News @ M-Media

Blog

  • ၆-၈-၂၀၁၃ နိုင်ငံတကာသတင်း အကျဉ်းစုစည်းမှု

    ၆-၈-၂၀၁၃ နိုင်ငံတကာသတင်း အကျဉ်းစုစည်းမှု

    သြဂုတ်လ-၆ရက်၊ ၂၀၁၃
    M-Media

    ဟီးရိုရှီးမား ၆၈နှစ်မြောက် နှစ်ပါတ်လည်နေ့

    ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်က အနုမြူဗုံးကြောင့် ဟီးရိုရှီးမားမြို့တွင် လူပေါင်း ၁၄၀,၀၀၀ခန့် သေကြေပျက်စီးခဲ့ရသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့သည်။
    _______________________________
    ဝါရှင်တန်ပို့်စ်ကို အမေဇုန်ဝယ်ယူ

    နှစ်ပေါင်း ၁၅၀ကျော် ရပ်တည်လာခဲ့သော ဝါရှင်တန်ပို့စ်ကို ဒေါ်လာ သန်း ၂၅၀ ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ပြီး နှစ်အနည်းငယ်အတွင်း အောင်မြင်မှုရလာသော Tumblr နှင့် Instagram များလောက်ပင် ဈေးမရခဲ့ပေ။ Tumblr မှာ ၁,၁၀၀ သန်း ဖြစ်ပြီး Instagram မှာ သန်း၁၀၀၀ ဖြစ်သည်။
    _______________________________
    ကရှ်မီးယားတိုက်ခိုက်မှုအတွင်း အိန္ဒိယ စစ်သား ၅ ဦးသေဆုံး

    အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသည့် ကရှ်မီးယားဒေသတွင် တနင်္လာနေ့ညက တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ၅ ဦးသေဆုံးခဲ့သည်ဟု အိန္ဒိယအစိုးရက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ထိုက်ခိုက်မှုတွင် ပါကစ္စတန်စစ်သားများ ပါဝင်နေသည်ဟု အိန္ဒိယအစိုးရက စွပ်စွဲထားပြီး ပါကစ္စတန်ဘက်မှ အဆိုပါစွပ်စွဲမှုအား ငြင်းဆိုထားသည်။
    _______________________________
    အမေရိကန် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှုကြောင့် အလ်ကိုင်းဒါးတိုက်ခိုက်ရေးသမားဟု သံသယရှိသူများ သေဆုံး

    ယီမင်နိုင်ငံ အရှေ့ပိုင်း မာရစ်ဘ်ပြည်နယ်တွင် အမေရိကန်မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် အလ်ကိုင်းဒါး အဖွဲ့ဝင်ဟု သံသယရှိသူလေးဦး သေဆုံးခဲ့သည်ဟုသိရသည်။
    _______________________________
    လူမျိုးရေးခွဲးခြားကာ သတ်ဖြတ်မှုကြောင့် ဟန်ဂေရီလူမျိုး ၄ ဦးအား ပြစ်ဒဏ်ချမှတ်

    ရိုးမားလူမျိုး ၆ ဦးအား သတ်ဖြတ်ခဲ့မှုတွင် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဟန်ဂေရီလူမျိုးလေးဦးကို တသက်တကျွန်းနှင့် ထောင်ဒဏ်များချမှတ်လိုက်သည်။ ၂၀၀၈နှင့် ၂၀၀၉ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် လူမျိုးရေးတိုက်ခိုက်မှုများအတွင်း အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် ရိုမားလူမျိုး ၆ ဦးအား သတ်ဖြတ်ခဲ့သည့် ဟန်ဂေရီလူမျိုးလေးဦးအနက် သုံးဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကိုလည်းကောင်း၊ ကျန်တစ်ဦးအား ထောင်ဒဏ် ၁၃ နှစ်ပြစ်ဒဏ်ကိုလည်းကောင်း အသီးသီး ချမှတ်လိုက်သည်။
    _______________________________
    အစိုးရနှင့် ထိုင်းတောင်ပိုင်းသူပုန်များအား စေ့စပ်ဆွေးနွေးရန် ကြိုးစားသူ မွတ်စလင်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

