News @ M-Media

Blog

  • သမ္မတဘုရှ် မှ NSA ကို ကြားဖြတ်ထောက်လှမ်း စတင် ခွင့်ပြုခဲ့ပုံကို အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ ထုတ်ဖော်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    8.si
    – ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း လျှို့ဝှက်ထောက်လှမ်းမှုများ စတင်ပြုလုပ်ရန် သမ္မတ ဘုရှ်က အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အား မည်ကဲ့သို့ ခွင့်ပြုပေးခဲ့သည်ကို ဖော်ပြထားသည့် စာရွက်စာတမ်းများအား အိုဘာမား၏ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ ဂျိမ်းကလက်ပါက စနေနေ့က ထုတ်ဖော်လိုက်သည်ဟုသိရသည်။

    ထိုကဲ့သို့ ဖွင့်ဟပြောဆိုခြင်းမှာ အကြမ်းဖက်ဝါဒ စောင့်ကြည့်ရေး အစီအစဉ် TSP ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်တာနက်မှ အချက်အလက်များ ရယူခြင်းများနှင့် ဖုန်းကြားဖြတ်ထောက်လှမ်းခြင်းများအား သမ္မတဘုရှ်၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့ကြောင်းကို သမ္မတ အိုဘာမားလက်ထက်တွင် ပထမဆုံးအကြိမ် ပြည်သူအား ချပြခဲ့ခြင်းလည်းဖြစ်သည်။

    ကမ္ဘာတစ်ဝှမ်းရှိခေါင်းဆောင်များအပါအ၀င် နိုင်ငံတကာမှ အစိုးရများအပေါ် လျှို့ဝှက် ထောက်လှမ်းမှုများပြုလုပ်ခဲ့မှုများအား NSA ၀န်ထမ်းဟောင်း စနိုးဒင်က ဖွင့်ချခဲ့ပြီးနောက် အမေရိကန်၏ ထိုလုပ်ရပ်အား တစ်ကမ္ဘာလုံးက ရှုတ်ချခဲ့ကြသည်။
    Ref: RT

  • ရော်နယ်ဒိုမှာ ရီးယဲလ် ကလပ်သမိုင်းတွင် စတုတ္ထမြောက် ဂိုးအများဆုံး သွင်းသူဖြစ်လာ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    article-2528075-1A42C44000000578-820_634x472
    – ရီးယဲလ်မက်ဒရစ်အသင်း၏ သက်တမ်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားများ စာရင်းတွင် အသင်းရှိ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ အဆင့် ၄ နေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

    ယခုတစ်ပါတ် ဗလင်စီယာအသင်းနှင့် ကစားခဲ့သည့်ပွဲမှာ ရော်နယ်ဒို၏ ရီးယဲလ်အတွက် ၁၅၁ ပွဲမြောက်ဖြစ်ပြီး၊ ထိုပွဲတွင် တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အသင်း အတွက် သွင်းယူခဲ့သည့်ဂိုးမှာ ၁၆၄ ဂိုး ရှိလာပြီဖြစ်ကာ ရီးယဲလ်အသင်း၏ မက္ကဆီကို တိုက်စစ်မှူးဟောင်း ဟူဂိုဆန်းချက်ဇ် သွင်းယူခဲ့သည့်ဂိုးနှင့် တူညီသွားခဲ့ပြီဖြစ်သည်။

    ရော်နယ်ဒို၏ အရှေ့တွင် ဆန်တီလာက ၁၈၆ ဂိုးဖြင့်လည်းကောင်း၊ ဒီစတီဖာနိုင်က ၂၁၆ ဂိုးဖြင့်လည်းကောင်း၊ ရာအူးလ်က ၂၂၈ ဂိုးဖြင့်လည်းကောင်း အသီးသီးရှိနေသည်။

    Ref: Daily Mail

  • ဒီဇင်ဘာ ၂၃ အားကစားသတင်းများ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    5171402-3x2-700x467

    အာဖရိက ချန်ပီယံ မော်ရိုကို ကလပ်ကို အနိုင်ယူကာ ဖီဖာ၏ ကမ္ဘာ့ကလပ်ချန်ပီယံဘွဲ့အား ဘိုင်ယန်ဆွတ်ခူး၊ ၂၀၁၃ အတွင်း ၅ ခုမြောက်ဖလားဖြစ်

