News @ M-Media

Blog

  • ချယ်ဆီးကွင်းလယ်လူ မာတာ မန်ယူသို့ပြောင်းရွှေ့တော့မည်

    ချယ်ဆီးကွင်းလယ်လူ မာတာ မန်ယူသို့ပြောင်းရွှေ့တော့မည်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – ချယ်ဆီးကွင်းလယ်လူ ဂျူအန်မာတာမှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သိရသည်။

    ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းဖြင့် ယခုသီတင်းပါတ် အကုန်တွင် စာချုပ်ချုပ်ရန်ရှိနေပြီး မာတာကလည်း မန်ယူအသင်းနှင့် ဆေးစစ်မှုများ ပြုလုပ်တော့မည်ဟု ၀န်ခံခဲ့သည်။ ယခုနှစ်ကုန်လျှင် တိုက်စစ်မှူး ရူနီအား လက်လွှတ်ရဖွယ် ရှိနေသည့် မန်ယူအသင်းမှာ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကတည်းက မာတာအား ခေါ်ယူရန် ဆန္ဒရှိနေခဲ့သော်လည်း ယခုမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    မာတာမှာ ပြီးခဲ့သည့် ဘောလုံးရာသီက ချယ်ဆီးအသင်းတွင် ခြေစွမ်းကောင်းများကို ပြသခဲ့ပြီ့း အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ် ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အသင်းသို့ မော်ရင်ဟို ရောက်ရှိလာပြီးနောက် အသင်းတွင်ပုံမှန်နေရာမရရှိတော့ဘဲ ယခုကဲ့သို့ အသင်းမှ ထွက်ခွာရသည်အထိ ဖြစ်လာခဲ့သည်။

    Ref : Daily

  • အိန္ဒိယ၀န်ကြီးတစ်ဦး၏ ဇနီး ဆေးအဆိပ်သင့်မှုကြောင့် သေဆုံး

    အိန္ဒိယ၀န်ကြီးတစ်ဦး၏ ဇနီး ဆေးအဆိပ်သင့်မှုကြောင့် သေဆုံး

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – အိန္ဒိယနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး ၀န်ကြီး Shashi Tharoor ၏ ဇနီးဖြစ်သူမှာ ဆေးဝါးနှင့် ပက်သက်သည့် အဆိပ်သင့် မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

    Sunanda Pushkar အမည်ရသည့် အသက် ၅၂ နှစ်အရွယ် အဆိုပါ အမျိုးသမီးမှာ မြို့တော် နယူးဒေလီရှိ ကြယ်ငါးပွင့် ဟိုတယ်၏ အခန်း တစ်ခန်းမှ ကုတင်ပေါ်တွင် သောကြာနေ့က အိပ်လျက် သေဆုံးနေကြောင်း တွေ့ရှိရခြင်း ဖြစ်ပြီး အလောင်းအား စစ်ဆေးမှုများ အရ ၎င်း၏ လက်နှစ်ဘက်တွင် ဒဏ်ရာ အနည်းငယ်နှင့် ဘယ်ဘက် ပါးတွင် အတွင်းကြေဒဏ်ရာအသေးစားတစ်ခု တွေ့ရှိခဲ့ရသည်။

    သို့သော်လည်း Sunanda Pushkar မှာ ထိုဒဏ်ရာ များကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ၊ ဆေးအဆိပ်သင့် မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု အလောင်းအား ခွဲစိတ်စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည့် ဆရာဝန်များက ပြောကြားခဲ့သည်။

    Pushkar သေဆုံးခြင်းနှင့် ပက်သက်၍ သတင်း မီဒီယာများတွင် ကောလဟာလများ ပျံ့နှံ့နေပြီး၊ အလောင်းအား စစ်ဆေးချက် ယမန်နေ့က ထွက်ပေါ် လာပြီးနောက် သေဆုံးမှုမှာ အသတ်ခံရခြင်း သို့မဟုတ် မိမိကိုယ်မိမိ သတ်သေခြင်း ဟုတ်မဟုတ်ကို စစ်ဆေးရန် တရားရုံးက ရဲတပ်ဖွဲ့အား အမိန့် ပေးခဲ့သည်။

    Ref : Xinhua

  • ဘန်ကောက်တွင် အရေးပေါ်အခြေအနေကြေညာ

    ဘန်ကောက်တွင် အရေးပေါ်အခြေအနေကြေညာ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – မြို့တော်ဘန်ကောက်နှင့် အနီးတစ်ဝိုက်ဧရိယာများအတွင်း ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာအား ဖြုတ်ချရန် ရည်ရွယ်သော ဆန္ဒပြမှု များကို ထိန်းချုပ်နိုင်ရန် အတွက် ဘန်ကောက်မြို့အား ထိုင်းအစိုးရက အရေးပေါ် အခြေအနေကြေညာခဲ့သည်ဟု သိရသည်။

