News @ M-Media

Blog

  • SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    ဒီဇင်ဘာ ၃-၂၀၁၃
    M-Media
    သီရိ

    DSC01646

    ရန်ကုန်   ။        ။        မြန်မာနိုင်ငံတွင် မကြာမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇-ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော် အထိမ်းအမှတ် အမှတ်တရ ဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ဒီဇင်ဘာလ ၃-ရက်နေ့မှ ဒီဇင်ဘာလ ၇-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။

    ထိုအခမ်းအနားကြီး၏ ဖွင့်ပွဲကို ယနေ့ဒီဇင်ဘာလ ၃-ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။  ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းမြင့် တို့မှ ပြပွဲကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ၎င်းနောက် ပြပွဲခန်းမအားလိုက်လံကြည့်ရူ လေ့လာခဲ့ကြသည်။

    ကုန်စည်ပြပွဲတွင် ငွေထည်ပစ္စည်းများ၊ ဖောင်းကြွပန်းချီကားများ၊ ပန်းချီ ပန်းပုလက်ရာများ၊ ယွန်းထည်များ၊ ရွှေချည်ထိုးများ၊ အနုပညာလက်မှုပစ္စည်းများ၊ ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာများ၊ ကြိမ်ထည်ပစ္စည်းများ၊ SEA GAME အမှတ်တရ အင်္ကျီများ၊ ဦးထုပ်များ၊ သော့ချိတ်များ၊ စာအုပ်များ၊ DVD ခွေများ၊ စတပ်ကာများ၊ အိတ်များ စသည်ဖြင့် ပြပွဲကြီးတွင် စုံလင်စွာခင်းလင်းပြသထားပါသည်။

    ၎င်းပြပွဲကြီးကို နံနက် ၉-နာရီမှ ည ၉-နာရီထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လာရောက်ကြည့်ရူလေ့လာ ၀ယ်ယူသူများနှင့် စည်းကားလျက်ရှိနေပါသည်။

     

  • မိတ္ထီလာ CAMP အတွင်းရှိ ချမ်းအေးသာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သှူ အကြမ်းဖက်ခံရသူများအား မြေနေရာပြန်ပေးမည်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media
    သုတ

    CE2E1B8D-3AAC-48AD-944A-D8BAA025C877_w640_r1_s

    မိတ္ထီလာ ။         ။            ၂၀၁၃-ခု မတ်လအတွင်း ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေသူများ အနက် ချမ်းအေးသာယာရပ်ကွက်မှ အကြမ်းဖက်ခံရသည့် သူများအား မြေနေရာများ ပြန်လည် ပေးမည်ဟု မိတ္ထီလာမြို့တွင် နိုဝင်ဘာ ၃၀-ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးမှဆုံးဖြတ်လိုက်ကြောင်း သိရသည်။

    ၂၀၁၃-ခု မတ်လအကြမ်းဖက်မှုကြောင့် မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း(၅)ခု ဖွင့်လှစ်ထားရှိခဲ့ရာ အဆိုပါ အကြမ်းဖက်ခံ ဒုက္ခသည်များအား မြေနေရာများ ပြန်လည်ချထားပေးရေးအတွက် မန္တလေးတိုင်းဒေသကြီး စီမံစီးပွားဝန်ကြီး ဦးအောင်ဇံအပါအ၀င်၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေစာရင်းဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ အကြမ်းဖက်ခံများ၏ ကိုယ်စားလှယ်များပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

    မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်သည် မွတ်စလင်မ်အများစုနေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ယခုအခါ ပြန်ပေးမည့် မြေနေရာမှာ ယခင်က ပေ ၅၀ – ပေ ၃၀ ပတ်လည် တစ်ကွက် ပိုင်ဆိုင်ခဲ့ကြသူများအား ပေ ၄၀ – ပေ ၃၀ မြေကွက်များ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ မြေတစ်ကွက်အတွင်း အိမ်ထောင်စု ၂-စု ၃-စု နေထိုင်ခဲ့ကြသူများအတွက်ကိုမူ အမည်နာမည်ပေါက်ရှိသူများအား မြေကွက် ပြန်လည်ပေးမည်ဖြစ်ပြီး အမည်နာမည်ပေါက်မရှိသူများအား တိုက်ခန်းများ ဆောက်လုပ်ပြီး မြေညီထပ်၌ ထားရှိမည်ဖြစ်ပြီးကြောင်း၊ အဆိုပါ တိုက်ခန်းများတွင် ချမ်းအေးသာယာရပ်ကွက်မှ မဟုတ်သူများနှင့် ချမ်းအေးသာယာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်ခဲ့သူများကိုလည်း တိုက်ခန်း အပေါ်လွှာများတွင် ထားရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

