News @ M-Media

Blog

  • ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှုအန္တရာယ် ရင်ဆိုင်ရမည့် အလားလာရှိနေဟု ကုလပြော

    ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှုအန္တရာယ် ရင်ဆိုင်ရမည့် အလားလာရှိနေဟု ကုလပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    – ဗဟိုအာဖရိကနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအား နိုင်ငံတကာမှ ထိရောက်သော အရေးယူမှုများ ပြုလုပ်ခြင်းမရှိပါက လူမျိုးတုန်း သတ်ဖြတ် သည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်ဟု ကုလသမဂ္ဂမှ ပြောဆိုလိုက်သည်။

    ယခုကဲ့သို့ အခြေအနေဆိုးရွားလာခြင်းမှာ နိုင်ငံတကာမှ လစ်လျူရှုမှုများကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA မှ ဒါရိုက်တာ ဂျွန်ဂင်က ပြောကြားခဲ့သည်။

    “ရ၀မ်ဒါနဲ့ ဘော့စနီးစယားမှာ တွေ့ခဲ့ရတဲ့ အချက်အလက်တွေအားလုံး (ဗဟိုအာဖရိကနိုင်ငံမှာ) ရှိနေပါပြီ။ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မျိုးစေ့ တွေရှိနေပြီး အဲဒီအတွက် မေးခွန်းမရှိပါဘူး” ဟု ဂျွန်ဂင်က ဆိုသည်။

    ယခင် ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် ထိုနိုင်ငံတွင် ဆီလီကာအဖွဲ့နှင့် မီလီရှာအဖွဲ့တို့ အာဏာပြိုင်ရာမှ စတင်ကာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထောင်ချီသေဆုံးခဲ့ကာ သန်းနှင့်ချီသော ပြည်သူများမှာလည်း ပတ်ဝန်ကျင်းနိုင်ငံများသို့ ထွက်ပြေးနေရသည်။ ထို့ကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များနှင့် ပြင်သစ်၊ ရ၀မ်ဒါ နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များမှာလည်း ဗဟိုအာဖရိနိုင်ငံသို့ ရောက်ရှိနေပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေ သည်။

    Ref : Aljazeera

  • ၉၆၉ တရားပွဲလုပ်ပြီး ၁ လ အကြာ မောင်တောတွင် ရိုဟင်ဂျာ အမျိုးသမီးနှင့် ကလေးငယ်များအား သတ်ဖြတ်မှုများဖြစ်ပွား

    ဇန်နဝါရီ ၁၇၊ ၂၀၁၄
    M-Media

    “မောင်တောတွင် ရခိုင်လူမျိုးများမှ ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခဲ့ကြောင်း  ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုက ပြော”

    20121025204125308734_20
    – ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ရွာတစ်ရွာတွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများမှ  ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးငယ်များအား ဓားများထိုးကာ သတ်ဖြတ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။

    အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုမှာ ပြည်နယ်အနောက်ပိုင်း ဒူချာယတန်းရွာတွင် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး သေဆုံးသူ အရေအတွက် အတိအကျကို မသိရှိရသေးဘဲ အနည်းဆုံး တစ်ဒါဇင်ကျော်မည်ဟု ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် Arakan Project မှ ခရစ်လီဝါက ပြောကြားခြင်းဖြစ်ပါတယ်။

    သေဆုံးသူများမှာ ရဲများ၊ စစ်သားများ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ၊ ဗုဒ္ဓဘာသာဝင် ရခိုင် ဒေသခံတွေရဲ့ ဓားဖြင့်ထိုးသတ်မှုကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း အဆိုပါ Arakan Project မှ ထုတ်ပြန်သည့် ဖြစ်စဉ် အကျဉ်းချုပ်တွင် ဖော်ပြထားပါတယ်။

    ဒေသခံတစ်ဦးက အသတ်ခံရသူများမှာ အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦးတို့ဖြစ်ကြသည်ဟု ပြောကြားခဲ့ပါတယ်။