    အရေးပေါ်အခြေအနေကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် စတင် သက်ရောက်ခြင်း ဖြစ်ကာ ရက်ပေါင်း ၆၀ ကြာမြင့်မည်ဟု ထိုင်းအလုပ်သမား ၀န်ကြီး Chalerm Yubumrung က ပြောကြားခဲ့သည်။

    “ဆန္ဒပြသူတွေက အစိုးရအဆောက်အအုံတွေ၊ ဘဏ်တွေကို ပိတ်ဆို့ထားပြီး ဆန္ဒပြမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ကာ ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေ ရှိလာခဲ့တာကြောင့် ဒီလိုအရေးပေါ် အခြေအနေ ကြေညာဖို့ လိုအပ်ခဲ့တာပါ” ဟု Yubumrung က ဆိုသည်။

    ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ညမထွက်ရ အမိန့်ထုတ်ခွင့်၊ သံသယ ရှိသူများအား ပုဒ်မ မတပ်ဘဲ ထိန်းသိမ်းထားနိုင်ခွင့်၊ မီဒီယာများအား ဆင်ဆာဖြတ်ခွင့်၊ လူငါးဦးထက် ပိုမစုရန် တားမြစ်ခွင့်နှင့် နယ်နမိတ် အချို့အား ကန့်သန့်ခြင်း တို့ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

    လက်ရှိ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ်ကမူ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းသွားမည် မဟုတ်ကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ အတိုက်အခံများနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံအတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ သုံးလနီးပါးသို့ ရောက်ရှိလာခဲ့ပြီး ယခင် ပါလီမန်အား ဖျက်သိမ်းခဲ့ကာ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ယင်းလပ်က ကတိပေးခဲ့သော်လည်း ဆန္ဒပြသူများ အနေဖြင့် ကျေနပ်မှုမရှိဘဲ ဆက်လက် ဆန္ဒပြနေကြသည်။

    Ref : Aljazeera

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ခန္ဓာကိုယ်ထဲကူးခတ်မယ့် bio-bot

    Illinois Gutgsell တက္ကသိုလ်က ပါမောက္ခ Taher Saif ဦးဆောင်တဲ့ သုတေသီတွေဟာ ခန္ဓာကိုယ် ဝမ်းဗိုက်တွင်းပိုင်းက အရည်ရှိတဲ့ နေရာတွေမှာ ကူးခတ်သွားလာနိုင်တဲ့ bio-bot တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြပါတယ်။ သုတ်ပိုးလိုမျိုး အမြီးနဲ့ ကူခတ်တဲ့ ဒီ စက်ရုပ်ငယ်လေးဟာ ဆဲလ်တစ်ခုထဲ ရှိတဲ့ သတ္တဝါလောက် သေးငယ်ပြီး ပျော့ပျောင်းတဲ့ ပေါ်လီမာ (polymer) ကို မွေးမြူထားတဲ့ နှလုံးဆဲလ်နဲ့ တွဲဆက်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီလို သေးငယ်တဲ့ bio-bot လေးတွေကို လိုအပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းထဲကို ဆေးဝါးတိုက်ရိုက် ပေးနိုင်ဖို့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အသုံးချနိုင်ဖို့ ဆက်လက် သုတေသန ပြုရဦးမှာ ဖြစ်ပါတယ်။

    3
    —————————————————
    Google က Nest ကို ဝယ်ယူ

    ပြီးခဲ့တဲ့ အပါတ်ထဲက Google က သာမိုစတတ်တွေ ထုတ်လုပ်တဲ့ Nest ကို ဒေါ်လာ သန်း ၃၂၀၀ နဲ့ ဝယ်ယူလိုက်ပါတယ်။ Nest ရဲ့ thermostat တွေဟာ အိမ်တစ်ခုလုံးကို ဖုန်းနဲ့ စောင့်ကြည့် ထိန်းသိမ်းနိုင်ဆို့ အခြား အာရုံခံ (sensor) ကိရိယာတွေ နဲ့ တွဲဖက်ထားတာ ဖြစ်ပါတယ်။ အိမ်တစ်ခုလုံးရဲ့ အပူချိန် လေထုသန့်ရှင်းမှု စတာတွေကို ထိမ်းသမ်းပေးနိုင်ပါတယ်။ Google ဟာ မကြာခင်ကပဲ စက်ရုပ်တွေ တီထွင်နေတဲ့ Boston Dynamics, ကို ဝယ်ယူခဲ့ပါသေးတယ်။ Google ဝယ်ယူခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ ဈေးအကြီးဆုံးကတော့ Motorola ရဲ့ လက်ကိုင်ဖုန်း လုပ်ငန်းကို ဒေါ်လာ သန်း ၁၂၀၀၀ နဲ့ ဝယ်ယူခြင်း ဖြစ်ပါတယ်။

