News @ M-Media
Blog
  • နိုဝင်ဘာ ၉၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    နိုဝင်ဘာ ၉၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတို
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    သူရဦးရွှေမန်း မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် တွေ့ဆုံ
    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုဝင်ဘာလ ၉-ရက် မွန်းလွဲ ၁-နာရီတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ ခန်းမ၌ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့ရွာအခြေပြု ဖွံ့ဖြိုးရေး အဖွဲ့များနှင့် တွေ့ဆုံရာတွင် သူရဦးရွှေမန်းက NLD ပါတီအပါအဝင် မည်သည့်ပါတီကိုမဆို မိမိအနေဖြင့် ရန်သူအဖြစ် မသတ်မှတ်ကြောင်းနှင့် ယခင်က ရန်သူဖြစ်ခဲ့ဖူးသည်ကို မေ့ထားရန် ပြောကြားခဲ့သည်ဟု မဇ္ဈိမသတင်းဌာနမှ သိရှိရပါတယ်။
    _______________________
    ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငွေရတု အခမ်းအနား ကျင်းပ
    ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ၂၅-နှစ်မြောက် ငွေရတု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ တွင် ပြုလုပ်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှ တက်ရောက်အမှာစကားပြောကြားပြီး သ၀ဏ်လွှာများဖတ်ကြားခဲ့ကြကြောင်းနှင့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊
    နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် နမ္မလန်မြို့မှ SNLD တာဝန်ရှိသူများနှင့် တိုင်းရင်းသားပါတီအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း မြန်မာ့ခေတ်သတင်းဌာနတွင် ဖော်ပြထားပါတယ်။
    ______________________
    ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း အမေရိကန်နိုင်ငံမှ ဘုန်းတော်ကြီး Abraham Copper အား လက်ခံတွေ့ဆုံ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် လော့စ်အိန်ဂျလီးစ်မြို့ရှိ Simon Wiesenthal Center မှ ဘုန်းတော်ကြီး Abraham Copper ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မနေ့က ညနေ (၅) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံပြီး ဘာသာခွဲများ၊ လူမျိုးမျးအကြား သဟဇာတရှိရှိ နေထိုင်ရေး၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းဆွေးနွေးခဲ့ကြကြောင်း သမ္မတရုံး၏ အင်တာနက် စာမျက်နှာမှ သိရှိရပါတယ်။
    ______________________
    အီရန် ဇာတ်ရုပ်ရှင်ကား အမေရိကန်တွင် ရုံတင်မည်
    အီရန် အမျိုးသမီး ဒါရိုက်တာ Pouran Derakhshandeh ရိုက်ကူးသည့် Hush! Girls Don’t Scream ဒရာမာဇာတ်ကားအား အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလီစ်မြို့တွင် ရုံတင်ပြသရန် စီစဉ်နေသည်ဟု သိရသည်။
    ထိုရုပ်ရှင်ဇာတ်ကားမှာ feature-length အမျိုးအစား ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နိုဝင်ဘာ ၂၂-ရက်နေ့တွင် Laemmle Movie Theater ရုပ်ရှင်ရုံ၌ စတင်ပြသမည် ဖြစ်ကာ ဖွင့်ပွဲအခမ်းအနားသို့ ဒါရိုက်တာကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။
