ဇန်န၀ါရီ ၃၀၊ ၂၀၁၄
M-Media

– အသင်းကြီးများက စိတ်ဝင်စားနေသည့် နယူးကာဆယ် အသင်း၏ ကွင်းလယ်လူ ယိုဟန်ကာဘာယီမှာ ပြင်သစ်လိဂ်ဝမ်းကလပ် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့သွားခဲ့ဟု သိရသည်။
ပြောင်ရွှေ့ကြေး ယူရို ၂၄ သန်းဖြင့်၊ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ဆေးစစ်ဆေးမှု အောင်မြင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းတွင် ကျောနံပါတ် ၄ ဂျာစီ ၀တ်ဆင်ကစားမည့် ကာဘာယီက “ပီအက်စ်ဂျီ အသင်းဟာ ကျွန်တော့်ကို ရည်မှန်းချက်ကြီးစွာနဲ့ ခေါ်ယူခဲ့တာပါ။ အလွန် ကောင်းမွန်တဲ့ ဒီအသင်းမှာ ပါဝင်ကစားရဖို့၊ ပြင်သစ်လိဂ်နဲ့ ဥရောပမှာ အသင်း အောင်မြင်အောင် ကူညီပေးဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။” ဟု ပီအက်စ်ဂျီ အသင်း၏ ၀ဘ်ဆိုဒ်သို့ ကာဘာယီက ပြောကြားခဲ့သည်။
ပီအက်စ်ဂျီ အသင်းပိုင်းရှင် အလ်ခါလီဖာကလည်း ကာဘာယီမှာ အသင်းကြီးများ၏ ကမ်းလှမ်းမှုများကို ငြင်းဆန်၍ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရန် ရွေးချယ် ခဲ့သောကြောင့် ပျော်ရွှင်မိကြောင်း၊ ကာဘာယီ၏ အပြောင်းအရွှေ့သည် ပြင်သစ်အခြေစိုက်ကလပ်များက နိုင်ငံခြားသား ကစားသမားများကို ဆွဲဆောင်နိုင်သည့် ပြယုဂ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : Goal

Leave a Reply
You must be logged in to post a comment.