News @ M-Media

Blog

  • နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် ဘီယာများအား အစ္စလာမ်ဘာသာရေး ရဲများက ဖျက်ဆီး

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    v_nigerii_razbili_butilki_piva

    နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တော် ကာနိုတွင် အစ္စလာမ်ဘာသာရေးရဲများက ဘီယာပုလင်း ၂၄၀၀၀ အား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့သည်ဟုသိရသည်။

    အစ္စလာမ့်ရရှီအာဥပဒေတွင် အရက်သေစာသောက်သုံးခြင်း၊ ရောင်းချခြင်းအား တားမြစ်ထားသည်။ ရှရီအာ ဥပဒေအား ထိုဒေသတွင် ၂၀၀၁ ခုကတည်းက ပြဌာန်းထားသော်လည်း ဟိုတယ်များနှင့် ခရစ်ယာန် ရပ်ကွက်များတွင် သောက်သုံးခြင်းအား အာဏာပိုင်များက လစ်လျူရှုထားကြသည်။

    လူမြင်ကွင်းတွင်ပြုလုပ်ခဲ့သည့် အဆိုပါ ဘီယာဖျက်ဆီးပွဲတွင် ဘာသာရေး ရဲတပ်ဖွဲ့အကြီးအကဲက ဒေသအတွင်း ဘီယာများ သောက်သုံးခြင်းများအား အဆုံးသတ်သွားအောင် ရဲတပ်ဖွဲ့ဝင်များက ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။

    Ref : Islam RU

  • ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ရဟတ်ယာဉ် အရောင်းပြခန်း မြန်မာနိုင်ငံတွင်ဖွင့်မည်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media

    1451419_10152054731726108_1672386057_n

    အမေရိကန်နိုင်ငံအခြေစိုက် Robinson Helicopter ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းဖွင့်ရန်ရှိနေပြီး၊ ရဟတ်ယာဉ်ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန်လည်း စီစဉ်နေသည်ဟု မြန်မာနိုင်ငံမှ အဆိုပါကုမ္ပဏီနှင့် သိကျွမ်းသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြေကြားမှုကို ကိုးကား၍ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

    လူနှစ်ဦးလိုက်ပါစီးနင်းနိုင်သည့် ရဟတ်ယာဉ်တစ်စင်းကို ရောင်းဈေး ကန်ဒေါ်လာ ၂၇၀၀၀၀ သတ်မှတ်ထားသည်ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာလေကြောင်း ကော်ပိုရေးရှင်းမှလည်း ကိုယ်ပိုင်လေယာဉ်ဝယ်ယူရန် စိတ်ဝင်စားသူများအား ကူညီပေးရန် ကမ်းလှမ်းထားသည်ဟုသိရသည်။

    Robinson Helicopter ကုမ္ပဏီမှာ ယခုလက်ရှိတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ရဟတ်ယာဉ် အရောင်းပြန်ခန်းများ ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံတွင် ရဟတ်ယာဉ် ထုတ်လုပ်သည့် စက်ရုံတစ်ခုကိုလည်း ဆောက်လုပ်ထားသည်။

    Ref : DVB English Version

  • SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    SEA GAME EXPO ကုန်စည်ပြပွဲနှင့် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ပြုလုပ်

    ဒီဇင်ဘာ ၃-၂၀၁၃
    M-Media
    သီရိ

    DSC01646

    ရန်ကုန်   ။        ။        မြန်မာနိုင်ငံတွင် မကြာမီ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇-ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော် အထိမ်းအမှတ် အမှတ်တရ ဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)တွင် ဒီဇင်ဘာလ ၃-ရက်နေ့မှ ဒီဇင်ဘာလ ၇-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။

    ထိုအခမ်းအနားကြီး၏ ဖွင့်ပွဲကို ယနေ့ဒီဇင်ဘာလ ၃-ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။  ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသန်းမြင့် တို့မှ ပြပွဲကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ၎င်းနောက် ပြပွဲခန်းမအားလိုက်လံကြည့်ရူ လေ့လာခဲ့ကြသည်။

