News @ M-Media

Blog

  • နွယ်အေးဗလီ သာရေးနာရေးအဖွဲ့၏ လူမျိုးဘာသာမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေး၊ ဆေးဝါးနှင့် အဟာရထောက်ပံ့မှု

    နွယ်အေးဗလီ သာရေးနာရေးအဖွဲ့၏ လူမျိုးဘာသာမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေး၊ ဆေးဝါးနှင့် အဟာရထောက်ပံ့မှု

    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay

    DSC01789

    ရန်ကုန်  ။     ။      ငြိမ်းချမ်းရေးဖော်ဆောင်သည့်အထိမ်းအမှတ်အဖြစ် လူမျိုးဘာသာပေါင်းမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေးပြီး ဆေးဝါးနှင့် အဟာရထောက်ပံ့မှုတစ်ရပ်ကို ရန်ကုန်မြို့ သာကေတမြို့နယ် နွယ်အေးရပ်ကွက် ဗလီဝတ်ကျောင်းတော်၌ ဒီဇင်ဘာ ၈-ရက်နေ့ နံနက် ၈-နာရီတွင် ပြုလုပ်ပေးခဲ့သည်။

    ဗလီမှ တာဝန်ရှိသူတစ်ဦးမှ “ကျွန်တော်တို့ဒီမှာ နေ့စဉ်ဆေးခန်းတော့ဖွင့်ပါတယ်။ ကျွန်တော်တို့က တစ်နှစ်ကို တစ်ခါ မျက်မှန်လှူတာတို့ပြုလုပ်ပါတယ်။ ဒီနှစ်ကတော့ သက်ကြီးရွယ်အိုများအတွက် အာဟာရဖြစ်စေတဲ့ အစားအစာများ လှူမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဆိုပါ ဆေးကုသမှုခံယူပွဲတွင် သက်ကြီးရွယ်အို လူမျိုး ဘာသာမခြား လာရောက်ကုသနိုင်ပြီး၊ တစ်နှစ်ကို တစ်ခါ လူနာများအား လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရ ဓာတ်စာများကို လှူဒါန်းခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူမှုတွင် ဗုဒ္ဓဘာသာဝင် ၅၀-ခန့်လောက်လာရောက်ကုသကြောင်းသိရှိရပါတယ်။

    ဆေးကုသမှု လာရောက်ခံယူသူတစ်ဦးမှလည်း ယခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ဦးပါ၊ ကျွန်တော်ခံစားနေရာတာက ရင်ကျပ်ရောဂါပါ ကျွန်တော့်အတွက် ပိုက်ဆံကလည်းအခက်အခဲရှိတော့ အပြင်မှာမပြနိုင်ဘူးလေ၊ အဲဒါကြောင့် ဒီမှာလာပြီးပြရတာပါ။ အခုလို ဘာသာမရွေးဆေးကုသပေးတဲ့ အတွက်လည်း များစွာစိတ်ကျေနပ်မှုရှိပါတယ်။ ကျွန်တော်တို့ကို ဆေးကုသပေးသည့် ဆရာဝန်များနှင့် ကျွန်တော်တို့ဆေးကုသနိုင်အောင် စီစဉ်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ပြောခဲ့ပါတယ်။

  • တို့မြန်မာပြည် ငြိမ်းချမ်းဖို့ မတူလက်များတွဲကြစို့ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုပွဲ

    တို့မြန်မာပြည် ငြိမ်းချမ်းဖို့ မတူလက်များတွဲကြစို့ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုပွဲ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay

    DSC01931gg

    ရန်ကုန် ။ ။ တို့မြန်မာပြည်ငြိမ်းချမ်းဖို့ မတူလက်များတွဲကြစုံ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုပွဲကို ရန်ကုန်မြို့ အလုံမြို့နယ်၊ အလုံမြို့နယ်ခမ်းမတွင် ဒီဇင်ဘာ ၈-ရက် ညနေ ၅ နာရီမှစ၍ ပြုလုပ်ခဲ့သည်။

