News @ M-Media

Blog

  • M-Media – FB Fan 40,000 ပြည့် အမှတ်တရ M-Media ပရိသတ်သို့ ကျေးဇူးတင်စကား

    အောက်တိုဘာ-၂၃

    M-Media - 40000

    M-Media လို့ဖြစ်တည်လာမယ့် မီဒီယာကို ၂၀၁၀-ခုနှစ် သြဂုတ်(၁၂) ရက်နေ့မှာ သတင်းအချက်အလက် ဝါသနာရှင် လူငယ်တစုက တည်ထောင်ခဲ့တာဖြစ်ပြီး ယခုဆို ၃-နှစ် ကျော်ကာလတည်ခဲ့ပါပြီ။

    ယခု M-Media အသုံးပြုနေတဲ့ FB Fan Page ရဲ့ သက်တမ်းကတော့ လွန်ခဲ့တဲ့ ၂၀၁၂-ခုနှစ် အောက်တိုဘာလ အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုဆို ၁-နှစ် စွန်းစွန်း သက်တမ်း ရှိခဲ့ပါပြီ။

    အခုလို အချိန်တိုကာလအတွင်း M-Media ကို တခဲနက် အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးကို M-Media ဝိုင်းတော်သားများမှ အထူးပဲ ကျေးဇူးဥပကာရ တင်ရှိပါတယ်။

    M-Media အနေဖြင့် မိမိတို့ တတ်စွမ်းသလောက်အင်အားနဲ့ M-Media စာဖတ်ပရိသတ်ထံ သတင်းအမှန်များနှင့် အခြားသော ဗဟုသုတ ကဏ္ဍ အစုံအလင်ကို ကြိုးစားတင်ဆက်ခဲ့ပါတယ်။

    ယခုရက်သတ္တပတ်အတွင်း အချို့သောသူများ M-Media နှင့်ပတ်သက်ပြီး စွပ်စွဲ အပုတ်ချ တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်လာတာကို တွေ့ရပါတယ်။

    M-Media အနေဖြင့် မိမိတို့ရဲ့ ရပ်တည်ချက် မူဝါဒကို ရှင်းလင်းပြတ်သားစွာ ကြေညာထားပြီး ဖြစ်သည့် အားလျော်စွာ အဆိုပါ မူဝါဒပေါ်တွင် ခိုင်မြဲစွဲ ရပ်တည်သွားမှာဖြစ်ပြီး သတင်းခိုင်မာ တိကျမှန်ကန်မှုကို အသားပေးဆောင်ရွက်ရင်း အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာတစ်ခုအဖြစ် ကြိုးစားရပ်တည် သွားမှာဖြစ်ပါတယ်။

    ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးတိုင်း ဘာသာတိုင်း လူ့ ဂုဏ်သိက္ခာ အပြည့်အ၀နဲ့  နေထိုင်နိုင်ရန်၊ လူ့ အခွင့်အရေး အပြည့်အ၀ရရှိရန်၊ ခွဲခြားဆက်ဆံမှုပပျောက်ရန်၊ မတရားမှုဖိနှိပ်မှုနဲ့  အကြမ်းဖက် စော်ကားမှုတွေ ပပျောက်ရန် အတွက် ရှေ့ရှုတဲ့ မီဒီယာအဖြစ် ကြိုးစား ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း M-Media စာဖတ် ပရိတ်သတ်ကြီးအား အလေးအနက် ကတိပြုပြောကြားပါတယ်။

    ပရိတ်သတ်ကို အစဉ်လေးစားလျက်

    M-Media ဝိုင်းတော်သားများ

  • မက္ကဟ်ဝတ်ကျောင်းတော်၌ လမ်းညွှန် အမျိုးသမီးဝန်ထမ်း ၁၀၀၀ ခန့်အပ်မည်

    အောက်တိုဘာ- ၂၂
    M-Media

    A Muslim woman prays at the Baiturrahman grand mosque in Banda Aceh

    မက္ကဟ်ဝတ်ကျောင်းတော်ကြီး၏ ဦးစီး အကျိုးတော်ဆောင် ရှိုင်းခ် အဗ်ဒုရ် ရဟ်မာန်း အလ်စုဒိုင်းစ် က ၀တ်ကျောင်းတော်ထံ လာရောက်သည့်အမျိုးသမီးများအား ကူညီရေးအတွက် ဧည့်လမ်းညွှန်အမျိုးသမီး ၀န်ထမ်း တစ်ထောင်ခေါ်ယူရန် ညွှန်ကြားလိုက်သည်။

