News @ M-Media

Blog

  • ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အီရန်နိုင်ငံပါဝင်ရန် ဘန်ကီမွန် ဖိတ်ခေါ်

    ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အီရန်နိုင်ငံပါဝင်ရန် ဘန်ကီမွန် ဖိတ်ခေါ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    Untitled

    – ယခုတစ်ပါတ်အတွင်း ပြုလုပ်မည့် ဆီးရီယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အီရန်နိုင်ငံအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖိတ်ခေါ်လိုက်သည်ဟု သိရသည်။

    ဆီးရီးယားအစိုးရ အတိုက်အခံများက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားပြီး၊ အမေရိကန်နိုင်ငံကလည်း ဆွေးနွေးပွဲနှင့် ပက်သက်၍ သတိပေးထားချိန်တွင် ဘန်ကီမွန်က ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ပြီး၊ ဆီးရီးယားစစ်ပွဲ ပြီးဆုံးရန် ကြိုးပမ်းမှုတွင် အပြုသဘောဆောင်သော နေရာမှ ပါဝင်ဆောင်ရွက်မည်ဟု အီရန်နိုင်ငံက ကတိပေးထားကြောင်းကိုလည်း ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆွစ်ဇလန်နိုင်ငံ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး၊ အာဆတ်အစိုးရအား ထောက်ပံ့ပေးထားသည့် အီရန်နိုင်ငံအနေဖြင့် ထိုဆွေးနွေးပွဲအား ရှင်းရှင်းလင်းလင်း အားပေးမှုမရှိပါက ကုလက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်သင့်သည်ဟု အမေရိကန်က ပြောကြားထားသည်။

    Ref : Channel News Asia

  • ဟန်လင်း-ပျူမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်

    ဟန်လင်း-ပျူမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media
    K K

    ဟန်လင်းမြို့ဟောင်းတစ်နေရာ (ဓါတ်ပုံ - အင်တာနက်)
    ဟန်လင်းမြို့ဟောင်းတစ်နေရာ (ဓါတ်ပုံ – အင်တာနက်)

    စစ်ကိုင်း ။      ။       စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မြို့နယ်ရှိ ဟန်လင်းမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ၎င်း ကမ္ဘာ့အမွေအနှစ်ဝင်ရန် အတွက် ဟန်းလင်းမြို့ဟောင်း မြို့ဝင်ပေါက်နေရာများအား ICOMOS အဖွဲ့မှ လာရောက် ကြည့်ရှု့ စစ်ဆေးမည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

    ပျူမြို့ဟောင်းများ ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းများအနက် ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်း များကို ကမ္ဘာ့ အမွေအနှစ် အဖွဲ့၏  ညွှန်ကြားချက် အရ ICOMOS အဖွဲ့က ၂၀၁၃-ခုနှစ် အောက်တိုဘာလက စစ်ဆေးခဲ့ပြီး ဟန်လင်းမြို့အား ယခု ဇန်န၀ါရီ လကုန်ပိုင်းတွင် စစ်ဆေးမည်ဟု သိရသည်။

    ဟန်လင်းမြို့ဟောင်းသည် သမိုင်းတင်ခေတ်ဦးပိုင်း မြို့ပြယဉ်ကျေးမှုအဆင့် ရောက်ရှိ ထွန်းကားခဲ့သည့် အထောက် အထားများ တွေ့ရှိရပြီး တူးဖော်ရန် ရှိနေသေးသည့် မြေပေါ်မြေအောက် ယဉ်ကျေးမှု အမွေအနှစ်များရှိနေသည့် သမိုင်းဝင် မြို့ဟောင်းတစ်ခုလည်း ဖြစ်သည်။

  • အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့

    ဖန်နဝါရီ ၁၉၊ ၂၀၁၄
    M-Media

    116

    ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့သည့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၆)နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။

    ဆရာကြီးဦးရာဇတ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးရာဇတ်အကြောင်း ပိုစ်များကို M-Media စာဖတ်ပရိတ်အတွက် ပြန်လည်မိတ်ဆက် ပေးလိုက်ပါတယ်။

    အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/4223

    ကျွန်မဖေဖေ=>http://www.m-mediagroup.com/news/4299

    ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ=>http://www.m-mediagroup.com/news/4316

    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်=>http://www.m-mediagroup.com/news/16191

    သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း=>http://www.m-mediagroup.com/news/4239

    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း =>http://www.m-mediagroup.com/news/1388

    မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/1365

    သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း =>http://www.m-mediagroup.com/news/1334

    ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ =>http://www.m-mediagroup.com/news/1330

