News @ M-Media

Blog

  • YCDC မှချပြသည့် ရန်ကုန်မြို့ပြစီမံကိန်း ကန်ထရိုက်တာများနှင့် သဘောထားကွဲလွဲ

    YCDC မှချပြသည့် ရန်ကုန်မြို့ပြစီမံကိန်း ကန်ထရိုက်တာများနှင့် သဘောထားကွဲလွဲ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media
    သူရိန်

    2

    ရန်ကုန် ။          ။         ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလ ၃-ရက်နေ့တွင် ခေါ်ယူတင်ပြခဲ့သော မြို့ပြစီမံကိန်း တွင် မြို့နယ်အလိုက် မြေအသုံးချမှု သက်ဆိုင်ရာဇုန်များ သတ်မှတ်ခြင်းပါဝင်ပြီး အထပ်မြင့်ဆောက်လျှင် အဆောက်အဦ အမြင့်၏သုံးပုံတစ်ပုံကို ချန်လှန်ရန်၊ အထပ်-၂၀ ထက်မပိုသော အဆောက်အဦများသာဆောက်ရန်တို့ ပါဝင်နေခြင်းတို့ကြောင့်  ရှင်းလင်းပွဲတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုကလက်မခံရခြင်းဖြစ်ပြီး သဘောထားကွဲလွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

    ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အများဆုံး အထပ်-၂၀ အထိသာခွင့်ပြုရန် မြို့တော်စည်ပင်မှ အဆိုပြုထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မြို့တော်စည်ပင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တို့အကြား မတူကွဲပြားသည့် အမြင်အမျိုးမျိုးရှိနေကြသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ “လူမှုဘ၀တိုးတက်ဖို့အထပ်မြင့်သွားရင် လူနေမှုဘ၀ကျဆင်းသွားမယ်ဆိုတာ ဘယ်လိုတွေးလဲတော့ မသိဘူး။ အာဆီယံနှင့်ယှဉ်ရင် မြန်မာနိုင်ငံမှာ ကွန်ဒိုမီနီယံစစ်စစ် တိုက်ရှိရင်ပြပါ။ တကယ်တော့ ဒါဟာ Responsibility ပါ။ Responsibility ကိုတာဝန်မယူတဲ့အတွက် အထပ်မြင့်မဆောက်ရတော့ဘူးလား။ အထပ်၂၀ထက်ပိုတဲ့ အဆောက်အအုံတွေ ရန်ကုန်မြို့ကြီးမှာမရှိရတော့ဘူးလား။ ထိန်းချုပ်မှုကောင်းပါတယ်။ လုပ်တာကောင်းပါတယ်။ ဒါပေမယ့် စနစ်ကို အကောင်အထည်ဖော်ဖို့အရမ်းအရေးကြီးတယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကိုသိပ်ချစ်ပါတယ်။ ရန်ကုန်မြို့ကြီးလှအောင် စဉ်းစားနေသောသူသည် အကျဉ်းတန်အောင်မလုပ်သင့်ပါဘူး ” ဟု နိုင်ဂရုပ်ဆောက်လုပ်ရေးမှ ဦးကျော်နိုင်ဦးက သုံးသပ်ပြောကြားသည်။

    ရန်ကုန်မြို့တော်အတွင်း ဇုန် ၁၁-ခုခွဲကာ မြို့မြေအသုံးချမှုဇုန်များအဖြစ် ခွဲခြမ်းစိတ်ဖြာမည်လည်းဖြစ်သည်။ လူနေသီးသန့်ဇုန်တွင် ဆိတ်ငြိမ်ရပ်ကွက်   (low-density residential areas) သတ်မှတ်မှုလည်းပါဝင်ပါသည်။