    ကုန်စည်ပြပွဲတွင် ငွေထည်ပစ္စည်းများ၊ ဖောင်းကြွပန်းချီကားများ၊ ပန်းချီ ပန်းပုလက်ရာများ၊ ယွန်းထည်များ၊ ရွှေချည်ထိုးများ၊ အနုပညာလက်မှုပစ္စည်းများ၊ ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာများ၊ ကြိမ်ထည်ပစ္စည်းများ၊ SEA GAME အမှတ်တရ အင်္ကျီများ၊ ဦးထုပ်များ၊ သော့ချိတ်များ၊ စာအုပ်များ၊ DVD ခွေများ၊ စတပ်ကာများ၊ အိတ်များ စသည်ဖြင့် ပြပွဲကြီးတွင် စုံလင်စွာခင်းလင်းပြသထားပါသည်။

    ၎င်းပြပွဲကြီးကို နံနက် ၉-နာရီမှ ည ၉-နာရီထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လာရောက်ကြည့်ရူလေ့လာ ၀ယ်ယူသူများနှင့် စည်းကားလျက်ရှိနေပါသည်။

     

  • မိတ္ထီလာ CAMP အတွင်းရှိ ချမ်းအေးသာယာ ရပ်ကွက်တွင် နေထိုင်ခဲ့သှူ အကြမ်းဖက်ခံရသူများအား မြေနေရာပြန်ပေးမည်

    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media
    သုတ

    CE2E1B8D-3AAC-48AD-944A-D8BAA025C877_w640_r1_s

    မိတ္ထီလာ ။         ။            ၂၀၁၃-ခု မတ်လအတွင်း ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေသူများ အနက် ချမ်းအေးသာယာရပ်ကွက်မှ အကြမ်းဖက်ခံရသည့် သူများအား မြေနေရာများ ပြန်လည် ပေးမည်ဟု မိတ္ထီလာမြို့တွင် နိုဝင်ဘာ ၃၀-ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးမှဆုံးဖြတ်လိုက်ကြောင်း သိရသည်။

    ၂၀၁၃-ခု မတ်လအကြမ်းဖက်မှုကြောင့် မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း(၅)ခု ဖွင့်လှစ်ထားရှိခဲ့ရာ အဆိုပါ အကြမ်းဖက်ခံ ဒုက္ခသည်များအား မြေနေရာများ ပြန်လည်ချထားပေးရေးအတွက် မန္တလေးတိုင်းဒေသကြီး စီမံစီးပွားဝန်ကြီး ဦးအောင်ဇံအပါအ၀င်၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေစာရင်းဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ အကြမ်းဖက်ခံများ၏ ကိုယ်စားလှယ်များပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

    မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်သည် မွတ်စလင်မ်အများစုနေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ယခုအခါ ပြန်ပေးမည့် မြေနေရာမှာ ယခင်က ပေ ၅၀ – ပေ ၃၀ ပတ်လည် တစ်ကွက် ပိုင်ဆိုင်ခဲ့ကြသူများအား ပေ ၄၀ – ပေ ၃၀ မြေကွက်များ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ မြေတစ်ကွက်အတွင်း အိမ်ထောင်စု ၂-စု ၃-စု နေထိုင်ခဲ့ကြသူများအတွက်ကိုမူ အမည်နာမည်ပေါက်ရှိသူများအား မြေကွက် ပြန်လည်ပေးမည်ဖြစ်ပြီး အမည်နာမည်ပေါက်မရှိသူများအား တိုက်ခန်းများ ဆောက်လုပ်ပြီး မြေညီထပ်၌ ထားရှိမည်ဖြစ်ပြီးကြောင်း၊ အဆိုပါ တိုက်ခန်းများတွင် ချမ်းအေးသာယာရပ်ကွက်မှ မဟုတ်သူများနှင့် ချမ်းအေးသာယာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်ခဲ့သူများကိုလည်း တိုက်ခန်း အပေါ်လွှာများတွင် ထားရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