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အခြားပိုစ်များ ဖတ်ရန် => http://www.m-mediagroup.com/news/tag/urazak-2/

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်း ဓါတ်ပုံများ ကြည့်ရန် =>https://www.facebook.com/media/set/?set=a.484313664944442.97896.468226919886450&type=3

    ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ဓါတ်ပုံများ =>https://www.facebook.com/media/set/?set=a.488522597856882.98579.468226919886450&type=3

  • ဇန်န၀ါရီ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၉၊ ၂၀၁၄
    M-Media

    ရခိုင်က စီမံကိန်းတွေကို စောင့်ကြည့်တင်ပြမယ့် ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ် တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ

    – ရခိုင်ဒေသမှာ အကောင်အထည် ဖော်သည့် စီမံကိန်းများကို စောင့်ကြည့်ပြီး ဒေသခံများကို ပြန်လည်ရှင်းပြမည့် ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ ကို မြို့နယ် ၁၇-မြို့နယ်က အရပ်ဖက်လူမှုအဖွဲ့များစုပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို စစ်တွေမြို့မှာ ယနေ့ကျင်းပခဲ့ပြီး ရခိုင်ဒေသမှာ စီမံကိန်းတွေလုပ်ပြီဆိုရင် ဒေသခံများ၏ ဆိုးကျိုးနဲ့ အကျိုးရလဒ်၊ နစ်နာမှုတွေကို ဘယ်လို ၀ိုင်းဝန်းကာကွယ်ကြမလဲဆိုတာ ဒေသခံများကို ချပြရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူ ကိုခိုင်ကောင်းစံက ပြောကြားခဲ့ကြောင်းသိရသည်။
    ________________________

    လယ်ယာမြေအား သဘောမတူပဲ လာရောက်တိုင်းထွာလျှင် ပြန်လည် တရားစွဲမည်ဟု လယ်သမားကြီး ဦးအောင်မြတ်ခိုင်ပြော

    – ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာရှိ လယ်ယာမြေများအား မနက်ဖြန် ဇန်န၀ါရီ ၂၀-ရက်နေ့တွင် လာရောက်၍ မြေတိုင်းထွာမည်ဖြစ်ပြီး လယ် ၁၀၀-ဧက အားသာလျှင် မြေတိုင်းခွင့်ရရှိပြီး ကျန် ဧက-၅၉၀ ကျော်ကို မြေတိုင်းခွင့်ပြုမည်မဟုတ်ကြောင်းသိရပြီး သဘောမတူပဲ လယ်ယာမြေများအား လာရောက် မြေတိုင်းပါက မြရွှေဝါကုမ္ပဏီနှင့် မြေတိုင်းဌာနတို့အား ပြန်လည်တရားစွဲဆိုသွားရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်သူလယ်သမားကြီး ဦးအောင်မြတ်ခိုင်က ပြောခဲ့ကြောင်း သိရသည်။
    ________________________

    သင်္ဃန်းကျွန်း ၁၆-ရပ်ကွက် အားကစားကွင်း ပြန်ရရေး ဆန္ဒထုတ်ဖော်

    – ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ၁၆-ရပ်ကွက်ရှိ အားကစားကွင်းကို ၂၀၀၂-ခုနှစ်တွင် အငှားချမြေဂရမ်ဖြင့် ပိုင်ဆိုင်ခဲ့ရာမှ အဆင့်ဆင့် ရောင်းချ ခဲ့ပြီး ယခုအခါ ခြံစည်းရိုးကာ၊ အ၀ီစိတွင်းတူး၊ ဆောက်လုပ်ရေးပစ္စည်းများ လာချထားပြီး အလုပ်သမားများ နေရန် တန်းလျားများ လုပ်လာမှုကြောင့် အားကစားကွင်းအား သိမ်းပိုက်လိုက်ပြီဟုသိရှိပြီး ရပ်ကွက်မှ လူအင်အား ၁၀၀-ခန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ________________________

  • ခရစ်ယာန်ဘုရားကျောင်းများကို ကာကွယ်မှုပေးရန် သမ္မတအား သီရိလင်္ကာ မွတ်စလင်များ တောင်းဆို

    ဇန်နဝါရီ ၁၉ ၊ ၂၀၁၄
    M-Media
    Muslim-council-raises-concerns1
    ကိုင်ရို-  ခရစ်ယာန်ဘုရားကျောင်းများကို ၀င်ရောက်တိုက်ခိုက်မည်ဟု ကြေညာချက်များရရှိပြီးနောက် တွင် သိရိလင်္ကာ ရှိ မွတ်စ်လင်မ်များသည် သိရိလင်္ကာ အတွင်းဖြစ်ပေါ်နေသော ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး သိရိလင်္ကာ သမ္မတအား ဘာသာရေး အဆောက်အဦး များအား ဘုန်းတော်ကြီးများ၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြသည်။

