News @ M-Media
Blog
  • မလေးသတင်းနှင့် စပ်လျဉ်း၍ သမ္မတပြောခွင့်ရ ဦးရဲထွဋ်၏ ဖေ့ဘွတ်ရှင်း လင်းချက်အား ပြည်တွင်းနေ မြန်မာပြည်သူများ မယုံကြည်
    M-Media
    ဇွန်လ ၂ ရက်၊ ၂၀၁၃
    မလေးရှားတွင် မြန်မာနိုင်ငံသားများ အတိုက်ခိုက်ခံရသည့် သတင်းနှင့် စပ်လျဉ်း၍ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ် ရှင်းလင်းချက်အား ပြည်တွင်းနေ မြန်မာပြည်သူအများစုက ယုံကြည်လက်ခံခြင်း မရှိကြောင်း သိရသည်။ သို့သော် ထိုပြည်တွင်းနေ မြန်မာပြည်သူများမှာ မိတ္ထီလာ၊ ဥက္ကံနှင့် လာရှိုးတို့တွင် ဖြစ်ပျက်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်အဓိကရုဏ်းများနှင့် စပ်လျဉ်း၍မူ ဦးရဲထွဋ်တင်ပြသည့် သတင်းဖြစ်စဉ်များအား ယုံကြည်လက်ခံ ခဲ့ကြသူ အများစု ဖြစ်နေသည်။
    Ye Htut
    မလေးဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂ ဦးကိစ္စကို မလေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဘာသာရေးကြောင့်မဟုတ်ဘဲ အခြားကိစ္စရပ်ကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဘီဘီစီမြန်မာပိုင်းက တင်ပြသည်။
    ဦးရဲထွဋ်မှာ ၄င်း၏ဖေ့စ်ဘွတ်တွင် ပြည်တွင်းအကြမ်းဖက်မှုများကို ရှုံ့ချသည့် သတင်းများနှင့်မွတ်စလင်မ် အပျက်အစီးများကို သတင်းအဖြစ်တင်လေ့မ ရှိကြောင်း၊ ဥရောပမှ အစွန်းရောက် မွတ်စလင်မ်အချို့၏ အပြုအမူများ ကိုသာ တကူးတက တင်လေ့ရှိကြောင်း ၊ မကြာသေးမီက အလဲဗင်းမီဒီယာ မှ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့ သည့် မောင်ကာဠုကဲ့သို့ မတရား ဝါဒဖြန့်စာမျက်နာမှ သတင်းများကို တင်လေ့ရှိသည့်အကြောင်း၊ ပြည်တွင်းမှ အစွန်းရောက်၊ မုန်းတီးရေးတရားဟော ဗုဒ္ဓဘာသာ ဘုန်းကြီး များကို ဝေဖန်လေ့မရှိဘဲ၊ လန်ဒန်မှ ဗလီဆရာများ ကို ဗြိတိန်အစိုး ရက စစ်ဆေးမည့်အကြောင်း တကူးတက မှတ်ချက်ပေးပြီး ကူးတင်ခဲ့ကြောင်း စသဖြင့် လေ့လာသူများက ဝေဖန်သည်။ ထို့အတူ ဦးရဲထွဋ် တင်ပြခဲ့သည့် အခြားနိုင်ငံများ၏ ဖြစ်စဉ်များမှာ ၄င်းတို့နိုင်ငံ ပြည် တွင်းရေးများ လည်း ဖြစ်နေပေရာ လက်ရှိ ဦးသိန်းစိန်အစိုးရ မှ နိုင်ငံ တကာအား အမြဲတစေတင်ပြလေ့ရှိသည့် “မြန်မာ့ပြည်တွင်းရေးကို အခြားနိုင်ငံများမှ သြဇာပေး၍ ဝေဖန်ခြင်းမပြုရန်” ဆိုသည့် အချက်နှင့် ဖီလာ ဆန့်ကျင်နေပေသည်။
    ဦးရဲထွဋ်မှာ စာနယ်ဇင်းကျင့်ဝတ်များနှင့် ပတ်သက်ပြီး အများ ဆုံး ထောက်ပြပြောဆိုပြီး ၄င်းညွှန့်ကြားရေးမှူး အဖြစ်တာဝန်ထမ်းစဉ် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက် တောင်ကုတ်၌ မွတ်စလင်မ် ၁၀ ဦးအသတ်ခံရသည့် သတင်းကို အစိုးရမီဒီိယာများက မွတ်စလင်မ်ကုလားဟု အသုံးပြုဖော်ပြခဲ့သည်ကို ဝေဖန်ခဲ့သူဖြစ်သော်လဲ ယခုသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ် လာသည့်အခါတွင်မူ ကုလားဟု သုံးနှုန်းထားသည့် မြန်မာသံတော်ဆင့် အယ်ဒီတာ အာဘော်ကို ဖတ်သင့်သည့် ဆောင်းပါးဟု ညွန်းကာ ၄င်း၏ FB စာမျက်နှာ၌ တင်ပြခဲ့ကြောင်း လေ့လာသူများက ဆိုသည်။