    အဆိုပါ ဆွေးနွေးမှုများအား ကိုယ်စားလှယ်များမှ ရေအရင်းအမြစ်နှင့် ပို့ဆက်ဝင်း CAMP အတွင်းရှိ ချမ်းအေးသာယာရပ်ကွက်မှ အကြမ်းဖက်ခံများနှင့် ပြန်လည်ဆွေးနွေးရာ အကြမ်းဖက်ခံများမှလည်း လက်ခံသဘောတူကြောင်း၊ ချမ်းအေးသာယာရပ်ကွက်မှ မဟုတ်သူများနှင့်မူ တာဝန်ရှိသူများမှ ဆွေးနွေးခြင်း မရှိသေးဟု သိရသည်။

    ၎င်းကိစ္စနှင့်ပတ်သက်၍ ရေအရင်းအမြစ်နှင့် ပို့ဆက်ရှိ CAMP များသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ပို့ဆက်မှာက ချမ်းအေးသာယာက အိမ်ထောင်စု ၂၃၀-ကျော်ရှိပါတယ်။ အမည်ပေါက်မဟုတ်သူတွေလည်းရှိနေတော့ အိမ်ထောင်စု စုစုပေါင်းက ၃၁၉-စု ရှိနေပါတယ်။ ရေအရင်းအမြစ်မှာက ၁၈၅-စု ရှိနေပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးကြတော့ မူလ မြေကွက်က ပေ ၅၀၊ ပေ ၃၀ ပတ်လည်ပါ။ ဒါပေမယ့် အခုက ပေ ၄၀ x ၃၀ ပတ်လည်ပဲ ပြန်ပေးမယ်ဆိုတော့ အစက လက်မခံချင်ဘူး။ ဒါပေမယ့် သူတို့ကပြောတယ်။ ရပ်ကွက်အင်္ဂါနဲ့ညီအောင် မီးသတ်ရေကန်တွေလုပ်မယ်၊ ဘောလုံးကွင်းတွေလုပ်မယ် စနစ်တကျလုပ်မယ်ဆိုတော့ ပေ ၄၀ x ၃၀ ပတ်လည် ပြန်ပေးမှာကို ကျွန်တော်တို့ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် အစည်းအဝေးက ပြန်လာပြီးတော့ CAMP အတွင်းက အကြမ်းဖက်ခံတွေနဲ့ ကျွန်တော်တို့တွေ ပြန်ဆွေးနွေးလိုက်တော့ အကြမ်းဖက်ခံတွေကလည်း သဘောတူလိုက်ပါတယ်။ မဟုတ်ရင် CAMP ထဲမှာ နေရတာ ကြာလာတော့ လူမှုရေးပြဿနာတွေလည်း ရှိလာနေတယ်။ ဒါတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့က ကိုယ့်အိမ်ယာတွေကို ပြန်ရောက်နိုင်မှဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ ပေ ၄၀ x ၃၀ ဆိုတာကို လက်ခံ သဘောတူလိုက်ပါတယ်။  ချမ်းအေးသာယာမှာက အများစုက မွတ်စ်လင်မ်တွေ နေကြတာပါ။ အခု မြေယာပြန်ပေးပြီး ဆောက်လုပ်မှာတို့ကို အစိုးရက ပြန်လည် လုပ်ဆောင်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကူညီနေတဲ့ သူတွေက ပြန်လည်ထူထောင်ရေး လုပ်ပေးကြမှာပါ။”လို့ ဒုက္ခသည်စခန်းအတွင်းရှိ အကြမ်းဖက်ခံတချို့မှ M-Media ကို ပြောပါသည်။

    ဓါတ်ပုံ-အညွှန်း မတ်လအတွင်းကဖြစ်ပွားခဲ့သော မိထ္ထီလာမြို့မှ အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ်အများစုနေထိုင်ရာ မီးလောင်ပြင် ရပ်ကွက်