    ဇုန်မြေခွဲခြားမှုနှင့်ပတ်သက်၍လည်း တန်းဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ခဲ့သူ ဦးကိုကိုထွေး(တော်ဝင်ကုမ္ပဏီ)က  “အထပ်မြင့်ကိုဆောက်တဲ့အခါ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ လူအများလက်ခံတဲ့ အယူအဆ Concept တွေထည့်သင့်တယ်။ အခုဇုန်တစ်ခုကိုသတ်မှတ်လိုက်တဲ့အခါ  လမ်းဟိုဘက်ခြမ်းက အထပ်၂၀ အဆောက်အဦရှိတယ်။ ကျန်တဲ့ အဆောက်အဦတွေက ၃-ထပ်ပဲဆောက်ရမယ်ဆိုရင် ဒါဟာဘာကြောင့် ဒိလိုဖြစ်ရတာလဲ။ ဖြစ်သင့်သလား။ ဥပဒေဖြစ်လာမှာလား။ မညီမျှရင်ဥပဒေဖြစ်လာမှာမဟုတ်ပါဘူး။ အခုဇုန်တွေသတ်မှတ်တာက ဥပဒေနဲ့ အညီသတ်မှတ်တာကိုတော့ ကြိုဆိုပါတယ်။ ”ဟု၎င်း၏ အမြင်ကို မျှဝေပါတယ်။

    မြေအသုံးချမှုဇုန်များခွဲခြားသတ်မှတ်ခြင်းဖြင့် ရန်ကုန်မြို့၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး မြို့နေလူထု၏ လူမှုဘ၀ပတ်ဝန်းကျင်တင့်တယ်စေရန်၊ ပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံသူများ၏ စိတ်ဝင်စားမှုကိုရေရှည် ထိန်းသိမ်းနိုင်ရန်အတွက် ဖြစ်သည်ဟုသိရသည်။

    ထိုကဲ့သို့မြို့နယ်အလိုက် မြေအသုံးပြုမှုဇုန်များ ခွဲခြမ်းလိုက်ခြင်းကြောင့် အနာဂတ်ကာလတွင် ရန်ကုန်မြို့ပတ်ဝန်းကျင်နှင့် မြို့ပြသွင်ပြင်လက္ခဏာများကြောင့် နိုင်ငံတကာမှပိုမိုစိတ်ဝင်စားသော မြို့ကြီးတစ်မြို့ဖြစ်လာဖွယ်ရှိကြောင်းလည်း ထပ်မံ သိရှိရပါသည်။

  • ဒီဇင်ဘာ ၂၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    ဒေါ်အောင်ဆန်းစုကြည် ခြေထောက်ခွဲစိတ်မှု အောင်မြင်စွာ ပြီးစီး

    – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခြေထောက်အား ဒီဇင်ဘာ ၁၆-ရက်နေ့က ခွဲစိတ်မှုအသေးစားပြုလုပ်ခဲ့ရာ ယနေ့ တွင် ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း လမ်းလျှောက်ရန်နှင့် မတ်တပ်ရန်ရန် မသင့်လျော်သေးသည့် အတွက် မကြာမီ ရက်များအတွင်း ခရီးစဉ်များကို ယာယီဖျက်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ယနေ့တွင် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
    ________________________

    ကချင်ပြည်နယ် ဒီမိုကရေစီပါတီရုံးချုပ် မြစ်ကြီးနားတွင် ဖွင့်လှစ်

    – ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားအားလုံးအတွက် အမျိုးသားရင်ကြားစေ့ရေးနှင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးစားသွားမည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ယနေ့ ပါတီရုံးချုပ် ဖွင့်လှစ်စဉ်မှာ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    နိုင်ငံရေးအကျဉ်းသားများလွှတ်ရေး အိုဘားမား တိုက်တွန်းရန် တောင်းဆို

    – မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား လက်ကျန်များကို မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပေးထားသည့် ကတိအတိုင်း ၂၀၁၃-ခု နှစ်မကုန်မီ ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတအနေဖြင့် မြန်မာအစိုးရအား ဖိအားပေးရန် လူ့အခွင့်အရေးအဖွဲ့ ၄၀ ကျော်က ပန်ကြားလိုက်ပြီး၊
    ________________________

    တက္ကသိုလ်မူဝါဒမူကြမ်းအား ဆရာ၊ဆရာမ အသင်းသားများနှင့် ကျောင်းသားသမဂ္ဂများကန့်ကွက်

    – ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရန်ကုန်တက္ကသိုလ်တွင် မနေ့က ဆွေးနွေးခဲ့သည့် အဆင့်မြင့်ပညာရေးနှင့်ပတ်သက်သည့် တက္ကသိုလ်မူဝါဒ မူကြမ်းကို တက္ကသိုလ်ဆရာ/ဆရာမ အသင်းများနှင့် ကျောင်းသား သမဂ္ဂအဖွဲ့များမှ ကန့်ကွက်လိုက်ကြောင်းသိရသည်။
    ________________________