    အဆိုပါ ဖျော်ဖြေမှုတွင် နိုင်ငံကျော် အဆိုတောများဖြစ်ကြသည့်၊ မီးမီခဲ၊ စောဖိုးခွား၊ လင်းနစ်၊ ခိုင်မြဲသာ၊ အိမ်မက်ဆုံရာမှ ဂျူးဂျူးစံ၊ စကစ်၊နှင့် အခြားအဆိုကျော်များလည်း တက်ရောက်ဖျော်ဖြေခဲ့ကြောင်းနှင့် ငြိမ်းချမ်းရေးကဗျာများလည်း ရွတ်ဆိုခဲ့သည်။

  • စင်ကာပူ အဓိကရုဏ်း စုံစမ်းရေးကော်မတီကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း တိုက်ရိုက်ညွှန်ကြား

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    Lee Hsien Loong - I have ordered a Committee of Inquiry (COI) to... - 2013-12-09_18.17.01
    Little India အဓိကရုဏ်းကိစ္စနှင့်ပတ်သတ်ပြီး စင်ကာပူဝန်ကြီးချုပ်မှ စုံစမ်းစစ်ဆေးရေးကော်မတီ (Committee of Inquiry – COI) ကို တိုက်ရိုက် ညွှန်ကြားချက်များ ပေးနေကြောင်း ၀န်ကြီးချုပ် လီရှန်လွန်း၏ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာမှ သိရသည်။

    လီရှန်လွန်းက COI အနေဖြင့် ယမန်နေ့ညက ဖြစ်ပျက်ခဲ့သော စင်ကာပူအဓိကရုဏ်း ဖြစ်ပွားပုံ၊ အဓိကရုဏ်းအား ကိုင်တွယ်ပုံ၊ နိုင်ငံခြားသား အလုပ်သမားများ စုဝေးသည့် နေရာများကို စီမံခန့်ခွဲပုံများအား အသေးစိတ် သုံးသပ်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

    လီရှန်လွန်းက အဓိကရုဏ်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရာ၌ ဤသည် အထည်းတီးတည်နေမည့် အဓိကရုဏ်းသာဖြစ်ကြောင်း၊ စင်ကာပူရှိ နိုင်ငံခြားသားအလုပ်သမားအများစုမှာ ဥပဒေကို လေးစား လိုက်နာသူများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဤသည့်အဓိကရုဏ်းကြောင့် အများအမြင်တွင် စင်ကာပူက နိုင်ငံခြားသားအလုပ်သမားများအပေါ် ခက်ထန်သည့်အမြင်ရှိသည်ဟု အထင်အမြင်မရောက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းတွင် အမုန်းတရားကြီးထွားစေမည့် လူမျိုးခြား မုန်းတီးမှုကို နှိုးဆွသော မှတ်ချက်များကို ရှောင်ရှား ရမည်ဖြစ်ကြောင်း၊ နိစ္စဓူဝ လုပ်ငန်းစဉ်များကို တည်ငြိမ်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ အာဏာပိုင်များအား အကူအညီပေးစေလိုကြောင်း၊ ကံမကောင်းအကြောင်း မလှစွာဖြစ်ပျက်ခဲ့သည့် အဓိကရုဏ်းကို အားလုံးစုစည်း ညီညွတ်စွာ ကိုင်တွင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ သို့အားဖြင့် စင်ကာပူကို ဥပဒေစိုးမိုးပြီး လုံခြုံသည့်နိုင်ငံအဖြစ် ဆက်လက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

    Ref: Lee Hsien Loong FB

  • မြောက်ကိုရီးယား အာဏာရှင်မှ ဦးလေးဖြစ်သူအား လာဘ်စားမှုအပါအဝင် အခြားပြစ်မှုများကြောင့် ရာထူးမှ ဖယ်ရှားကြောင်း တရားဝင်ကြေညာ