    ထိုင်းတောင်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအဆုံးသတ်ရန်ကြိုးစားနေသူ ထိုင်းမွတ်စလင်ခေါင်းဆောင်တစ်ဦးမှာ ယမန်နေ့ နေ့လည်ပိုင်းက လုပ်ကြံခံလိုက်ရသည်ဟုသိရသည်။ ထိုင်းတောင်ပိုင်း ပတ္တာနီရှိ အကြီးဆုံးဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော်ဖြစ်သူ ယာကွတ်ဗ် ရိုင်မနီးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပြည့်အ၀ထောက်ခံသူဖြစ်ကြောင်း၊ ၎င်းလုပ်ကြံခံရမှုမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲက ပြောကြားခဲ့သည်။
    _______________________________
    သြစတေးလျ ရွေးကောက်ပွဲ ရက်သတ်မှတ်

    သြစတေးလျ ၀န်ကြီးချုပ် ကီဗင်ရုဒ်က လာမည့် စက်တင်ဘာ ၇ ရက်နေ့အား ရွေးကောက်ပွဲ ကျင်းပမည့်နေ့အဖြစ် သတ်မှတ်လိုက်သည်။ ဂျူလီယာ ဂီလာဒ်၏လက်မှ ၀န်ကြီးချုပ်နေရာအား ရယူအပြီး သီတင်းပတ် ခြောက်ပတ်အကြာတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
    _______________________________
    တရားမ၀င်ဝင်ရောက်လာသည့် ဗီယက်နမ်နိုင်ငံသား ၅၉ ဦးအား တရုတ်ဖမ်းဆီး

    တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ်သို့ တရားမ၀င်ဝင်ရောက်လာကြသည့် ဗီယက်နမ်နိုင်ငံသား ၅၉ ဦးအား တရုတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်ဟုသိရသည်။ အမျိုးသား ၄၅ ဦး အမျိုးသမီး ၁၄ ဦးပါဝင်သည့် အဆိုပါအဖွဲ့အား ဂျူလိုင် ၂၉ရက် ည ၉နာရီတွင် ဘတ်စ်ကားပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
    _______________________________
    Galaxy Gear

    Samsung ၏ လက်ပတ်နာရီကဲ့သို့ ဝတ်ဆင်နိုင်မည်ဖြစ်ပြီး ဖုန်းတစ်လုံးကဲ့သို့ လုပ်ဆောင်နိုင်မည့် ကိရိယာကို ကွေးညွတ်နိုင်သော မျက်နာပြင်ဖြင့် ပြုလုပ်ထားကြောင်း မူပိုင်ခွင့်မှတ်ပုံတင်အရ သိရသည်။
    _______________________________
    အမဲသားကို ဓါတ်ခွဲခန်းတွင် ထုတ်လုပ်

    အမဲသားကို University of Maastricht တွင် သုတေသနပညာရှင် Mark Post နမူနာ စမ်းသပ်ပြုလုပ်နိုင်ခဲ့သည်။ နွား၏ပုခုံးသား မှ ပင်မဆဲလ် ထုတ်ယူကာ ကြွက်သားဆဲလ်များအဖြစ် ပွားယူထားသော အသားကို ဘာဂါပြုလုပ်ပြီး စမ်းသပ်စားသုံးကြည့်ခဲ့ကြသည်။
    _______________________________
    ဆီးရီးယား သူပုန်များ လေတပ် အခြေစိုက်စခန်းကို သိမ်းပိုက်

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အစိုးရ၏ လေတပ် အခြေစိုက်စခန်းကို သူပုန်တပ်များက ယနေ့ သိမ်းပိုက်လိုက်သည်။

  • ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရေး ဗျူဟာများတွင် မွတ်စလင်မ် ခရီးသွားများကို ပစ်မှတ်ထား

    သြဂုတ်-၆ ရက်။ ၂၀၁၃
    M-Media

    Thailand aims
    New York Times ၏ တနင်္ဂနွေနေ့တင်ပြချက်အရ ထိုင်း(ယိုးဒယား)နိုင်ငံသည် လက်ရှိဈေးကွက်ရှာဖွေရေး ဖော်ဆောင်မှုများ၌ နိုင်ငံခြား ဧည့်သည် အမျိုးအစား အားလုံးအပေါ် ဆွဲဆောင်နိုင်ရန် ရည်ရွယ်လျက်ရှိသည်ဟု ဆိုသည်။

