ဇန်န၀ါရီ ၂၀၊ ၂၀၁၄
M-Media
– ယခုတစ်ပါတ်အတွင်း ပြုလုပ်မည့် ဆီးရီယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အီရန်နိုင်ငံအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖိတ်ခေါ်လိုက်သည်ဟု သိရသည်။
ဆီးရီးယားအစိုးရ အတိုက်အခံများက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားပြီး၊ အမေရိကန်နိုင်ငံကလည်း ဆွေးနွေးပွဲနှင့် ပက်သက်၍ သတိပေးထားချိန်တွင် ဘန်ကီမွန်က ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ပြီး၊ ဆီးရီးယားစစ်ပွဲ ပြီးဆုံးရန် ကြိုးပမ်းမှုတွင် အပြုသဘောဆောင်သော နေရာမှ ပါဝင်ဆောင်ရွက်မည်ဟု အီရန်နိုင်ငံက ကတိပေးထားကြောင်းကိုလည်း ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆွစ်ဇလန်နိုင်ငံ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး၊ အာဆတ်အစိုးရအား ထောက်ပံ့ပေးထားသည့် အီရန်နိုင်ငံအနေဖြင့် ထိုဆွေးနွေးပွဲအား ရှင်းရှင်းလင်းလင်း အားပေးမှုမရှိပါက ကုလက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်သင့်သည်ဟု အမေရိကန်က ပြောကြားထားသည်။
Ref : Channel News Asia


Leave a Reply
You must be logged in to post a comment.