    အဆိုပါ ဆွေးနွေးမှုများအား ကိုယ်စားလှယ်များမှ ရေအရင်းအမြစ်နှင့် ပို့ဆက်ဝင်း CAMP အတွင်းရှိ ချမ်းအေးသာယာရပ်ကွက်မှ အကြမ်းဖက်ခံများနှင့် ပြန်လည်ဆွေးနွေးရာ အကြမ်းဖက်ခံများမှလည်း လက်ခံသဘောတူကြောင်း၊ ချမ်းအေးသာယာရပ်ကွက်မှ မဟုတ်သူများနှင့်မူ တာဝန်ရှိသူများမှ ဆွေးနွေးခြင်း မရှိသေးဟု သိရသည်။

    ၎င်းကိစ္စနှင့်ပတ်သက်၍ ရေအရင်းအမြစ်နှင့် ပို့ဆက်ရှိ CAMP များသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ပို့ဆက်မှာက ချမ်းအေးသာယာက အိမ်ထောင်စု ၂၃၀-ကျော်ရှိပါတယ်။ အမည်ပေါက်မဟုတ်သူတွေလည်းရှိနေတော့ အိမ်ထောင်စု စုစုပေါင်းက ၃၁၉-စု ရှိနေပါတယ်။ ရေအရင်းအမြစ်မှာက ၁၈၅-စု ရှိနေပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးကြတော့ မူလ မြေကွက်က ပေ ၅၀၊ ပေ ၃၀ ပတ်လည်ပါ။ ဒါပေမယ့် အခုက ပေ ၄၀ x ၃၀ ပတ်လည်ပဲ ပြန်ပေးမယ်ဆိုတော့ အစက လက်မခံချင်ဘူး။ ဒါပေမယ့် သူတို့ကပြောတယ်။ ရပ်ကွက်အင်္ဂါနဲ့ညီအောင် မီးသတ်ရေကန်တွေလုပ်မယ်၊ ဘောလုံးကွင်းတွေလုပ်မယ် စနစ်တကျလုပ်မယ်ဆိုတော့ ပေ ၄၀ x ၃၀ ပတ်လည် ပြန်ပေးမှာကို ကျွန်တော်တို့ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် အစည်းအဝေးက ပြန်လာပြီးတော့ CAMP အတွင်းက အကြမ်းဖက်ခံတွေနဲ့ ကျွန်တော်တို့တွေ ပြန်ဆွေးနွေးလိုက်တော့ အကြမ်းဖက်ခံတွေကလည်း သဘောတူလိုက်ပါတယ်။ မဟုတ်ရင် CAMP ထဲမှာ နေရတာ ကြာလာတော့ လူမှုရေးပြဿနာတွေလည်း ရှိလာနေတယ်။ ဒါတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့က ကိုယ့်အိမ်ယာတွေကို ပြန်ရောက်နိုင်မှဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ ပေ ၄၀ x ၃၀ ဆိုတာကို လက်ခံ သဘောတူလိုက်ပါတယ်။  ချမ်းအေးသာယာမှာက အများစုက မွတ်စ်လင်မ်တွေ နေကြတာပါ။ အခု မြေယာပြန်ပေးပြီး ဆောက်လုပ်မှာတို့ကို အစိုးရက ပြန်လည် လုပ်ဆောင်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကူညီနေတဲ့ သူတွေက ပြန်လည်ထူထောင်ရေး လုပ်ပေးကြမှာပါ။”လို့ ဒုက္ခသည်စခန်းအတွင်းရှိ အကြမ်းဖက်ခံတချို့မှ M-Media ကို ပြောပါသည်။