    ထိုရုပ်ရှင်ဇာတ်ကားမှာ သားသမီးများ၏ ပြဿနာများအား နားထောင်ကာ ပြေရှင်းမပေးကြသည့် အသိဥာဏ်နည်းပါးသော မိသားစုများနှင့် ကလေးငယ်များ ခေါင်းပုံဖြတ် ခံရသည့် အကြောင်းကို ရိုက်ကူးတင်ဆက် ထားခြင်းဖြစ်သည်။ ထိုဇာတ်ကားအား Farabi Cinematic ဖောင်ဒေးရှင်းမှ အကုန်အကျခံ ရိုက်ကူးထားခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် Fajr နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့သူဖြစ်သည်။
    ဒါရိုက်တာ Pouran Derakhshandeh အား ၁၉၅၁ ခုနှစ်တွင်းမွေးဖွားခဲ့ပြီး feature-length ရုပ်ရှင်ကား ၁၂ ကားနှင့် Documentaries ၁၂-ကားကျော်ရိုက်ကူး ထားသူ ဖြစ်သည်။
    Ref : Press TV
    ___________________
    အမေရိကန်နှင့် အစ္စရေးတို့၏ မဲပေးခွင့်အား ယူနက်စကိုပယ်ဖျက်
    ကုလသမဂ္ဂ ပညာရေး၊၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ယူနက်စကိုတွင် ပါလက်စတိုင်းနိုင်ငံအား အဖွဲ့အ၀င်အဖြစ် သတ်မှတ်ခဲ့ခြင်းနှင့်ပက်သက်ပြီး ယူနက်စကို၏ ကိစ္စရပ်များတွင် မဲမပေးဘဲနေခဲ့သောကြောင့် အမေရိကန်နိုင်ငံ၏ မဲပေးခွင့်အား ယူနက်စကိုက ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
    ၂၀၁၁-ခုနှစ်တွင် ယူနက်စကိုရှိ အဖွဲ့ဝင်နိုင်ငံများက ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံဖြစ်သတ်မှတ်ရန် ထောက်ခံခဲ့သောကြောင့် အမေရိကန်နှင့် အစ္စရေးတို့က မကျေမနပ်ဖြစ်ခဲ့ကြပြီး အမေရိကန်နိုင်ငံမှာ ယူနက်စကိုအား ၎င်းတို့ပေးနေသည့် ထောက်ပံ့ကြေးကိုလည်းရပ်တန့်ခဲ့သည်။ အစ္စရေးနိုင်ငံကလည်း အမေရိကန်ကဲ့သို့ပင် ယူနက်စကိုတွင် မဲမပေးဘဲနေခဲ့သည်။
    ယူနက်စကို၏ ဥပဒေအရ အမေရိကန်မှာ ထောက်ပံ့ကြေး ပြန်လည်ပေးအပ်ရန်နှင့် အဘယ်ကဲ့ကြောင့် မဲမပေးဘဲနေရကြောင်း ဖြေရှင်းချက်ပေးရန် ယမန်နေ့ကအထိ အချိန်ရခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံလုံးမှ ယူနက်စကိုသို့ မည်သည့်အကြောင်းကြားမှုမှ မရှိခဲ့သောကြောင့် အမေရိကန်နှင့် အစ္စရေးတို့၏ မဲပေးခွင့်အား ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ယူနက်စကို၏ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    Ref : Aljazeera
    ___________________
    ဂျူးမုန်းတီးရေးဝါဒ ဥရောပတွင်မြင့်တက်
    ဥရောပရှိ လူမှုမီဒီယာများနှင့် ဖိုင်များမျှဝေပေးသော ၀က်ဘ်ဆိုက်များအတွင်း ဂျူးမုန်းတီးရေးဝါဒမှာ လွန်ခဲ့သည့် ၅-နှစ်ကျော်ထက်စာလျှင် ပိုမိုကြီးထွားလာသည်ဟု ဥရောပ အခြေခံလူ့အခွင့်အရေး အေဂျင်စီ (FRA) ၏ စစ်တမ်းကောက်ယူမှုများမှ ပေါ်ထွက်လာသော အစီရင်ခံစာတွင်ဖော်ပြထားသည်။
    ဂျူးမုန်းတီးရေးဝါဒမှာ ဆိုရှယ်မီဒီယာများနှင့် ဖိုင်များမျှဝေပေးသော ၀ဘ်ဆိုဒ်များမှတစ်ဆင့် လွန်ခဲ့သည့် ၅-နှစ်ကထက် ပိုမိုလျင်မြန်စွာ ပျံ့နှံ့နေကြောင်း စစ်တမ်းတမ်း၏ ၇၆-ရာခိုင်နှုန်းကဖော်ပြခဲ့သည်။