    အမျိုးသမီးဧည့်လမ်းညွှန်ဌာနဒါရိုက်တာ ရှိုင်းခ် အဒဲလ် အလ်ဟမ်ဒန် က အကြီးအမှူး၏အဆိုဖြစ်သော ယာယီဝန်ထမ်းနှင့်အမြဲခန့်ဝန်ထမ်း အမျိုးအစား ၂ ရပ်လုံးပါဝင်သည့် အရည်အသွေးပြည့်မီသော အမျိုးသမီးဝန်ထမ်း ၁၀၀၀ ခန့်အပ်ရေးအပေါ် သဘောတူကြိုဆိုခဲ့သည်။ ထို့ပြင် ယင်းဝန်ထမ်းတို့ကို ဧည့်သည်တို့၏ လိုအပ်ချက်ရှုထောင့် ပေါင်းစုံနှင့်စပ်လျဉ်းသော လမ်းညွှန်ထိန်းကျောင်းရေးသင်တန်းများအား အကြီးအမှူးဖြစ်သူမှ စီမံသွားမည်ဟုလည်း ၄င်းမှ ပြောကြားသည်။

    တရားတော်၏လိုအပ်ချက်အရ ဟိဂျာ့ဗ်ဆင်ယင်ရန်၊ ဧည့်သည်အမျိုးသမီးတို့လာရောက်စဉ်ကာလ အခြားပုံဟန်နှင့် ဆင်ယင်ခြယ်သမှုကို ရှောင်ကြဉ်ရန် အပါအ၀င် အကြံပြုလမ်းညွှန်ကူညီမည့် အမျိုးသမီးများသည် ဗိမာန်တော်လှည့်ပတ်သည့်နေရာ၌ အလှည့်ကျလုပ်ကိုင်သွားမည်ဖြစ်ပြီး၊ ၀တ်ပြုမှုအတွင်း အမျိုးသမီးများကို အမျိုးသားများနှင့် ရောထွေးမှုဖြစ်မသွားစေရေး၊ သတ်မှတ်နေရာအတွင်း စံနစ်တကျ စီတန်းပါဝင်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု အလ်ဟမ်ဒန် မှ ပြောပြသည်။

    Source : Arab news

  • အောက်တိုဘာ-၂၂ နိုင်ငံတကာသတင်းတို

    အောက်တိုဘာ-၂၂ နိုင်ငံတကာသတင်းတို

    အောက်တိုဘာ ၂၂၊ ၂၀၁၃
    M-Media

    မိမိ၏နိုင်ငံသာများကို စုံးစမ်းထောက်လှမ်းခဲ့သည့် အမေရိကန်သူလျှိုလုပ်ငန်းအား ပြင်သစ် ရှုတ်ချ

    ပြင်သစ်နိုင်ငံသားများအပေါ် လျှို့ဝှက်စောင့်ကြည့်နေသည့် အမေရိကန်၏ သူလျှိုလုပ်ငန်းအား ရှုတ်ချကြောင်း အမေရိကန်သမ္မတ အိုဘားမားနှင့် ဖုန်းခေါ်ဆိုမှုအတွင်း ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒီက ပြောကြားခဲ့သည်ဟု သိရသည်။

    ပြင်သစ်သမ္မတရုံးက ထုန်ပြန်သောအစီရင်ခံစာတွင် ‘အိမ်နီးချင်းနှင့် မဟာမိတ်နိုင်ငံများအကြား လက်ခံနိုင်ဖွယ်မရှိသည့် ထိုလုပ်ရပ်အား လုံးဝ သဘောမတူကြောင်း၊ ထို့ပြင် ထိုလုပ်ရပ်မှာ ပြင်သစ်နိုင်ငံသားများ၏ ကိုယ်ပိုင် လုံခြုံရေးအား ချိုးဖောက်ခြင်းဖြစ်သည်’ ဟု ရေးသားဖော်ပြထားသည်။