  • အင်ဂျလီနာဂျိုလီက ဘရက်ပစ် နှစ် ၅၀ ပြည့်မွေးနေ့မှာ ဒေါ်လာသန်း(၂၀)တန် အသဲပုံကျွန်း လက်ဆောင်ဝယ်ပေးမည်။

    ဒီဇင်ဘာ-၃ ၂၀၁၃
    M-Media

    အင်ဂျလီနာဂျိုလီက ဘရက်ပစ်၏ နှစ်(၅၀)ပြည့်မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးမည့်စင်ကာပူဒေါ်လာ(၂၅) သန်းတန် အသဲပုံကျွန်းငယ်လေး

    rumor-has-it-angelina-jolie-bought-brad-pitt-a-heart-shaped-island-for-122-million

    သာမန်လူများကတော့ အသဲပုံရင်ထိုးဝယ်ယူပြီး ချစ်သူများကို ပေးကြပါသည်။ သို့ရာတွင် အေ အဆင့်အတန်းဝင် အင်ဂျလီနာဂျိုလီက ပေါင်(၁၂.၂)သန်း(စင်ကာပူဒေါ်လာ 24.8-သန်း)တန်ဖိုးရှိသော အသဲပုံကျွန်းငယ်လေးကို သူမ၏ လက်တွဲဖော်ဘရက်ပစ်ကို ၀ယ်ပေးမည်ဖြစ်ကြောင်း မေယာသတင်းစာက ဖော်ပြခဲ့ပါသည်။

    အသက်(၃၈)နှစ်ရှိပြီဖြစ်သောဟောလီးဝုဒ်မင်းသမီးသည် သူမကိုယ်တိုင်နယူးယောက်မြို့တော်၏ မြောက်ဖက်(၈၀) ကီလိုမီတာဝေးသော အရပ်တွင်ရှိသည့် ဖီထရာကျွန်းကို သွားရောက်ခဲ့ပြီးနောက် သူမ၏ လက်တွဲဖော်ဖြစ်သော မင်းသား ဘရက်ပစ်၏ နှစ်(၅၀)ပြည့်မွေးနေ့ အတွက် လက်ဆောင်အဖြစ် အသင့် တော်ဆုံးဟု ပြောကြားခဲ့ပါသည်။ ဒီဇင်ဘာလ(၁၈) ရက်နေ့သည် ဘရက်ပစ်၏ မွေးနေ့ဖြစ်ပါသည်။

    သူမသည် ထိုကျွန်းငယ်လေးကို တွေ့ရှိသည်နှင့် ကျွန်းပေါ်တွင် ဆောက်လုပ်ထားသော အိမ်နှစ်လုံးသည် ဘရက်ပစ်၏ အနှစ်သက်ဆုံး ဗိသုကာ ဆရာဖရန့်လွိုက်က ဒီဇိုင်းပြုလုပ်ပြီး ဆောက်လုပ် ထားကြောင်း သိရှိရသည်နှင့် စိတ်လှုပ်ရှားမှုဖြစ်ခဲ့ရကြောင်း သိရပါသည်။ မိုင်ယာ သတင်းစာကို သတင်း ပေးသူ၏ အဆိုအရ ထိုကျွန်းငယ်ကို ရောင်းမည်ဟု ကြားသိသည်နှင့် မင်းသမီးသည် ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီး အမှန်ပင်သဘောကျခဲ့ပါသည်။

    အိမ်ကတော့ တကယ်ပဲရိုမန်တစ်ကျတဲ့ ထွက်ပေါက်လေးတစ်ခု၊ ဒါမှမဟုတ်မိသားစုတစ်စုအတွက် လွတ်လပ်တိတ်ဆိတ်တဲ့ ထွက်ပေါက်လေးတစ်ခုဟု ပြောကြားပြီး ကျွန်းငယ်လေးက အသဲပုံလေးဖြစ်နေတဲ့ အချက်ကလည်း သူ့အတွက် အများကြီးအဓိပ္ပါယ်ရှိနေပါမည်ဟု ဆိုပါသည်။

    (၄.၅)ဟက်တာရှိသည့်သီးသန့်ဖြစ်နေသော ကျွန်းငယ်လေးပေါ်တွင် ဟယ်လီကော်ပတာကွင်းငယ် တစ်ခုရှိပြီး ယင်းကျွန်းသည် နယူးယောက်မြို့တော်၏ ကိုယ်ပိုင်ရေကန်ဖြစ်သောမိုနိုပက်ရေကန်အတွင်း တည်ရှိနေပါသည်။