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    south_korea_koreas_kim_s_uncle1
    – နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအွန်၏ ဦးးလေးဖြစ်သူ ဂျန်ဆွန်ထက်အား သီးခြားအာဏာတည်ထောင်မှု၊ ခြစားမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲပြီး မိန်းမလိုက်စားမှုများကြောင့် အမျိုးသားကာကွယ်ရေး ကော်မရှင် ဒုတိယဥက္ကဌရာထူးမှ ထုတ်ပယ်လိုက်သည်ဟု မြောက်ကိုရီးယားနိုင်ငံမှ ယနေ့တွင် အတည်ပြုကြေညာခဲ့သည်။

    ဂျန်ဆွန်ထက်မှာ  ၂၀၁၁ခုနှစ်က ကင်ဂျုံအွန်အာဏာရပြီးနောက်ပိုင်း ကင်ဂျုံအွန်အနီးတွင်သာ တွေ့ရလေ့ရှိပြီး ကင်ဂျုံအွန်အား ကြိုးကိုင်နေသူအဖြစ် အချို့က ရှုမြင်ကြသည်။

    ဂျန်ဆွန်ထက် အား ရာထူးမှ ဖယ်ရှားလိုက်ကြောင်းကို ဒီဇင်ဘာ ၃ ရက်နေ့ ကတည်းက တောင်ကိုရီးယား ထောက်လှမ်းရေးများမှ ကြေညာခဲ့ပြီး မြောက်ကိုရီယားက ယနေ့မှ အတည်ပြုခဲ့သည်။

    ပုံစာအညွှန်း- ရာထူးမှ ဖယ်ရှားခံရသည့် ဂျန်ဆွန်ထက်(အဝိုင်းဖြင့်ပြထားသူ)အား အာဏာရှင် ကင်ကျုံအွန်နှင့်အတူတွေ့ရစဉ်
    Ref:CNY

  • ထိုင်းပါလီမန်အား ဖျက်သိမ်း၊ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပကာ ပြည်သူလက်ထဲ အာဏာပြန်အပ်မည်ဟု ယင်းလပ်ပြော

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    201312951637445734_20
    မြို့တော်ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီးနောက် မိမိအနေဖြင့် ပါလီမန်အား ဖျက်သိမ်းကာ ရွေးကောက်ပွဲကို အမြန်ဆုံးပြုလုပ် ပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့တွင် ပြောကြားလိုက်သည်။

    “အဖွဲ့အများကြီးကလူတွေဟာ အစိုးရကို ဆန့်ကျင်ပြလာတဲ့ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံး နည်းလမ်းကတော့ အာဏာကို ထိုင်းပြည်သူတွေ လက်ထည့်ပြန်ပေးပြီး၊ ရွေးကောက်ပွဲကျင်းပပေးဖို့ပါပဲ။ ထိုင်းပြည်တွေ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ရုပ်သံမှ တိုင်းပြည်အား ပြောဆိုခဲ့သည့် မိန့်ခွန်းတွင် ယင်းလပ်က ထည့်သွင်းပြောကြားခဲ့သည်။

    ယင်းလပ်အနေဖြင့် ယနေ့တွင် ပါလီမန်ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ဆန္ဒပြမှုအား အဆုံးသတ်မည်မဟုတ်ဟု အတိုက်အခံခေါင်းဆောင်က ပြောကြားခဲ့သည်။

    “ဒီနေ့ ကျွန်တော်တို့ အစိုးရအိမ်တော်ကို ဆက်လက်ချီတက်မှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် မအောင်မြင်သေးပါဘူး။ ပါလီမန်ဖျက်သိမ်းတာဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး” ဟုဆိုပြီး၊ ၎င်းအနေဖြင့် ရွေးကောက်ပွဲပြုလုပ်မှုကို မလိုချင်ဘဲ ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးမှုကိုသာလိုချင်ကြောင်း Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။

    တစ်လကျော်ကြာကြာမြင့်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကာ ၂၀၁၀ နောက်ပိုင်း အကြီးဆုံး လူထုအုံကြွမှုကြီးလည်း ဖြစ်သည်။
    Ref: aljazeera

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media မှ ခွင့်ပြုချကမရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]