News @ M-Media

Blog

  • ခရိုင်းမီးယားမှ ဥဇဘက်ခန်း ၀တ်ကျောင်းတော်၏ နှစ် (၇၀၀) ပြည့် နှစ်ပတ်လည် အခမ်းအနား

    အောက်တိုဘာ-၂၂
    M-Media

    mosque_han_uzbekအရှေ့ဥရောပရှိ ရှေးအကျဆုံး ဘုရားကျောင်းကန်များအနက်အပါအ၀င်တစ်ခုဖြစ်သော ခန်းဥဇဘက် ဗလီဝတ်ကျောင်းတော်၏ အကြိမ် ၇၀၀ မြောက်နှစ်ပတ်လည် အခမ်းအနားကို ခရိုင်းမီးယား၌ ၂၀၁၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည်။ ၄င်းကို ခရိုင်းမီးယား၏ Verkhovnaya Rada ညီလာခံအစည်းအဝေးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

    ယင်းဆုံးဖြတ်ချက်သည် မွတ်စ်လင်မ်တို့၏သာသနိက အဆောက်အဦး ထိန်းသိမ်း စောင့်ရှောက်ပေးရေးကို သာမက ခရိုင်းမီးယားရှိ မတူကွဲပြားသည့် လူမျိုးနှင့် ဘာသာတရား အသီးသီးအကြား နားလည်မှု ခိုင်မာစေရန်လည်းဖြစ်ကြောင်း ခရိုင်းမီးယား Supreme Council ၏ ဥက္ကဌ ဗလာဒီမာ ကော်န်စတန်တီနော့ဗ် ကဆိုသည်။

    ခရိုင်းမီးယားပြည်ထဲရေးကောင်စီ (Supreme Council of Crimea) မှ ယူကရိန်းနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာချုပ်အား ဗလီဝတ်ကျောင်း၏အကြိမ် ၇၀၀ မြောက် နှစ်ပတ်လည်အခမ်းအနား အထိမ်းအမှတ် ဒင်္ဂါး ထုတ်လုပ်ရန်ကိုလည်းကောင်း၊ Ukrpochta ၏ ညွှန်ကြားရေးမှူးအား အမှတ်တရ ပိုစတာများ ရိုက်နှိပ်ရန်ကို လည်းကောင်း ညွှန်ကြားလိုက်ကြောင်း သိရသည်။

    လူဦးရေ ၄၅ သန်းကျော်ရှိသော ယူကရိန်းနိုင်ငံ တွင်  မွတ်စလင်မ် လူဦးရေ ၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး  မွတ်စလင်မ် အများစုမှာ ကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ ခရိုင်းမီးယား ဒေသတွင် အခြေချနေထိုင်ကြသည်။ ယူကရိန်းနိုင်ငံတွင် မွတ်စလင်မ် လူမှုအဖွဲ့အသည်း ပေါင်း ၄၄၅ ခုရှိပြီး ဗလီဝတ်ကျောင်း ၁၆၀ ရှိကြောင်း ဝီကီရဲ့ ဖော်ပြချက်များအရသိရှိရပါသည်။

    ပုံအညွှန်း – ခန်းဥဇဘက် ဗလီဝတ်ကျောင်းတော်

    Source : islam.ru
  • အောက်တိုဘာ ၂၁၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၂၁၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၂၁၊ ၂၀၁၃
    M-Media

    အမေရိကန်၏ သူလျှိုလုပ်ငန်းအား မက္ကဆီကို ရှုတ်ချ

    အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ(NSA) က မက္ကဆီကိုရှိအဖွဲ့အစည်းများနှင့် မက္ကဆီကိုနိုင်ငံသားများအား လျှို့ဝှက်ထောက်လှမ်းနေများကို ရှုတ်ချကြောင်း မက္ကဆီကိုနိုင်ငံက ယမန်နေ့တွင်ပြောကြားလိုက်သည်။

    NSA မှာ ၂၀၁၀ ခုနှစ်က မက္ကဆီကိုသမ္မတ ဖီးလစ်ကယ်လ်ဒရွန်၏ အီးမေးလ်အကောင့်ကို ၀င်ရောက်ကြည့်ရှုခဲ့သည်ဟု NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ချမှုကို ကိုးကားကာ ဂျာမနီရှိ Spiegel မဂ္ဂဇင်းက ရေးသားဖော်ပြထားသည်။