    ကျွန်းပေါ်ရှိ ကော့တိတ်ခ်ျနှစ်လုံးသည် ဗိသုကာဆရာရိုက်မကွယ်လွန်မီ (၉)နှစ်အရင် ၁၉၅၆-ခုနှစ် တွင် စတင် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းပင်မ အိမ်ကြီးကို ရိုက်၏ အကောင်းဆုံးဒီဇိုင်းတစ်ခုဖြင့် ၂၀၀၈-ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပါသည်။ ထိုအိမ်တွင် ကျောက်တုံးများ၊ ဘိလပ်မြေ၊ မဟော်ဂနီတို့ဖြင့် ကျယ်ပြန့်စွာဖွဲ့စည်းတည်ဆောက်ထားပြီး၊ အလင်းရောင်ကောင်းစွာရရှိရန် စီစဉ်ထားကာ ဘရက်ပစ်နှင့် ဂျိုလီတို့အပြင် ကလေး(၆)ယောက်တို့အတွက်ပါ ပြည့်စုံသောကွန်းခိုရာနေရာလေးဖြစ်ပါသည်။ ကလေး (၆)ယောက်တို့မှာ မက်ဒေါ့စ်(၁၂)နှစ်၊ ပက်စ်(၉)နှစ်၊ ဇာဟာရ(၈)နှစ်၊ စီလို(၅)နှစ်၊ (၅)နှစ်စီရှိကြပြီးဖြစ်သည့် ဗီဗီယန်နှင့် နော့စ်တို့ဖြစ်ကြ ပါသည်။

    ၂၀၀၁-ခုနှစ်က ဂျိုလီသည် ပစ်ကို သူ၏ (၄၈)နှစ်မြောက်မွေးနေ့လက်ဆောင်အဖြစ် ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ ရေတံခွန်တစ်ခုကို ၀ယ်ပေးခဲ့ရာ ထိုရေတံခွန်ပေါ်တွင် အိမ်တစ်လုံးဆောက်နိုင်ပါမည်။ ဤသို့ဝယ်ပေးရခြင်းကလည်း ဘရက်ပစ်သည် ဗိသုကာပညာကို နှစ်သက်သူတစ်ဦးဖြစ်ပြီး၊ ဗိသုကာရိုက်က ရေတံခွန်တစ်ခုပေါ်တွင် ဆောက်လုပ်ထားသောFailing Waterဟု အမည်ပေးထားသောအိမ်ကို နှစ်ခြိုက် နေကြောင်းသိရှိရသောကြောင့်ဖြစ်ပါသည်။

    မိုင်ယာသတင်းစာကို သတင်းပေးသူ၏ အဆိုအရ ယခုရရှိသောကျွန်းငယ်ပေါ်မှ အိမ်ကို မိမိ သဘောကျသည့်ဗိသုကာဆရာက ဆောက်လုပ်ထားသဖြင့် ဤလက်ဆောင်က သူ့အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ဖြစ်နိုင်ပါသည်။

    Ref:အေဂျင်စီသတင်း

  • ဖွဲစည်းပုံဥပဒေ ပြင်ဆင်နိုင်ရေး သြဇီ ဝန်ကြီးချူပ်နှင့် ပြည်သူများ ကူညီရန် ဒေါ်အောင်ဆန်းစုကြည် သြဇီ ခရီးစဉ် အတွင်းပြောကြားခဲ့

    ဖွဲစည်းပုံဥပဒေ ပြင်ဆင်နိုင်ရေး သြဇီ ဝန်ကြီးချူပ်နှင့် ပြည်သူများ ကူညီရန် ဒေါ်အောင်ဆန်းစုကြည် သြဇီ ခရီးစဉ် အတွင်းပြောကြားခဲ့

    ဒီဇင်ဘာ ၃ ၊ ၂၀၁၃
    M-Media

    Aung+San+Suu+Kyi+Visits+Australia+Day+2+dzknWK0KIn8l
    Source: Pool/Getty Images AsiaPac

    အတိုက်အခံခေါင်းဆောင်က မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆန္ဒ ရှိနေပါသည်။ သြစတေးလျနိုင်ငံ၊ ကင်ဘာရာမြို့သို့ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့သော  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၀န်ကြီးချုပ် တိုနီအက်ဘော့တ်နှင့် နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ပါသည်။ သူမ၏ အလည်အပတ် ခရီးစဉ်အတွင်း သူမကို သမ္မတဖြစ်နိုင်ရေး အတွက် အဟန့်အတားဖြစ်နေသည့် လက်ရှိ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး တွင် အစိုးရနှင့် ပြည်သူများကို ကူညီကြရန် ပန်ကြားခဲ့သည်။