  • မြန်မာလူမျိုးတစ်ဦး မလေးရှားရဲစခန်းတစ်ခုသို့ဝင်ရောက် ပြဿနာရှာ
    မေ ၃၁၊ ၂၀၀၃
    မလေးရှား
    Bukit Mertajam Penang
    ပီနန်၊ Bukit Mertajam အရပ်ရှိ ရဲစခန်းတစ်ခု အတွင်းသို့ ပြီးခဲ့သော တနင်္လာနေ့နံနက်က အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးရောက်လာပြီး အုပ်စုတစ်စု၏ တိုက်ခိုက်မှု အကြောင်း ပြောပြခဲ့သည်။ ၄င်းသူက မိမိအား တစ်ဦး တစ်ဦးက ခြိမ်းခြောက်ခဲ့သည်ဟုဆိုကာ ယင်း တိုင်ကြားချက်အား မှတ်တမ်းပြုစေ လိုခဲ့ကြောင်း The Straits Times သတင်းစာမှ ဖော်ပြသည်။
    မိနစ်ပိုင်းမျှကြာပြီးနောက် ၄င်းသူသည် ရဲစခန်းပြင်ပသို့ထွက်လာပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် ဦးခေါင်းကို သေနတ်ဖြင့် ချိန်ခဲ့သည်။ မောင်းဖြုတ်သော်လည်း ကံကောင်းထောက်မစွာ သေနတ်မှာ ကျည်မထွက်ဘဲ ချွတ်ယွင်းသွားသဖြင့် ရဲတပ်ဖွဲ့မှ သူ့အား လက်ရဖမ်း၍ သေနတ်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။
    ထိုသူ့အား ဆေးစစ်ကြည့်ရန် Seberang Jaya ဆေးရုံသို့ပို့ဆောင်လိုက်သည်ဟု SAC Mazlan မှ ပြောကြားသည်။
    ယင်းမြန်မာလူမျိုးသည် မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ မည်မျှကြာမြင့်ပြီဖြစ်ကြောင်းကိုမူ မသိရှိရသေးချေ။
    http://news.asiaone.com/News/AsiaOne%2BNews/Malaysia/Story/A1Story20130529-425950.html  မှ သတင်းကို တိုက်ရိုက်ဘာသာပြန်ပါသည်။
  • ဟင်္သာတမြို့နယ် ၉၆၉ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်
    ဇွန် ၂၊ ၂၀၁၃
    M-Media
    ဇာဇာလှိုင်
    ဟင်္သာတ ။ ။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ၉၆၉ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ယနေ့ နေ့လည် ၂-နာရီမှ ၅-နာရီအထိ ဟင်္သာတမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    Hintada
    ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (၉၆၉) သံယာ့ကွန်ရက် နှင့် လူပုဂ္ဂိုလ်များ တွေ့ဆုံပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ တာကလေးရပ်၊ မဟာဗန္ဓုလလမ်း ဦးအောင်မြတ်ကျော် တန်ဆောင်းတော်ကြီးမှာ ၂.၆.၂၀၁၃ နေ့ နေ့လည် (၂)နာရီ မှ ညနေ (၅)နာရီ ထိ အစီအစဉ် (၁၀)ခုဖြင့် ကျင်းပခဲ့ပြီး ဟင်္သာတမြို့ပေါ် သံယာတော်များ နှင့် လူ(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြောင်း လည်းသိရသည်။
    ယင်းတွေ့ဆုံပွဲတွင် မွတ်စလင်မ်များအား လုံးဝ မျက်နှာသာ မပေးရေး၊ မွတ်စလင်မ်များ မြေယာမပိုင်ဆိုင်ရရေး၊ မွတ်စလင်မ်ပိုင်ဆိုင်များတွင် အားမပေးရ၊ မရောင်းစေရေး တို့ကို ၉၆၉ ဘုန်းကြီးများက အဓိက အလေးပေးဟောကြားခဲ့တာကြောင့် ၉၆၉ မှ အကြမ်းဖက်မှုများ ပြုလုပ် လာမည်ကို မွတ်စလင်မ်များ အနေနှင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဟင်္သာတမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
  • အစ္စလာမ် သာသနာရေးရာ ကောင်စီမှ လူမျိုး/ဘာသာသာမရွေး ကျောင်းအပ်နှံရေး ပညာသင်ထောက်ပံ့.