    ထိုပြင့် NSA မှာ “Flatliquid” ဟုအမည်ရသည့် စစ်ဆင်ရေးတွင် ကယ်လ်ဒရွန်၏ အီးမေးလ်အကောင့်အပါအ၀င် သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများအတွက် မက္ကဆီကို ကတ်ဘိနတ်အဖွဲ့ဝင်များအသုံးပြုသည့် သမ္မတရုံးဒိုမိန်းကိုလည်း ဖောက်ထွင်းခဲ့သည်ဟု သိရသည်။

    “ဒါမျိုးလုပ်ဆောင်ချက်တွေဟာ လက်မခံနိုင်စရာပါ။ တရားလည်းမ၀င်သလို မက္ကဆီကိုရဲ့ဥပေဒနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာလည်းဖြစ်ပါတယ်” ဟု မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ မကြာသေးမီက မက္ကဆီကိုသမ္မတ အာကွင်း ပီနာနှင့်တွေ့ဆုံခဲ့စဉ်အတွင်း အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများကပြုလုပ်ခဲ့သော အဆိုပါသူလျှိုလုပ်ငန်များအား စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ကတိပေးခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref : xinhua

    ___________________________

    ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်အတွက် ရုရှားနှင့် အီရန် လေတပ်အရာရှိများ တီဟီရန်တွင်တွေ့ဆုံ

    အီရန်နှင့်ရုရှား နှစ်နိုင်ငံ စစ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပူပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးရန်အတွက် နှစ်နိုင်ငံလေတပ်အရာရှိများသည် မြို့တော်တီဟီရန်၌ ယမန်နေ့က တွေ့ဆုံခဲ့ကြသည်ဟုသိရသည်။

    အစ္စလာမ့်မစ်ပြည်သူ့သမ္မတနိုင်ငံ လေတပ်တပ်ဗိုလ်မှူးချုပ် ဟာဆန်ရှား စာဖီနှင့် ရုရှားလေတပ် စစ်ဦးစီးချုပ် ဗစ်တာ နီကိုလာဗစ်ခ်ျ ဘွန်ဒါရဗ်တို့တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

    အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် သံတမန်အဖွဲ့ကိုဦးဆောင်ကာ အီရန်နိုင်ငံသို့ လေးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နီကိုလာဗစ်ခ်ျမှာ ယမန်နေ့ နံနက်ပိုင်း ကလည်း Khatam al-Anbiya လေတပ်စခန်းတွင် ဗိုလ်မှူးချုပ် ဖာဇက် အစ္စမာအီလီနှင့်လည်း တွေ့ဆုံခဲ့သည်။

    ထိုတွေ့ဆုံဆွေးနွေးမှုများအတွင်း လေယာဉ်မှူးများအား လေ့ကျင့်ပေးရေးနှင့် ပက်သက်ပြီး အဓိကဆွေးနွေးခဲ့ကြောင်း၊ အီရန်နိုင်ငံကလည်း ၎င်းတို့၏ လေယာဉ်မှူးများ အား နိုင်ငံခြားသို့စေလွှတ်လေ့ကျင့်ပေးရန် စိတ်အားထက်သန်လျက်ရှိကြောင်း အီရန်လေတပ် ဒုတိယဗိုလ်ချုပ်ကြီး အလီရီဇာ ဘာခိုရ်ကပြေကြားခဲ့သည်။

    ယခုနှစ်ဇန်န၀ါရီလက ရုရှား ပြည်ထဲရေးဝန်ကြီး ဗလာဒီမာ အလက်ဇန်ဒရိုဗစ်ခ်ျ အီရန်နိုင်ငံသို့ လာရောက်စဉ်အတွင်း အီရန်-ရုရှား နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စအတွက် နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့သည်။
    Ref : presstv

    ___________________________

    မိမိကိုယ်ကို မတော်တဆပစ်ခတ်ခဲ့မှုကြောင့် မြောက်ကယ်ရိုလိုင်းနားတွင် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနာပြည်နယ်တွင် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ မိမိကိုယ်ကို သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မိသောကြောင့် သေဆုံးခဲ့သည်ဟုသိရသည်။

    စနေနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီ သမီးငယ်လေးမှာ သူမ၏ အဒေါ်နှင့်အဖွားတို့ဖြစ်သူတို့နှင့် အိမ်၌ရှိနေခိုက် ကျည်ဖြည့်ထားသော သေနတ်အား တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ မတော်တဆဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ကလေးငယ်အား ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သော်လည်း လမ်း၌ပင် သေဆုံးခဲ့သည်ဟု သိရသည်။

    အမေရိကန်နိုင်ငံတ၀ှမ်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့် ပြီးခဲ့ဒီဇင်ဘာလကစ၍ ယခုအချိန်အထိ လူပေါင်း ၂၈၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်ဟု The Slate မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
    Ref : presstv

    ___________________________

    ခဲယမ်းမီးကျောက်များတွေ့ရှိမှုကြောင့် ဆယ်ကျော်သက်များအား ကန်ရဲတပ်ဖွဲ့ဖမ်းဆီး

    လက်နက်ခဲယမ်း သေတ္တာ ၇၀ တွေ့ရှိရသောကြောင့် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ဆယ်ကျော်သက်သုံးဦးအား ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟုသိရ သည်။

    ဘလာတီမိုးမြို့တွင် ယမန်နေ့ နံနက်ပိုင်းက အတားအဆီးတစ်ခုအား တိုက်မိမလိုဖြစ်ခဲ့သည့် မီးမှိတ်ထားသော Chevy ကား အနက်ရောင် အားစစ်ဆေးခဲ့ရာမှ လက်နက် ခဲယမ်းများနှင့်တကွ ထိုလူငယ်သုံးဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    ထိုလက်နက်ခဲယမ်းများမှာ ဥပေဒစိုးမိုးရေးအတွက် အသုံးပြုသည့် လက်နက်ခဲယမ်းများဖြစ်ပြီး အမေရိကန်လေတပ်အရာရှိတစ်ဦးအတွက် ထုတ်ပေးထားသော ပစ္စည်းများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ဖမ်းဆီးရမိခဲ့သည့် လူငယ်များမှာ ၁၅၊ ၁၆ နှင့် ၁၈ နှစ်အရွယ်ရှိဆယ်ကျော်သက်များဖြစ်ကြပြီး ပလာယာ၊ ဓာတ်မီး၊ လက်အိတ်များနှင့် အခြားသော ကားနှင့်ပက်သက် သည့် ပစ္စည်းများကိုလည်း ကားအတွင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။
    Ref : cnn

    ___________________________
    ကိုကာပင်စိုက်ပျိုးသူများနှင့် ရဲများထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရဲနှစ်ဦးသေ

    တောင်အမေရိကနိုင်ငံတစ်ခုဖြစ်သည့် ဘိုလီဗီးယားနိုင်ငံတွင် ကိုကာပင် စိုက်ပျိုးသူများနှင့် ရဲ့တပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်ဟုပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ၎င်းတို့စိုက်ပျိုးထားသည့်ကိုကာပင်များအား အစိုးရကဖျက်ဆီးမှုကို မကျေနပ်သည့် လယ်သမားများက ယမန်နေ့က ဆန္ဒပြစဉ်အတွင်း ရဲတပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲတွင် လယ်သမား ၇၀၀ ကျော်ပါဝင်ခဲ့ပြီး အချို့မှာ လက်နက်များ ကိုင်ဆောင်ထားကြပြီး ထိုသူတို့၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး အခြား ၁၆ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အစိုးရက နိုင်ငံ၏အနောက်တောင်ဘက် အပိုလိုဒေသရှိ ကိုကာပင်စိုက်ခင်းများမှာ တရားဝင်စိုက်ပျိုးထားခြင်းမဟုတ်ဟု ကြေညာခဲ့ပြီး ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
    Ref : xinhua

    ___________________________

    ဒက်ထရွိုက်မြို့ သက်ကြီးရွယ်အိုများစောင့်ရှောက်မှု စင်တာအနီး အမျိုးသမီးနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

    အမေရိကန်ပြည်ထောင်စု ဒက်ထရွိက်မြို့ရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးစင်တာအနီးတွင် ယမန်နေ့က သေနစ်ဖြင့်ပစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။

    ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ သူ၏ရည်းစားဖြစ်သူနှင့် စကားများခဲ့ပြီးနောက် ဆက်ဆံရေးပြတ်သွားသောကြောင့် အိမ်သို့သွား၍ ရိုင်ဖယ်သေနတ်ယူလာကာ ၎င်းတို့နှစ်ဦး၏ဆံဆက်ရေးအား ပျက်ဆီးအောင်ပြုလုပ်ခဲ့သည်ဆိုသည့် အမျိုးသမီးနှစ်ဦးအား ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ အသက် ၅၀ အရွယ်နှင့် ၆၀ အရွယ်ရှိ အမျိုးသမီးများဖြစ်ကြသည်။