    ထို့ပြင် ပြင်သစ်နှင့် အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များမှာ ထိုသူလျှိုလုပ်ငန်း၏ အချက်အလက်များနှင့် တိကျသော ရလဒ်များကို ဆုံးဖြတ်ရန်အတွက် အတူတကွ လုပ်ဆောင်သွားမည်ဟု သဘောတူထားကြောင်း ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref : aljazeera
    11_______________________

    အမေရိကန်အလယ်တန်းကျောင်းသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်မှုတွင် ဆရာတစ်ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု နာဗာဒါပြည်နယ်ရှိစာသင်ကျောင်းတစ်ကျောင်းတွင် ယမန်နေ့က သေနတ်ပစ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သင်္ချာသင်သည့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ကာ အခြားကျောင်းသား ၂-ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    Sparks အလယ်တန်းကျောင်းတွင် ကျောင်းခေါ်ခေါင်းလောင်း မထိုးမီ ၁၅-မိနစ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရားခံကျောင်းသားမှာ ၎င်းကိုယ်ကို အဆုံးစီရင်သွား ခဲ့ကာ၊ သေဆုံးသွားသည့် ကျောင်းဆရာမှာ မိုက်ကယ် လန့်စ်မှာ ကျောင်းသားများအား ကာကွယ်ရင်း သေနစ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားနေစဉ်တွင် ကျောင်းသား ၃၀ ခန့်ရှိနေပြီး ကျောင်းသားတစ်ဦးက သေနတ်ထုတ်ကာ မြင်ရာကျောင်းသားများအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင် သက်သေများက ထွက်ဆိုခဲ့ကြသည်။

    သေနတ်ဖြင့်ပစ်ခဲ့သည့် အဆိုပါ တရားခံ၏အမည်အား ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
    Ref : aljazeera
    _______________________
    အင်ဒိုနီးရှားတွင် ငလျင်ငယ်တစ်ခုလှုပ်ခတ်

    အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြားကျွန်း မြောက်ဘက်အစွန်ရှိ အာချေး ပြည်နယ်တွင် ပြင်းအား ၅.၆ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့နေ့လည်ပိုင်းတွင် လှုပ်ခတ်သွားခဲ့ပြီး သေဆုံးမှု၊ ပျက်ဆီးဆုံးရှုံးမှုသတင်းများ မကြားရသေးဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

    ဒေသစံတော်ချိန် ယနေ့နေလည် ၁၂-နာရီ ၁၃-မိနစ်တွင် အာချေးဘဆာရ် ခရိုင် အနောက်တောင်ဘက် ၁၆ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား မိုးလေ၀သနှင့် ဘူမိဗေဒအေဂျင်စီက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံမှာ ကျွန်းများစွာဖြင့်ဖွဲ့စည်းထားသောနိုင်ငံတစ်ခုဖြစ်ပြီး “the Pacific Ring of Fire ဟု ခေါ်သည့် အန္တရာယ်ရှိသော ငလျင်ဇုံအတွင်း တည်ရှိနေသော နိုင်ငံဖြစ်သည်။
    Ref : xinhua
    _______________________
    ဂျပန်ယဉ်ကျေးမှုပြပွဲ တီဟီရန်တွင်ပြုလုပ်

    ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုအနုပညာအမွေအနှစ်များအား မိတ်ဆက်ပြသသည့် ယဉ်ကျေးမှုပြပွဲတစ်ခုအား အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထိုပြပွဲအား တီဟီရန်ရှိဂျပန်သံရုံးမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်စက္ကူဒီဇိုင်းပညာရှင် ရှူကူဘိုနှင့် အီရန်အနုပညာရှင်များ၏  ဆွေးနွေးပွဲဖြင့် ပြပွဲအား ယမန်နေ့ နံနက်ပိုင်းက စတင်ခဲ့ပြီး ညနေပိုင်းဖွင့်ပွဲအစီစဉ်အား ဂျပန်သံအမတ် ကိုဂျီ ဟန်နီဒါနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုပြပွဲအတွင်း စက္ကူခေါက်၍ပြုလုပ်သည့် လက်မှုပညာရပ်များ၊ လက်ရေးလှအတတ်ပညာများ၊ ကာတွန်းနှင့် ကလေးငယ်များ၏ ဓာတ်ပုံစွမ်းရည်များကို ထည့်သွင်းပြသ ခဲ့သည်။
    Ref : presstv
    _______________________
    ဒရုန်းများဖြင့် တိုက်ခိုက်မှုများမှာ စစ်ရာဇ၀တ်မှုမြောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များဆို