    ထိုအစီရင်ခံစာကို ယမန်နေ့က ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး နာဇီများက ဂျူးများအား သုတ်သင်မည့် Kristallnacht အစီစဉ်ရေးဆွဲခဲ့သည့် ၇၅-နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် လည်းတိုက်ဆိုင်နေသည်။
    ထိုစစ်တမ်းမှာ ဥရောပရှိဂျူးများအား အခြေခံကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ မေးမြန်းခံရသူဂျူးလူမျိုးများ၏ ၄ ပုံ ၃ ပုံက ဥရောပတွင် ဂျူးဆန့်ကျင်ရေးဝါဒမှာ မြင့်မားလာသည် ဟု ဖြေကြားခဲ့ပြီး၊ ၃ ပုံ ၁ ပုံက ၎င်းတို့အနေဖြင့် လုံခြုံမှုမရှိတော့ဟု ခံစားလာရသောကြောင့် တိုင်းတပါးသို့ပြောင်းရွှေ့အခြေချရန် စဉ်းစားနေသည်ဟု ဖြေကြားခဲ့သည်။
    ဥရောပနိုင်ငံများတွင် ဟန်ဂေရီ၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့မှာ ဂျူးမုန်းတီးရေးဝါဒ အများဆုံးပျံ့နှံ့သည့် နိုင်ငံများဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထား သည်။
    Ref : Aljazeera
    ___________________
    ငှက်တုပ်ကွေးကြောင့် ယခုနှစ်အတွင် ကမ္ဘောဒီယားတွင် ၁၃-ဦးသေဆုံး
    ကမ္ဘောဒီယားနိုင်ငံတွင် ငှက်တုတ်ကွေးကြောင့် ၁၀-နှစ်သားကလေးငယ်တစ်ဦး ယနေ့တွင်သေဆုံးခဲ့ပြီး၊ ယခုနှစ်အတွင်း ကမ္ဘောဒီယားတွင် ငှက်တုပ်ကွေးကြောင့် သေဆုံးသူဦးရေမှာ ၁၃-ဦးအထိ ရှိလာပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားလိုက်သည်။
    ယခုနှစ်တွင်း ငှက်တုပ်ကွေးဖြစ်ပွားသည့် ဦးရေမှာ ၂၄-ဦးရှိခဲ့ပြီး ၎င်းတို့အထဲမှ ၁၁-ဦးသာ အသက်ရှင်ခဲ့သည်။ ထိုကလေးငယ်မှာ အဖျားကြီးခြင်း ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် ၀မ်းဗိုက်အောင့်ခြင်း စသောရောဂါလက္ခဏာများကြောင့် ဖနွမ်းပင်ရှိ Bopha ဆေးရုံသို့ရောက်ရှိလာခဲ့ပြီးနောက် ကြာသာပတေးနေ့က ငှက်တုပ်ကွေး H5N1 ရောဂါဖြစ်နေကြောင်း အတည်ပြုခဲ့သည်။
    ထို့နောက် ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးနှင့် WHO တို့ ပူးပေါင်းကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး ထိုသတင်းစာရှင်းလင်းပွဲတွင် ထိုကလေးငယ် နေထိုင် သော ရွာတွင် လွန်ခဲ့သည့် တစ်လခန့်က ကြက်အကောင် ၃၀ ခန့် ရုတ်တရက် သေကြေခဲ့ကြောင်း၊ အကိုဖြစ်သူမှာ ထိုကြက်သေများအား ချက်ပြုတ်ရန်ပြင်ဆင် သောကြောင့် ထိုကကလေးငယ်မှာ ထိုကြက်သေအား သယ်ယူပေးခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref : Xinhua
    ___________________
    တိုင်ဖုန်းဟိုင်ယန်ကြောင့် ဖိလစ်ပိုင်တွင် လူတစ်ရာကျော် သေဆုံး
    နိုင်ငံ၏ အလယ်ပိုင်းဒေသတွင် ယမန်နေ့က အပြင်းထန်ဆုံး တိုက်ခတ်သွား သော တိုင်ဖုန်း ဟိုင်ယန်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လူတစ်ရာကျော် သေဆုံး ခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်
    သေဆုံးသူတစ်ရာကျော်မှာ နိုင်ငံရှိအာဏာပိုင်များက မုန်တိုင်းကြောင့် အသေ အပျောက် စာရင်းစတင်ကောက်ယူပြီးနောက်ပိုင်း ဖိလစ်ပိုင် မြောက်ပိုင်း Leyte ပြည်နယ် Tacloban မြို့မှ ရရှိသည့် အသအေပျောက်စာရင်းဖြစ်သည်။ ထိုမုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများတွင် ဖိလစ်ပိုင်းသမိုင်း၌ အဆိုးဝါးဆုံးမုန်တိုင်းဖြစ်ခဲ့သည်။
