News @ M-Media

Blog

  • ဒီဇင်ဘာ ၂၄၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    ယာယီ နည်းပြ တင်ရှားဝဒ်အား အမြဲတန်းနည်းပြအဖြစ် စပါးခန့်အပ်

    – နည်းပြဘိုအာ့စ် မရှိတော့သည့်နောက် အသင်း၏ ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် တင်မ်ရှားဝုဒ်အား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဟု စပါးအသင်းက ကြေညာခဲ့သည်။

    အသက် ၄၄-နှစ်အရွယ်ရှိ တင်မ်ရှားဝုဒ်မှာ ယခင်က အစပါးအသင်း၏ နည်းစနစ် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ဆောက်သမ်တမ် အသင်းအား ၃-ဂိုး ၂-ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အသင်းက ၁၈-လ သက်တမ်းရှိသည့် စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှားဝုဒ်မှာ ၂၀၁၄-၁၅ ဘောလုံးရာသီကုန် အထိ အသင်းအား ကိုင်တွယ်ခွင့်ရရှိမည်ဖြစ်သည်။
    _______________________
    ဆွမ်ဆီးတိုက်စစ်မှူး ရက်ရှည်နားရတော့မည်။

    – တနင်္ဂနွေနေ့က အိမ်ကွင်းတွင် အဲဗာတန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆွမ်ဆီးအသင်း၏ တိုက်စစ်မှူး မီချူးမှာ သုံးလခန့် အနားယူရတော့မည်ဟု သိရသည်။ ထိုပွဲတွင် မီချူးမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က စစ်ဆေးမှုများအရ ခွဲစိတ်ကုသရန် လိုအပ်နေသောကြောင့် ယခုကဲ့သို့ ကာလကြာရှည်အနားယူရခြင်း ဖြစ်သည်ဟု ဆွမ်းဆီးအသင်းက သတင်းထုတ်ပြန်ခဲ့သည်။
    _______________________
    ၁ နှစ်အတွင်း ၆၉ ဂိုးသွင်းထားသော်လည်း အကောင်းဆုံး ခြေစွမ်း မရသေးဟု ရော်နယ်ဒိုပြော

    – လွန်ခဲ့သည့် ၁၂-လ အတွင်း စုစုပေါင်း ၆၉-ဂိုး သွင်းယူပေးထားသော်လည်း မိမိမှာ အကောင်းဆုံးအနေအထားကို မရရှိသေးဟု ရီးယဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဇကာတင် စာရင်းတွင် ပါဝင်နေသည့် ရော်နယ်ဒိုမှာ ယခုနှစ် ဥရောပတွင် ဂိုးသွင်းအများဆုံး စားရင်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ သို့သော်လည်း ရော်နယ်ဒိုက ၎င်း၏ အကောင်းဆုံး ပုံစံကို မရောက်ရှိသေးဘဲ လာမည့် နှစ်တွင် ပိုကောင်းလာလိမ့်မည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
    _______________________
    အေစီနှင့် သက်တမ်းတိုးလိုက်သော်လည်း ဆန်းတိုးစ်အား နှစ်သက်စဲဟု ရော်ဘင်ဟိုပြော

    – ပြီးခဲ့သည့် နွေရာသီကမှ အသင်းနှင့် စာချုပ်သက်တမ်းတိုးထားသည့် ဘရာဇီးလ်တိုက်စစ်မှူး ရော်ဘင်ဟိုက ဆန်းတို့စ် အသင်းအား နှစ်သက်စဲ ဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။ ဥရောပသို့ မပြောင်းရွှေ့မီ ဆန်းတို့စ်အသင်းတွင် ကစားခဲ့ပြီး အသင်းပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သည် ရော်ဘင်ဟိုက ဆန်းတို့စ်အသင်းမှာ ၎င်းကြီးပြင်းလာသည့် ကလပ်တစ်ခုဖြစ်ပြီး၊ ပရိတ်သတ်များ၏ လေးစားမှု ကိုလည်း ရရှိကြောင်း၊ ယခုလက်ရှိ အေစီမီလန် အသင်းတွင် ကစားနေသော်လည်း အနာဂတ်မှာ ဘုရားသခင်၏လက်ထဲတွင်ရှိကြောင်း ဘရာဇီး သတင်းဌာနတစ်ခုဖြစ်သည့် Globoesporte သို့ ပြောကြားခဲ့သည်။ ရော်ဘင်ဟိုမှာ ဆန်းတို့စ် အသင်းသို့ ပြန်လည်ပြောင်းရွှေ့မ ည်ဟု သတင်းများထွက်ပေါ်နေသည်။
    _______________________
    ကမ္ဘာအဆင့် ၃ တင်းနစ်သမား နည်းပြနှင့် လမ်းခွဲ