    မောင်းသူမဲ့လေယာဉ်မှ ဒရုန်းးနှင့် တိုက်ခိုက်မှုများကြောင့် ယီမင်နှင့် ပါကစ္စတန်နိုင်ငံများတွင် အရပ်သားများ သေကြမှုများမှာ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့များဖြစ်သည့် Amnesty International နှင့် Human Rights Watch အဖွဲ့များက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည်။

    ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားများ မည်ကဲ့သို့ သေကြေခဲ့ရသည်ကို Amnesty International လူ့အခွင့်အရေး အဖွဲ့မှ အသေးစိတ်ကောက်ယူ ထားပြီး၊ ထိုအထဲတွင် အသီးအနှံများ ကောက်နေသည့် အဖွားအို သေဆုံးမှုနှင့် ထိုအဖွားအိုအား သွားရောက်သ ယ်ဆောင်သည့် မိသားစုများမှာ ဒုတိယအကြိမ် တိုက်ခိုက် ခံရမှုကြောင့် ဒဏ်ရရှိခဲ့သည့် အမှုများပါဝင်သည်။

    ထိုအစီရင်ခံစာတွင် ယီမင်နိုင်ငံအတွင်း တိုက်ခိုက်ခဲ့မှုများကို လည်း ဖေါ်ပြထားပြီး အမေရိကန်မှာလူ့အခွင့်အရေးကို ချိုးဖောက်ကြောင်း ရေးသားဖော်ပြထားသည်။

    Amnesty အဖွဲ့မှာ လွန်ခဲ့သည့် တစ်နှစ်ခွဲ ကာလအတွင်း အမေရိကန်က ပါကစ္စတန်တွင်ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှု ၉-ခုအား စုံစမ်းထောက်လှမ်ခဲ့ခြင်းဖြစ်ပြီး ညစာ စားသုံးရန်ပြင်ဆင်နေကြသည့် အလုပ်သမား ၁၉-ဦးမှာ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်သည်။
    Ref : presstv

    ______________

    ရေနံထုတ်လုပ်ရန် အစိုးရက လေလံချပေးမှုကို မကျေနပ်သည့်အတွက် ဘရာဇီးတွင် ဆန္ဒပြမှုဖြစ်ပွား

    ဘရာဇီးနိုင်ငံရှိ ရေနံလုပ်ကွက်တစ်ခုအား နိုင်ငံပိုင် ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် Petrobras ကုမ္ပဏီမှ လေလံရရှိသွားသည်ကို မကျေနပ်သည့် အလုပ်သမားများက Petrobras ကုမ္ပဏီသို့ ချီတက်ကာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။

    ရေနံစည်ပေါင်း ၁၂ ဘီလီယံရှိသည့် ထိုလုပ်ကွက် လုပ်ပိုင်ခွင့်အား Petrobras၊ Shell၊ Total နှင့် တရုတ် ကုမ္ပဏီနှစ်ခုတို့အား ပူးပေါင်းလုပ်ဆောင်ရန် အစိုးရက ယမန်နေ့တွင်သတ်မှတ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    နိုင်ငံပိုင်သယံဇာတများအား နိုင်ငံခြားကုမ္ပဏီများ လုပ်ခွင့်ရသွားခြင်းကို မကျေနပ်၍ ဆန္ဒပြခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပတ်ခတ်နှိမ်နင်းခဲ့သောကြောင့် လူ ၅-ဦး ဒဏ်ရာရရှိခဲ့သည်။
    Ref : aljazeera
    _______________________

    မျက်စိအလင်းကွယ်နေသည့် တူနီးရှား အဖွားအို တစ်ဦး ဟဂ်ျခရီးစဉ်တွင် အလင်းပြန်ရ

    ၁၈ လကြာ မျက်စိအလင်းကွယ်နေသည့် တူနီးရှားအမျိုးသမီးတစ်ဦးမှာ ဟဂ်ျခရီးစဉ်အတွင်း သွားရောက်ရသောနေရာတစ်ခုဖြစ်သည့် အာရာဖတ်ကွင်းပြင်တွင် မျက်စိ အလင်းပြန်ရခဲ့သည်ဟုသိရသည်။

