News @ M-Media

Blog

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    စက်တင်ဘာ၊ ၃၀
    M-Media

    309.2013

    CTRL-ALT-DEL တွဲနှိပ်ရတာ မဖြစ်ခဲ့သင့်ကြောင်း ဘီလ်ဂိတ်ပြော

    ဘိလ်ဂိတ်ကပြောပါတယ်။ CTRL-ALT-DEL တွဲနှိပ်ရတာ မဖြစ်သင့်ခဲ့တဲ့ ကိစ္စပါလို့ Harvard University နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။ အထူးသဖြင့် login ဝင်ဖို့ရာ CTRL-ALT-DEL ကို တွဲနှိပ်ရပါတယ်။ IBM အတွက် software ရေးပေးတဲ့အခါမှာ login ဝင်ဖို့ နှိပ်ရတဲ့ ခလုပ်တစ်ခု ကီးဘုတ်မှာ ထားပေးဖို့ တောင်းဆိုချက်ကို IBM အတွက် ကီးဘုတ် ဒီဇိုင်းဆွဲသူက လုပ်မပေးခဲ့လို့ ခလုပ် သုံးခုတွဲနှိပ်တဲ့ နည်းကို ရွေးချယ်လိုက်ရတာလို့ ပြောပါတယ်။

    ——————————————-

    နိုင်ငံတကာ အာကာသစခန်း ISS သတင်း

    ကြာသပတေးနေ့က နိုင်ငံတကာ အာကာသစခန်း ISS ကို တာဝန်ထမ်းဆောင်ဖို့ အမေရိကန် တစ်ဦးနဲ့ ရုရှ လူမျိုးနှစ်ဦး ရောက်လာခဲ့ပါတယ်။ ဆိုယုစ် အာကာသယာဉ်ကို ၆နာရီ ကြာ စီးပြီး ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ထူးခြားတာက ISS နဲ့ ချိတ်ဆက်ဖို့ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ပုဂ္ဂလိကပိုင် cygnus ကလည်း အရင်အပါတ်(Sept. 22)က မချိတ်ဆက် နိုင်ခဲ့တော့ နောက်တစ်ပါတ် ပြန်ချိတ်နိုင်ဖို့ စောင့်စားနေချိန် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဆိုယုစ် ရောက်လာတော့ တနင်္ဂနွေထိထပ်စောင့်ရပါတယ်။ ထူးထူးခြားခြားပါပဲ။ တနင်္ဂနွေ 1244 GMT မှာတော့ ISS နဲ့ ချိတ်ဆက်ဖို့ ISS ရဲ့ စက်လက်တံက အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ပါတယ်။ cygnus capsule ဟာ တစ်လကြာ ဒီအတိုင်း ဆက်ချိတ်ဆက်ထားမှာ ဖြစ်ပြီး နောက်မှာတော့ လေထုထဲကို ပြန်လွှတ်ချလိုက်မှာလို့ သိရပါတယ်။

    ——————————————-
    အင်္ဂါဂြိုလ်သွား လေ့လာရေးယာဉ် Curiosity rover မှရေရှိကြောင်း သတင်းထပ်မံပေးဖို့

    အင်္ဂါဂြိုဟ်နဲ့ ပါတ်သတ်လို့ အရင်အပါတ်က သတင်းကို မှတ်မိလိမ့်မယ် ထင်ပါတယ်။ မီသိမ်းဓါတ်ငွေ့ မရှိဘူး သက်ရှိလည်း မရှိဘူးဆိုတာပါ။ ဒီတစ်ပါတ်တော့ အပေါင်းလက္ခဏာ ဆောင်တဲ့ သတင်းကို ကြားရပါတယ်။ အင်္ဂါဂြိုဟ်မှာ ရေရှိပါတယ်တဲ့။ Curiosity rover ဟာ မြေသားအနည်းငယ်ကို အပူပေးကြည့်တဲ့အခါမှာ ထွက်လာတဲ့ အငွေ့က H2O ဆိုတာ စမ်းသပ်တွေ့ရှိရပါတယ်တဲ့။