    အသက် ၅၀ အရွယ်ရှိအမျိုးသမီးမှာ သူမ၏ နေအိမ်တိုက်ခန်းရှေ့ရှိ ခုံတန်းတွင်ထိုင်နေစဉ်ပစ်သတ်ခံရပြီး အသက် ၆၀ အရွယ်အမျိုးသမီးမှာ နေအိမ်အတွင်းပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လူသတ်မှုအား ကျူးလွန်သည့် အမျိုးသားအား အခင်းဖြစ်ပွားပြီးချင်းပင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
    Ref : xinhua

    ___________________________

    အပြာရုပ်ရှင်ကားများ ရိုက်ကူးသည့် ဂိုဏ်းသို့ သမီးများအား ရောင်းချခဲ့သော လင်မယားအား အမေရိကန်တွင်ဖမ်းဆီး

    မိမိတို့၏ရင်သွေးငယ်များအား လိင်စိတ်နှိုးဆွသည့် ဇာတ်ကားများရိုက်ကူးသော ဂိုဏ်းတစ်ခုသို့ ရောင်းစားမှုဖြင့် အမေရိကန်ဇနီးမောင်နှံနှစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ထိုဇနီးမောင်နှံနှစ်ဦးမှာ အသက် ၆၁နှစ်အရွယ်ရှိ ရွန်နီလီမက်ကောနှင့် အသက် ၄၀ အရွယ်ရှိသည့် ကွန်နီဆူးမက်ကောတို့ဖြစ်ကြပြီး အသက် ၁၂၊ ၁၅၊ ၁၇ နှစ်အရွယ်ရှိ ၎င်းတို့၏သမီးများအား ကာယကံရှင်ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာအမူအရာများအား အတင်းအဓ္ဓမလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် အသက် ၅ နှစ်အရွယ်သမီးဖြစ်သူ၏ သွားများမှာလည်း ဆိုးရွားစွာပျက်ဆီးနေပြီး၊ ခန္ဓာကိုယ်တွင်လည်း ပိုးမွှားများ အကိုက်ခံထားရသည့်ဒဏ်ရာများ များပြားစွာရှိနေခြင်းကြောင့် သားသမီးများအား လစ်လျူရှုမှုအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နသည်ဟု သိရသည်။

    Ref : huffingtonpost


    ___________________________

  • အောက်တိုဘာ ၂၁ အားကစားသတင်းများ

    အောက်တိုဘာ ၂၁ အားကစားသတင်းများ

    အောက်တိုဘာ- ၂၁
    M-Media

    မန်ယူမှာ ချန်ပီယံပြေးလမ်းအတွင်းက ထွက်သွားခြင်းမရှိသေးဟု ၀င်းဂါးပြော

    Barclays Premier League Table - 2013-10-21_23.18.59

    ပရီးမီးယားလိဂ်တန်းဆင်းဇုန်နားမှ အသင်းများနှင့် အမှတ်ကပ်နေသော်လည်း မန်ယူအသင်းတွင် ချန်ပီယံဆုဖလားရရန်အတွက် ကစားသမားကောင်းများနှင့် အတွေ့အကြုံကောင်းများရှိနေသည်ဟု အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူအသင်း ချန်ပီယံပြေးလမ်းအတွင်းမှ ထွက်ခွာသွားခြင်း မရှိသေးဟု ပြောကြားခဲ့သည်။ မန်ယူအသင်းမှာ ရာသီအစတွင် ရလဒ်များဆိုးရွားနေကာ ကစားပြီးသည့် ပွဲစဉ် ၈ ပွဲတွင် ၃ ပွဲသာအနိုင်ရရှိထားပြီး ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် ၈ မှတ်ကွာဟနေသည်။