    မော်ရိုကိုနိုင်ငံ Marrakech မြို့Stade de Marrakech ဘောလုံးကွင်းတွင် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ကလပ် ချန်ပီယံ ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ဥရောပ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းမှာ အာဖရိက ချန်ပီယံ မော်ရိုကို ကလပ် ရာဂျာ ကာစာဘလန်ကာ အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ဘိုင်ယန် အသင်းမှာ အိမ်ရှင်အသင်းအား ခြေအသာဖြင့် ဖိကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ပထမပိုင်း ၂၅ မိနစ်အတွင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ဘွန်ဒစ်လီဂါ၊ ဂျာမန်ရှုံးထွက်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနှင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်တို့ကို အရယူနိုင်ခဲ့သည့် ဘိုင်ယန်မြူနစ် အသင်းအတွက် ၂၀၁၃ ခုနှစ်အတွက် ၅ လုံးမြောက် ဆုဖလားလည်း ဖြစ်သည်။

    ဘိုင်ယန်အသင်းအတွက် ဂိုးများကို ၇ မိနစ်တွင် ဒန်တီနှင့် ၂၂ မိနစ်တွင် သီယာဂို အလ် ကန်တာရာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    Ref: Goal.com

    ——————————————

    အဒီဘာယောနှင့် ပြဿနာမရှိဟု စပါးနည်းပြပြော

    – အသင်းရှိ တိုဂိုတိုက်စစ်မှူး အဒီဘာယောမှာ အသင်းအတွက် မည်သည့်ပြဿနာမှ မဖြစ်ဟု စပါးအသင်း၏ ယာယီနည်းပြ တင်မ် ရှားဝုဒ်က ပြောကြားခဲ့သည်။ နည်းပြဟောင် ဘိုအာ့စ် လက်ထက်က အသင်းတွင် နေရာမရှိခဲ့သည့် အဒီဘာယောမှာ ရှားဝုဒ်လက်ထက်တွင် ကစားခဲ့ရသည့် ၂ ပွဲတွင် ၃ ဂိုးအထိသွင်းယူပေးခဲ့သည်။
    …………………………..

    အာဆင်နယ်ကို ပြောင်းမည့်သတင်း ချယ်ဆီးတိုက်စ်မှူး ဒမ်ဘာဘားငြင်း

    – အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် ဆက်သွယ်နေသည့်ဟူသောသတင်းအား ချယ်ဆီးအသင်း၏ ဆီနီဂေါတိုက်စစ်မှူး ဒမ်ဘာဘားက ငြင်းဆိုခဲ့ပြီး၊ ချယ်ဆီးအသင်းတွင်သာ ပျော်ရွှင်နေသည်ဟု ပြောဆိုလိုက်သည်။ နည်းပြမော်ရင်ဟိုမှာ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နှင့် အီတူးတို့အား ပိုမိုအကြိုက်တွေ့သောကြောင့် ဘားမှာ ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရထားပြီး ၁ ဂိုးသာသွင်းယူပေးထားသည်။ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ရမှုကို နောင်တမရကြောင်း၊ အာဆင်နယ်အသင်းမှလည်း ကမ်းလှမ်းလာမှုများမရှိကြောင်း ဘားက The Sun သတင်းစာသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
    …………………………….

    အာဆင်နယ်ကို အနိုင်ကစားဖို့နည်းလမ်း မိမိတို့သိဟု ချယ်ဆီး ကစားသမား တောရက်စ်ပြောကြား

    – အာဆင်နယ်အသင်းအား မည်ကဲ့သို့ အနိုင်ကစားရမည်ကို မိမိတို့သိသည်ဟု ချယ်ဆီးအသင်း၏ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားခဲ့သည်။ ချယ်ဆီးအသင်းမှာ ပြီးခဲ့သည့် အောက်တိုဘာလက ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး၊ ယခုတစ်ကြိမ်တွင်လည်း အနိုင်ယူနိုင်ရန် တောရက်စ်က ယုံကြည်နေသည်။ ချယ်ဆီအသင်းမှာ ယခုပွဲအနိုင်ရရှိပါက ထိပ်ဆုံးတွင်ဦးဆောင်နေသည့် လီဗာပူးလ်အသင်းနှင့် အမှတ်တူသွားမည်ဖြစ်သည်။
    …………………………
    ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် ၀က်စ်ဟမ်းအသင်း၏ နောက်ခံလူ ဂျိမ်းတွမ်ကင် တရားစွဲခံရ

    – ရဲအရာရှိတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုကြောင့် ၀က်စ်ဟမ်းအသင်း၏ နောက်ခံလူ ဂျိမ်းတွမ်ကင် မှာ တရားစွဲဆိုခြင်းခံထားရသည်ဟု သိရသည်။ တွမ်ကင်မ်မှာ ယမန်နေ့ နံနက်အစောပိုင်းက အင်္ဂလန်အရှေ့ပိုင်း Brentwood ရှိ Sugar Hut နိုက်ကလပ်တွင် အရက်မူးကာ ရမ်းကားမှုကြောင့် လုံခြုံရေးများက ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များအား ရောက်လာသောအခါ တွမ်ကင်မှာ ရဲအရာတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် တွမ်ကင်အား မူးယစ်ရမ်းကားမှု၊ ဖမ်းဆီးခြင်းအားခုခံမှုတို့ဖြင့် Basildon တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကာ လာမည့် ဇန်န၀ါရီ ၉ ရက်နေ့တွင် အမှုရင်ဆိုင်ရမည်ဖြစ်သည်။

  • ဆွီဒင်တွင် လူမျိုးရေးခွဲခြားသည့် နာဇီလက်သစ် ဝါဒကို ဆန့်ကျင်သည့် လူထောင်ချီပါဝင်သော ဆန္ဒပြပွဲပြုလုပ်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    Protesters rally against racism during a demonstration in the Stockholm suburb of Karrtorp
    – ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ဆင်ခြေဖုံးတွင် လူမျိုးရေးခွဲခြားမှုနှင့် နာဇီလက်သစ်ဝါဒအား ဆန့်ကျင့်သည့် ဆန္ဒပြပွဲတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့သည်ဟုသိရသည်။

    လွန်ခဲ့သည့် တစ်ပါတ်က လူ ရာကျော်ခန့်ပါဝင်သည့် အလားတူ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး ထိုဆန္ဒပြပွဲအား လူမျိုရေးခွဲခြားသူများက တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဒုတိယအကြိမ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲတွင် အနုပညာရှင်များ အပါအ၀င် လူပေါင်း ၁၆၀၀၀ ခန့်ပါဝင်ခဲ့ပြီး စတော့ဟုမ်းတောင်ဘက်မှ Karrtorp ဘောလုံးကွင်းသို့ ချီတက်ခဲ့ကြကာဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခြင်း မိန့်ခွန်ပြောကြားခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

    ထိုဆန္ဒပြပွဲအား ရဲတပ်ဖွဲ့ ၁၀၀ ခန့်ကလည်း စောင့်ကြပ်ပေးခဲ့ကြပြီး၊ ရဟတ်ယာဉ်များမှာလည်း စတော့ဟုမ်းတစ်ဝိုက် ကင်းလှည့်ပေးနေခဲ့သည်။
    Ref: aljazeera
    Photo-reuters

  • တောင်ပိုင်း ဆူဒန်အား လိုအပ်လျှင် စစ်ရေးအရ အရေးယူမည်ဟု အိုဘားမားပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    obama
    – တောင်ဆူဒန်နိုင်ငံတွင် အမေရိကန်တပ်များ တိုက်ခိုက်ခံခဲ့ရပြီးနောက် လိုအပ်လာလျှင် စစ်ရေးအရ အရေးယူမည်ဟု အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောကြားလိုက်သည်။

    ကွန်ဂရက်သို့သမ္မတက ပေးပို့ခဲ့သောစာတွင် ရေးသားထားခြင်းဖြစ်ပြီး တောင်ဆူဒန်နိုင်ငံ၏ အခြေအနေများကို စောင့်ကြည့်နေကြောင်း တောင်ဆူဒန်ရှိ အမေရိကန်နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အမေရိကန်သံရုံးတို့၏ လုံခြုံရေးအား အားပေးရန်အတွက် အရေးယူမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က သူပုန်များကြီးစိုးရာ ဒေသတွင် အမေရိကန် လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရကာ အမေရိကန် စစ်သားလေးဦးဒဏ်ရာရရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားများအား ဘေးလွတ်ရာ နေရာများသို့ ယမန်နေ့က ပြောင်းရွှေ့ခဲ့သည်။

    တောင်ဆူဒန်နိုင်ငံတွင် အစိုးရနှင့် သူပုန်များအကြား တိုက်ခိုက်မှုများဖြစ်ပွားနေပြီး ယခုအခါ ပြည်တွင်းစစ် အသွင်ဆောင်လာ ခဲ့သည်။ မကြာသေးခင်ကလည်း ကုလ ငြိမ်းချမ်းရေး တပ်ဖွဲ့ စခန်းတစ်ခု တိုက်ခိုက်ခြင်းခံခဲ့ရပြီး တင်ဖွဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့သည်။

    Photo-(Reuters)
    Ref:Al Arabiya News