    ထိုအမျိုးသမီးမှာ ကလေးငါးယောက်၏ မိခင် အသက် ၇၀-အရွယ်ရှိ နဖီဆာ အလ်-ကွာမာဇီဖြစ်ပြီး မက္ကာမြို့သို့ မျက်စိအလင်းကွယ်သူအဖြစ် လာရောက်ခဲ့သည့် သူမမှာ ယခုအခါ မျက်စိအလင်းပြန်ရသူဖြစ် တူနီးရှားသို့ ပြန်ရတော့မည်ဖြစ်သည်။

    သူမမှာ လွန်ခဲသည့် ၁-နှစ်ခွဲကျော်က ပြင်းထန်စွာထိခိုက်မိသောကြောင့် မျက်စိအလင်းကွယ်ခဲ့ရခြင်းဖြစ်ပြီး၊ ဆိုးရွားစွာထိခိုက်ခဲ့ခြင်းနှင့် သူမ၏အသက်အရွယ်တို့ကြောင့် ကုသရန်မဖြစ်နိုင်ဟု ဆရာဝန်များက ပြောကြားခဲ့သည်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ စောင်မမှုရှိနေတဲ့အတွက် ကျွန်မဘယ်တုန်းကမှ မျှော်လင့်ချက်မပျောက်ခဲ့ပါဘူး။ မျက်စိအလင်းပြန်ရဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ တစ်ချိန်လုံး ကျွန်မ ဆုတောင်းနေခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    အာရဖသ်ကွင်းပြင်မှာ တောင်းဆုဒိုအာကို ပိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်မကို စိတ်ပျက်အားလျော့စေမှာ မဟုတ်ဘူးဆိုတာကို ကျွန်မ ယုံကြည်ထားတယ်။ အာရဖသ်ကွင်းပြင်မှာ ဆုမွန်ဒိုအာ တောင်းခံနေတုန်း ရုတ်တရက် ကျွန်မ ပြန်မြင်ရတော့တာပဲ။

    အလင်းပြရန်ခဲ့တဲ့အတွက် ပျော်လွန်းလို့ တဲထဲမှာ ငိုကြွေးနေတဲ့ကျွန်မကို အခြား ဟဂ်ျဘုရားဖူးဧည့်သည်တွေ မြင်တဲ့အခါ အားလုံးက ‘အလ္လာဟု အက္ကဘရ်’ (အလ္လာဟ် အရှင်မြတ်သာလျှင် အမြင့်မြတ်ဆုံးဖြစ်တော်မူ၏) လို့ ဟစ်အော် ကြွေးကြော်ခဲ့ကြပါတယ်” ဟု သူမ၏ မျက်စိအလင်းပြန်ရခဲ့ပုံကို ပြောကြားခဲ့သည်။

    ထို့နောက် တူနီးရှားမှ မက္ကာမြို့သို့လာရောက်စဉ် မက္ကာနှင့် မဒီနာမြို့များရှိ ထွဋ်မြတ်သော နေရာများကို မြင်တွေ့ချင်သည့် အိပ်မက်တစ်ခုအား ရင်ဝယ်ပိုက်၍ လာရောက် ခဲ့ခြင်းဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။

    “အလ္လာဟ်အရှင်မြတ်ကို ကျွန်မကျေးဇူးတင်ပါတယ်။ အခုတော့ ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မလျှောက်ကြည့်နိုင်ပါပြီ” ဟု သူမကဆိုခဲ့ပြီး၊ အာရာဖတ်ကွင်းပြင်တွင် မြောက်များစွာသော ဘုရားဖူးဧည့်သည်များကို တွေ့မြင်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ထိုကဲ့သို့မြင်ကွင်းမျိုးကို သူမအနေဖြင့် တွေ့မြင်လိမ့်မည်ဟု မမျှော်လင့် ထားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “ကမ္ဘာ့ပေါ်က အမြင့်မြတ်ဆုံးနေရာမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာနဲ့ ကျွန်မမျက်စိ အလင်းပြန်ရခဲ့ပါတယ်ရှင်”

