ္ဂမှ သတင်းထုတ်ပြန်ခဲ့သည်။

    အိုလီဗာ အိုင်ဗန်နိုဗစ် အမည်ရသူ အဆိုပါနိုင်ငံရေးခေါင်းဆောင်မှာ ဥရောပတရားရုံးက စစ်ဆေးလျက်ရှိသည့် စစ်ရာဇ၀တ်မှုများ၊ စစ်ပွဲပြီးနောက် ဆိုးဆိုးဝါးဝါး သတ်ဖြတ်ခဲ့မှုများ စသည်တို့ကို ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့်အတွက် ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ၎င်းအား ထိန်းသိမ်းခဲ့သည်ဟု ဥရောပသမဂ္ဂ တရားဥပဒေစိုးမိုးရေးမစ်ရှစ်(Eulex) မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။ အိုဗန်နိုဗစ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလက Mitrovica မြို့၏ မြို့တော်ဝန်အဖြစ် အရွေးခံထားရသူလည်းဖြစ်သည်။

    အသက် ၆၀ အရွယ်ရှိ ဘိုင်ဗန်နိုင်ဗစ်မှာ ကိုဆိုဗိုမြောက်ပိုင်း Kosovska Mitrovica မြို့တွင် ၎င်း၏ ရှေ့နေနှင့်အတူ လာရောက် အစစ်ဆေးခံခဲ့ခြင်း ဖြစ်ပြီး၊ ဥရောပဒေသရှိ ရဲတပ်ဖွဲ့နှင့် တရားဥပဒေဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် Eulex အနေဖြင့် ၎င်းအား ၄၈ နာရီ ထိန်းသိမ်းထားခွင့်ရှိနေသည်။

    ၂၀၀၈ ခုနှစ်က ဆားဘီးယားနိုင်ငံမှ လွတ်လပ်ရေးရယူခဲ့သည့် ကိုဆိုဗိုဒေသ၏ ၁.၈ သန်းသော လူဦးရေတွင် ဆာ့ဘ်လူမျိုးများမှာ ၁၂၀၀၀၀ ခန့်ရှိကြပြီး၊ နိုင်ငံမြောက်ပိုင်းတွင် နေထိုင်ရကြသည့် ဆာ့ဘ်လူမျိုး ၄၀၀၀၀ ခန့်မှာ ကိုဆိုဗို၏ လွတ်လပ်ရေးကို လက်ခံခြင်းမရှိပေ။ သို့သော်လည်း ကိုဆိုဗိုအား လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်က အသိအမှတ်ပြုထားသည်။

    Ref : Global Post

  • နိုင်ငံတော်ဥပဒေကို မလိုက်နာတဲ့ စည်ပင်အား သင်္ဃန်းကျွန်း ပြည်သူများ စုပေါင်းဆန္ဒထုတ်ဖော်

    နိုင်ငံတော်ဥပဒေကို မလိုက်နာတဲ့ စည်ပင်အား သင်္ဃန်းကျွန်း ပြည်သူများ စုပေါင်းဆန္ဒထုတ်ဖော်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန် ။      ။    ရန်ကုန်တိုင်းဒေသကြီး သင်္ဃကျွန်းမြို့နယ်ရှိ ဈေးသူဈေးသားများနှင့် ဦးစံဖေ ရပ်ကွက်ရှိ ပြည်သူများစုပေါင်း၍ ယနေ့ ဇန်န၀ါရီလ ၂၈-ရက်နေ့တွင် အနော်ရထာ လမ်းရှိ ခရိုင်စည်ပင်အဆောက်အဦးအား ဖယ်ရှားပေးရန် ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

    သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့သဖြင့် ဈေးအသစ်ကြီး ဆောက်လုပ်ရာတွင် ဈေးဟောင်းကတည်းက အသုံးပြုခဲ့သော အနော်ရထာလမ်းအား ဈေးဧရိယာအတွင်း သိမ်းယူထားခဲ့ရာ ယခုအခါတွင် ထိုလမ်းပေါ်တွင် အရှေ့ပိုင်းခရိုင် ဈေးများဌာနရုံး ဆောက်လုပ် အကောင်ထည် ဖော်နေသည့် အတွက် ဈေးသူဈေးသားများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လက်မခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာအရေးယူမှုမရှိသောကြောင့် ဇန်န၀ါရီလ ၁၀-ရက်နေ့တွင် ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်ခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့သောကြောင့် ယခု ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါသည်။

