News @ M-Media

Blog

  • ပြည်တွင်းသတင်း စုစည်းမှု

    ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    TNLA နှင့် အစိုးရတပ် စစ်ရေးတင်းမာ

    – ပလောင် (တအောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရတမ်မတော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်လိတ်တောင်၌ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု ဖြစ်ပွားနေပြီး TNLA ပြောက်ကျားတပ်များမှ တောင်ပေါ်နှင့် အစိုးရတပ်မှ တောင်အောက် အနီးဆုံးအနေအထားမှာ နှစ်ဘက် စောင့်ကြည့်နေကြကြောင်း၊ အချိန်မရွေး တိုက်ပွဲ ဖြစ်သွားနိုင်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    အများပိုင်မြေရောင်းစားသည့် လားရှိုးမြို့မှ နယ်မြေမှူး

    – လားရှိုးမြို့ နယ်မြေမှူးဖြစ်သူ ဦးစောရွှေဝါမှ လားရှိုးမြို့ အမှတ်(၂)၊ နယ်မြေ (၈)ရှိ အများပြည်သူပိုင်လမ်းနှင့် နတ်စင်ကုန်းမြေအား ရောင်းစားခဲ့သည့်အတွက် အရေးယူပေးပါရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ နယ်မြေခံ (၉၂)ဦးမှ စုပေါင်း လက်မှတ်ထိုးတိုင်ကြားခဲ့သော်လည်း နယ်မြေမှူးအား တာဝန်မှ ရပ်စဲခြင်းအပြင် အခြားသော အပြစ်ပေးအရေးယူမှု မရှိသောကြောင့် တိုင်ကြားသူများမှ ကျေနပ်မှု မရှိကြောင်း သိရသည်။
    ________________________

    လပွတ္တာမြို့နယ်တွင် သဘာဝဘေး ကြိုတင်သတိပေး မိုးလေ၀သစခန်း တည်ဆောက်မည်

    – ပင်လယ်ဒီရေတက်ခြင်း၊ မုန်တိုင်းကျရောက်ခြင်းတို့လို့ သဘာဝ ဘေးအန္တရာယ် ကျရောက်မည်ကို ကြိုတင်ခန့်မှန်းနိုင်သည့် မိုးလေ၀သစခန်းတစ်ခုကို နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) မှ ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
    ________________________

    သာယာဝတီတွင် ပြုလုပ်မည့် တိုင်းလုံးကျွတ် ဟောပြောပွဲ ဒေါ်စု တက်ရောက်မည်

    – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒသဘောထား ရယူပွဲကို ပဲခူးတိုင်း သာယာဝတီမြို့နယ်တွင် ပြုလုပ်မည်ဖြစ်၍ ပြည်၊ တောင်ငူမြို့နယ်များအပါအ၀င် ၂၈ မြို့နယ် ကိုလည်း ဖိတ်ကြားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။
    ________________________

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒုတိယအကြိမ် ညီလာခံ ပြုလုပ်မည်

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ တွေ့ဆုံပွဲမတိုင်မီတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြာ ဒုတိယအကြိမ် ညီလာခံကို ဒီဇင်ဘာလလယ်တွင် KNU နယ်မြေတွင် ကျင်းပရန် စီစဉ်ထားပြီး ပထမအကြိမ် လိုင်ဇာညီလာခံမှာ တိုင်းရင်းသားများအကြာ သဘောတူထားသည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်မူကြမ်းကို သဘောထားရယူ အတည်ပြုနိုင်ဖို့ တင်သွင်းသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
    ________________________

  • ဒီဇင်ဘာ ၉၊ နိုင်ငံတကာသတင်း

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်နေသာ ဆက်ဆံရေး တင်းမာမှုလျော့ချရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပါကစ္စတန်ရောက်

    – အာဖဂန်နစ္စတန်ကျူးကျော်စစ်တွင် ပါဝင်နေသည့် ပါကစ္စတန်၏ အခန်းကဏ္ဍနှင့် ပါကစ္စတန်နိုင်ငံအတွင်း အမေရိကန်က ပြုလုပ်နေသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုများကို လျော့ချရန် ကြိုးပမ်းမှု တစ်ခုအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်မှာ ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ်ရှရစ်ဖ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

    ပါကစ္စတန်သို့ရောက်ရှိနေသည့် ဟေဂယ်နှင့် ရှရစ်တို့ ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစေရန်အတွက် အတူကွလုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။