    Tacloban လေဆိပ်မှ မန်နေဂျာက လမ်းမပေါ်တွင်လူများသေဆုံးလျက်ရှိပြီး ၁၀၀ ကျော်ခန့်ရှိကြောင်း၊ ဒဏ်ရာရရသူများမှာလည်း ၁၀၀ ကျော်ခန့် ရှိသည် ဟု သတင်း ပေးပို့ခဲ့ကြောင်း ပြည်သူ့လေကြောင်းအရာရှိ ကပ္ပတိန် ဂျွန်အန်ဒရူးက ပြေကြားခဲ့သည်။
    မုန်တိုင်းကြောင့် Tacloban လေဆိပ်မှာပျက်ဆီးခဲ့ပြီး၊ ဒီရေမှာ လေဆိပ်၏ ဒုတိယထပ်အထိ ရောက်ရှိခဲ့သည်။ သစ်ပင်များမှာလည်း ထက်ပိုင်းကျိုးကာ လမ်းများ ပေါ်တွင် ပိတ်ဆို့လျက်ရှိကြပြီး ဖိလစ်ပိုင်ပြည်သူများမှာ လေဆိပ် အနီးတွင် စုရုံးနေကြကာ ဖိလစ်ပိုင်စစ်တပ်မှ ဝေငှသော အစားအသောက်များ နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ရယူနေကြသည်ဟု သိရသည်။
    ထိုမုန်တိုင်းမှာ ယခုအခါအားလျော့သွားပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်သို့ ယမန်နေ့ ညနေက ရွေးလျားသွားခဲ့ပြီဖြစ်သည်။
    Ref : CNN
    ___________________
  • တွံတေးမြို့နယ်ရှိ လယ်ယာမြေအသိမ်းခံရသည့် လယ်သမား၏ လယ်ယာမြေ ပြန်လည်ရလိုမှု တောင်းခံရာ တရားဥပဒေနှင့်ရင်ဆိုင်နေရ
    တွံတေးမြို့နယ်ရှိ လယ်ယာမြေအသိမ်းခံရသည့် လယ်သမား၏ လယ်ယာမြေ ပြန်လည်ရလိုမှု တောင်းခံရာ တရားဥပဒေနှင့်ရင်ဆိုင်နေရ
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    ချမ်းငြိမ်းအေး
    တွံတေး  ။          ။       ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် တပ်ပိုင်အဖြစ် လယ်ယာမြေသိမ်းယူခြင်းခံရသည့် တောင်သူ လယ်သမားများမှ လယ်ယာမြေ ပြန်လည်ရလိုမှုအား တရားရုံးသို့ ဦးတိုက်လျှောက်ထားရာ တရားရင်ဆိုင်ဖြေရှင်းနေရကြောင်း သိရသည်။
    တွံတေးမြို့နယ်မှ လယ်သမားများ၏ လယ်မြေဧကများအား ပြေစာသိမ်း၊ ဖျောက်ဖျက်၍ အတင်းအဓမ္မသိမ်းယူကာ ငါးကန်တူးသိမ်းပိုက်မှုကြောင့် လယ်သမားများ ဘ၀ပျက်ခဲ့ရပြီး မြေစာရင်းမှ လိမ်ညာထောက်ခံ၍ လယ်သမားများအား အတင်းဥပဒေမဲ့ နိုင်ထက်စီးနင်းလုပ်သော ကိစ္စရပ်များဖြစ်သဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီမှ အခန်း(၁) အပိုဒ် ၂(စ)၊ အခန်း(၁)၊ အပိုဒ် ၂(ဇ)၊ အခန်း(၈)၊ အပိုဒ် ၂၅(ခ)အရ ပြန်လည်စိစစ်၍ အကျိုးခံစားခွင့်ပေးရန်လည်း တင်ပြတောင်းဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
    DSCN1087
    ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ကိုယ်တိုင်လည်း လယ်မြေအသိမ်းခံတစ်ဦးဖြစ်ပြီး တောင်သူလယ်သမားအရေးကိစ္စကို ဦးဆောင်လှုပ်ရှားနေသည့် တွံတေးမြို့နယ်မှ မန်းအုန်းမြင့်သိန်းက “ကျွန်တော်တို့ လယ်မြေတွေကို ကျွန်တော်တို့က ထွန်ယက်တော့ တရားစွဲခံရတယ်။ ကျွန်တော်တို့ဘက်က လယ်မြေတွေ ပြန်လည်ရယူလိုမှုနဲ့ တရားစွဲတော့ အမှုကိစ္စကို မသိသလိုနေနေတယ်။ ကျွန်တော်တို့ရဲ့အမှုကို လုပ်ဆောင်ပေးနေတာက သန်လျင်က ရှေ့နေဦးစိုးလှိုင်က လိုက်လံ ဆောင်ရွက်ပေးပါတယ်။
    အခုတရားစွဲခံထားရတာတော့ တွံတေးပိုင်နယ် ခတ္တိရတိုက်နယ်ကပါ။ တွံတေးမြို့နယ်ထဲက လယ်မြေ ဧက-၅၀၀၀ ကျော်ကို တပ်ရင်း ၁၆-ခုကပေါင်းပြီး သိမ်းထားတာ။ ကျွန်တော့်အပိုင်ထဲမှာကို လယ်မြေ ဧက-၂၀၄၀ ကျော်ရှိတယ်။ ၂၀၄၀ ဧကမှာ အခု ငါးကန်တူးပြီးသားက ၁၁၃၇-ဧက၊ လုပ်ငန်းရှင် ၁၃-ဦးကို သူတို့ ပေးလုပ်ထားတယ်။