    မစ္စတာအက်ဘော့တ်နှင့်တွေ့ဆုံဆွေးနွေးအပြီးတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် နိုင်ဘယ်လ်ဆုရှင် သူမအနေဖြင့် မျှတသော ရွေးကောက်ပွဲများဖြစ်လာရန် ကြိုးစား တိုက်ပွဲဝင်နေကြောင်း ပြောကြားခဲ့ပါသည်။ “ကျွန်မတို့ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ စတင် ထွက်နေကြခြင်းသာဖြစ်ပြီး ဒီမိုကရေစီကို မရရှိသေးပါ၊ လူအများကတော့ တစ်မျိုး စဉ်းစားနေနိုင်ပါတယ်။ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်မှုမလုပ်သရွေ့ မှန်ကန်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဘယ်တော့မှဖြစ်မလာပါဘူး”ဟု ဆက်လက် ပြောကြားခဲ့ပါသည်။

    “သာမန်သြစတေးလျ ပြည်သူများက အချက်ကို ဤသတိထား မိစေလိုပါတယ်၊ ဒီမိုကရေစီစနစ်အတွင်းမှ ဖြစ်နေ၍ မိမိရဲ့ အစိုးရကိုလည်း သတိထားမိစေရန်နှင့် ကျွန်မတို့ကို ကူညီ ပေးကြရန် ပြောဆိုပေးကြပါ။”

    မြန်မာနိုင်ငံကို ၂၀၁၁-ခုနှစ်အထိ အုပ်ချုပ်ခဲ့သောစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီကို နိုင်ငံရေးဖြစ်စဉ်များမှ ဖယ်ထုတ်ထား လိုခဲ့ကြပါသည်။ ပြီးခဲ့သောနှစ်က ရွေးကောက်ပွဲ တွင် သူမ၏ ပါတီမှ လူအများရွေးချယ် ခံခြဲ့ကရပါသည်၊ စစ်တပ်က ကြီးမှူးရေးဆွဲခဲ့ပြီး (နှုတ်တိုက် ပြောကြားပြီး) အခြေခံဥပဒေက သူမကို သမ္မတရာထူး မရရှိအောင်ပြုလုပ်ထားပါသည်။ အသက်(၆၈)နှစ် ရှိပြီဖြစ်သောသူမက ယခုအခါအဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ရေးဆွဲပြီး သမ္မတရာထူး ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေပါသည်။

    မစ္စတာအက်ဘော့တ်ကမူ Burma ဟု ခေါ်ဆိုသည်။ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ များဖြစ်ပေါ်သင့်သည်ဟု ကျွန်တော်တို့သေချာစွာ စဉ်းစားမိကြောင်း၊ ယင်းရွေးကောက်ပွဲများကို လူအများက အမှန်အတိုင်းတွေ့မြင်ပြောဆိုသည့် အနေအထားမျိုးတွင် ပြုလုပ်ပေးသင့်ကြောင်း၊ သူ့အနေဖြင့် ဒီမိုကရေစီ၏ မှတ်တမ်းတင် စံထားရသူ တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့ခြင်းသည် ကြီးမား သော ဂုဏ်ယူဖွယ်ရာအဖြစ် ခံစားရပါကြောင်းပြောကြားခဲ့ပါသည်။

    ခေါင်းဆောင် နှစ်ဦးတို့၏ ပြောကြားချက် များကို Australia Network Newsမှ ဖော်ပြခဲ့ပါသည်။ ဒေါ်စုကြည်သည် ဆစ်ဒနီ၊ ကင်ဘာရာနှင့် မဲလ်ဘုန်းမြို့များသို့ ငါးရက်တာ ခရီးလာရောက်စဉ် အတွင်း ပြီးခဲ့သောဗုဒ္ဓဟူးနေ့က နာမည်ကျော် ဆစ်ဒနီအော်ပရာ ခန်းမတွင် ကျင်းပသော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့နှစ်ဘွဲ့ကို လက်ခံရယူခဲ့ပါသည်။