    “သိပ်ကိုစောပါသေးတယ်။ ၈ မှတ်ဆိုတာသိပ်မများပါဘူး။ ပြီးတော့ သူတို့ ချန်ပီယံပြေးလမ်းက မထွက်သေးပါဘူး။ ကျွန်တော်တို့ဟာ အသင်းအားလုံးထက် ၂ မှတ်အကွာပဲရှိသေးတာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal.com
    ………………………………….
    ဖီအိုရင်တီးနားအသင်းမှာ မည့်သည့်အသင်းနှင့်မဆို ယှဉ်ပြိုင်နိုင်သည်ဟု ရော့စီဆို


    ဂျူဗင်တပ်စ်အားအနိုင်ရရှိခဲ့သည့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ဖီအိုရင်တီးနားတိုက်စစ်မှူး ရော့စီက ဖီအိုရင်တီးနားအသင်းမှာ မည်သည့်အသင်းနှင့်မဆို ယှဉ်ပြိုင်နိုင်သည်ဟု ပြောဆိုလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် ဖီအိုရင်တီးနားအသင်းမှာ ပွဲပြီးရန် ၂၅ မိနစ်အလိုအထိ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်နေပြီး ရော့စီ၏ ဟက်ထရစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုပွဲအနိုင်ကြောင့် ဖီအိုရင်တီးနားမှာ အဆင့်ငါးအထိ တက်ရောက်လာခဲ့သည်။

    “ဂျူဗင်တပ်စ်ကိုနိုင်လိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး ပျော်ပါတယ်။ ကျွန်တော်တို့ဟာ အနိုင်ရဖို့အတွက် တည်ဆောက်ထားတာပါ။ ဒီအသင်းမှာကောင်းမွန်တဲ့ အခြေခံတွေရှိတယ်။ ပြီတော့ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ဒီနေ့ ပြသခဲ့ပါတယ်” ဟု Sky Sport Italia ရုပ်သံသို့ ရော့စီက ပြောကြားခဲ့သည်။

    ………………………………….
    သြစတေးလျ Moto GP ဆိုင်ကယ်မောင်းပြိုင်ပွဲတွင် လော်ရန်ဇိုဗိုလ်စွဲ

    သြစတေးလျနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ခဲ့သည့် Moto GP ဆိုင်ကယ်မောင်းပြိုင်ပွဲတွင် စပိန်ဆိုင်ကယ်သမား ဂျော့ဂ်ျ လော်ရန်ဇို လိုပက်ဇ် အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟုသိရသည်။

    Phillip ကျွန်းတွင် ယမန်နေ့က ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် မူလက ၂၆ ပတ်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သော်လည်း ပြေးလမ်းအသစ်တွင် တာယာများ ပျက်ဆီးမှုကို စိုးရိမ်ရသည့်အတွက် ၁၉ ပတ်သာယှဉ်ပြိုင်ခဲ့သည်။

    ယခုပွဲတွင်နိုင်ရရှိမှုကြောင့် ရာသီပြီးဆုံးရန် ၂ ပွဲသာလိုတော့သည့်အချိန်တွင် Yamaha အသင်း၏ ဆိုင်ကယ်သမား လော်ရန်ဇိုမှာ ချန်ပီယံရှစ်အမှတ်ပေးဇယားတွင် Red Bull အသင်း ဆိုင်ကယ်သမား မာက့်မားကွက်ဇ်ထက် ၁၈ မှတ်အသာဖြင့် ဦးဆောင်နေသည်။

    Ref:CNY
    ………………………………….
    ATP Kremlin Cup တင်းနစ်ပြိုင်ပွဲတွင် ဂက်စ်ကတ် ဗိုလ်စွဲ

    ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ATP Kremlin Cup တင်းနစ်ပြိုင်ပွဲတွင် ပြင်သစ် တင်းနစ်သမား ရစ်ချတ် ဂက်စ်ကတ်က အနိုင်ရဗိုလ်စွဲသွားသည်ဟုသိရသည်။

    ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲစဉ်တွင် နိုင်ခြေအဆင့် ၁ ရ ဂက်စ်ကတ်မှာ ကာဇက်စတန် တင်းနစ်သမား မစ်ဟေးလ် ကူကုရှ်ကင်အား အကြိတ်အနယ်ကစားက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂက်စ်ကတ်မှာ ပထမပွဲငယ်တွင် ရုံးနိမ်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ်တို့တွင် အနိုင်ကစားနိုင်ခဲ့သောကြောင့် ၄-၆၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။