    ——————————————-

    iOS 7 အသုံးပြုသူတွေရဲ့ မကျေနပ်သံများ
    Apple ရဲ့ iDevice တွေမှာ သုံးတဲ့ iOS version 7 ကို ဒီတစ်ပါတ် ဖြန်ချီပေးခဲ့ပြီးနောက် သုံးစွဲသူများက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ လှုပ်ရှားမှု animation တွေ အလွန်အမင်း သုံးထားတဲ့ အတွက် သုံးစွဲရာမှာ မူးဝေခဲ့ကြတယ်လို့ လူအများစုက ညည်းညူကြပြီး ယခင်version သို့ ပြန်လည် အဆင့် ချဖို့အဖြေရှာသူ အလွန်များပြား နေပါတယ်။ ဒီလို နေမကောင်း ဖြစ်စေတယ်ဆိုတာကို ဆရာဝန်တွေကလည်း အတည်ပြုပြောဆိုတယ်လို့ ဆိုပါတယ်။

    ——————————————-

    Google မှ ရှာဖွေနည်းသစ် အဆင့်မြှင့်

    Google ရှာဖွေမှု အင်ဂျင်ကို algorithm အသစ်နဲ့ အဆင့်မြှင့်တင်လိုက်ပါတယ်တဲ့။ ဒီ algorithm အသစ်ကို “Hummingbird” လို့ အမည်ပေးထားပါတယ်။ အရင် ရှာဖွေနည်းမှာ စာလုံးတစ်လုံးချင်းအားဖြင့် ရှာဖွေတာ ဖြစ်ပေမယ့် အခု နည်းသစ်မှာတော့ မေးခွန်းတွေကို နားလည်နိုင်လာမယ်လို့ သိရပါတယ်။ ဒီ algorithm အသစ်ကို စတင်လိုက်တဲ့ ရက်ဟာ Google ရဲ့ ၁၅နှစ် ပြည့်တဲ့ နှစ်ပါတ်လည်နေ့လည်း ဖြစ်ပါတယ်။ အောက်ကပုံကတော့ ဂူးဂဲလ်ကို စတင်တည်ထောင်ရာ ဂိုဒေါင်ငယ်လေးရဲ့ပုံ ဖြစ်ပါတယ်။
    Ref: google

    ——————————————-

    လက်ရှိ အသုံးပြုနေတဲ့ Chip ထပ် အဆပေါင်းများစွာ သေးငယ့်မယ့် Carbon Nanotube Chip တီထွင်နိုင်

    Stanford တက္ကသိုလ်က သုတေသီတွေဟာ Carbon Nanotube နဲ့ ပြုလုပ်ထားတဲ့ CPU နမူနာ တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အခု သုံးနေတဲ့ ဆီလီကွန် chip တွေထက် Carbon Nanotube တွေဟာ အဆများစွာ သေးငယ်တယ်လို့ ဆိုပါတယ်။ Intel ကုမ္ပဏီ ဟာလည်း Carbon Nanotube နဲ့ပြုလုပ်တဲ့ chip ကို စမ်းသပ်ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။

    ——————————————-
    Particle Accelerator

    SLAC National Accelerator Laboratory နဲ့ Stanford University က သုတေသီတွေဟာ အလွန်သေးငယ်တဲ့ အမှုန် အရှိန်ပေးစက် ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အရင်ကတော့ အမှုန် အရှိန်ပေးစက်ဆိုတာ အကြီးကြီးတွေပါပဲ။ အခုဟာလေးကတော့ ဆန်စေ့လောက်ပဲ ရှိပါတယ်။ လေဆာ နဲ့ထိန်းချုပ် အသုံးပြုရတဲ့ ဒီ Particle Accelerator ဟာ ဈေးနှုန်းသက်သာပြီး သေးငယ်လွန်းတာကြောင်း ဆေးကုသရေး နဲ့ အခြား လက်တွေ့ အသုံးချ နည်းပညာတွေ ပေါ်ထွက်လာနိုင်ပါတယ်။
    #mmediatech #technology #science #tech

  • ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်

    ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    Myanmar-Sea-Games-2013-250
    ဒီဇင်ဘာ ၁၁-ရက်နေ့မှ ၂၂-နေ့ရက်နေ့ အထိ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် မလေးရှားနိုင်ငံသားများအား ခရီးသွားခြင်းနှင့်ပက်သက်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အကြံဥာဏ် ပေးသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွားလုပ်ငန်းနှင့် မရင်းနှီးသေးသည့် နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ခရီးသွားလမ်းညွှန်မှု ဆိုင်ရာအကြံပေးမှုများလိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် ဒေါက်တာ အဟ်မဒ် ဖိုင်ဇယ်က ပြောကြားခဲ့သည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး သံရုံးရဲ့ ၀ဘ်ဆိုဒ်မှာမကြာခင်က တင်ထားပါတယ်” ဟု ဆီးဂိမ်းအကြိုအဖြစ် မြန်မာနိုင်ငံသို့ ယမန်နေ့က လာရောက်ခဲ့သည့် မလေးရှား မီဒီယာအဖွဲ့အား မလေးရှားသံရုံးမှ တည့်ခင်းဧည့်ခံသော ညစာစားပွဲတွင် ဖိုင်ဆယ်က ပြောကြားခဲ့သည်။

    ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများအပေါ် မြန်မာ့ဆီးဂိမ်း ကျင်းပရေးကော်မတီက ယခုအချိန်အထိ မလေးရှားသံရုံးအား အကြောင်းကြားခြင်းမရှိသေးဟု ဖိုင်ဇယ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်နေရာတွေမှာ ကျင်းပနေတဲ့အချိန် လုံခြုံရေးကို မြန်မာအစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပါလိမ့်မယ်။ မြန်မာနိုင်ငံကိုလာရောက်ကြသူတွေက နိုင်ငံရဲ့ဥပေဒနဲ့ ယဉ်ကျေးမှုတွေကို လေးစားရပါမယ်။ ပြီးတော့ လာရောက် လည်ပတ်သူတွေဟာ ပြိုင်ပွဲကျင်းပရာ နေရာတွေဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်စတဲ့ နေရာတွေကိုပဲ လည်ပတ်လို့ရမှာဖြစ်ပြီး တခြားနေရာတွေကို သွားလို့မရပါဘူး” ဟု ဖိုင်ဇယ်က ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းပေါင်း ၃၃-မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ၄၆၀ ချီးမြှင့်မည်ဖြစ်သည်။
    Ref : bernama

  • မွတ်စလင်မ်များအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုမှာ အတွင်းမှလာသည်ဟု နာဂျစ်ဆို

    စက်တင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    najib

    ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးကိုလိုလားသော မွတ်စလင်များအနေဖြင့် ဘာသာတရားအား အလွဲသုံးစားလုပ်ကာ အကြမ်းဖက်မှုများ ကျူးလွန်နေကြသည့် အစွန်းရောက်များကို ညီညီညွတ်ညွတ်ဖြင့် ဆန့်ကျင်ကြရန်နှင့် အနာဂတ် အစ္စလာမ်သာသနာအတွက် ထိုးနှက်နေသည့်တိုက်ပွဲများကို အောင်မြင်ရန်အတွက် အလယ်အလတ်လမ်းစဉ်ကသာ အဓိကသော့ချက်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်းလုံးမှာ အစွန်းရောက်ဝါဒဟာ အသက်တွေကိုနှုတ်ယူနေပြီး အခွင့်အရေး တွေကိုလည်း ဖျက်ဆီးပစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးကို အကျိုးသက်ရောက် ပါတယ်။ ဒါပေမယ့် အယူဝါဒတစ်ခုက လူတစ်စုရဲ့လုပ်ရပ်ပါ။ ယနေ့ မွတ်စလင်မ်တွေကို အကြီးမားဆုံးသောခြိမ်းခြောက်မှုဟာ အပြင်ကနေလာတာမဟုတ်ပါဘူး။ ကျွန်တော်တို့အတွင်းထဲကနေလာတာပါ” ဟု မလေးရှားဝန်ကြီးချုပ် မိုဟာမက် နာဂျစ်က ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယမန်နေ့ကပြောကြားလိုက်သည်။ ထို့ပြင် စွန်န္နီနှင့် ရှီအာအကြားဖြစ်ပွားသည့် ပဋိပက္ခများက ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နှင့် ပါကစ္စတန်တို့ရှိ မွတ်စလင်မ်သန်းပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ငြိမ်ချမ်းမှုနဲ့ တည်ဆောက်ထားတာပြီး၊ ခန္တီတရားထားဖို့ကိုလည်း သွန်သင်တဲ့ ကျွန်တော်တို့သာသနာကို အစွန်းရောက်တွေက အလွဲသုံးစားလုပ်နေပါတယ်။ သူတို့ဟာ မှားယွင်းတဲ့ ငြင်းခုံမှုတွေကို အသုံးပြုပြီး (မွတ်စလင်မ်တွေ) ကွဲသွားအောင်၊ (အစ္စလာမ်ကို) အကြမ်းဖက်မှုတွေနဲ့ တွဲမြင်လာအောင်လုပ်နေကြပါတယ်။ အစ္စလာမ်ကမ္ဘာတစ်ဝှမ်းလုံးမှာ အစွန်းရောက်တွေဟာ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ငန်းစဉ်တွေကို ဘာသာရေးအရေခြုံပြီး လုပ်နေကြပါတယ်။ ရလဒ်အနေနဲ့ကတော့ မိသားစုတွေ မျက်ရည်ကျရတယ်၊ ပြီးတော့ နိုင်ငံတွေနဲ့ အွမ္မသ်(မွတ်စလင်မ်လူထု)ဟာ ကွဲပြားသွားရတာပါပဲ” ဟု သူကဆိုသည်။