    သူမကို ပြီးခဲ့သောလူမျိုးရေး အဓိ ကရုဏ်းများတွင် လူနည်းစုဖြစ်သော မွတ်စလင်မ်များအတွက် လုံလောက်အောင် မဆောင်ရွက်နိုင်မှု အတွက် ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် အများစုနှင့်ဖြစ်ပွား ခဲ့သည့်လွန်ခဲ့သောနှစ်နှစ်ကျော်အတွင်း Sectarian Violence ဟုခေါ် သော ဘာသာရေး အခြေခံသည့်လူမျိုး ရေး ပဋိပက္ခများအတွင်း လူပေါင်း(၂၄၀)ကျော်သေဆုံးခဲ့ပြီး လူပေါင်း(၂၄၀,၀၀၀)ခန့် မိမိတို့နေအိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ကြရပါသည်။ အများစုမှာ ရိုဟင်ဂျာများဖြစ်ကြပါသည်။

    ၂၀၁၃-ခု၊ နိုဝင်ဘာ ၂၉-ရက်နေ့ထုတ် စင်ကာပူနိုင်ငံ တူဒေးသတင်းစာ(စာမျက်နှာ-၄၉)တွင် ဖော်ပြထားသော အေဂျင်စီ သတင်းဌာန၏ သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

    ရွှေမေတ္တာ(ခေတ္တ-စင်ကာပူ)

  • စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ၂၀၁၄ အတွက် မြန်မာမွတ်စလင်မ်များနှင့် ပတ်သက်ပြီး စာတန်းတင်သွင်းရန် ဖိတ်ခေါ်ထား

    ဒီဇင်ဘာ ၂ ၂၀၁၃
    M-Media

    စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ၊ ဥပဒေရေးရာ နှင့် နိုင်ငံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ စာတန်းရှင်များ ဖိတ်ခေါ်ထား

    NUS

    စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ အာရှတိုက် ဥပဒေရေးရာလေ့လာချက် စင်တာ (Center for Asian Legal Studies) မှ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ၊ ဥပဒေရေးရာ နှင့် နိုင်ငံအုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ဆွေးနွေးမှု စာတန်းရှင်များကို ဖိတ်ခေါ်ပြီး စာတန်း

    ဖတ်ကြားတင်သွင်းလိုသူများအနေဖြင့် အပြီးသတ် စာတမ်းများကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက် နေ့အမှီတင်သွင်းရမည်ဖြစ်ဖြစ်ကြောင်းသိရသည်။ ထို့ပြင်  ဘူကစ်တီမား(Bukit Timah) ရှိ အမျိုးသားတက္ကသိုလ် ကျောင်းဝန်း အတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင်

    ဆွေးနွေးဖတ်ကြားမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားတက္ကသိုလ် အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။

    စာတန်း အချက်အလက်များနှင့် စပ်လျဉ်း၍ တက္ကသိုလ် အင်တာနက် စာမျက်နှာရှိဖော်ပြချက်အပြည့်အစုံမှာ …

    “၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ၊ ဥပဒေ နှင့် နိုင်ငံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆွေးနွေးမှု” တွင် ပါဝင်ရန်အတွက် စာရွက်စာတန်းများကို လာရောက် တင်သွင်းကြဖို့ အာရှတိုက်ဥပဒေရေးရာလေ့လာချက်စင်တာ မှ ၀မ်းမြောက်ဝမ်းသာ ခေါ်ဆိုပါကြောင်း။ Workshop အားအဓိက စီစဉ်သူမှာ ဒေါက်တာ မလီစာခရော့ခ်ျ(Dr.Melissa Crouch) ဖြစ်ပြီး၊ စင်္ကာပူနိုင်ငံ NUS တက္ကသိုလ်အတွင်း ဇန်န၀ါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ စာတမ်းသည် မူပိုင်ဖြစ်ရန်လိုပြီး၊ တင်သွင်းပြီးသားစာတမ်းများအား လက်ခံမည်မဟုတ်ကြောင်း။  ပါဝင်မည့်စာတမ်းများအားဆွေးနွေးချက်၏ အဓိကခေါင်းစဉ်ပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်ကြောင်း။ ရွေးချယ်ခံရသူများ အတွက်  ခရီးစရိတ် နှင့် နေထိုင်ရေး ကုန်ကျစရိတ်များအား အပြည့်အစုံ တာဝန်ယူမည်ဖြစ်သည်။ ဆွေးနွေးမှုတွင် တည်းဖြတ်ပြီး စာလုံးရေ ၈၀၀၀ မှ ၁၀၀၀၀  ရှိသောစာမူကို သာတင်ပြရမည် ဖြစ်သည်။