  • လူငယ်များအတွက် အလုပ်ကိုင်အခွင့်လမ်းများပြပွဲ လေးကြိမ်မြောက် ကျင်းပ

    လူငယ်များအတွက် အလုပ်ကိုင်အခွင့်လမ်းများပြပွဲ လေးကြိမ်မြောက် ကျင်းပ

    ဒီဇင်ဘာ ၂၁-၂၀၁၃
    M-Media
    သီရိ

    IMG_20131221_111744

    ရန်ကုန်   ။       ။      မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ (MYEA) ၏စီစဉ်မှုဖြင့် လေးကြိမ်မြောက် မြန်မာ့အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို ဒီဇင်ဘာ ၂၁-ရက်မှ ၂၃-ရက်အထိ နံနက် ၉-နာရီမှ ညနေ ၅-နာရီထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပလျက်ရှိပါသည်။

    အဆိုပါပြပွဲကို ယနေ့ ဒီဇင်ဘာ ၂၁-ရက်နေ့ နံနက် ၁၀-နာရီတွင် အခမ်းနားကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို အလုပ်သမား အလုပ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးထင်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦး၊ လူမှုဖူလုံရေးအဖွဲ့မှ ဦးစိုးမင်း၊မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဌ ဦးဝင်းအောင်နှင့် မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝဖြိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားအလုပ်ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမင်းမှ စက်ခလုပ်နှိပ်ပြီးအခမ်းနားအားဖွင့်လှစ်ပေးခဲ့ပါသည်။

    မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝေဖြိုးမှ “ယနေ့ပြုလုပ်တဲ့ စတုတ္တအကြိမ် အလုပ်ကိုင်ခွင့်လမ်းပြပွဲကို မြန်မာနိုငံတွင် ၀န်ထမ်းကောင်းများရရှိရန် ခက်ခဲနေသည့် လုပ်ငန်းရှင်များနှင့် အလုပ်ကိုင်ကောင်းများရရှိရန်ရှာဖွေနေသည့် လူငယ်များနှင့် တစ်နေရာတည်းတွင် တိုက်ရိုက်တွေ့ဆုံနိုင်ရန်၊ လူငယ်လူရွယ်များအတွက်အလုပ်ကိုင်အခွင့်အလမ်းများပိုမိုသိရှိနိုင်ရန်၊ အလုပ်ရှာဖွေနေကြသောလူငယ်များကိုအချိန်ကုန် ငွေကုန် သက်သာစွာဖြင့် တစ်နေရာတည်းတွင် အလုပ်ရှင်များ၊ ကုမ္မဏီများနှင့် တွေ့ဆုံကာ တိုက်ရိုက် အင်တာဗျူးများပြုလုပ်ကျင်းပနိုင်ရန် ဒီပွဲကို ပြုလုပ်ကျင်းပရခြင်းဖြစ်ပါတယ် ” ဟုပွဲကျင်းပရသည့်ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် မှ အလုပ်ကိုင်အခွင့်လမ်းများနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ပါသည်။ ပြပွဲရက်အတွင်း စီးပွားရေးနယ်ပယ်မှလူသိထင်ရှားအောင်မြင်ကျော်ကြားနေသည့် စီးပွားရေးလုပ်ငန်းရှင်များက လူငယ်များ အတွက် အလုပ်ကိုင်နှင့် ပက်သက်၍ အကြံပေးဆွေးနွေးခြင်း များ၊ CV ဖောင်များလက်ခံခြင်း၊ အင်တာဗျူးများပြုလုပ်ခြင်း၊ အလုပ်အကိုင် ခန့်အပ် ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် အလုပ်ကိုင်ပြခန်းပေါင်း ၁၃၀ ကျော်ကို ထည့်သွင်းပြသထားပါကြောင်းသိရပါသည်။