    – ကမ္ဘာ့နံပါတ်-၃ စပိန်တင်းနစ်ကစားသမားဖြစ်သူ ဒေးဗစ်ဖာရာမှာ ၁၅ နှစ်ကြာ လက်တွဲလာသည့် နည်းပြဖြစ်သူ ဂျာဗီယာပိုင်းလ်စ်နှင့် လမ်းခွဲခဲ့သည် ဟု သိရသည်။ ယခုနှစ် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီး ကစားသမားသက်တမ်းတစ်လျှောက် ဂရင်းစလင်းဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သည့် ဖာရာက အလွန်ရင်းနှီးသည့် ဆက်သွယ်မှုတစ်ခုကို ဖြတ်တောက်လိုက်ရခြင်းအတွက် ၀မ်းနည်းမိကြောင်း၊ မိမိတို့တွင် မည်သည့် ကိုယ်ရေးကိုတာ ပြဿနာ ရပ်မှမရှိဘဲ အလုပ်သဘောဆက်ဆံရေးကိုသာ အဆုံးသတ် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖာရာမှာ လာမည့် ကြာသာပတေးနေ့တွင် အဘူဒါဘီ၌ စတင်မည့် Mubadala World Tennis Championship တင်းနစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

     

  • ဆော်ဒီပါဝင်သည့် ပင်လယ်ကွေ့၆ နိုင်ငံပူးပေါင်းကာ စစ်ဌာနချုပ်တစ်ခု ထူထောင်မည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    300px-Persian_Gulf_Arab_States_english
    – ပင်လယ်ကွေ့ဒေသအတွင်း ပိုမိုခိုင်မာသော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်လာစေရန် ဆော်ဒီအာရေဗျနှင့် ၎င်း၏ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းကာ စစ်ဌာနချုပ်တစ်ခု ထူထောင်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

    ကူဝိတ်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အဖွဲ့ဝင် ခြောက်နိုင်ငံပါဝင်သည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီမှ သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ ရဲ့တပ်ဖွဲ့ဝင်များ ပေါင်းစည်းရေးနှင့် အကယ်ဒမီ ထူထောင်ရန်လည်း ပါဝင်သည်ဟု အစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်ကို ကိုးကား၍ ကူဝိတ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

    စစ်ဌာနချုပ်ထူထောင်မည့် ထိုသဘောတူညီချက်အား အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို မဟာမိတ် ကာကွယ်ရေးကောင်စီမှ ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ မဟာမိတ်ရဲတပ်ဖွဲ့ကလည်း ဒေသအတွင်း လုံခြုံရေးကို တိုးချဲ့ကာ၊ အကြမ်းဖက် တိုက်ဖျက်ရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref: AP

  • မန္တလေးမြို့ မောင်ကိန်းရွှေဆိုင် ဓါးပြတိုက်ခံရ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    သုတ

    Mg Kane

    မန္တလေးမြို့ ၂၉-လမ်းနှင့် လမ်း-၈၀ ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ယနေ့ ညနေ ၅-နာရီဝန်းကျင်ခန့်က ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

    အဆိုပါ ဓါးပြတိုက်မှုတွင် ဓါးပြတိုက်သူမှာ သေနတ် ကိုင်ဆောင်ထားပြီး သေနတ်ပစ်ဖောက်ကာ ရွှေများကို လုယက်ယူဆောင်ပြီး ဆိုင်ကယ်မောင်းပြေးရန် ပြုရန် ရွှေဆိုင်မှာ လုံခြုံရေးဝန်ထမ်းမှ ၀င်ရောက် လုံးထွေးဖမ်းဆီးတာကြောင့် အဆိုပါ တရားခံလို့ ယူဆရသူ ဓါးပြအား ဖမ်းဆီးမိလိုက်ပြီး ၎င်းမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိရသေးဘဲ အမှတ်(၈) ရဲစခန်းတွင် စစ်ဆေးရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

    အခင်းဖြစ်ပွားရာတွင် တစ်ဦး ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရှိရပါသည်။

  • ကမ္ဘာကျော် AK-47 ကို ဒီဇိုင်းထွင်ခဲ့သူ ကွယ်လွန်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    Russia Obit Kalashnikov.JPEG-010bf
    – အခြားသော သေနတ်များထက် ပိုမိုထိရောက်သော AK-47 ရိုင်ဖယ်သေနတ်ကို ဒီဇိုင်းထွင်ခဲ့သူ မီခေးလ် ကာလာရှင်ကောဗ့်မှာ ယမန်နေ့က ၎င်း၏ ဇာတိ Izhevsk ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီဟု ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် Itar-Tass က ဖော်ပြခဲ့သည်။