    ခေါင်းစဉ်နှင့်စပ်လျဉ်း၍

    ဆွေးနွေးမှုတွင် မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ၊ ဥပဒေရေးရာ နှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အတွင်းရှိ ဆက်စပ်မှုများအား လက်တွေ့ကြုံတွေ့ရသည့် အခြေအနေများ နှင့် ကိုယ်ပိုင် အယူအဆ ရှုထောင့်နှစ်မျိုးမှ ဆွေးနွေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိမွတ်စ်လင်မ် အဖွဲ့စည်းအပေါ်တွင်ရှိသော လက်ရှိ ငြင်းခုန်နေမှု အခြေအနေများအားလည်း လူမှုရေး နှင့် ဥပဒေဆိုင်ရာ ရှုထောင့်များဖြင့် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ဆွေးနွေးပွဲသည် လက်ရှိဖြစ်ပေါ်နေသော မြန်မာ မွတ်စ်လင်မ်များ၏ အခြေအနေများအား အတိအကျ ပြန်ကြားနိုင်ရန် ဥပဒေရေးရာ၊ နိုင်ငံအတွင်းရှိ  ပြဌာန်းချက်များ နှင့် မြန်မာမွတ်စ်လင်မ်များ၏ ဆက်စပ်မှုများကိုပိုမိုနက်ရှိုင်းစွာသိရှိ နားလည်နိုင်စေရန် လုပ်ဆောင်သောဆွေးနွေးမှုဖြစ်သည်။

    ကမ္ဘာတွင်ရှိနေသောအခြားသောမွတ်စ်လင်မ် အဖွဲ့စည်းများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ မွတ်စ်လင်မ် အဖွဲ့စည်းနှင့် ပတ်သက်သောလေ့လာချက်များသည် အားနည်းနေသေးကြောင်း။ မြန်မာအစိုးရ ကိန်းဂဏန်းများ အရ မွတ်စ်လင်မ်လူဦးရေအား နိုင်ငံအတွင်း ( ၄ ) ရာခိုင်နှုန်းသာရှိသည်ဟုဖော်ပြထားသော်လည်း အခြားသော တင်ပြချက်များတွင် ( ၁ဝ ) ရာခိုင်နှုန်းခန့်ရှိသည် ဟုတင်ပြထားမှုများလည်း ရှိနေကြောင်း။ မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်လူထု အဖွဲ့စည်းသည် မျိုးနွယ်စုများ ကွဲပြားပြီး၊ ဓလေ့ထုံးတန်းများလည်း မတူညီမှုများ ရှိနေသလို၊  မြန်မာနိုင်ငံအတွင်းလည်းနေထိုင်မှုအရ တစ်တိုင်းပြည်လုံး ပြန့်နှံ့စွာနေထိုင်သည့် အပြင် နိုင်ငံနယ်နမိတ် အပြင်တွင်လည်းနေထိုင်သူများ ရှိနေသည်။ ထို့ကြောင့် တင်သွင်းသော စာတန်းများသည် မြန်မာမွတ်စ်လင်မ် တစ်ရပ်လုံးနှင့်ဆိုင်သော စာမူများဖြစ်ရန် လိုအပ်ပြီး တိုင်းပြည်အတွင်း သာမက နိုင်ငံ နယ်နမိတ် အပြင်တွင်ရှိသော မြန်မာမွတ်စ်လင်မ်များ အားလုံးနှင့် ပတ်သက်သောဆွေးနွေးချက်ကို တင်ပြရမည်ဖြစ်ကြောင်း။