    “ကျွန်တော်တို့ သမ္မတကို ပြည်သူတွေရဲ့ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကို ထိခိုက်စေသော ၄င်း တိုက်ခိုက်မှုများကို ဥပဒေအရထိန်းသိမ်းရန် တိုက်တွန်းခဲ့ကြတယ်” ဟု သိရိလင်္ကာ မွတ်စ်လင် ကောင်စီ မှ ပြောကြားချက်အား ဇန်န၀ါရီလ ၁၇ ရက်နေ့ သောကြာနေ့က Colombo Gazette မှ ဖော်ပြခဲ့သည်။

    “လူတစ်ဦးတစ်ယောက်ပဲဖြစ်စေ၊ အုပ်စုလိုက်ပဲဖြစ်စေ၊ ဥပဒေအား ချိုးဖောက်ခဲ့ပါက ထိုအရာရဲ့ တန်ရာတန်းကြေး အပြစ်ဒဏ်ကိုတော့ပေးအပ် သင့်ပါတယ်။ ထိုမှသာ လူတွေ (သို)့ ဘာသာရေးအုပ်စု တွေဟာ တရားဥပဒေကို စိတ်ကြိုက် ခြယ်လှယ်တော့မှာမဟုတ်ဘူး” ဟု ကောင်စီက ထည့်သွင်း ပြောကြားခဲ့သည်။

    ဒီဇင်ဘာလ နှင့် ဇန်န၀ါရီလအတွင်း ခရစ်ယာန်ဘုရားကျောင်းများအပေါ် ဆက်တိုက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့လေသည်။

    ခရစ်မတ်နေ့၌ နိုင်ငံတောင်ဘက်ရှိ ခရစ်ယာန်များဘုရား ၀တ်ပြုစုစည်းမှု နေရာသုံးနေရာအား အတိုက်ခိုက်ခံခဲ့ရသည်။

    Hambanthota District ရှိ အန်ဂွန်နုကိုလာပ်ပလာစာ (Angunukolapalassa) အတွင်း ခရစ်ယာန်ဘုရားကျောင်း၌ ခေါင်းဆောင် ဆရာတော်အား ရွာသား ၃၀၀ နှင့် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများက ၀ိုင်းရံခဲ့ပြီး ခရစ်မတ်နေ့ အတွက် ၀တ်ပြုမှုများကို မပြုလုပ်ရန် ခြိမ်းခြောက် ခဲ့သည်။

    ထိုနေ့ညတွင်ပင် မည်သူမှန်း မသိသော ရန်ပြုသူမှ ဂါလီ(Galle District) ရှိ ဟိကာဒူဝါ(Hikkaduwa) အတွင်း ခရစ်ယာန် ဘုရားကျောင်းဝန်း နှင့် ဘေးကပ်ရက်ရှိ ဘုန်းတော်ကြီးများ နေထိုင်ရာ အိမ်တန်းများ အတွင်းသို့ ဗြောက်အိုးများပစ်ထည့် ဖောက်သွားခဲ့သည်။ ထို့အတူ ၄င်းရွာ အတွင်းပင်ရှိသော  အခြားသော ခရစ်ယာန် ဘုရားကျောင်း တစ်ခုမှာလည်း ရွာသားများမှ ခဲများဖြင့် ပစ်ခတ်မှုကြောင့် ပြတင်းပေါက် မှန်များကွဲသွားခဲ့သည်။

    ထိုမှ ရက်အနည်းငယ်အကြာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မွန်အာဂါလာ(Monaragala District) ရှိ ဗုဒ္ဓလာ(Buttala) အတွင်း တည်ဆောက်နေသော ခရစ်ယာန် ဘုရားကျောင်းအား ဆက်လက် မတည်ဆောက်ရန် လူ ၂၀၀ ၀န်းကျင်လောက် ဆန္ဒပြခဲ့ကြသည်။
    ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ခရစ်မတ်ည၌ တိုက်ခိုက်ခံခဲ့ရသည့် ဟိကာဒူဝါရှိ ခရစ်ယာန် ဘုရား ကျောင်း နှစ်ခုသည် ထပ်မံ၍ အတိုက်ခိုက်ခံခဲ့ရသည်။