    အလုပ်ကိုင်ခွင့်အလမ်းပြပွဲများကို ၂၀၁၁ခုနှစ်မတ်လတွင် UMFCCI တွင် ပထမဆုံးကြိမ်ဖြစ်ပြသခဲ့ပြီး ဒုတိယအကြိမ်အဖြစ်၂၀၁၂ ခုနှစ် သြဂုတ်လ တွင် တပ်မတော်ခန်းမ၌ လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၁၃ခုနှစ် ဇွန်လတွင် တပ်မတော်ခန်းမ၌လည်းကောင်းကျင်းပခဲ့သည်။

  • အိမ်ရှင်မြန်မာ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု ဒုတိယ နေရာသေချာပြီ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    21-12-2013
    ဆီးဂိမ်း ၁၈ ရက်မြောက်နေ့တွင် အိမ်ရှင်မြန်မာ အသင်း ရွှေတံဆိပ် ၁၄ ခု ထပ်မံဆွတ်ခူးရရှိကာ စုစုပေါင်း ရွှေ(၈၄) ဖြင့် နိုင်ငံလိုက် ဒုတိယနေရာ အတွက် သေချာသွားဇြစ်ပါသည်။

    မနက်ဖြန် နောက်ဆုံး တရက်သာကျန်ရှိတော့ပြီ ကျန်ရှိနေသော ပြိုင်ပွဲများအတွက် ရွှေတံဆိပ်(၇) ခုသာ ကျန်ရှိတော့ သောကြောင့် တတိယနေရာမှ ဗီယက်နမ်အသင်းထက် ရွှေတံဆိပ် (၁၁) ခုအသာရသော အိမ်ရှင်မြန်မာ အသင်း ဒုတိယနေရာ အတွက် သေချာသွားခြင်းဖြစ်ပါသည်။

  • လွှတ်တော်က အီရန်အပေါ် ပိတ်ဆို့မှုအသစ်ပြုလုပ်ပါက ဗီတိုသုံးကာ ပယ်ချသွားမည်ဟု အိုဘားမားပြော

    ဒီဇင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    obama
    နျူးလီးယား ကိစ္စအတွက် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များပြုလုပ်ရန် စီစဉ်ထားသည့် ဥပဒေမူကြမ်းအား သမ္မတအိုဘားမားက ဗီတိုသုံး၍ ပယ်ချမည်ဟုသိရသည်။

    ‘အီရန်နျူးကလီးယားကင်းစင်ရေး အက်ဥပဒေ ၂၀၁၃’ ဟု အမည်ရသည့် အဆိုပါ ဥပေဒမူကြမ်းကို ကြာသာပတေးနေ့က ဆီးနိတ်လွှတ်တော်တွင် တင်သွင်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရတ်တစ်နှင့် ရီပက်ဘလစ်ကန် လွှတ်တော်မတ် ၂၆ ဦးက ထောက်ခံခဲ့သည်။ ထိုမူကြမ်းတွင် အီရန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် ပိတ်ပတ်မှုများကို တိုးချဲ့ရန်ရေးသားထားပြီး၊ အစ္စရေးက အီရန်ကို တိုက်ခိုက်ပါက အမေရိကန်က အစ္စရေးအား စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ထောက်ပံမှုများ ပေးအပ် သင့်သည်ဟုလည်း ဖော်ပြထားသည်။

    သို့သော်လည်း သမ္မအိုဘားမားက သံတမန်ရေးအရ ဖြေရှင်းမှုအတွက် အီရန်နိုင်ငံ၏ ကတိအား ဆက်လက်စောင့်ကြည့်ရန် အမေရိကန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အား အမေရိကန် ဥပဒေပြုအမတ်များက ခွင့်ပြုပေးရမည်ဟု ပြောဆိုခဲ့သည်။ ထိုမူကြမ်းအား လာမည့် ဇန်န၀ါရီအထိ ဥပဒေအဖြစ် ပြဌာန်းနိုင်မည်မဟုတ်ပေ။

    အချို့သော စီပွားရေးဆိုင်ရာ ပိတ်ဆို့မှုများ ဖြေလျော့ပေးရန်အတွက် တီဟီရန်၏ နျုးကလီးယားအစီအစဉ်အား ရပ်တန့်ရန် သဘောတူညီချက်အတွက် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့မှာ အဆင့်မြင့်အရာရှိများအဆင့် ဆွေးနွေးပွဲကို ကြာသာပတေးန့က ဂျီနီဗာတွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။
    Ref: Voa News