    “ အပြုံးဌာနီ ” ဟု အမည်တွင်သော ထိုင်းနိုင်ငံက အိမ်နီးချင်း တိုင်းပြည်များမှ ၀င်ရောက်ခွင့်ငြင်းပယ်ခံရသည့် တိုးရစ္စများကို လမ်းဖွင့်ပေးရေးနှင့်ဆွဲဆောင်ရေး၌ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသည်။

    ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုရှိသည့် တိုင်းပြည်ဖြစ်သော်လည်း မွတ်စ်လင်မ်ခရီးသွားများအားဖြင့် ငွေချောင်းစီးဈေးကွက်ရရှိရန် ကြိုးပမ်းချိတ်ဆက်လျက်ရှိကြောင်း သိရသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးသမားတို့၏ ခံစားချက်မှသည် အကြမ်းဖက်မှုထိ လမ်းခင်းနေခဲ့သော အိမ်နီးချင်း မြန်မာနိုင်ငံနှင့်ဆန့်ကျင်စွာ ထိုင်းနိုင်ငံက မိမိတို့တိုင်းပြည်အား မွတ်စ်လင်မ်တို့၏ ချစ်ခင်နှစ်သက်ဖွယ်နယ်မြေအဖြစ် ဖော်ဆောင်လိုက်သည်။

    မွတ်စ်လင်မ်များအတွက် အွန်လိုင်းခရီးသွားအကျိုးဆောင်တစ်ခုဖြစ်သော Crescentrating ၏ အဆိုအရ ပင်လယ်ကွေ့အာရဗ်များအပါအ၀င် မွတ်စ်လင်မ် ခရီးသွားဧည့်သည်တို့ဖြင့် ပြည့်နှက်နေသော အထင်ရှားဆုံးနိုင်ငံများမှာ ၈ နိုင်ငံ ရှိနေကြောင်း သိရသည်။

    မွတ်စ်လင်မ်ဧည့်သည်ပမာဏ တိုးတက်ရရှိရေးအတွက် ဈေးကွက်တိုးချဲ့ဖို့ ထိုင်းနိုင်ငံ၏ ရည်ရွယ်ဦးတည်နေမှုများ၌ အစ္စလာမ်ဘာသာဝင်များ လွယ်လင့်တကူစားသောက်နိုင်သည့် ဟလာလ် အစားအစာများ၊ မွတ်စ်လင်မ်အမျိုးသား အမျိုးသမီးများအတွက် သီးခြားဝန်ဆောင်မှုများဖြင့် ဟလာလ်အပန်းဖြေစခန်းများလည်း ပါဝင်သည်။

    နိုင်ငံတွင်းရှိ ထိပ်တန်းဈေးဝယ်ကုန်တိုက်များ၌သာမက ပထ္ထယား ကမ်းခြေအပန်းဖြေစခန်းမှာပင်လျှင် မွတ်စ်လင်မ်တို့အတွက် ၀တ်ပြုခန်းများ ရှိနေကြ၏။ မွတ်စ်လင်မ်နိုင်ငံမဟုတ်ဘဲ မွတ်စ်လင်မ်တို့၏နှစ်သက်မှုအရရှိဆုံးမှာ ဘန်ကောက်မြို့၊ သုဝဏ္ဏဘုမ္မိလေဆိပ် ဖြစ်ကြောင်း Crescentrating ၏လေ့လာမှုစစ်တမ်းက ဖော်ပြထားသည်။

    ဤနှစ်အစောပိုင်းတွင် ချမ်းသာကြွယ်ဝသော ပင်လယ်ကွေ့နိုင်ငံဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း၏ ဒူဘိုင်းရုံးခွဲသည် တစ်လကြာထိုင်းရိုးရာပွဲ လမ်းသဘင် တစ်ရပ်ကို ကျင်းပခဲ့သည်။

    အရှေ့တောင်အာရှရှိ အခြား အိမ်နီးချင်းနိုင်ငံများမှ လက်မခံလိုသော နိုင်ငံခြားခရီးသွားဧည့်သည် အမျိုးအစားအသီးသီးတို့အတွက်လည်း ထိုင်းနိုင်ငံမှ ကြိုးပမ်းဖိတ်ခေါ်နေပေသည်။

    ခရီးသွားလုပ်ငန်းသုတေသီများ၏ အဆိုအရ ထိုင်းနိုင်ငံသည် လိင်တူစုံမက်သူ ခရီးသွားများအတွက်ပါရည်ရွယ်ပြီး “Go Thai. Be Free” ဆောင်ပုဒ်ဖြင့် အစိုးရကိုယ်တိုင် ကူညီအားပေးနေသည့် တစ်ခုတည်းသော အာရှနိုင်ငံ ဖြစ်သည်။