    ပါကစ္စတန်သို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလာရောက်မှုမှာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်သည်။

    ဓါတ်ပုံအညွှန်း- အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် ပါကစ္စတန် ကာကွယ်ရေးဦးစီးချူပ်တို့ တွေ့ဆုံနေစဉ်
    Ref: aljazeera

    201312981113248734_20

    ———————————————————

    ကုလ စစ်ဆေးရေးမှူးများ အီရန် နျူစက်ရုံများစစ်ဆေး

    – ကုလသမဂ္ဂမှ နျူးကလီးယား စုံစမ်းစစ်ဆေးရေးမှူးများမှာ အီရန်နိုင်ငံရှီ Arak နျူးကလီးယား စက်ရုံအား ယမန်နေ့က စစ်ဆေးခဲ့သည်ဟု သိရသည်။ အီရန်နိုင်ငံတောင်ဘက်တွင်ရှိသည့် ဆောက်လုပ်စဲ ထိုစက်ရုံအား စစ်ရေးအရအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်မည်ဟု နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတကာ နျူးကလီးယားအေဂျင်စီမှ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
    ————————————————-
    ခြစားမှုများ အမြစ်ဖြတ်မည်ဟု ကမ္ဘော့ဒီယား ၀န်ကြီးချုပ် ဟွန်ဆန်ပြော

    ဆင်းရဲမွဲတေမှုလျော့ချရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဆောင်ရွက်ရန် အတွက် လာမည့် ၂၀၁၃-၂၀၁၈ သမ္မတသက်တမ်း အတွင်း နိုင်ငံအတွင်းရှိ ဆိုးရွားစွာဖြစ်ပေါ်နေသော ခြစားမှုများကို အမြစ်ဖြတ်မည်ဟု ကမ္ဘော့ဒီယား ၀န်ကြီးချုပ် ဟွန်ဆန်က ယနေ့တွင်ပြောကြားလိုက်သည်။ ခြစားမှုမှာ စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျော့ချရေးတို့အတွက် အတားအဆီးဖြစ်နေကြောင်း ခြစားမှုကိုတိုက်ဖျက်ရေးလုပ်ဆောင်ရန် မိမိအနေဖြင့် ကတိပေးကြောင်း ယနေ့ကျရောက်သည့် နိုင်ငံတကာ ခြစားမှု တိုက်ဖျက်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    ————————————————-
    အသုံးစရိတ် ယူရို ၃ ဘီလီယံ ဖြတ်တောက်ရန် ဂရိပါလီမန် အတည်ပြု

    – ကြွေးမြီများ ဖိစီးနေသော ဂရိနိုင်ငံတွင် နိုင်ငံသုံးငွေ ယူရို ၃ ဘီလီယံ ဖြတ်တောက်ရေးအစီစဉ်အား ပါလီမန်တွင် အတည်ပြုခဲ့သည်ဟုသိရသည်။ ခြောက်နှစ်ဆက်တိုက် စီးပွားရေး ကျဆင်းမှုများဖြစ်ပေါ်နေရာမှ ပြန်လည်ဦးမော့လာစေရန် အတွက် ထိုကဲ့သို့ အစီအစဉ်များ ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ထိုဥပဒေမှာ လာမည့်နှစ်တွင် စတင်သက်ရောက်မည်ဖြစ်သည်။ ဂရိနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က စီးပွားရေးပြိုလဲလု နီးပါး ဖြစ်ပွားခဲ့ပြီးနောက် လာမည့်နှစ်တွင် ၀.၆ ရာခိုင်နှုန်း တိုးတက်လာစေရန်မျှော်လင့်နေသည်။

    ————————————————-

    ဖုန်းခိုးနားထောင်သည့် ဗြိတိန်ထောက်လှမ်းရေးကို AI အဖွဲ့မှ ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဟုပြော

    – ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီများက ၎င်းတို့အဖွဲ့၏ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်မှုများ ပြုလုပ်ခဲ့သောကြောင့် ဗြိတိန်လုံခြုံရေးဆိုင်ရာ အသင်းအဖွဲ့များအား ဥပဒေအရ ဆောင်ရွက်သွားမည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Amnesty International အဖွဲ့ကကြေညာခဲ့သည်။ ဗြိတိန်ထောက်လှမ်းရေးက ထိုကဲ့သို့ပြုလုပ်မှုမှာ လူ့အခွင့်အရေးအက်ဥပဒေ အပိုဒ် ၈ (ကိုပိုင်အခွင့်အရေး)နှင့် အပိုဒ် ၁၀ (လွတ်လပ်စွာဖော်ထုတ်ခွင့်) ကိုချိုးဖောက်ရာရောက်ကြောင်း ထောက်လှမ်းရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ကြားနားသော အစိုးရအုပ်ချုပ်မှုနှင့် ကင်းလွတ်သည့် ခုံအဖွဲ့ IPT သို့  Amnesty International အဖွဲ့က တိုင်ကြားထားသည်။