    ကာလာရှင်ကော့ဗ်မှာ ဒုတိယကမ္ဘာ့စစ်ပြီးကာစ အသက် ၂၀ အရွယ်တွင် AK-47 ရိုင်ဖယ်သေနတ်အား တီထွင်ခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၉၄ ရှိနေပြီဖြစ်သည်။

    ဆိုက်ဘေးရီးယားတွင် မွေးဖားခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် တပ်နီတော်ထဲသို့ဝင်ခဲ့ပြီးနောက် ဆိုဗီယက် စစ်တပ်ရှိ တင့်ကားများကို အဆင့်မြှင့်တင်ပေးသည့် အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့သည်။ ထို့ပြင် AK-47 ရိုင်ဖယ်သေနတ်နှင့် အခြားသော စစ်လက်နက်ပစ္စည်းများကိုလည်း ဒီဇိုင်ထွင်ပေးခဲ့သည်။

    Ref: aljazeera

  • ရန်ကုန်တက္ကသိုလ် တက်ရောက် ခွင့်ရသူများ ဒီဇင်ဘာ ၃၀ နောက်ဆုံး ကျောင်းအပ်ရမည်

    ရန်ကုန်တက္ကသိုလ် တက်ရောက် ခွင့်ရသူများ ဒီဇင်ဘာ ၃၀ နောက်ဆုံး ကျောင်းအပ်ရမည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    A.N.Lay

    55_0
    ရန်ကုန်တက္ကသိုလ် (ဓါတ်ပုံ အင်တာနက်)

    ရန်ကုန် ။      ။    ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းစတင်တက်ရောက်မည့်ကျောင်းသားကျောင်းသူများအနေဖြင့် ဒီဇင်ဘာ ၃၀-ရက်နောက်ဆုံးထားကျောင်းအပ်နှံရမည်ဖြစ်ကြောင်းရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာနဆိုင်ရာမှ သတင်းရရှိသည်။

    ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက်ရောက်သင်ကြားနေသည့် ဝိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုများကို ၂၀၁၄-ခုနှစ် မတ်လ ၁၉-ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ရာ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်း ပြည့်မီသူများကိုသာ စာမေးပွဲဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာန ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျောင်းစဖွင့်တာက ၂၀၁၄ ခုနှစ် မတ် ၁၉-ရက်ဆိုတော့ ဒီကာလအတွင်းမှာ ကျောင်းခေါ်ချိန်က ၁၀၀ ရာခိုင်းနှုန်းထိရှိပါတယ်။ အဲဒါကြောင့်ကျောင်းအပ်နှံခွင့်နောက်ဆုံးထားခွင့်ပြုတဲ့နေ့ကို ဒီဇင်ဘာ ၃၀-ရက်သတ်မှတ်ထားပါတယ်။ ကျောင်းတက်တဲ့အချိန်မှာလည်း ကျောင်းခေါ်ချိန် ၇၅-ရာခိုင်းနှုန်းထက်လျော့လို့မဖြစ်ပါဘူး။ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်မှသာ စာမေးပွဲဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်ဖို့က အရေးကြီးပါတယ်”လို့ ပြောကြားခဲ့သည်။

    ကျောင်းဝင်ခွင့်ရရှိသူများ စာရင်းအား ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၁၆ ရက် ပညာရေးဝန်ကြီးဌာနရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကြေညာ ခဲ့သည်။

    ယင်းထုတ်ပြည်ကြေညာရာတွင် မြန်မာစာ ၄၅ ဦး၊ အင်္ဂလိပ်စာ ၃၉ ဦး၊ သင်္ချာ ၅၀ ဦး၊ ပထဝီ ၄၉ ဦး၊ သမိုင်း ၄၇ ဦး၊ ဒဿနိက ၄၉ ဦး၊ စိတ်ပညာ ၄၉ ဦး၊ ဥပဒေ ၄၁ ဦး၊ အရှေ့တိုင်းပညာ ၃၉ ဦး၊ ကွန်ပျူတာ သိပ္ပံ ၃၆ ဦး၊ နိုင်ငံတကာ ဆက်ဆံရေး ၄၉ ဦး၊ မနုသဗေဒ ၃၂ ဦး၊ ရှေးဟောင်းသုတေသန ၄၉ ဦး၊ ရှုပဗေဒ ၄၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ရုက္ခဗေဒ ၄၉ ဦး၊ နိုင်ငံရေးသိပ္ပံ ၄၇ ဦး၊ ဓာတုဗေဒ ၃၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ကုန်ထုတ် ဓာတုဗေဒ ၃၈ ဦး တို့အား ထပ်မံဝင်ရောက်ခွင့်ပြုခဲ့ကြောင်းသတင်းရရှိသည်။