    “နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေမှာ ပါ ပါတယ်၊ အခုလိုလမ်းပေါ်မှာ အဆောက်ဦးတွေ မဆောက်ရဘူးဆိုတဲ့ ဥပဒေရှိပါတယ်၊ အခုလို လုပ်နေ ခြင်းဟာ ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်၊ အခုဟာက ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်နေတာပဲ ဖြစ်တယ်။ ဌာနဆိုင်ရာတွေ တောင်မှ ဥပဒေကို မလိုက်နာရင် ကျွန်တော်တို့ ပြည်သူတွေက ဘယ်သူ့ကိုယုံစားရမှာလဲ၊ ပြည်သူတွေကို ငဲ့ညာမှုမရှိဘူး၊ ဒီလမ်းကြီးကို ပိတ်လိုက်တော့ အရေးပေါ် ကားတွေဘယ်လမ်းက သွားမလဲ၊ လမ်းကလမ်းပဲ ဖြစ်ရမယ် ဘာအဆောက်အဦးမှ မရှိစေရပါဘူး၊ သူတို့နေရာမရှိလို့ လာဆောက်တာလို့ ပြောတယ်။ ပြည်သူတွေကို လုပ်ချင်တိုင်း လုပ်နေကြတယ်ဗျာ အခုအကျေနပ်လို့ ဆန္ဒပြကြတာ ဖြစ်တယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ သင်္ဃကျွန်းဈေးမှ ဈေးသားတစ်ဦးဖြစ်သူ ကိုစန်းမင်းက ပြောကြားခဲ့ပါသည်။

    ယခုလိုဆန္ဒဖော်ထုတ်သော်လည်း သက်ဆိုင်ရာမှ ဆောက်လုပ်လျက်ရှိသော ခရိုင်စည်ပင်အဆောက်အဦးကို ဖယ်ရှားခြင်းမပြုပါက ၎င်းတို့ဈေးသူ ဈေးသားများမနေနှင့် ဆက်လက်ဆန္ဒဖော်ထုတ်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

  • NSA မှ ဖုန်းဆော့ဖ်ဝဲ အသုံးပြု၍ ပြည်သူများ၏ အချက်အလက်များကို ခိုးယူခဲ့၊

    ဇန်နဝါရီ ၂၈၊ ၂၀၁၄
    M-Media

    Facebook အပါအ၀င် အခြားသော ဖုန်းဆော့ဖ်ဝဲများဖြင့်လည်း အချက်အလက်များကို ခိုးယူနိုင်သည်ဟု ထိပ်တန်းလျို့ဝှက် မှတ်တမ်းများအရ သိရ

    348067_nsa spying

    – အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA နှင့် ဗြိတိန်လုံခြုံရေးအေဂျင်စီတစ်ခု တို့ပူးပေါင်း၍ ဖုန်ဆော့ဝဲတစ်ခုကို အသုံးပြုကာ မိုဘိုင်းဖုန်း အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တရားမ၀င် ရယူခဲ့သည်ဟု သိရသည်။

    ၂၀၀၇ ခုနှစ်ကတည်းက NSA နှင့် ဗြိတိန်၏ အစိုးရ ဆက်သွယ်ရေး ရုံးချုပ် GCHQ တို့ပူးပေါင်း၍ leaky apps ဟုခေါ်သည့် ဖုန်းဆော့ဖ်ဝဲတစ်ခုအား အသုံးပြုကာ  မိုဘိုင်းဖုန်း အသုံးပြုသူများ၏ တည်နေရာ၊ အသက်၊ လိင်နှင့် အခြားသော ကိုယ်ရေး အချက်အလက်များကို ခိုးယူခဲ့ခြင်းဖြစ်ခြင်းဖြစ်သည်။

    ထိုကိစ္စအား NSA ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖွင့်ချမှုမှတစ်ဆင့် New York Times၊ Th Guardian နှင့် ProPublica သတင်းစာတို့က ယမန်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါ ထောက်လှမ်းရေးအေဂျင်စီများမှာ မိုဘိုင်းဖုန်းများတွင် အသုံးပြုသည့် Angry Bird ဂိမ်း၊ Google Maps၊ Facebook၊ Flickr၊ Linkedln နှင့် Twitter စသည့် ဆော့ဖ်ဝဲများကို အသုံးပြု၍လည်း အချက်အလက်များကို ခိုးယူနိုင်သည်ဟု လျှို့ဝှက် မှတ်တမ်းများအရ သိရသည်။