    ……………………………………
    အင်ဒိုနီးရှားမှာ ရထား ၂ စီးတိုက် အနည်းဆုံး လူ ၁၀ ဦးသေဆုံး

    – အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ဆင်ခြေဖုံးတွင် လူအပြည့်တင်ဆောင်လာသည့် ရထားတစ်စီးမှာ လောင်စာဆီးများတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးနှင့် တိုက်မိမှု ယနေ့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ဂျကာတာမြို့ အနောက်တောင်ဘက် ဘင်တာရိုဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်မိခဲ့ပြီးနောက် ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ကာ မီများလောင်ကျွမ်းခဲ့သည်။

    …………………………………….
    ထိုင်းပါလီမန်ဖျက်သိမ်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲ ကျင်းပါမည်။

    – ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့ညနေတွင် ပါလီမန်ဖျက်သိမ်းကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့ပြီး၊ ထိုင်းဘုရင်မင်းမြတ်ကလည်း ထိုဖျက်သိမ်းမှုကို  လက်ခံခဲ့ကာ ရွေးကောက်ပွဲပြုလုပ်မည့် ရက်အား ဖေဖော်ဝါရီ ၂ ရက်ဟု သတ်မှတ်လိုက်သည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံအား အိမ်စောင့်အစိုးရက အုပ်ချုပ်ထားမည်ဖြစ်ပြီး မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ယင်းလပ်ရှင်နာဝပ်ထရာလည်း ပြန်လည်ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

    …………………………………………..
    မုန်တိုင်းဒဏ်ခံ ဖိလစ်ပိုင်ဒုက္ခသည်များအတွက် ပြည်ပမှ အကူညီများ ကြားဖြတ်အခိုးခံရ

    – ရဲတပ်ဖွဲ့မှ သင့်လျော်သော အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားမှ ပေးပို့သော အကူအညီများအား ကြားဖြတ်ခိုးယူမှုများကို သိရှိသောသူများက ဖော်ထုတ်ကြရန် ဖိလစ်ပိုင် အစိုးရက ယနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ ဗြိတိန်မှ စစ်တပ်သုံးရဟတ်ယာဉ်ဖြင့် ပေးပို့လိုက်သော အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများမှာ ဟိုင်ယန်မုန်တိုင်းဒဏ်ခံ ပြည်သူများလက်သို့မရောက်ဘဲ ဈေးဆိုင်များတွင် တင်ရောင်းနေကြသည်ဟု Dailay Mail သတင်းစာက ဖော်ပြခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

    ……………………………………………
    ဆီးရီယားကလေးငယ် ၂၃ သန်း ပိုလီယိုကာကွယ်ဆေးတိုက်ရန် WHO စီစဉ်နေ

    – ဆီးရီးယားနိုင်ငံတွင် ပိုလီယိုရောဂါဖြစ်ပွားမှု ၁၇ ခုအားတွေ့ရှိခဲ့ရပြီးနောက် အရှေ့အလယ်ပိုင်းရှိ ကလေးငယ် ၂၃ သန်းအတွက် ပိုလီယိုကာကွယ်ဆေးတိုက်ကြွေးမှုများကို လုပ်ဆောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် ယူနီဆက်ဖ်တို့က အစီစဉ်ချမှတ်ခဲ့သည်။ ထိုကဲ့သို့လုပ်ဆောင်မှုမှာ အရှေ့အလယ်ပိုင်းတစ်ခွင်တွင် အကြီးမားဆုံး ကာကွယ်ဆေးတိုက်ကျွေးမှု ဖြစ်လာမည်ဟု WHOနှင့် ယူနီဆက်ဖ်တို့၏ ယနေ့သတင်းထုတ်ပြန်မှုကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုကာကွယ်ဆေးတိုက်ကျွေးမှုကို အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်းရှိ အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသတို့နှင့် တူရကီနိုင်ငံတို့တွင် ပြုလုပ်သွားမည်။