    “ဥပဒေကို ဆန့်ကျင်သော တိုက်ခိုက်မှုကို ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများက ဦးဆောင်ပြီး လူအများ အား အကျိုးကြောင်း မညီစွာ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကို တားမြစ်ခဲ့လေသည်။ ထို့အတူ ဒါဟာ ဖြစ်ပျက်နေသည့် အထဲတွင် ပထမဆုံး အဖြစ်ပျက်တော့မဟုတ်ပေ။ ရဲများဟာလည်း မျက်မြင် ကိုယ်တွေ့ရှိသောလည်း ထိုကဲ့သို့ ဘုရား ၀တ်ပြုရာနေရာများကို ၀င်ရောက်ခြိမ်းခြောက်ခြင်းများကို မတားမြစ်နိုင်ခဲ့ပေ” ဟု မွတ်စလင် ကောင်စီ မှ ဆိုသည်။

    “အချို့သော ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများသည် သူတို့ကိုယ်သူတို့ ရဲများ အသွင်ယူကာ လူနည်းစု များကို ခြိမ်းခြောက်နေပေသည်။ ၄င်းအဖြစ်ပျက်များဟာ တစ်ဖြည်းဖြည်း ပိုမိုဖြစ်ပျက်လာနေ သော်လည်း မည်သူမျှ ဂရုစိုက် တားမြစ်ခြင်း မရှိပေ” ဟု မွတ်စလင် ကောင်စီမှ ထည့်သွင်း ပြောကြားခဲ့သည်။

    ထို့အတူ ကောင်စီမှ ဆက်လက်ပြီး မွတ်စ်လင်မ် လူမျိုးများအတွင်းလည်း ၄င်း အစွန်းရောက် ဗုဒ္ဓဘာသာဝင် အဖွဲ့စည်းများ၏ အကြမ်းဖက်မှု၊ နှောင့်ယှက်မှု နှင့် ခြိမ်းခြောက်မှုများကို ထိုနည်းလည်းကောင်း ကြုံတွေ့နေရကြောင်း။ သို့ပေမယ့် ယခုတိုင် ရဲများမှ ထိုအဖြစ်ပျက်များအတွက် မည်သူ့ကိုမှ ဖမ်းဆီးခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

    ” သိရိလင်္ကာ ရှိပြည်သူတိုင်းသည် မည်သို့သော ဘာသာဝင်ဖြစ်ပါစေ။ ဆယ်စုနှစ် သုံးခုကျော်ကြာ မငြိမ်သက်မှုတွေကြုံပြီးနောက်တွင် သူတို့တွင် ငြိမ်းချမ်းစွာသာ နေထိုင်လိုသော ဆန္ဒများသာ ရှိကြသည်”

    “ကျွန်တော်တို့သည် ကျွန်တော်တို့၏ ၀န်ကြီးချုပ်၏ အုပ်ချုပ်မှုကြောင့် သူတို့၏ ဆန္ဒများသည် အကောင်ထည်ဖော်လာမည်ဟု ယုံကြည်သည်။ ကျွန်တော်တို့၏ ၀န်ကြီးချုပ်အား ယခုကဲ့သို့ ချက်ခြင်းပင် သတိမူပြီး။ ရှေ့ဆက် အုပ်စုငယ်များအား အစွန်းရောက်များမှ ခြိမ်းချောက်မှုများကို မပြုလုပ်နိုင်ရန်တားဆီးဆောင်ရွက်မှုများကြောင့် ကျေးဇူးတင်ပါသည်” ဟု မွတ်စလင် ကောင်စီက ဆိုခဲ့သည်။

    သိရိလင်္ကာရှိ မွတ်စ်လင်မ်များ “မော်စ်(Moors)” ဟု ခေါ်ဆိုသော အုပ်စုသည် တိုင်းရင်းသား အုပ်စု ထဲတွင် တတိယအကြီးဆုံးဖြစ်ပြီး နိုင်ငံအတွင်းလူဦးရေ ၇၀ ရာခိုင်နှုန်းရှိသော စင်ဟာလီစ် (Sinhalese) နှင့် ၁၂.၅ ရာခိုင်နှုန်းရှိသော တမေး(Tamil) အုပ်စုများနောက်တွင်ရှိလေသည်။

    လေ့လာချက်များအရ အောင်မြင်နေသော အုပ်ချုပ်မှု အစိုးရများသည် မည်သို့သော လူမျိုးရေး တိုက်ခိုက်မှုများဖြစ်ပေါ်လာဖြစ်ပေါ်လာ အဆုံးတွင် ဗုဒ္ဓဘာသာဝင်များဖက်သို့လိုက်ပါရန် ဖိအားများကို ရင်ဆိုင်ကြရကြောင်း သိရသည်။

    Ref: OnIslam