    အခင်းဖြစ်ပွားရာဒေသမှာ ပြီးခဲ့တဲ့လက ၉၆၉ လို့သိကြတဲ့ သံဃာတွေက ရိုဟင်ဂျာ မွတ်စလင်အားလုံးကို နှင်ထုတ်ပစ်ဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံဟောကြားခဲ့ရာက နှစ်ဖက်တင်းမာမှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ Arakan Project အဖွဲ့ က Chris Lewa က ပြောဆိုကြောင်း RFA ရဲ့ သတင်းမှာဖော်ပြပါရှိပါတယ်။

    RFA မှာ ဖော်ပြထားသော သတင်းတပုဒ်တွင်  ရခိုင်ပြည်နယ် ဘူးသီးတောင် လွှတ်တော်အမတ် ဦးရွှေမောင်း အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်းပြောပါတယ်။

    “သက်ဆိုင်ရာ ကာယကံရှင်တွေကတော့ သူတို့ရဲ့နီးစပ်ရာ ဆွေမျိုးတွေရဲ့ ပြောပြချက်အရပဲ သိရတယ်၊ သူတို့ကိုယ်တိုင်ကလည်း အလောင်းကို မမြင်တွေ့နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရွာထဲကိုသွားလို့မရလို့၊ ဒီလိုအခြေအနေမှာ ဒါကိုထင်သာမြင်သာရှိအောင် လုပ်ပေးမှသာ ပကတိအခြေအနေမှန်ကိုသိမယ်၊ အားလုံးကိုလုံခြုံမှုပေး၊ အားလုံးကိုအာမခံပေး၊ အဲဒီမှာအမှန်တကယ် ပြစ်မှုကျူးလွန်တဲ့လူကို ပြစ်ဒဏ်ပေးရမယ်”

    သို့သော်လည်း ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ၀င်းမြိုင်ကမူ ထိုဒေသတွင် အခြေအနေမှာ တင်းမာနေသည်မှာ မှန်ကန်သည်ဟု ပြောကြားခဲ့ပြီး၊  အများအပြားသတ်ဖြတ်ခံရမှု သတင်းအား ငြင်းဆိုခဲ့ပါတယ်။

    ယခုဖြစ်ပွားခဲ့သော ရိုဟင်ဂျာများ အစုလိုက် အသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ပြည်တွင်း မြန်မာမီဒီယာများတွင် ယခုအချိန်ထိ ဖော်ပြခြင်းတစုံတရာ မတွေ့ရှိရသေးပေ။

    Ref: AP &RFA

  • တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ညီလာခံကျင်းပရန် ဖိတ်ခေါ်

    တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ညီလာခံကျင်းပရန် ဖိတ်ခေါ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    အမ်တူးအေ

    ရန်ကုန်  ။         ။ တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်း၏ မကြာမီ ညီလာခံ ကျင်းပရန်နှင့် အသင်းဝင်များအား ဖိတ်ခေါ်လိုက်ပြီး ယနေ့ ပြုလုပ်သော အစည်းအဝေးက ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

    ၂၀၀၃-ခုနှစ် ဒီဇင်ဘာလ ၂၁-ရက်နေ့က ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်းသည် တိုင်းရင်းသား နိုင်ငံသား မွတ်စလင်စာပေပညာရှင်များ အသင်းတစ်ရပ်ပေါ်ပေါက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်စေခြင်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ရှေးက ပသီအမျိုးသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု အမွေခံများဖြစ်သည့် ကလောင်ရှင်များ မွေးထုတ်ရန်လည်း ရည်ရွယ်ကြောင်းလည်း သိရသည်။

    အဆိုပါအသင်းတွင် အသင်းဝင်အင်အား ၁၀၀ ပြည့်မြောက်သည့်အချိန်တွင် သင်းလုံးကျွတ် ညီလာခံ တစ်ရပ်ကို အမြန်ဆုံးကျင်းပပြီး ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ကာ ညီလာခံမှ ပေါ်ပေါက်လာသည့် စာပေရေးရာ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန် လုပ်ဆောင်သွားမည်ဟု တိုင်းရင်းမွတ်စလင်ကလောင်ရှင်များအသင်း ဥက္ကဋ္ဌ ပသီဦးကျော်ဦးက ပြောကြားသည်။

     