    Ref: Saudi Gazette

    _______________________

  • အောက်တိုဘာ ၂၂၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၂၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၂၊ ၂၀၁၃
    M-Media

    ကာဒစ်ဖ်စီးတီးနှင့်ပွဲတွင် ပြုမူခဲ့သောအပြုအမူအတွက် မော်ရင်ဟိုအား FA အရေးယူရန်ရှိနေ


    ကာဒစ်ဖ်စီးတီးအသင်းအား ၄-ဂိုး ၁-ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် ဒိုင်လူကြီးအား ကြမ်းတမ်းစွာပြောဆိုခဲ့သော ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုမှာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA ၏ အရေးယူမှုကို ခံရဖွယ် ရှိနေသည်။

    စနေနေ့က ကစားခဲ့သောအဆိုပါပွဲတွင် ချယ်ဆီးကစားသမား အိုင်ဗန်နိုင်ဗစ် အချိန်ဆွဲနေမှုအား ဒိုင်လူကြီးက သတိပေးခဲ့မှုကို မကျေနပ်သည့်မော်ရင်ဟိုက ဒိုင်လူကြီး အား ကြမ်းတမ်စွာပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုအပြုအမူကြောင့် ပွဲကြီးကြပ်သူများက မော်ရင်ဟိုအား ပရိတ်သတ် ခုံတန်းတွင်သွားရောက် ထိုင်နေရန် ညွှန်ကြားခဲ့ပြီး ကျန်ရှိသည့် ပွဲချိန်မိနစ် ၂၀ အား ပရိတ်သတ်ခုံတန်းပေါ်မှ အသင်းအား ကြီးကြပ်ခဲ့ရသည်။

    ထိုကိစ္စနှင့်ပက်သက်၍ FA က ကြေညာချက်ထုန်ပြန်ခဲ့ပြီး မော်ရင်ဟို၏ ဆိုးရွားသောအပြုအမူအတွက် တရားစွဲဆိုထားကြောင်း၊ ထိုတရားစွဲဆိုမှုကို အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားကာ ဖြေရှင်းရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ရေးသားဖော်ပြထားသည်။

    ထို့ကြောင့်မော်ရင်ဟိုမှာ ၎င်း၏အပြုအမူအတွက် ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံရဖွယ်ရှိနေသည်။
    goal
    __________________________

    ဘာစီလိုနာနှင့်ပြိုင်ပွဲအမီ ဘာလိုတယ်လီပြန်လည် ကြံ့ခိုင်လာလိမ့်မည်ဟု အယ်လီဂရီဆို


    အေစီမီလန်အသင်း၏ နည်းပြဖြစ်သူ အယ်လီဂရီက အသင်းရှိ အားထားရသည့်တိုက်စစ်မှူး ဘာလော့တယ်လီအား ယနေ့ညကစားမည့် ဘာစီလိုနာနှင့်ပွဲအမီ ကြံ့ခိုင်လာ မည်ဟု မျှော်လင့်ကြောင့် ပြောကြားခဲ့ပြီး ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရသော်လည်း ဘာစီလိုနာအသင်းနှင့်ပွဲတွင် သတ္တိရှိရှိဖြင့်ကစားရန် အသင်းသားများအား တိုက်တွန်းပြောဆိုခဲ့သည်။

    ဘာလော့တယ်လီမှာ ပေါင်ဒဏ်ရာခံစားနေရသောကြောင့် ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သည့် အူးဒီးနီးစ်အသင်းနှင့် ကစားခဲ့သောပွဲတွင် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဘာစီလိုနာအသင်းနှင့် ကစားမည့် ပွဲတွင် ပါဝင်နိုင်မည်လားဟူသော မေးခွန်းများပေါ်ထွက်လာပြီး အယ်လီဂရီက ဘာလော့တယ်လီ၏ အနေအထားအား စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    အေစီမီလန်အသင်းမှာ ချန်ပီယံလိဂ် အုပ်စု H တွင် ဘာစီလိုနာ၊ အေဂျက်၊ ဆဲလ်တစ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး နှစ်ပွဲကစား ၄ မှတ်ဖြင့် ဘာစီလိုနာ အသင်း၏အောက် ဒုတိယနေရာတွင်ရှိနေသည်။
    goal
    __________________________