    ဓါတ်ပုံ-အညွှန်း မတ်လအတွင်းကဖြစ်ပွားခဲ့သော မိထ္ထီလာမြို့မှ အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ်အများစုနေထိုင်ရာ မီးလောင်ပြင် ရပ်ကွက်

  • အင်ဂျလီနာဂျိုလီက ဘရက်ပစ် နှစ် ၅၀ ပြည့်မွေးနေ့မှာ ဒေါ်လာသန်း(၂၀)တန် အသဲပုံကျွန်း လက်ဆောင်ဝယ်ပေးမည်။

    ဒီဇင်ဘာ-၃ ၂၀၁၃
    M-Media

    အင်ဂျလီနာဂျိုလီက ဘရက်ပစ်၏ နှစ်(၅၀)ပြည့်မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးမည့်စင်ကာပူဒေါ်လာ(၂၅) သန်းတန် အသဲပုံကျွန်းငယ်လေး

    rumor-has-it-angelina-jolie-bought-brad-pitt-a-heart-shaped-island-for-122-million

    သာမန်လူများကတော့ အသဲပုံရင်ထိုးဝယ်ယူပြီး ချစ်သူများကို ပေးကြပါသည်။ သို့ရာတွင် အေ အဆင့်အတန်းဝင် အင်ဂျလီနာဂျိုလီက ပေါင်(၁၂.၂)သန်း(စင်ကာပူဒေါ်လာ 24.8-သန်း)တန်ဖိုးရှိသော အသဲပုံကျွန်းငယ်လေးကို သူမ၏ လက်တွဲဖော်ဘရက်ပစ်ကို ၀ယ်ပေးမည်ဖြစ်ကြောင်း မေယာသတင်းစာက ဖော်ပြခဲ့ပါသည်။

    အသက်(၃၈)နှစ်ရှိပြီဖြစ်သောဟောလီးဝုဒ်မင်းသမီးသည် သူမကိုယ်တိုင်နယူးယောက်မြို့တော်၏ မြောက်ဖက်(၈၀) ကီလိုမီတာဝေးသော အရပ်တွင်ရှိသည့် ဖီထရာကျွန်းကို သွားရောက်ခဲ့ပြီးနောက် သူမ၏ လက်တွဲဖော်ဖြစ်သော မင်းသား ဘရက်ပစ်၏ နှစ်(၅၀)ပြည့်မွေးနေ့ အတွက် လက်ဆောင်အဖြစ် အသင့် တော်ဆုံးဟု ပြောကြားခဲ့ပါသည်။ ဒီဇင်ဘာလ(၁၈) ရက်နေ့သည် ဘရက်ပစ်၏ မွေးနေ့ဖြစ်ပါသည်။

    သူမသည် ထိုကျွန်းငယ်လေးကို တွေ့ရှိသည်နှင့် ကျွန်းပေါ်တွင် ဆောက်လုပ်ထားသော အိမ်နှစ်လုံးသည် ဘရက်ပစ်၏ အနှစ်သက်ဆုံး ဗိသုကာ ဆရာဖရန့်လွိုက်က ဒီဇိုင်းပြုလုပ်ပြီး ဆောက်လုပ် ထားကြောင်း သိရှိရသည်နှင့် စိတ်လှုပ်ရှားမှုဖြစ်ခဲ့ရကြောင်း သိရပါသည်။ မိုင်ယာ သတင်းစာကို သတင်း ပေးသူ၏ အဆိုအရ ထိုကျွန်းငယ်ကို ရောင်းမည်ဟု ကြားသိသည်နှင့် မင်းသမီးသည် ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီး အမှန်ပင်သဘောကျခဲ့ပါသည်။