  • ကိုရီးယားကျွန်းဆွယ်တွင် ရန်စမှုများအား ရပ်တန့်ရန် မြောက်ကိုရီးယား တိုက်တွန်း

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    korea38thparallel
    – ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးအားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့် ဖြစ်စေရန်စပေးခြင်းများအား ရပ်တန့်ရန် မြောက်ကိုရီးယာနိုင်ငံက ဆော်သြ လိုက်ပြီး နျူးကလီးယား စစ်ပွဲဖြစ်ပွားနိုင်ခြေအား တားဆီးရန်ကိုလည်း တိုက်တွန်းခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြခဲ့သည်။

    ထိုတိုက်တွန်းမှုအား အမျိုးသားကာကွယ်ရေး ကော်မရှင် NDC က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပြုချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။ ထိုအဆိုပြုချက်တွင် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ပြေပြစ်လာနိုင်သည့် အရေးကြီးသော အချက်သုံးချက်လည်း ပါဝင်ခဲ့ကာ ထိုအချက်သုံးချက်တွင် စစ်ကြောင့် ခွဲခွာခဲ့ရသည့် မိသားစုများ ပြန်လည်ပေါင်းစည်းခြင်းလည်း ပါဝင်သည်။

    ထို့ပြင် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်နှင့် ပူးပေါင်းပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုများအား ရပ်တန့်ရန်လည်းတိုက်တွန်းခဲ့ပြီး၊ မြောက်ကိုရီးယားအနေဖြင့် ကိုးရီးယားကျွန်းဆွယ်ကို နျူးကလီးယားကင်းမဲ့ဇုန် ဖြစ်လိုကြောင်းကိုလည်း အလေးထားဖော်ပြခဲ့သည်။

  • ဗာတီကန်ရှိ ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ပတ်သက်ပြီး ကုလကြားနာ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    UN_hearing_grills_Vatican_on_child_sex_abuse_record_
    – ဗာတီကန်ရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ချို့၏ ကလေးငယ်များအား လိင်ပိုင်ဆိုင်ရာ စော်ကားမှုများကို ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ဂျီနီဗာတွင် ယမန်နေ့က စစ်ဆေးခဲ့သည်ဟု သိရသည်။

    ကုလသမဂ္ဂဆိုင်ရာ ဗာတီကန် ကိုယ်စားလှယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဆီလ်ဗာနို တိုမာစီကမူ စာသင်ကျောင်းများ၊ အားကစားလှုပ်ရှားမှုများ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များတွင် ဖြစ်ပွားသည့် ထိုကဲ့သို့ ပြစ်မှုများအား တန်းညှိ၍ မရဟုပြောကြားခဲ့ပြီး၊ ကလေးငယ်များ၏ အခွင့်အရေးများကို လေးစားမှုအား အားပေးထိန်းသိမ်းရန်အတွက် မည်သည့် အယူအဆကိုမဆို ဗာတီကန်၏ တရားစီရင်ရေးအဖွဲ့ Holy See က ကြိုဆိုကြောင်း ကုလအား ပြောကြားခဲ့သည်။

    ဗာတီကန်၏ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများအား ကိုင်တွယ်ခဲ့သော တရားသူကြီး ဟောင်းဖြစ်သူ မွန်ဆဂ်နာ ချားလ်စ် စီကလူနာကမူ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် ပက်သက်၍ အလေးထားဖြေရှင်းရန် ယခင် Holy See အဖွဲ့မှ ယခင်က တုံ့ဆိုင်းမှုများရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုကိစ္စများကို ဆောင်ရွက်ရန် လုပ်ဆောင်နေသည်ဟု မှတ်ချက်ပေးခဲ့သည်။

    ဗာတီကန်၏ အမှုကိစ္စနှင့်ပတ်သက်၍ ကုလမှ ကြားနာစစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ထိုကဲ့သို့ စစ်ဆေးမှုကို လူ့အခွင့်အရေးအဖွဲ့များကလည်း ကြိုဆိုခဲ့ကြသည်။ ဗာတီကန်မှာ ကုလသမဂ္ဂ၏ ကလေးငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်အား ၁၉၉၀ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားသည်။