    4

    —————————————————
    စက်ရုပ်တွေအတွက် RoboEarth

    ဥရောပရဲ့ နည်းပညာတက္ကသိုလ် ၅ခုက သိပ္ပံပညာရှင်တွေဟာ နယ်သာလန်နိုင်ငံမှာ RoboEarth ပရောဂျက်အတွက် စုစည်းအကောင် အထည်ဖေါ်ခဲ့ကြပါတယ်။ RoboEarth ဆိုတာကတော့ စက်ရုပ်တွေအတွက် Cloud နည်းပညာပဲ ဖြစ်ပါတယ်။ RoboEarth က အခြားဘယ်စက်ရုပ်ကိုမဆို လိုအပ်တဲ့ အခက်အလက် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပြီး ဘယ်လိုစက်ရုပ်မျိုးမဆို RoboEarth နဲ့ တွက်ဖက် လုပ်ဆောင်ခြင်းအားဖြင့် ကုန်ကျစရိတ်နဲ့ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကို လျှော့ချတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးရုံမှာ လူနာကို ကူညီတဲ့ စက်ရုပ်ကို RoboEarth က သွားလာရမယ် တည်နေရာ လုပ်ဆောင်ချက်အဆင့်ဆင့်ကို ညွှန်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။

    2

    —————————————————
    4K အဆင့် လက်မ ၂၀ screen နဲ့ tablet

    Panasonic ဟာ windows 8 အသုံးပြုတဲ့ လက်မ ၂၀ screen နဲ့ tablet ကို ထုတ်လုပ်လိုက်ပါတယ်။ ဒီtablet ရဲ့ screen အရည်အသွေးဟာ 4K အဆင့် ရှိတဲ့အတွက် လက်ရှိ tablet တွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။ ပါလွှာပြီး ၀.၄ လက်မပဲထူပါတယ်။ tablet ပေါ်မှာ ရေးသာနိုင်တဲ့ Anoto pen လည်းတွဲဖက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။

    1————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ပရိသတ်များအနေဖြင့် အိုဇေးလ်အပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိနေသည်ဟု ၀င်းဂါးဆို

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    353757_heroa
    – အသင်းပရိတ်သတ်များအနေဖြင့် အသင်း၏ ကွင်းလယ်လူ အိုဇေးလ်အပေါ် အလွန်ကြီးမားသော မျှော်လင့်ချက်များ ထားနေသည်ဟု ၀င်းဂါးက ဖွင့်ဟခဲ့ပြီး အိုဇေးလ်၏ တောက်ပလာမည့် နေ့ရက်များမှာ အရှေ့တွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အသက် ၂၅ နှစ်အရွယ်ရှိ အိုဇေးလ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ရီးယဲလ်မက်ဒရစ် အသင်းမှ အာဆင်နယ်အသင်းသို့ အသင်း စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အာဆင်နယ် အသင်း ဇယားထပ်ဆုံး၌ ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံး ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

    သို့သော်လည်း ယခုလောလောဆယ်တွင် ခြေစွမ်းနည်းငယ်ကျနေပြီး၊ ပရိတ်သတ်များကလည်း အိုးဇေးလ်အား ဂိုးများများ သွင်းသူအဖြစ် မျှော်လင့်နေကြသည်။ ၀င်းဂါးကမူ ထိုကဲ့သို့မျှော်လင့်မှုများမှာ မဖြစ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

    “တစ်ခါတရံမှာ လူတွေက သူ့ရဲ့(အိုဇေးလ်ရဲ့) ကိုယ်ပိုင်ဟန်ကို ပြောင်းလဲဖို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ ဘောလုံးကိုဆွဲပြေးပြီး ဂိုးကန်သွင်းတာက သူ့အတွက် သိပ်အလုပ်မဖြစ်ပါဘူး။ သူဟာ ဘောလုံးဖြန့်ဝေသူ၊ ဂိုးသွင်းသူ တစ်ဦးထက်ကို ပိုပါတယ်” ဟု ၀င်းဂါးက ကလပ်အသင်း ၀ဘ်ဆိုဒ်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဂိုးသွင်းယူခြင်းမှာ ပွဲအတွင်း အိုဇေးလ်လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဝေဖန်ရန်ထက် တိုက်တွန်း အားပေးရန် ပိုလိုအပ်ကြောင်း ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။