    “ဒီမှာရှိတဲ့သီတင်းပတ်ဟာ ကျွန်တော့်အတွက် အံသြစရာပါပဲ။ ပြီးတော့ အမှတ်တရများစွာလည်း ကျွန်တော်ရခဲ့ပါတယ်။ ဒီရာသီဟာ ကျွန်တော့်ဘ၀ရဲ့အအောင်မြင်ဆုံးရာသီတွေထဲက တစ်ခုပါ” ဟု ပွဲအပြီးတွင် ဂက်စ်ကတ်က ပြောကြားခဲ့သည်။

    —————————————————–

    စပိန်နာမည်ကြီး ဒေးဗစ်ဖာရာ အား အနိုင်ယူကာ Stockholm Open တွင် ဒီမီထရော့ဗ်ဗိုလ်စွဲ

    ဆွီဒင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ATP Stockholm Open တင်းနစ် ပြိုင်ပွဲတွင် ဘူလ်ဂေးရီးယားတင်းနစ်သမား ဂရီဂေါ် ဒီမီထရော့ဗ် ဗိုလ်စွဲခဲ့သည် ဟု သိရသည်။

    ဗိုလ်လုပွဲစဉ်အား ယမန်နေ့တွင်ကစားခဲ့ပြီး ကမ္ဘာ့အဆင့် ၂၉ ရှိ ဒီမီထရော့ဗ်မှာ ကမ္ဘာ့နံပါတ် ၃ စပိန်တင်းနစ်အကျော်အမော် ဒေးဗစ်ဖာရာနှင့် ယှဉ်ပြိုင် ကစားခဲ့ရခြင်းဖြစ်ပြီး အံသြဖွယ်အနိုင်ယူနိုင်ခဲ့သည်။

    လွယ်ကူစွာအနိုင်ရခဲ့ခြင်းမျိုးမဟုတ်ဘဲ ပထမပွဲငယ်တွင် ၂-၆ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲငယ်တွင် ၆-၃ ဖြင့်လည်းကောင်း၊ တတိယ ပွဲငယ်တွင် ၆-၄ ဖြင့် လည်းကောင်း ခက်ခက်ခဲခဲအနိုင်ယူနိုင်ခဲ့သည်။

    “အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ။ ပထမဆုံးခြေလှမ်းတစ်လှမ်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ လူတိုင်းက ကျွန်တော့်ကို ပြောခဲ့ကြ ပါတယ်” ဟု ဒီမီထရော့ဗ်က ပွဲအပြီးတွင် စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့သည်။ ယခုကဲ့သို့ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ကစားသမားသက်တမ်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ATP ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း

  • တရုတ်သိပ္ပံပညာရှင်များအား အာကာသ ညီလာခံ တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းကို နာဆာ(NASA) ပြန်ရုတ်သိမ်း

    အောက်တိုဘာ- ၂၁
    M-Media

    space-nasa-chinese-scientists.si

    တရုတ်သိပ္ပံပညာရှင်တွေကို အာကာသဆိုင်ရာ ညီလာခံတက်ရောက်ခွင့် ပိတ်ပင်တဲ့အပေါ် မနှစ်သက်တဲ့အတွက် ဒီညီလာခံကို ဝိုင်းကြဉ်ဖို့ အမေရိကန် အာကာသယာဉ်မှုးတွေရဲ့ ဆန္ဒ ထုတ်ဖော်တောင်းဆို လိုက်တဲ့နောက်မှာ နာဆာက ဒီဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။အမေရိကန် အာကာသယဉ်မှုးတွေဟာ ပညာရပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်အတွက် ခုလိုပြုလုပ်ခဲ့ကြတာပါ။

    ဒီညီလာခံကို နိုဝင်ဘာလ အစောပိုင်း ကယ်လီဖိုးနီးယားမှာ ကျင်းပဖို့ဖြစ်ပြီး နေအဖွဲ့အစည်းအပြင်ဖက်က ဂြိုဟ်တွေ အကြောင်း အဓိက ဆွေးနွေးကြဖို့ဖြစ်ပါတယ်။

    တရုတ်သိပ္ပံပညာရှင်တွေကို ပိတ်ပင်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့ တရုတ်နိုင်ငံသားဖြစ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေ အတွက် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအကြောင်းကြောင့် ထင်ရှားတဲ့ အမေရိကန် အာကာသ ယာဉ်မှူးများကြားမှာ ဒေါသလှိုင်းတွေ ပြင်းထန်ခဲ့ကြပါတယ်။