    အခု သီးစားပြန်ပေးရတဲ့လယ်မြေတွေက ကျွန်တော်တို့ရတဲ့ ၃-ဧကမှာ ကျွန်တော်တို့ပြန်ထွန်တယ်။ ထွန်တယ်ဆိုတာက သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာပါတယ်။ တပ်က သိမ်းတဲ့လယ်မြေတွေကို အရပ်ဖက်နဲ့ သီးစားမပေးရတာပါတယ်။ စစ်ထောက်ချုပ်ကလည်း ပြန်ပေးမယ်လို့ပြောတော့ ကိုယ့်မြေကိုယ်ပြန်လိုချင်ကြတာပေါ့။ လိုချင်လို့ သက်ဆိုင်ရာကို ပြန်တင်ပြတော မကန့်ကွက်ဘူး၊ မတားဆီးဘူး။ အခု ထွန်တော့မှ တရားစွဲတယ်။ တရားစွဲတာကလည်း လယ်ယာမြေ ပြန်မလုပ်တဲ့သူတွေပါ ပါနေတယ်။ စာရင်းထဲ ဆွဲထည့်ထားတယ်။ ဒါကြောင့် ကျွန်တော် အာမခံလည်း မယူပါဘူး။ လုပ်သင့်တာ ဆက်လုပ်သွားမယ်။ ဆက်လုပ်သွားမယ်ဆိုတာကလည်း ကျွန်တော်တို့ စာတင်တော့ ကျွန်တော်တို့ကိုတော့ မတားကြဘူး။ အဲ့လို မတားပဲ ကျွန်တော်တို့ လုပ်တော့မှ တောင်သူလယ်သမားတွေကို ကျော့ကွင်းထောင်သလိုဖြစ်နေတယ်။
    မဟုတ်ဘူးခင်ဗျ။ တပ်ကသိမ်းတာက သူတို့ကမြေတွေကို ရောင်းစားဖို့ စက်မှုဇုံလုပ်ဖို့ မဟုတ်ဘူး။ တပ် ရိက္ခာ ထောက်ပံ့ပေးရေးအတွက် လုပ်ကြတာ။ အခုက နယ်တွေ မှာ ဒီလိုဖြစ်တာတွေကို တအားပြည်သူတွေ မသိကြဘူး။
    ကျွန်တော်တို့ ၆-လပိုင်း ၆-ရက်နေ့မှာ တရားစွဲတင်ဖို့ လုပ်ပါတယ်။ အခုက ပထမဦးဆုံး တရားစွဲတင်ဖို့ပါ။ အခု အမှုမှာလည်း ကျွန်တော်တို့တွေ ရှုံးမယ်ဆိုတာ သိထားပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်က မထူးဘူး။ ရှုံးလည်း အချုပ်ထဲ တန်းစီဝင်ကြမယ်။ အခုလည်း တစ်နေ့တစ်နေ့ လာရတာ တောင်သူလယ်သမားတွေအတွက် နစ်နာပါတယ်။ ခရီးစရိတ်၊ စားသောက်စရိတ်တွေလည်း မနည်းကုန်ပါတယ်။
    စစ်တပ်ကလုပ်နေတာတွေမှာ သူဘက်က လုပ်တာ အများမသိလေကောင်းလေ၊ ကျွန်တော်တို့အတွက်က အများမသိလေ မကောင်းလေပဲ။ ဒါကြောင့် နယ်တွေမှာ တောင်သူလယ်သမားတွေ အခုလိုဖြစ်နေတာကို အများစုသိစေချင်တယ်။”လို့ ပြောခဲ့ပါတယ်။
  • နိုဝင်ဘာ ၉၊ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၉၊ အားကစားသတင်း စုစည်းမှု
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    ဗန်ပါစီအား အာဆင်နယ်ကစားသမားအဖြစ်သာ ထင်မှတ်နေဆဲဟု ၀င်းဂါးဆို
    အာဆင်နယ်အသင်းမှ ပြောင်းရွှေ့သွားခဲ့သော်လည်း ဗန်ပါစီအား မြင်လိုက်သည်နှင့် အာဆင်နယ်ကစားသမားအဖြစ်သာ ထင်မှတ်မိသည်ဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ဗန်ပါစီမှာ အာဆင်နယ်အသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော်သွင်းယူပေးခဲ့ပြီး ပြီးခဲ့သည့်နှစ်ကမှ မန်ယူအသင်းသို့ပြောင်းရွှေ့သွားသူဖြစ်သည်။
    သို့သော်လည်း အာဆင်နယ်တွင်ပြသခဲ့သည့် ၎င်း၏ စွမ်းဆောင်ချက်များကြောင့် အသင်းက ၎င်းအားချစ်ခင်နေဆဲဟု ဖွင့်ဟခဲ့သည့် အာဆင်ဝင်းဂါးက  “မန်ယူဂျာစီနဲ့ သူ့ကိုတွေ့ရတာဟာ ထူးဆန်းနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ကျွန်တော့အတွက်တော့ အာဆင်နယ်ကစားသမားတစ်ယောက်ပါပဲ။ သူ့ကို ငယ်ငယ်ကလေး က ကျွန်တော်ခေါ်ယူခဲ့ပြီး အသင်းရဲ့ ခက်ခဲတဲ့ကာလတွေကို ကျွန်တော်တို့ အတူတူ ဖြတ်သန်းခဲ့ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    Goal
