အောက်တိုဘာ ၁၅၊ ၂၀၁၃
M-Media
ဖိလစ်ပိုင်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားရာ ကျွန်းသုံးခုတွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခု ယနေ့တွင်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများ ပြိုကြခဲ့ပြီး အနည်းဆုံး လူ ၂၀-ဦးသေဆုံးခဲ့သည်ဟုသိရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအရေးပါဆုံးဖြစ်သောဖြစ်ပြီး လှပသော အပန်းဖြေကမ်းခြေများများစွာရှိသည့် စီဘူးတွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦး ၁၅-လုံး၊ စီဘူးမှ သင်္ဘောဖြင့်သွားရပြီး သဲဖြူကမ်းခြေများကြောင့် ကျော်ကြားသည့် ဘိုဟိုလ်ကျွန်းနှင့် စီကွီဂျာကျွန်းတို့တွင် အဆောက်အဦး ၅လုံး ပြိုကျပျက်စီးခဲ့သည်ဟု ဖိလစ်ပိုင် လူမှုကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရိုင်နယ်လ်ဒို ဘာလီဒိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် တက္ကသိုလ်များ၊ ဆေးရုံများ၊ ခရစ်ယာန်ဘုရားကျောင်းများအပါအ၀င် အဆောက်အဦးအများအပြားမှာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး၊ လမ်းမကြီး အချို့မှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် ကမ္ဘာ့လှည့်ခရီးသွားများက ပြောကြားခဲ့သည်။
အဆိုပါငလျင်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီ ၁၂ မိနစ်တွင် ဘိုဟိုလ်ကျွန်းရှိ လူဦးရေ ၁၈၀၀၀ရှိသော ဘလီလီဟန်မြို့အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
Ref : channelnewsasia