    ” ဒီညီလာခံ အစည်းအဝေးက ကမ္ဘာနဲ့ သန်းပေါင်းများစွာ ကွာဝေးတဲ့ ဂြိုဟ်တွေအကြောင်းပါ၊ ဘယ်လို အမျိုးသားလုံခြုံရေးနဲ့မှ မပတ်သတ်ပါဘူး” လို့ ဘာကလေ မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် အာကာသဆိုင်ရာ ပါမောက္ခ ဖြစ်သူ ဂျော့ဖ် မာဆီ က အစည်းအဝေးစီစဉ်သူတွေထံပေးပို့တဲ့ အီးမေးလ် မှာ ထောက်ပြထားပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း နာဆာရဲ့ ငြင်းပယ်မှုကို ခွဲခြားနှိမ့်ချမှုအဖြစ် ရှုံ့ချထားပြီး နိုင်ငံရေးဟာ ပညာရေးဆိုင်ရာ ညီလာခံဆွေးနွေးမှုတွေမှာ နေရာ မရှိသင့်ဘူးလို့ ဝေဖန်ထားပါတယ်။

    ရက်အတန်ငယ်ကြာတဲ့အခါမှာ နာဆာက တရုတ်သိပ္ပံပညာရှင်ခြောက်ဦးထံကို ဥပဒေကြောင်း အရပြန်သုံးသပ်တဲ့အခါ ဘယ်လိုမှ အတားအဆီး မရှိတာကြောင့် တက်ရောက်ခွင့်ပေးမယ့် အကြောင်းစာပြန်ခဲ့ပါတယ်။

    ” ကိုးကားထုတ်ပြန်တဲ့ ဥပဒေတွေကို ပြန်လည်ရှင်းလင်းပြီးဖြစ်တာကြောင့် ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းပြီးဖြစ်ပါတယ် ” ဒီအကြောင်းကြားစာကို ကိုးကားလို့ ဆင်ဟွာ သတင်းဌာနက တနင်္လာနေ့ကထုတ်ပြန်ခဲ့ပါတယ်။

    သို့ပေမယ့် လိုအပ်တဲ့ စီစစ်မှုတွေများစွာပြုလုပ်ဖို့ လိုအပ်နေပြီး သက်ဆိုင်ရာရုံးတွေဟာ အမေရိကန် အစိုးရရုံးတွေ ယာယီရပ်နားထားမှုနဲ့တိုက်ဆိုင်နေတာကြောင့် ဒီထုတ်ပြန်ချက်က အချိန်မီပါ့မလား မသေချာပါဘူး။

    နာဆာ အကြီးအကဲတစ်ဦးဖြစ်သူ ချားလ်စ် ဘိုးဒန်း ကတော့ ဒီလအစောပိုင်းမှာ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ပြီး ညီလာခံကို စီစဉ်တဲ့ အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသ လေ့လာရေးစင်တာ ( Ames Research Centre ) က အလယ်တန်းမန်နေဂျာတွေကို အပြစ်တင်ခဲ့ပါတယ်။

    ဒီလ အမေရိကန် အစိုးရရုံးတွေ တစ်စိတ်တပိုင်းရပ်နားမှုကြောင့် ကွန်ဂရက်က လုံလောက်တဲ့ ဘတ်ဂျက် အချိန်မီထုတ်မပေးနိုင်တာကြောင့် နာဆာဝန်ထမ်းတွေရဲ့ ၉၇ ရာခိုင်းနှုန်းခန့်ဟာ လစာမရဘဲ အိမ်ပြန်နားခဲ့ကြရပါတယ်။

    Source AFP

  • ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်

    ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်

    အောက်တိုဘာ ၂၁-၂၀၁၃
    M-Media
    A.N.Lay

    DSC00787

    ရန်ကုန် ။        ။          ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့ နေ့လည် ၃း၀၀-နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Crystal Jade စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