    ______________________
    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်အချို့အား အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းလဲကျင်းပနိုင်သည်ဟု ဘလတ္တာဆို
    ၂၀၂၂-ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပရန်ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲအချို့အား အီရန် သို့မဟုတ် အခြားသော ရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းလဲကျင်းပနိုင်ခြေ ရှိသည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။
    ပြိုင်ပွဲကျင်းပနိုင်ရန်အတွက် အဆောက်အဦးများဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးလုပ်သားများအား ကာတာနိုင်ငံမှ ကာကွယ်စောင့်ရှောက်မှုအား နည်းသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ပလာတီနီက ကမ္ဘာ့ဖလားပြိုင်ပွဲအား အခြားသောပင်လယ်ကွေ့နိုင်ငံများ၌ ပြောင်းရွှေ့ကျင်းပရန် အကြံပြုခဲ့ဖူးသည်။
    ယခုအခါ ပြိုင်ပွဲအား နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွင်ပြောင်းရွှေ့ကျင်းပရန် ကာတာနိုင်ငံနှင့်ဆွေးနွေးနေကြောင်း ဆပ်ဘလတ္တာက ၀န်ခံခဲ့သည်။
    “ကျွန်တော် အီရန်ကို သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲအချို့ကို ကျင်းပခွင့်ရရင် သူတို့ပျော်ရွှင်မိမယ်လို့ အီရန်ကပြောခဲ့ပါတယ်။ အီရန်တစ်နိုင်ငံတည်း မဟုတ်ပါ ဘူး။ ယူအေအီးနိုင်ငံအပါအ၀င် အခြားပင်လယ်ကွေ့နိုင်ငံတွကလည်း ကျင်းပဖို့ စိတ်အားထက်သန်နေကြပါတယ်” ဟု ဘလတ္တာက အဘူဒါဘီတွင် ကျင်းပမည့် ၁၇ နှစ် အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်ခင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    Goal
    ______________________
    မက်ဆီကြောင့် ရော်နယ်ဒိုမှာ ပိုမိုတိုးတက်လာသည်ဟု ပီကေးဆို
    ဘာစီလိုနာအသင်း၏ နောက်ခံလူ ဂျရက် ပီကေးက ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ မက်ဆီနှင့်ယှဉ်ပြိုင်ရခြင်းကြောင့် ပိုမိုတိုးတက်လာသည်ဟု ပြောကြားလိုက်သည်။
    ထို့ပြင် မန်ယူအသင်းတွင်တွဲကစားဖူးသည့် ရော်နယ်ဒို၏ ရည်ရွယ်ချက် ကြီးမားမှုအား အားကျနေပြီး ရီးယဲလ်၏ ငွေးကြေးသုံးစွဲမှုနှင့်ယှဉ်လျှင် ဘာစီလိုနာအသင်းမှာ အားနည်းသောအသင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “မန်ယူမှာ ကျွန်တော်တို့တွဲကစားဖူးခဲ့ပြီး အခုအချိန်အထိ ရော်နယ်ဒိုက မပြောင်းလဲပါဘူး။ သူဟာ အရင်တုန်းကလိုပါပဲ။ ပိုပိုပြီး ကြိုးစားနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက် ကြီးမှုကိုလည်း ကျွန်တော်အားကျပါတယ်” ဟု အားကစား သတင်းစာတစ်စောင် ဖြစ်သည့် So Foot သို့ ပီကေးက ပြောကြားခဲ့သည်။
    ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုတွင် မက်ဆီ၏နောက် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး၊ ယခုနှစ်တွင်လည်း ကမ္ဘာ့အကောင်းဆု ဇကာတင်စာရင်းတွင် မက်ဆီနှင့်အတူ ပါဝင်နေသည်။