    သို့သော်လည်း ယမန်နေ့က အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အိမ်ဖြူတော်ပြန်ကြားရေး အရာရှိ ဂျေးကာနီက ထိုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    NSA မှ ပြုလုပ်သည့် ထောက်လှမ်းရေးလုပ်ငန်းစဉ်များတွင် ဖုန်းများကို ကြားဖြတ်နားထောင်ခြင်း၊ အွန်လိုင်း Hacking ဆော့ဖ်ဝဲကိုအသုံးပြုခြင်း၊ အင်တာနက်မချိတ်ထားသော ကွန်ပျူတာများအား ရေဒီယိုလှိုင်းဖြင့် ဆက်သွယ်နိုင်သည့် အထူးပြုလုပ်ထားသော Chip တပ်ဆင်ထားခြင်း စသည်တို့ပါဝင်ပြီး ဖုန်းဆော့ဖ်ဝဲကို အသုံးပြု၍ ထောက်လှမ်းခြင်းမှာ ယခုနောက်ဆုံး ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

    AHT/AGB

  • ဒူဘိုင်းတွင်၂၀၁၃ ခုနှစ်တွင်း မြန်မာ အပါအဝင် နိုင်ငံစုံမှ လူ ၂၀၀၀ ကျော် အစ္စလာမ် သာသာနာသို့ ကူးပြောင်းခဲ့

    ဇန်နဝါရီ ၂၈၊ ၂၀၁၄
    M-Media
    Dubai-mosque-ritual-washing-demonstration
    ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်၂၀၁၃ ခုနှစ် အတွင်း ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နှင့် လက်တင်အမေရိကတို့မှ လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းခဲ့ ကြသည့်ဟု UAE အခြေဆိုဒ် မီဒီယာတခု တွင် ဖော်ပြထားသည်။

    Bur Dubai မှ December02 လမ်းရှိ Al Ber အဖွဲ့အစည်း၌ ၂၀၁၃ ခုနှစ်တွင် နိုင်ငံအသီးသီးမှ လူပေါင်း ၂၁၁၅ ဦးထက်မနည်း အစ္စလာမ်သာသနာသို့ ကူးပြောင်းလက်ခံခဲ့ကြသည်။

    အစ္စလာမ်ဘာသာကို သက်ဝင်လက်ခံလာကြသော အာရဗ်နှင့်နိုင်ငံခြားသားတို့မှာ ၂၀၀၉ ခုနှစ်တွင် ၁၀၅၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၅၀၀ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၁၃၈၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၉၀၇ ဦးနှင့်နှိုင်းစာပါက သိသိသာသာမြင့်မားနေသည်ဟု စင်တာ၏ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုက်ဘီ Rashid Aljunaibi က ဆိုသည်။

    ဤစင်တာမှ အကောင်းဆုံး၊ အလွယ်ကူဆုံး၊ အသိမ်မွေ့ဆုံး၊ အဆွဲဆောင်နိုင်ဆုံးနည်းလမ်းဖြင့် မွတ်စလင် မဟုတ်သူများထံ အစ္စလာမ် အကြောင်းကို တတ်နိုင်သမျှ စွမ်းစွမ်းတမံ တင်ပြမိတ်ဆက်ပေးခဲ့ကြောင်း၊ ကိုးကွယ်ရာ၊ လူမျိုးနွယ်၊ ဘာသာစကား၊ အသားအရောင်မရွေး လူသားအားလုံးအပေါ် ကြင်နာမှု၊ တရားမျှတမှု၊ ရိုးသားမှုထားရှိရန် သွန်သင်ထားသော အစ္စလာမ့် အဆုံးအမများ၊ မေတ္တာတရားနှင့်ကြောင်းကျိုး ညီညွတ်သည့် သွန်သင်ချက်များကို လူတို့မှ အထူးစိတ်ဝင်စားခဲ့ကြကြောင်း၊ စင်တာ၏မှတ်တမ်းများအရ  ၁၉၉၃ ခုနှစ်မှစ၍ ယူအေအီးနိုင်ငံတွင် တိုင်းပြည်အသီးသီးမှ အစ္စလာမ်သို့သက်ဝင် လက်ခံလာသူပေါင်း နှစ်သောင်းကျော်ရှိနေပြီကို တွေ့ရကြောင်း အလ်ဂျူနိုက်ဘီက ပြောပြသည်။