    သို့သော်လည်း အကြမ်းဖက်မှုများအားတိုက်ထုတ်ရန် မွတ်စလင်များတွင် စွမ်းအားရှိနေပြီး ဘာသာရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အလယ်အလတ်ဖြစ်ခြင်းက အသက်များ ဆုံးရှုံးနေခြင်းကို ရပ်တန့်နိုင်ပြီး မွတ်စလင်မ်ကမ္ဘာတွင် လွတ်လပ်မှုများရနိုင်ကြောင်း၊ အကြမ်းဖက်မှုများနောက်ကွယ်တွင် အနာဂတ်အစ္စလာမ်သာသနာအတွက် အန္တရာယ်ရှိစေမည့် စစ်ပွဲများရှိနေကြောင်း နာဂျစ်က ပြောကြားခဲ့သည်။
    Ref : xinhua

  • မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ အိမ်မဲမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ကုရ်အာန်ကျမ်းလှူဒါန်းခဲ့

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    ma ma la

    အိမ်မဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့မှ ကုရ်အာန်ကျမ်းမြတ်များကို မနေ့က စက်တင်ဘာ ၂၇-ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။

    အဆိုပါ လှူဒါန်းမှုမှာ မကြာသေးမီက ပြုလုပ်ခဲ့သော ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးစီးသည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခမ်းအနားမှ တောင်းဆိုချက်အရ အိမ်မဲမြို့နယ် မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး)အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းထက်မှ ကျမ်းမြတ်ကုရ်အာန် (မြန်မာဘာသာပြန်) ၈-စုံကို ဘုန်းတော်ကြီးကျောင်း ၈-ကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

    ၎င်းပြင် ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန် အပြည့်အစုံကို လေ့လာလိုသူများ၏ တောင်းဆိုမှုကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ဘာသာပြန် အစောင်-၁ မှ ၃၀ အထိ ၈-စုံကိုလည်း ထပ်မံ လှူဒါန်းခဲ့ကြောင်း သိရပါသည်။

    ဓါတ်ပုံအညွှန်း > သြဂုတ်လ ၅-ရက်နေ့က အိမ်မဲမြို့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မှ

  • ကာဇစ္စတန်နိုင်ငံ အက်စ်တာနာတွင် ကျင်းပသည့် ကမ္ဘာ့ဘာသာ ပေါင်းစုံခေါင်းဆောင်များ၏ ညီလာခံ

    စက်တင်ဘာ၊ ၃၀
    M-Media

    XII session of secretariat of religious leaders congress held in Astana

    ၁၂ ကြိမ်မြောက် ကမ္ဘာ့ခေါင်းဆောင်များ နှင့် ဘာသာတရားကြီးများ၏ ခေါင်းဆောင်များ ၀န်ကြီးအဆင့်တွေ့ဆုံဆွေးနွေးမှု (XII session of the Secretariat of the Congress of Leaders of World and Traditonal Religions) ကို ကာဇစ္စတန်နိုင်ငံ အက်စ်တာနာ (Astana) ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence) တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည်။