    အာဆင်နယ်သို့ပြောင်းရွှေ့ရန် သုံးကြိမ်တိုင်တိုင်နီးစပ်ခဲ့သည်ဟု ဆာဟင်ဆို


    အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန်တစ်ကြိမ်ထက်မက နီးစပ်ခဲ့ပြီး၊ ၎င်းနှင့် အလွန်ရင်းနှီးသည့် မီဆု အိုဇေးနှင့် ပြန်လည်တွေ့ဆုံရမည့်အတွက် ပျော်ရွှင်မိကြောင်း ဒေါ့မွန်အသင်း၏ တူရကီအလယ်တန်းကစားသမား နူရီဆာဟင်က ပြောကြားလိုက်သည်။

    ဒေါ့မွန်အသင်းမှာ အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ယနေ့ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အသက် ၂၅-နှစ်အရွယ်ရှိ ဆာဟင်က ၎င်းအနေဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန်သုံးကြိမ်တိုင်တိုင်နည်းစပ်ခဲ့သည်ဟုဆိုသည်။

    “၂၀၁၂ တုန်းကတစ်ကြိမ် တော်တော်လေးနီးစပ်ခဲ့ပါတယ်။ ကျွန်နော့်ရဲ့ ကစားသမားဘ၀မှာ သုံးကြိမ်လောက်ရှိပါပြီ။ ပထမဦးဆုံးအကြိမ်ကတော့ အသက် ၁၆-နှစ် လောက်မှာပါ။ ဒါပေမယ့် အပြောင်းအရွှေ့တော့ မဖြစ်ခဲ့ပါဘူး။ ဘောလုံးမှာ ဒါကတော့ ပုံမှန်ပါပဲ” ဟု ဆာဟင်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးနှင့်လည်း နီးကပ်သောဆက်ဆံရေးရှိပြီး အိုဇေးမှာ အာဆင်နယ်အသင်းတွင် အဓိကကျသော ကစားသမားဖြစ်သည်ဟု ဆာဟင်က ထပ်လောင်းပြောကြားခဲ့သည်။
    goal
    __________________________

    ရီးယဲလ်မက်ဒရစ်အား ယုံကြည်မှုအပြည့်နှင့်ရင်ဆိုင်မည်ဟု လော်ရန်တေးဆို


    ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးလော်ရန်တေးက မိမိတို့အသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းအား ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု ပြောကြားလိုက်သည်။

    ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ် ၂ ပွဲကစားပြီးထားချိန်တွင် ၂ မှတ်သာ ရရှိထားပြီးအုပ်စုမှတက်ရန် ရုန်းကန်ရမည့်အနေအထားတွင်ရှိနေသော်လည်း ဘာနေဗျူးတွင် ကစားရမည့် ရီးယဲလ်နှင့်ပွဲက အလှည့်အပြောင်းဖြစ်လိမ့်မည်ဟု လော်ရန်တေးက ယုံကြည်နေသည်။

    “အမှတ်တစ်ချို့ယူဖို့ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းပါ။ ဒါပေမယ့် ရီးယဲလ်ဟာ အကောင်းဆုံးအသင်းဖြစ်တဲ့အတွက် လွယ်တော့လွယ်မှာမဟုတ် ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အခွင့်အရေးတွေ အရယူနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု လော်ရန်တေးက Juventus TV သို့ ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်အုပ်စု B တွင် ရီးယဲလ်မက်ဒရစ်၊ ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့နှင့်အတူ ကျရောက်နေပြီး မနက်ဖြန်တွင် အုပ်စုအတွင်း တတိယ မြောက်ပွဲစဉ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
    goal
    __________________________

  • မျက်စိ အလင်းကွယ်နေသည့် တူနီးရှား အဖွားအို တစ်ဦး ဟဂ်ျခရီးစဉ်တွင် အလင်းပြန်ရ

    အောက်တိုဘာ-၂၂
    M-Media

    ki04_big

    ၁၈ လကြာ မျက်စိအလင်းကွယ်နေသည့် တူနီးရှားအမျိုးသမီးတစ်ဦးမှာ ဟဂ်ျခရီးစဉ်အတွင်း သွားရောက်ရသောနေရာတစ်ခုဖြစ်သည့် အာရာဖတ်ကွင်းပြင်တွင် မျက်စိအလင်းပြန်ရခဲ့သည်ဟုသိရသည်။