  • HRW မှတ်တမ်းအရ ရိုဟင်ဂျာ ၇၀ ခန့် အသတ်ခံခဲ့ရသည့် မြောက်ဦးမြို့နယ် အကြမ်းဖက်မှုမှ ရခိုင်လူမျိုး ၃ ဦး ထောင်ဒဏ် ၁၀ နှစ်စီ စီရင်ခံရ

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    yanthei_naturalcolordamage

    ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ထိမ်းသိမ်းခံထားရတဲ့ ယိုင်သည်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ၈ ဦးထဲက ၅ ဦးကို စစ်တွေခရိုင်တရားရုံးက ဒီကနေ့ လွှတ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြပါရှိပါတယ်။

    အမှုကို ရှေ့နေလိုက်ဆောင်ရွက်ပေးတဲ့ တရား လွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ယိုင်သည်ရွာ အခင်းဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ၅ ဦးကို အပြစ်မရှိဘူးလို့ တရားသေလွှတ်တဲ့အမှုကို ချမှတ်ခဲ့ပါတယ်၊ မောင်သိန်းနဲ့ မောင်ကျော်လှိုင် တို့ကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ အရ အလုပ်နဲ့ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ပါတယ်၊ နောက် မီးရှို့မှုနဲ့ စွပ်စွဲထားတဲ့ အမှုမှာတော့ ဦးစောဖြူကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်” လိုပြောကြားကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

    မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ယိုင်သည်၊ လေးမြို့စား၊ သံရှင်ပြင်စတဲ့ ကျေးရွာတွေက ဒေသခံ ၈ ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

    လူအခွင့်အရေး စောင့်ကြည့်လေ့လာေ၇း အဖွဲ့ HRW က ထုတ်ပြန်တဲ့ မှတ်တမ်းမှာတော့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ရွာမှ အနည်းဆုံး ရိုဟင်ဂျာ ၇၀ ဦး တရက်ထဲမှာ အသတ်ခံခဲ့ရကြောင်း ၄င်းအသတ်ခံရသူများထဲတွင် ကလေးငယ် ၂၈ ဦးပါဝင်ပြီး ၅ နှစ်အောက်ကလေး ၁၃ဦး ပါဝင်ကြောင်း ဖော်ပြပါရှိပါတယ်။

    ဓါတ်ပုံအညွှန်း =>Human Rights Watch မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြောက်ဦးမြို့နယ် ယိုင်သည် ကျေးရွာအား အကြမ်းဖက်မီးရှို့ခံထားရပြီးနောက် ဂြိုလ်တုမှ မှတ်တမ်းတင်ထားသည့် ကောင်းကင်ဓါတ်ပုံ

    ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ရက်နေ့က ထုတ်ပြန်ခဲ့သည့် HRW Report ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/12850

  • ဒီဇင်ဘာ ၉၊ အားကစားသတင်းများ

    ဒီဇင်ဘာ ၉၊ အားကစားသတင်းများ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

     

     

    article-2520380-19F6F38700000578-197_634x425

    ဘရာဇီး ပြည်တွင်းပွဲစဉ်တွင် ရုန်းရင်းဆန်ခတ်ဖြစ် ၂၀၁၄ ကမ္ဘာဖလား အိမ်ရှင် ပုံရိပ်ထိခိုက်

    – ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပြီး နှစ်ရက်အကြာတွင် ဘရာဇီးပြည်တွင်းလိဂ်ပွဲစဉ်တစ်ခု၌ ရုန်းရင်းဆန်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ပရိတ်သတ်တစ်ဦးမှာ ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့သောကြောင့်ကွင်းအတွင်းသို့ ရဟတ်ယာဉ်ဆင်းသက်၍ ဆေးရုံသို့ပို့ဆောင်ရသည်အထိ ဖြစ်ခဲ့သည်။ အက်သလက်တီကို ပီအာရ်အသင်းနှင့် ဗာစကိုဒဂါးမားတို့ကစားခဲ့သည့် ပွဲတွင် နှစ်ဘက်အသင်း ပရိတ်သတ်များ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များက ရာဘာကျည်ဆံများဖြင့်ပစ်ကာ လူစုခွဲခဲ့ရသည်။ ပွဲကိုမှု ၁ နာရီနှင့် ၁၀ မိနစ်အထိ ရပ်နားခဲ့ပြီးနောက် ပြန်လည်ကစားခဲ့သည်။ ထိုကဲ့သို့ဖြစ်ပွားခြင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲလုံခြုံရေးအတွက် ဝေဖန်မှုတစ်ချို့အား ရင်ဆိုင်နေရသည့် ဘရာဇီးနိုင်ငံအတွက် အရှက်ရစရာဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့သည်။

    …………………………..

    ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်ပြီးဟု ရိုးမားနည်းပြပြော

    – တနင်္ဂနွေနေ့က ကစားခဲ့သည့်ပွဲတွင် ဖီအိုရင်တီးနားအသင်းအား အနိုင်ရခဲ့ပြီးနောက် အသင်းအနေဖြင့် စီးရီးအေချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်သူဖြစ်လာပြီဟု ရိုးမားအသင်းနည်းပြဖြစ်သူ ဂါစီယာက ပြောကြားခဲ့သည်။ ထိုပွဲတွင် ယခုနှစ်ရာသီ ရှုံးပွဲမရှိသေးသည့် ရိုးမားအသင်းမှာ မိုင်ကွန်နှင့် အက်စထရိုတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး လေးပွဲဆက်တိုက်သရေကျမှုကို အဆုံးသတ်နိုင်ခဲ့သည်။
    …………………………..
    အဝေးကွင်းရလဒ်မကောင်းသော်လည်း တိုက်စစ်အသားပေးဆက်ကစားမည်ဟု မန်စီတီးနည်းပြပြော

    – အဝေးကွင်းတွင် အမှတ်များဆုံးရှုံးနေသော်လည်း တိုက်စစ်အသားပေး ကစားပုံအား ဆက်လက်ကစားသွားမည်ဟု မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ စနေနေ့က ကစားခဲ့သည့် ဆောက်သက်တမ်နှင့်ပွဲတွင် မန်စီးတီးအသင်းမှာ ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ထိုးဂိုးအား မထိန်းနိုင်ခဲ့ဘဲ တစ်ဂိုးပြန်ပေးခဲ့ရပြီး တစ်မှတ်သာရရှိခဲ့သည်။
    ………………………………
    ဘေးလ်က ရီးယဲလ်ဖလားများရရန် အထောက်ကူ ဖြစ်စေမည်ဟု ရော်နယ်ဒိုပြော

    – အသင်းသို့ တိုက်စစ်မှူး ဂါရက်ဘေးလ်ရောက်ရှိလာခြင်းမှာ အသင်းအား ဖလားများရရှိအောင် အထောက်အကူဖြစ်စေသည်ဟု ရီးယဲလ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီယဲလ်သို့ရောက်ရှိလာသည့် ဂါရက်ဘေးမှာ အသင်းနှင့် ပါဝင်ကစားခဲ့ရသည့် ၁၃ ပွဲတွင် ၉ ဂိုးသွင်းယူပေးထားသည်။
    ……………………………….
    လီဗာပူးတိုက်စ်မှူး ဆွာရက်ဇ် သွင်းဂိုး ၁၄ ဂိုးဖြင့် ဥရောပဂိုးအများဆုံး တတိယနေရာသို့ရောက်လာ

    – စနေနေ့ကကစားခဲ့သည့် ၀က်စ်ဟမ်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်မှာ ယခုနှစ်အတွင်း သွင်းဂိုး ၁၄ ဂိုးအထိရှိလာပြီဖြစ်ပြီး ဥရောပ ဂိုးသွင်းအများဆုံး စာရင်းတွင် တတိယနေရာသို့ရောက်ရှိလာခဲ့ကာ ထိပ်ဆုံးမှ ရော်နယ်ဒိုနှင့် ၃ ဂိုးသာကွာတော့သည်။ ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ အဆင့် ၅ နေရာတွင် ရှိနေသည်။
    …………………………………
     ဇက်ခ်ျ ဂျွန်ဆန်က တိုက်ဂါးဝုဒ်အား play-off တွင် အနိုင်ယူ

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ်တောက်ဘက် Sherwood Country ဂေါက်ကလပ်တွင်ကျင်းပပြုလုပ်ခဲ့သည့် World Challenge ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဇက်ခ်ျ ဂျွန်ဆန်က တိုက်ဂါးဝုဒ်အား play-off တွင် အနိုင်ယူကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    …………………………………
    နေပြည်တော် ဆီးဂိမ်း ကြက်တောင်ရိုက်ပြိုင်ပွဲ ကစားကွင်းအတွင်း အဲယားကွန်း ပိတ်ထားမှု မလေးအသင်းနည်းပြ မစိုးရိမ်

    – ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများအတွင်း နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ လေအေးပေးစက်များကို ပိတ်ထားမည်ဖြစ်သောကြောင့် မိမိ၏ ကစားသမားများအား အကျိုးသက်ရောက်မှုကို စိုးရိမ်မည်မဟုတ်ဟု မလေးရှား ကြက်တောင်ရိုက် (တစ်ဦးချင်း) အသင်း၏ နည်းပြဖြစ်သူ ရရှစ်ဒ် စီဒက်က ပြောကြားခဲ့သည်။

    မလေးရှား ကြက်တောင်ရိုက် ကစားသမားများမှာ ယမန်နေ့က ၀ဏ္ဍသိဒ္ဓိအားကစားကွင်းတွင် ပထမဦးဆုံးအကြိမ် လေ့ကျင့်ကစားခဲ့ကြပြီး ရုံအတွင်းအပူချိန်နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှမပေးခဲ့ပေ။

    သြဂုတ်လအတွင်းက တရုတ်နိုင်ငံ ဂွမ်ဇူတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့ နံပါတ် ၁ မလေးရှားနာမည်ကြီး တင်းနစ်သမား လီချုံဝေမှာ ကစားကွင်းအတွင်း အပူချိန်မြင့်မားခြင်းကြောင့် ဆက်လက်မကစားနိုင်ဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    Ref: NST

  • နွယ်အေးဗလီ သာရေးနာရေးအဖွဲ့၏ လူမျိုးဘာသာမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေး၊ ဆေးဝါးနှင့် အဟာရထောက်ပံ့မှု

    နွယ်အေးဗလီ သာရေးနာရေးအဖွဲ့၏ လူမျိုးဘာသာမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေး၊ ဆေးဝါးနှင့် အဟာရထောက်ပံ့မှု

    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay

    DSC01789

    ရန်ကုန်  ။     ။      ငြိမ်းချမ်းရေးဖော်ဆောင်သည့်အထိမ်းအမှတ်အဖြစ် လူမျိုးဘာသာပေါင်းမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေးပြီး ဆေးဝါးနှင့် အဟာရထောက်ပံ့မှုတစ်ရပ်ကို ရန်ကုန်မြို့ သာကေတမြို့နယ် နွယ်အေးရပ်ကွက် ဗလီဝတ်ကျောင်းတော်၌ ဒီဇင်ဘာ ၈-ရက်နေ့ နံနက် ၈-နာရီတွင် ပြုလုပ်ပေးခဲ့သည်။

    ဗလီမှ တာဝန်ရှိသူတစ်ဦးမှ “ကျွန်တော်တို့ဒီမှာ နေ့စဉ်ဆေးခန်းတော့ဖွင့်ပါတယ်။ ကျွန်တော်တို့က တစ်နှစ်ကို တစ်ခါ မျက်မှန်လှူတာတို့ပြုလုပ်ပါတယ်။ ဒီနှစ်ကတော့ သက်ကြီးရွယ်အိုများအတွက် အာဟာရဖြစ်စေတဲ့ အစားအစာများ လှူမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဆိုပါ ဆေးကုသမှုခံယူပွဲတွင် သက်ကြီးရွယ်အို လူမျိုး ဘာသာမခြား လာရောက်ကုသနိုင်ပြီး၊ တစ်နှစ်ကို တစ်ခါ လူနာများအား လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရ ဓာတ်စာများကို လှူဒါန်းခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူမှုတွင် ဗုဒ္ဓဘာသာဝင် ၅၀-ခန့်လောက်လာရောက်ကုသကြောင်းသိရှိရပါတယ်။

    ဆေးကုသမှု လာရောက်ခံယူသူတစ်ဦးမှလည်း ယခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ဦးပါ၊ ကျွန်တော်ခံစားနေရာတာက ရင်ကျပ်ရောဂါပါ ကျွန်တော့်အတွက် ပိုက်ဆံကလည်းအခက်အခဲရှိတော့ အပြင်မှာမပြနိုင်ဘူးလေ၊ အဲဒါကြောင့် ဒီမှာလာပြီးပြရတာပါ။ အခုလို ဘာသာမရွေးဆေးကုသပေးတဲ့ အတွက်လည်း များစွာစိတ်ကျေနပ်မှုရှိပါတယ်။ ကျွန်တော်တို့ကို ဆေးကုသပေးသည့် ဆရာဝန်များနှင့် ကျွန်တော်တို့ဆေးကုသနိုင်အောင် စီစဉ်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ပြောခဲ့ပါတယ်။