    ဘရူနိုင်း၊ မလေးရှား၊ မြန်မာ နှင့် စင်္ကာပူ စသော အရှေ့တောင်အာရှနိုင်ငံများတွင်မူ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လိင်တူစုံမက်ခြင်းကို တရားမ၀င်ကြောင်း သတ်မှတ်ကြသည်။ ထိုင်းနိုင်ငံတွင်မူ ယင်းသို့စုံတွဲများကို လူ့မြင်ကွင်း နေရာအနှံ့တွင် တွေ့မြင်နေကြရသဖြင့် မထူးဆန်းတော့ချေ။

    အိမ်နီးချင်းနိုင်ငံများက မကြိုဆိုကြသော နိုင်ငံရေးဧည့်သည်များကိုလည်း ထိုင်းက ဖိတ်ခေါ်မပျက်ပါ။ ဥပမာ – မွတ်စ်လင်မ် လူများစုနိုင်ငံများဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် အစ္စရေးတို့ကို စိစစ် ကန့်သတ်သော်လည်း ဆန့်ကျင်ဖက်အားဖြင့် ထိုင်းနိုင်ငံကမူ အစ္စရေးခရီးသည်များအဖို့ ရေပန်းအစားဆုံးနေရာဖြစ်လျက် ၂၀၁၂ ခုနှစ်အတွင်း အစ္စရေးဧည့်သည်ပေါင်း တစ်သိန်းနှစ်သောင်းကျော် ၀င်ရောက်လည်ပတ်ခဲ့ကြသည်။

    ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်(ဇင်းမယ်)မြို့ရှိ ခရီးသွားလာရေးဌာနရုံး၏ ဒါရိုက်တာ ၀ီစူးသ် ဘူဝါချူးမ်(Wisoot Buachoom) က New York Times ထံ ဤသို့ပြောကြားလိုက်သည်။

    “ ကျွန်တော်တို့နေထိုင်တဲ့တိုင်းပြည်ဟာ ပွင့်လင်းတယ်၊ အတော်လေး လွတ်လပ်တယ်ဗျ။ ကျွန်တော်တို့ဖော်ဆောင်တဲ့ဈေးကွက်ကို မကြိုက်သူ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ် ”။

    Ref: english.alarabiya.net

  • ၈၈၈၈ မော်ကွန်းစာအုပ် သတင်းစာရှင်းလင်းပွဲနှင့် မြန်မာပြည်အနှံ့ တိုင်း/ပြည်နယ် လှုပ်ရှားသူများအား မော်ကွန်းတင် ဂုဏ်ပြုပွဲ အခမ်းအနား

    သြဂုတ် ၅၊ ၂၀၁၃
    M-Media
    KK
    1146644_494752280612904_2090630665_n
    ရန်ကုန် ။ ။ ၈၈၈၈ မော်ကွန်းစာအုပ် သတင်းစာရှင်းလင်းပွဲနှင့် မြန်မာပြည်အနှံ့ တိုင်း/ပြည်နယ် လှုပ်ရှားသူများအား မော်ကွန်းတင် ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁း၃၀)နာရီမှ (၂း၀၀)နာရီထိ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ ပဲခူး၊ ဒိုက်ဦး၊ ပဲခူးအနောက်ခြမ်း၊ ရှမ်းပြည်နယ်၊ ပုသိမ်နှင့် အခြား နယ်မြို့များမှ ရှစ်လေးလုံး အရေးတော်ပုံ၌ ပါဝင်ခဲ့ကြသူများလည်း တက်ရောက်ပြီး ကိုယ်တွေ့ အတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့ကြသည်။ ယင်းအခမ်းအနား၌ပင် ၈၈၈၈ မော်ကွန်း စာအုပ်ကို ၀ယ်ယူလိုသူများအား ရောင်းချပေးခဲ့သည်။

    ထိုအခမ်းအနားသို့  ရဟန်းရှင်လူ ၂၀၀-ကျော် တက်ရောက် ခဲ့ကြသည်ဟု သိရသည်။

    More Photo =>http://goo.gl/xbzhKV

  • လိုင်လသုရ်ညဥ့်မြတ် စယ်ရီ ထမင်းကျွေးမွေးသည့်မြင်ကွင်း (ရန်ကုန်)

