News @ M-Media

မိကျောင်းကန် သပိတ်စခန်း ဆက်လက် ဆန္ဒထုတ်ဖော်

ဒီဇင်ဘာ ၁၀-၂၀၁၃
M-Media
A.N.Lay

DSC01964aa
ရန်ကုန်    ။       ။     မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆-နာရီ အချိန်တွင် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မိကျောင်းကန်သပိတ်စခန်းမှာ ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဆန္ဒထုတ်ဖော်နေကြပါသည်။။

မိကျောင်းကန်သပိတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှလည်း ၎င်းတို့၏ ဆွေးနွေးချက်များကို မီဒီယာများသို့ ယခုလိုပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ မိကျောင်းကန် သပိတ်စခန်းဖွင့်တဲ့ ၁၄ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဦးတင်ဝင်းနဲ့ ရန်ကုန်တိုင်းလွတ်တော်ရုံးမှာ ဆွေးနွေးခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ မြေယာနဲ့ပက်သက်ပြီးတော့ ကုမ္ပဏီကို ရောင်းစားတာမျိုးမရှိဘူးပါဘူး။ နောက် လူတစ်ဦးတစ်ယောက် ကုမ္ပဏီ တစ်ခုရဲ့အကျိုးစီးပွားတွက် မလုပ်ဘူးဆိုတာကို ကတိပေးခဲ့ပါတယ်။ နောက်တစ်ချက်က ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဲ့ လုပ်ပိုင်ခွင့်ထဲမှာမရှိတဲ့အတွက် ပြည်ထောင်စုအစိုးရကပဲ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါကြောင်းနှင့် ဥပဒေဘောင် အတွင်းက ဆန္ဒပြမယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ဆန္ဒပြနိုင်ကြောင်း ပြောကြားခဲ့တယ်”ဟုသိရသည်။

မိကျောင်းကန် ဆန္ဒပြသူတစ်ဦးမှလည်း “ကျွန်မတို့ မြေယာတွေ မတရားသိမ်းခံထားရတဲ့အတွက် ပြန်လိုချင်တာပါ၊ ဆန္ဒပြတာလည်း ၉ ကြိမ်မြောက်ရှိသွားပြီ။ ကျွန်မတို့ မြေယာတွေကို ပြန်ရမယ်ဆိုရင် ကျွန်မတို့ အတိုင်းမသိ ဝမ်းသာမိမှာပါ။ ဒါပေမဲ့ မြေယာတွေ ပြန်မပေးမချင်းတော့ ကျွန်မတို့ဘက်က ဆက်လက်ပြီး ဆန္ဒပြသွားမှာဖြစ်ပါတယ်လို့” ၎င်း၏ ဆန္ဒကိုပြောကြားခဲ့ပါသည်။

မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာ ၉-ရက်နေ့ ညနေ ၆-နာရီအချိန်တွင် အပြီးသတ် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ည ၁၁-နာရီအချိန်ထိ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆရာတော် ဥုးပါမောက္ခ အပါအဝင် အများပြည်သူများမှာလည်း မိကျောင်းကန် သပိတ်စခန်း ပိတ်သိမ်းရမည်ကို မလိုလား၍ ညနက်သည့်အချိန်ထိ စောင့်ကြပ်ပေးခဲ့ကြောင်းသိရှိရသည်။

 

Comments

Leave a Reply