    ကာဇာခ် (Kazakh) လွှတ်တော်၏ပြန်ကြားရေးဝန်ကြီး တဲလ်ဂတ် ဇူးမာဂူလော့ဗ် (TalgatZhumagulov)သည် အပတ်စဉ်သတင်းစာရှင်းလင်းပွဲအားကျင်းပသော ဗဟိုဆက်သွယ်ရေးဌာန (Central Communications Service) တွင် ဤသို့ ပြောဆိုခဲ့သည်။

    “ လွှတ်တော်ညီလာခံအတွင်း ပါဝင်တက်ရောက်သူများသည် ၂၀၁၂ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် ကမ္ဘာ့ခေါင်းဆောင်များ နှင့် မိရိုးဖလာဘာသာတရားများ၏ ၀န်ကြီးအဆင့်တွေ့ဆုံမှုညီလာခံမှ ရရှိခဲ့သည့် ရလဒ်မျာကို အခြေတည်၍ အမြင်များကိုဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဘာသာရေးနှင့်ယဉ်ကျေးမှုများအကြား နားလည်မှုစကားဝိုင်းတိုးမြှင့်ရေးအပေါ် အုပ်ချုပ်သူများ နှင့် အပြည်ပြည်ဆိုင်ရာအနေအထားများ၌ ပူးပေါင်းဆောင်ရွက်ရေးပြဿနာတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည် ” ။

    သူ၏ပြောကြားချက်များအရ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် ၅ ကြိမ်မြောက် ညီလာခံတွင်လည်း လက်ရှိပါဝင်တက်ရောက်ခဲ့သူများသည် အယူအဆရေးရာ နှင့် အဖွဲ့အစည်းရေးရာများအပေါ် သူတို့၏အမြင်များအား ဆက်လက်ဖလှယ်ဦးမည် ဖြစ်ကြောင်းသိရသည်။

    အပြည်ပြည်ဆိုင်ရာဆွေးနွေးချက်ပြုလုပ်ခဲ့သည့်ထိုနေ့မှာပင် “ ယဉ်ကျေးမှုဆိုင်ရာစကားဝိုင်းဖြင့် အက်စ်တာနာ၏ဘာသာပေါင်းစုံဆွေးနွေးပွဲအခန်းကဏ္ဍ ” – (The Role of the Astana Inter-Faith Forum in the Dialogue of Civilizations) ဟူသော ဖိုရမ်ကို ကျင်းပခဲ့၏။ ၄င်းသည် ဘာသာပေါင်းစုံဖိုရမ်များ ပုံမှန်ပြုလုပ်သွားရန် ဟူသည့် နူးရ် စူလ်တန် နဇာဘာရိဗ် (NursultanNazarbayev) ၏ သမိုင်းဝင်အတွေးအမြင်ပေါ်မူတည်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဇူးမာဂူလော့ဗ် က ထပ်လောင်းပြောပြခဲ့သည်။

    အရေးပါထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်ကိုယ်စားလှယ်များ နှင့် အစဉ်အလာကြီးမားသော ဘာသာရေးခေါင်းဆောင်များအပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကာဇာခ်စတန် (Kazakhstan) နှင့် ပြည်ပရှိ သိပ္ပံပညာရှင်များကလည်း ထိုဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြသည်။

    ကာဇာခ် (Kazakh) လွှတ်တော်၏ပြန်ကြားရေးဝန်ကြီးက ၄င်းဆွေးနွေးလုပ်ဆောင်ချက်များသည် အက်စ်တာနာတွင် ပြုလုပ်သော ကမ္ဘာ့ခေါင်းဆောင်များ နှင့်ဘာသာတရားကြီးတို့၏ ပထမဆုံးကွန်ကရက်မှတွက်ပါက ဤအခမ်းအနားမှာ ၁၀ နှစ်မြောက်နှစ်ပတ်လည်တွေ့ဆုံဆွေးနွေးမှုဖြစ်သည်ဟု ရည်ညွှန်းပြောကြားသွားခဲ့သည်။