    ထိုအမျိုးသမီးမှာ ကလေးငါးယောက်၏ မိခင် အသက် ၇၀ အရွယ်ရှိ နဖီဆာ အလ်-ကွာမာဇီဖြစ်ပြီး မက္ကာမြို့သို့လာ မျက်စိအလင်းကွယ်သူအဖြစ် လာရောက်ခဲ့သည့် သူမမှာ ယခုအခါ မျက်စိအလင်းပြန်ရသူဖြစ် တူနီးရှားသို့ ပြန်ရတော့မည်ဖြစ်သည်။

    သူမမှာ လွန်ခဲသည့် ၁ နှစ်ခွဲကျော်က ပြင်းထန်စွာထိခိုက်မိသောကြောင့် မျက်စိအလင်းကွယ်ခဲ့ရခြင်းဖြစ်ပြီး၊ ဆိုးရွားစွာထိခိုက်ခဲ့ခြင်းနှင့် သူမ၏အသက်အရွယ်တို့ကြောင့် ကုသရန်မဖြစ်နိုင်ဟု ဆရာဝန်များက ပြောကြားခဲ့သည်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ စောင်မမှုရှိနေတဲ့အတွက် ကျွန်မဘယ်တုန်းကမှ မျှော်လင့်ချက်မပျောက်ခဲ့ပါဘူး။ မျက်စိအလင်းပြန်ရဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ တစ်ချိန်လုံး ကျွန်မ ဆုတောင်းနေခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
    အာရဖသ်ကွင်းပြင်မှာ တောင်းဆုဒိုအာကို ပိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်မကို စိတ်ပျက်အားလျော့စေမှာ မဟုတ်ဘူးဆိုတာကို ကျွန်မ ယုံကြည်ထားတယ်။  အာရဖသ်ကွင်းပြင်မှာ ဆုမွန်ဒိုအာ တောင်းခံနေတုန်း ရုတ်တရက် ကျွန်မ ပြန်မြင်ရတော့တာပဲ။

    အလင်းပြရန်ခဲ့တဲ့အတွက် ပျော်လွန်းလို့ တဲထဲမှာ ငိုကြွေးနေတဲ့ကျွန်မကို အခြား ဟဂ်ျဘုရားဖူးဧည့်သည်တွေ မြင်တဲ့အခါ အားလုံးက ‘အလ္လာဟု အက္ကဘရ်’ (အလ္လာဟ်အရှင်မြတ်သာလျှင် အမြင့်မြတ်ဆုံးဖြစ်တော်မူ၏) လို့ ဟစ်အော် ကြွေးကြော်ခဲ့ကြပါတယ်” ဟု သူမ၏ မျက်စိအလင်းပြန်ရခဲ့ပုံကို ပြောကြားခဲ့သည်။

    ထို့နောက် တူနီးရှားမှ မက္ကာမြို့သို့လာရောက်စဉ် မက္ကာနှင့် မဒီနာမြို့များရှိ ထွဋ်မြတ်သော နေရာများကို မြင်တွေ့ချင်သည့် အိပ်မက်တစ်ခုအား ရင်ဝယ်ပိုက်၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။

    “အလ္လာဟ်အရှင်မြတ်ကို ကျွန်မကျေးဇူးတင်ပါတယ်။ အခုတော့ ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မလျှောက်ကြည့်နိုင်ပါပြီ” ဟု သူမကဆိုခဲ့ပြီး၊ အာရာဖတ်ကွင်းပြင်တွင် မြောက်များစွာသော ဘုရားဖူးဧည့်သည်များကို တွေ့မြင်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ထိုကဲ့သို့မြင်ကွင်းမျိုးကို သူမအနေဖြင့် တွေ့မြင်လိမ့်မည်ဟု မမျှော်လင့်ထားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “ကမ္ဘာ့ပေါ်က အမြင့်မြတ်ဆုံးနေရာမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာနဲ့ ကျွန်မမျက်စိ အလင်းပြန်ရခဲ့ပါတယ်ရှင်”

    Ref: Saudi Gazette