    “ မွတ်စလင်သစ်လွင်များဟာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နဲ့လက်တင် အမေရိကဆီက ဖြစ်ကြပါတယ်။ ယခုအခါ ဒီအသင်းအဖွဲ့ကနေ မွတ်စလင် သစ်လွင်ဖြစ်ခြင်းကို ခိုင်မာစေတဲ့ အသိအမှတ်ပြုလက်မှတ်ကို ဒူဘိုင်းမှာရှိတဲ့ အစ္စလာမ့်ရေးရာနဲ့စေတနာ့ဒါနလုပ်ငန်းဌာန (နဲ့) တရားရုံးများကတဆင့် ထုတ်ပေးနေပါတယ် ”။ လို့ အလ်ဂျူနိုက်ဘီက ပြောကြားခဲ့ပါသည်။

    Ref: khaleejtimes

    ဓါတ်ပုံအညွှန်း- မွတ်စလင် မဟုတ်သူများ ဒူဘိုင်းရှိ ဗလီဝတ်ကျောင်းတော်သို့ လာရောက် လည်ပတ်စဉ် မွတ်စလင်များ ဝတ်ပြုမှုမပြုလုပ်ခင် ကိုယ်လက်သန့်စင်ပုံကို လမ်းညွှန်မှ ရှင်းပြနေပုံ

  • အိန္ဒိယသွေးနှောဟု အတင်းအကြပ် ၀န်ခံကတိပြုခိုင်းမှု ကန့်ဘလူ လ၀က လုပ်ဆောင်

    အိန္ဒိယသွေးနှောဟု အတင်းအကြပ် ၀န်ခံကတိပြုခိုင်းမှု ကန့်ဘလူ လ၀က လုပ်ဆောင်

    ဇန်န၀ါရီလ ၂၈၊ ၂၀၁၄
    M-Media
    ဇာဏီ

    ကန့်ဘလူ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ မှတ်ပုံတင် ပြုလုပ်သည့်အခါ လူမျိုးနေရာတွင် လ၀ကမှ အိန္ဒိယ-ဗမာဟု ထည့်ခိုင်းပြီး အိန္ဒိယသွေးနှောသည်ဆိုသည်ကို အတင်းအကြပ် ၀န်ခံကတိပြုလက်မှတ်ရေးထိုးခိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်အတွင်း နေထိုင်ကြသူများမှာ သွေးနှောများမဟုတ်ကြသည့်အတွက် အိန္ဒိယသွေးနှော မဟုတ်ဟု ဆိုသော်လည်း မှတ်ပုံတင် ရချင်လျှင် အိန္ဒိယသွေးနှောပြုလုပ်မှသာ မှတ်ပုံတင်ရမည်ဖြစ်ပြီး အဆိုပါ အိန္ဒိယသွေးနှောဟု ရေးသားခြင်းမှာ အခြားမည်သူ တစ်ဦးယောက်၏ စေခိုင်းမှုကြောင့် မဟုတ်ပဲ မိမိကိုယ်တိုင် ၀န်ခံကတိပြုခြင်းဖြစ်ကြောင်းကိုလည်း ပြုလုပ်ခိုင်းလျက်ရှိကြောင်း သိရသည်။

    မိမိတို့အနေဖြင့် သွေးနှောမဟုတ်သည့်အတွက် အိန္ဒိယသွေးနှောဟု မယူလိုသော်လည်း ဘွဲ့ယူသည့်အခါ မှတ်ပုံတင်လိုအပ်တဲ့အတွက် ၀န်ခံ ကတိပြု လွှာ ရေးသားပြီး မှတ်ပုံတင်ရအောင် လုပ်ဆောင်နေကြရသည့် အတွက် ယခုလို လုပ်ဆောင်မှုများ ပပျောက်စေလို၍ ယခုကဲ့သို့ အတင်းအကြပ် လုပ်ဆောင် နေမှုများကို တာဝန်ရှိသူအဆင့်ဆင့်မှ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ကန့်ဘလူမြို့ဒေသခံများမှတဆင့် သိရသည်။