    သြဂုတ်လ-၆ ရက်-၂၀၁၃

    M-Media

    kadal

    ရမဿွာန်(ဥပုသ်လ)၏ နေ့ကြီးရက်ကြီးဖြစ်သော လိုင်လသုရ်ကသရ်ညဥ့်မြတ်တွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း (အောက်လမ်း)ရှိ ရှေ့တွင် ဗလီေ၇ှ့တွင် မနက် စယ်ရီ(ဝါထမင်း)  ထမင်းကျွေးမွေးသည့် မြင်ကွင်းဖြစ်ပါသည်။ သြဂုတ်လ ၆-ရက် မနက် စယ်ရီ ထမင်း အတွက် မည်သူမဆို လွတ်လပ်စွာ လာရောက်စားသုံးနိုင်ရန် စီစဉ်ပြုလုပ်ပြီး ကျွေးမွေးခြင်းဖြစ်ပါသည်။

    More Photo =>http://goo.gl/uWMGI3

  • အမေရိကန် ဖို့ဝိန်မြို့မှ မြန်မာမွတ်စလင်မ်များရဲ့စုပေါင်းဝါဖြေပွဲ

    သြဂုတ်-၅၊ ၂၀၁၃
    M-Media
    သတင်း/ဓါတ်ပုံ – ကျော်ကျော်

    IMG_0475
    အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့ရှိ မြန်မာနိုင်ဖွား မြန်မာမွတ်စလင်များရဲ့ ရမဿွန် ဥပုသ်လ ဝါဖြေပွဲကို မြန်မာမွတ်စလင် ပညာရေးနှင့် ကော်မြူနတီစင်တာမှ ဦးစီးကျင်းပတဲ့ စုပေါင်းဝါဖြေပွဲကို သြဂုတ်လ ၅ ရက်နေ့ မှာ ကျင်းပခဲ့ပါတယ်။

    သြဂုတ်လ ၅ ရက်နေ့ညဟာ လိုက်လသွသ်ကသလ် (ကြီးကျယ် ထူးမြတ်သော) ညဖြစ်တဲ့အတွက် အခမ်းအနားကို စူရသွန် ကသလ် (အာရဗီ၊ ဗမာ၊ နှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် )ရွတ်ဖတ်ပြီး စတင်ခဲ့ပါတယ်။

    အခမ်းအနားမှာ မွတ်စလင်ထုရဲ့ စုစည်း ညီညွတ်မူအင်အား အရေးကြီးကြောင်းနဲ့ ဘာသာတရားကို ရမ္မသွာန်လ ကကဲ့သို့ တစ်နှစ်ပါတ်လုံး အစဉ်တစိုက် ကြိုးစားအားထုတ်ရမှာဖြစ်တဲ့အကြောင်း ရှေ့ဆောင် ဆရာ အီမာန် ယာစင်က မိန့်ကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်တည်ဆောက်ရေး စီမံကိန်းအခြေအနေနဲ့ ဘဏ္ဍငွေတိုးတက်မှုအခြေအနေတို့ကိုရှင်းပြပြီး အလှုငွေများကောက်ခံခဲ့ရာ စုစုပေါင်း အမေရီကန်ဒေါ်လာ တစ်သောင်း တိတိ ကောက်ခံရရှိခဲ့ကြောင်းလဲသိရပါတယ်။

    ဖို့ဝိုန်းမြို့မှာ မြန်မာမွတ်စလင်တွေတည်ဆောက်နေတဲ့ ဗလီဝတ်တော်ရဲ့ ပထမအပိုင်းဟာ တစ်ဝက်ခန့်ပြီးစီးသွားပြီဖြစ်ကြောင်းလဲသိရပါတယ်။ စုပေါင်းဝါဖြေပွဲ အခမ်းအနားကို လူပေါင်း နှစ်ရာ နီးပါး တက်ရောက်ခဲ့ပြီး နိုင်ငံခြားသား မွတ်စလင်များနဲ့ အခြားအဖွဲ့အစည်းမှ ကိုယ်စာလှယ်များလည်း တက်ရောက်ခဲ့ကြောင်းသိရပါတယ်

    ဓါတ်ပုံများ ကြည့်ရန်။ http://goo.gl/TYZWRz