    ၂၀၀၈ ခုနှစ်က တရားဝင် ထုတ်ပြန်ခဲ့သော အခြေခံ ဥပဒေအတွင်း အခြား ဘာသာဝင်များအား လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးအပ်မှု အတိအလင်းပါရှိကြောင်း။ ထို့အတူ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာကို အသိအမှတ်ပြုမှုနှင့် အစ္စလာမ် ဘာသာ အပါအ၀င် အခြားသော ဘာသာများအားလည်း အသိအမှတ်ပြုမှုများလည်း ပါဝင်ကြောင်း။ ဥပဒေအရ မတူညီသော ဘာသာဝင်များ စုပေါင်းနေထိုင်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးမှု အတွင်း  ပြည်နယ်တွင်း တရားမ၀င် လုပ်ဆောင်ချက်များ နှင့် တရားဝင် ဥပဒေ ပြဌာန်းချက်များ ပတ်သက်ပုံ၊ ထို့အတူ အစ္စလာမ် ဘာသာဝင်များနှင့် ပတ်သက်သော ဥပဒေရေးရာစံ သတ်မှတ်ချက်များ အားလည်းဆွေးနွေးမည်ဖြစ်သည်။ ထပ်မံ၍ မြန်မာ မွတ်စ်လင်မ်များ နှင့် ကမ္ဘာ့ မွတ်စ်လင်မ်များ ဆက်စပ်မှုများကိုလည်းလေ့လာမည်ဖြစ်သည်။

    ထိုခေါင်းစဉ်များနှင့် ပတ်သက်၍ စာတန်းအတွင်းအောက်ပါ အချက်အလက်များ တစ်ခုထက်ပို ပါဝင်ရန်လိုအပ်ပါမည်

    -အယူအဆအားဖြင့် သို့မဟုတ် အတွေးအခေါ်အားဖြင့် မြန်မာမွတ်စ်လင်မ်များ နှင့် မြန်မာနိုင်ငံရှိ ပြည်နယ်များ ဆက်စပ်နေပုံအား မည်သို့ပြောပြနိုင်မည်နည်း?
    -မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များသည် အစ္စလာမ်ဘာသာတွင် ပြဌာန်းထားသော သတ်မှတ်ချက်များအားမည်သို့ မည်ပုံလုပ်ဆောင်ပုံ? (ယခုအကြောင်းအရာအတွင်း အကြောင်းအချက်များအမြောက်အများ ပါဝင်နိုင်သည်။ ဥပမာ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ အမွေဆိုင်မှု၊ အစ္စလာမ်ဆိုင်ရာသင်ကြားမှု၊ ဖတ်တ၀ါ(ဆုံးဖြတ်ချက်)ပေးအပ်မှု၊ စသည်ဖြင့် ပါရှိသည်။)

    -မြန်မာနိုင်ငံရှိ မွတ်စ်လင်မ် အဖွဲ့စည်းများအတွင်း အစိုးရ ခွင့်ပြုချက်ရ ဖွင့်လှစ်သင်ကြားမှုနှင့် ခွင့်မပြုသော ဘာသာရေး သင်ကြားမှုဌာနများ၏ အဆင့်အတန်း လုပ်ဆောင်ပုံများ?
    -မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှု နှင့် အပြောင်းလဲများအပေါ် မွတ်စ်လင်မ်များ၏ အခန်းကဏ္ဍ နှင့် ပါဝင်ပတ်သက်ပုံ?
    -မြန်မာနိုင်ငံတွင် မွတ်စ်လင်မ်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာများဖြစ်သော နိုင်ငံသားအဖြစ် ရပ်တည်ခွင့် နှင့် မတူညီသောဓလေ့ထုံးစံများလုပ်ဆောင်ခွင့် စသည်တို့ကို မည်သည့် အခြေအနေအထိ လက်ခံခွင့်ပြုထားကြောင်း?
    -မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များလက်ရှိ ကြုံတွေ့နေရသော အဓိကအခက်အခဲများ နှင့် ၎င်း အခက်အခဲများသည် နိုင်ငံအတွင်းရှိ မွတ်စ်လင်မ် အုပ်စုငယ်များမှ ကြုံတွေ့ခဲ့ရသောအခက်အခဲများနှင့် တူညီပုံ နှင့် ကွဲပြားခြားနားပုံ?
    -မြန်မာမွတ်စ်လင်မ်များ နှင့် ပြည်တွင်း ပြည်ပရှိ အစ္စလာမ်အဖွဲ့စည်းများကြား ဆက်သွယ်ပုံ နှင့် သူတို့ကြားရှိ ပတ်သက်ဆက်နွယ်မှုများ?

    စင်္ကာပူအမျိုးသားတက္ကသိုလ်၏ စာတမ်းခေါ်ယူမှုကြေငြာချက်စာမျက်နှာ http://law.nus.edu.sg/pdfs/cals/events/ilsmw2014_call_for_papers.pdf