    ယခုကဲ့သို့ Forum ပြုလုပ်ခြင်းသည် ပထမဦးဆုံး အခွင့်အရေးကို ဒုတိယ အကြိမ်ပြန်လည်ရရှိခြင်းဖြစ်ပြီး တိုက်ဆိုင်စွာပင် တိုင်းပြည် ပြုပြင်ပြောင်းလဲမှုတွေဖြစ်နေတယ် ဆိုသည့် ပြောကြားချက်များနှင့် ကိုက်ညီသည့် အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် အမှန် တကယ်တမ်းပြုပြင်ပြောင်းလဲမှုများ၊ လူထုအဖွဲ့အစည်းနဲ့ ပါဝင်ခဲ့သည်ကို မှတ်ကျောက်တင်နိုင်ရန် အတွက် ယခုဖိုရမ်ကို ဝိုင်းဝန်းပံ့ပိုး လုပ်ဆောင်ရန်၊ သက်သေပြနိုင်ရန် အခွင့်အလမ်းတစ်ရပ် အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    ယခုအခါ တိုင်းပြည်အနေနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရသည့် နိုင်ငံဟု လူသိများသော်လည်း လူ့အခွင့်ရေးကိစ္စတွေကို မြန်မာနိုင်ငံတွင်မက ဒေသဆိုင်ရာကပါ ဝိုင်းဝန်း ဆွေးနွေးနိုင်သည့် အဆင့်မြင့်နိုင်ငံတစ်ခုအဖြစ် ပြသရန် ပြည်သူလူထုအင်အားများ လိုအပ်ကြောင်း၊ ယခု ဖြစ်မြောက်ရန် အဓိက ငွေကြေးပိုင်းဆိုင်ရာ လိုအပ် ကြောင်း၊ အစိုးရအနေနှင့်လည်း ပံပိုးမှု မပေးနိုင်သည့် အနေအထားရှိနေကြောင်း၊ ခရီးသွားလာမှုမှာလည်း အာဆီယံနိုင်ငံများ ပါဝင်သည့် အတွက် ဗီဇာပိုင်းဆိုင်ရာ ကြာမြင့်မှုများ ရှိနေတတ်ကြောင်း၊ ပြည်နယ်တွေကို သွားရောက်သည့်အခါ တစ်ခါတစ်ရံတွင် ကျေးလက်တောရွာများတွင် ကန့်သတ်မှုများရှိနေသည်မှာ အခက်အခဲ တစ်ရပ်ဖြစ်ကြောင်းကို Equality Myanmar မှ Director ဖြစ်သူ ဦးအောင်မျိုးမင်းက ပြောကြားခဲ့သည်။

    DSC00796

    “ဆက်ပြီးလည်း ကျွန်တော်တို့ ၂၀၁၄-ခု မတ်လ နောက်ဆုံးပတ်မှာ Forum ကို ၃-ရက်ကျင်းပဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာပဲ ကျင်းပမှာပါ။ နောက်ပြီး ကျွန်တော်တို့ ဘက်က ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါတယ်။ အောင်မြင်မှုရရှိမယ်လို့လည်း ယုံကြည်တယ်။ Asean People Forum ဖြစ်တဲ့အတွက် ပြည်သူလူထုက ပြည်သူ လူထုရဲ့ ပုံစံမျိုး နဲ့ပိုက်ဆံ မရရင်တောင်မှာ အဲ့ဒီလိုမျိုးနည်းနဲ့ဖြေရှင်းသွားမှာဖြစ်ပါတယ်။  ထပ်ပြီးပြောချင်တာက ကျွန်တော်တို့ဒီလိုကိစ္စလုပ်တဲ့အခါမှာ အစိုးရ ဘက်ကလည်း ပံပိုးမှုလိုအပ်သလို၊ ကျွန်တော်တို့ဘက်ကလည်း တာဝန်ယူမှုတွေ အများကြီး လိုအပ်ပါတယ်။ နောက် တိုင်းပြည်တစ်ပြည်မှာ တိုးတက်လာပြီဆိုတဲ့ကိစ္စက ဒီ Asean People Forum တွေ ကလည်းမှတ်ကျောက်တင်စရာတစ်ခုဖြစ်တဲ့အတွက် Asean People Forum တွေက ထွက်လာတဲ့ရလဒ်တွေကို အစိုးရတွေ ကိုယ်တိုင် တကယ်လေးစား လိုက်နာမယ့် လုပ်ငန်းစဉ်မျိုး ယန္တရားမျိုးကို အလှည့်ကျတဲ့ မြန်မာနိုင်ငံမှာ ဖော်ဆောင်နိုင်မယ် ဆိုရင်တော့ ဂုဏ်ယူ ဝမ်းမြောက်စရာ ဖြစ်မှာပါ”ဟု ဦးအောင်မျိုးမင်းက မီဒီယာကို ပြောကြားပါသည်။