    Goal
    ______________________
    ATP World Tour Finals ဆီမီးဖိုင်နယ်သို့ နာဒယ်နှင့် ၀ါဝရင်ကာတို့တက်ရောက်
    လန်ဒန်တွင်ကျင်းပနေသည့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲတွင် အုပ်စု A မှာ ရာဖေးနာဒယ်နှင့် ၀ါဝရင်ကာတို့ ဆီမီးဖိုင်နယ်သို့ အသီးသီးတက်ရောက်သွား ပြီဖြစ်သည်။
    ကမ္ဘာ့အဆင့် ၁ စပိန်တင်းနစ်သမား နာဒယ်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ကမ္ဘာ့အဆင့် ၆ ချက်ကစားသမား သောမတ်စ် ဘာဒစ်ခ်ျနှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး ထိုပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။
    ပထမပွဲငယ်တွင် နာဒယ်က ၆-၄ ဖြင့်အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ဘာဒစ်ခ်ျက ၆-၁ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့သည်။ အဆုံးအဖြတ်ဖြစ်သည့် တတိယပွဲငယ်တွင် နာဒယ်က ၆-၃ ဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည်။
    အုပ်စု A ၏ အခြားပွဲစဉ်ဖြစ်သည့် ကမ္ဘာ့အဆင့် ၈ ၀ါဝရင်ကာနှင့် ကမ္ဘာ့အဆင့် ၃ ဒေးဗစ်ဖာရာတို့၏ပွဲတွင် ၀ါဝရင်ကာက ၆-၇ ၆-၄ ၆-၁ ဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
    အုပ်စု B တွင် နိုဗက်ဂျိုကိုဗစ်မှာဆီးမီးဖိုင်နယ်သို့စောစီးစွာတက်ရောက်နိုင်ခဲ့ပြီး ဖက်ဒါရာနှင့် ဒဲလ်ပေါ်ထရိုတို့ပွဲမှ အနိုင်ရရှိသူက ဆီမီးဖိုင်နယ်သို့ ဂျိုကိုဗစ်နှင့်အတူ တက်ရောက်နိုင်မည်ဖြစ်သည်။
    ATP World Tour Finals တစ်နစ်ပြိုင်ပွဲမှာ ATP ပြိုင်ပွဲများတွင် ရာသီပိတ်နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသများသာ ၀င်ရောက် ယှဉ်ပြိုင်ရသည်။
    Skygports
    ______________________
  • တိုင်ဖုန်းဟိုင်ယန်ကြောင့် ဖိလစ်ပိုင်တွင် လူတစ်ရာကျော် သေဆုံး
    တိုင်ဖုန်းဟိုင်ယန်ကြောင့် ဖိလစ်ပိုင်တွင် လူတစ်ရာကျော် သေဆုံး
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    8b7c4333ff68c6eeaa009157b5127002e3589653
    နိုင်ငံ၏ အလယ်ပိုင်းဒေသတွင် ယမန်နေ့က အပြင်းထန်ဆုံး တိုက်ခတ်သွားသော တိုင်ဖုန်း ဟိုင်ယန်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လူတစ်ရာကျော်သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်
    သေဆုံးသူတစ်ရာကျော်မှာ နိုင်ငံရှိအာဏာပိုင်များက မုန်တိုင်းကြောင့် အသေအပျောက် စာရင်းစတင်ကောက်ယူပြီးနောက်ပိုင်း ဖိလစ်ပိုင်မြောက်ပိုင်း Leyte ပြည်နယ် Tacloban မြို့မှ ရရှိသည့် အသအေပျောက်စာရင်းဖြစ်သည်။ ထိုမုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများတွင် ဖိလစ်ပိုင်းသမိုင်း၌ အဆိုးဝါးဆုံးမုန်တိုင်းဖြစ်ခဲ့သည်။
    Tacloban လေဆိပ်မှ မန်နေဂျာက လမ်းမပေါ်တွင်လူများသေဆုံးလျက်ရှိပြီး ၁၀၀ ကျော်ခန့်ရှိကြောင်း၊ ဒဏ်ရာရရသူများမှာလည်း ၁၀၀ ကျော်ခန့်ရှိသည်ဟု သတင်းပေးပို့ခဲ့ကြောင်း ပြည်သူ့လေကြောင်းအရာရှိ ကပ္ပတိန် ဂျွန်အန်ဒရူးက ပြေကြားခဲ့သည်။