    အိမ်ကတော့ တကယ်ပဲရိုမန်တစ်ကျတဲ့ ထွက်ပေါက်လေးတစ်ခု၊ ဒါမှမဟုတ်မိသားစုတစ်စုအတွက် လွတ်လပ်တိတ်ဆိတ်တဲ့ ထွက်ပေါက်လေးတစ်ခုဟု ပြောကြားပြီး ကျွန်းငယ်လေးက အသဲပုံလေးဖြစ်နေတဲ့ အချက်ကလည်း သူ့အတွက် အများကြီးအဓိပ္ပါယ်ရှိနေပါမည်ဟု ဆိုပါသည်။

    (၄.၅)ဟက်တာရှိသည့်သီးသန့်ဖြစ်နေသော ကျွန်းငယ်လေးပေါ်တွင် ဟယ်လီကော်ပတာကွင်းငယ် တစ်ခုရှိပြီး ယင်းကျွန်းသည် နယူးယောက်မြို့တော်၏ ကိုယ်ပိုင်ရေကန်ဖြစ်သောမိုနိုပက်ရေကန်အတွင်း တည်ရှိနေပါသည်။

    ကျွန်းပေါ်ရှိ ကော့တိတ်ခ်ျနှစ်လုံးသည် ဗိသုကာဆရာရိုက်မကွယ်လွန်မီ (၉)နှစ်အရင် ၁၉၅၆-ခုနှစ် တွင် စတင် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းပင်မ အိမ်ကြီးကို ရိုက်၏ အကောင်းဆုံးဒီဇိုင်းတစ်ခုဖြင့် ၂၀၀၈-ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပါသည်။ ထိုအိမ်တွင် ကျောက်တုံးများ၊ ဘိလပ်မြေ၊ မဟော်ဂနီတို့ဖြင့် ကျယ်ပြန့်စွာဖွဲ့စည်းတည်ဆောက်ထားပြီး၊ အလင်းရောင်ကောင်းစွာရရှိရန် စီစဉ်ထားကာ ဘရက်ပစ်နှင့် ဂျိုလီတို့အပြင် ကလေး(၆)ယောက်တို့အတွက်ပါ ပြည့်စုံသောကွန်းခိုရာနေရာလေးဖြစ်ပါသည်။ ကလေး (၆)ယောက်တို့မှာ မက်ဒေါ့စ်(၁၂)နှစ်၊ ပက်စ်(၉)နှစ်၊ ဇာဟာရ(၈)နှစ်၊ စီလို(၅)နှစ်၊ (၅)နှစ်စီရှိကြပြီးဖြစ်သည့် ဗီဗီယန်နှင့် နော့စ်တို့ဖြစ်ကြ ပါသည်။

    ၂၀၀၁-ခုနှစ်က ဂျိုလီသည် ပစ်ကို သူ၏ (၄၈)နှစ်မြောက်မွေးနေ့လက်ဆောင်အဖြစ် ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ ရေတံခွန်တစ်ခုကို ၀ယ်ပေးခဲ့ရာ ထိုရေတံခွန်ပေါ်တွင် အိမ်တစ်လုံးဆောက်နိုင်ပါမည်။ ဤသို့ဝယ်ပေးရခြင်းကလည်း ဘရက်ပစ်သည် ဗိသုကာပညာကို နှစ်သက်သူတစ်ဦးဖြစ်ပြီး၊ ဗိသုကာရိုက်က ရေတံခွန်တစ်ခုပေါ်တွင် ဆောက်လုပ်ထားသောFailing Waterဟု အမည်ပေးထားသောအိမ်ကို နှစ်ခြိုက် နေကြောင်းသိရှိရသောကြောင့်ဖြစ်ပါသည်။

    မိုင်ယာသတင်းစာကို သတင်းပေးသူ၏ အဆိုအရ ယခုရရှိသောကျွန်းငယ်ပေါ်မှ အိမ်ကို မိမိ သဘောကျသည့်ဗိသုကာဆရာက ဆောက်လုပ်ထားသဖြင့် ဤလက်ဆောင်က သူ့အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်ဖြစ်နိုင်ပါသည်။

    Ref:အေဂျင်စီသတင်း