    မုန်တိုင်းကြောင့် Tacloban လေဆိပ်မှာပျက်ဆီးခဲ့ပြီး၊ ဒီရေမှာ လေဆိပ်၏ ဒုတိယထပ်အထိ ရောက်ရှိခဲ့သည်။ သစ်ပင်များမှာလည်း ထက်ပိုင်းကျိုးကာ လမ်းများပေါ်တွင် ပိတ်ဆို့လျက်ရှိကြပြီး ဖိလစ်ပိုင်ပြည်သူများမှာ လေဆိပ်အနီးတွင် စုရုံးနေကြကာ ဖိလစ်ပိုင်စစ်တပ်မှ ဝေငှသော အစားအသောက်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရယူနေကြသည်ဟု သိရသည်။
    ထိုမုန်တိုင်းမှာ ယခုအခါအားလျော့သွားပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်သို့ ယမန်နေ့ ညနေက ရွေးလျားသွားခဲ့ပြီဖြစ်သည်။
    Ref : CNN
  • ဖယောင်းတိုင်မီးထွန်း၍ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်
    ဖယောင်းတိုင်မီးထွန်း၍ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    A.N.Lay
    ရန်ကုန် ။           ။       လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်ဆန္ဒပြသည့် ဖယောင်းတိုင်မီးထွန်း ကိုင်ဆောင်၍ လမ်းလျှောက်ကာ ဆန္ဒပြ ထုတ်ဖော်မှုတစ်ခုကို မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ ရပ်ကွက် City Mark ရှေ့တွင် နိုဝင်ဘာ ၈-ရက်နေ့ ညနေ ၆-နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူ ၂၀၀-ခန့် ပါဝင် ခဲ့ကြသည်။
    “မန္တလေးမြို့မှာလည်း မီတာခ မူလအတိုင်းထားရှိရေးအတွက် နိုဝင်ဘာ ၈-ရက်နေ့ ညနေ ၆း၃၀-အချိန်မှ စ၍ တောင်းဆိုနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးကို ယုံကြည်လေးစားချင်ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာကို ပါးစပ်ကနေပဲ ကြွေးကြော်မနေပဲ ပြည်သူတွေအတွက် အခြေခံဖြစ်တဲ့ အခွန်ခ တိုးမြင့်နေခြင်းကို နိုင်ငံတော်သမ္မတအနေနဲ့အရင်ဦးဆုံး လျော့ချပေးဖို့ကို တောင်းဆိုနေခြင်းဖြစ်ပါတယ်။ မီတာခ မြင့်မားလာခြင်းဟာ ကုန်ဈေးနှုန်းကိုလည်း မြင့်မား လာစေတဲ့အတွက် ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတဲ့ စကားဟာ မီတာခ တိုးမြင့်ခြင်းနဲ့အတူ မကိုက်ညီ နေခြင်းဖြစ်ပါတယ်။ သမ္မတကြီးအနေနဲ့ မီတာခ လျော့ချပေးဖို့ သက်ဆိုင်ရာဌာနသို့ တိုက်တွန်းပေးဖို့ တောင်းဆိုနေခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲမှုပပျောက်ရေးဆိုတာ ကျွန်တော်တို့ပြည်သူလူထုက ဆင်းရဲတွင်း ထပ်ပြီးတော့ နက်နေရမှာလား မီတာခတွေကို တိုးမြင့် လိုက်ခြင်းဟာ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတဲ့ စကားနဲ့ညီညွတ်လားဆိုတာ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီနေ့မှာမေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ပြည်သူ့အစိုးရဆိုရင်ပြည်သူ့ အသံကို နားထောင်ပေးပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ မီတာခကို မြင့်မားစွာ ပေးဆောင် နေရခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရရဲ့လုပ်ဆောင်ချက်မဟုတ်ဘူးလို့ကျွန်တော်တို့ယုံဆပါတယ်။ ကျွန်တော်တို့ ဒီလိုတောင်းဆိုမှုဟာ ပြည်သူတွေနဲ့ သက်ဆိုင် သလို၊ ပြည်သူတွေရွှေးချယ်ထားတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ်”လို့ ဆန္ဒထုတ်ဖော်သူများထဲမှ တစ်ဦးက M-Media ကို ပြောကြားခဲ့ပါသည်။