    ဇွန်လ ၂၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်
    ပုဇွန်တောင် မြို့နယ် အစ္စလာမ် သာသနာရေးရာ ကောင်စီမှ ကြီးမှူးကျင်းပသော ပဉ္စမကြိမ်မြောက် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် လူမျိုး ဘာသာမရွေး ကျောင်းအပ်နှံရေး အစီအစဉ် အခမ်းအနား
    ရန်ကုန် ။          ။      ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီမှ ကြီးမှူးကျင်းပသော ပဉ္စမကြိမ်မြောက် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် လူမျိုး ဘာသာမရွေး ကျောင်းအပ်နှံရေး အခမ်းအနား အစီအစဉ်ကို ဇွန်လ ၂-ရက်နေ့က ရုံးခန်းတည်ရှိရာ အမှတ်(၅၈)၊ ၅၄လမ်း၊(၂)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P6020019
    အဆိုပါ အခမ်းအနားသို့ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဌ ဦးညွန့်မောင်သျှိန်၊ မဟာ ၀ိဇိတာရာမတိုက်၊ ကျွဲဆည်ကန်(၁)လမ်း၊ ပြည်ကြီး တံခွန် မြို့နယ်၊ မန္တလေး မလိခ ၀ါဆိုကျောင်းမှ ဆရာတော် ဦးဇိန၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဘာသာပေါင်းစုံမှ ကျောင်းသားမိဘများ၊ မီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
    ပုဇွန်တောင် မြို့နယ် ပညာရေး တာဝန်ခံ ကိုရဲထွန်းဟန်မှလည်း ကျောင်းအပ်နှံရေးအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့  ဒီလိုအစီအစဉ်မျိုးကို ၂၀၀၈-ခုနှစ်ကတည်းကက စတင်ခဲ့တာဆိုတော့ အခုအကြိမ်နဲ့ ဆိုရင် ၅-ကြိမ်မြောက်ပါပြီ၊ ကျွန်တော်တို့မြို့နယ် အတွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး မြင့်မားရေး နဲ့ အခြေခံ ပညာရေး အားလုံး အလုံးစုံ တတ်မြောက်ရေးအတွက် ရည်ရွယ်ချက် ဖြစ်ပါတယ်၊ ပုဇွန်တောင်မြို့နယ် အတွင်းမှာရှိတဲ့ လိုအပ်ချက်ရှိနေတဲ့ ဘာသာပေါင်းစုံက ကလေးတွေကို ပေးတာပါ။ ပုဇွန်တောင် မြို့နယ် အတွင်းမှာကို ကျွန်တော်တို တကယ်တမ်း လေ့လာတဲ့ အခါမှာ လိုအပ်နေတဲ့ ကလေးတွေကို ၀မ်းနည်းစွာ တွေ့ရတဲ့ အတွက် ဒီလိုစီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု M-Media သို့ ပြောပြခဲ့ပါတယ်။
    ဘာသာပေါင်းစုံမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၁၉) ယောက်အား ပညာသင် ထောက်ပံ့ကြေးငွေ နှင့် ကျောင်းသုံးပစ္စည်း (ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်၊ ကော်ပါဗူး၊ ကျောင်းဝတ်စုံ (၃)စုံ၊ ကျောပိုးလွယ်အိတ်)တို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ စုစုပေါင်း လှူဒါန်းကုန်ကျငွေ သိန်း(၄၂) ကုန်ကျ ခဲ့ကြောင်း သိရသည်။
    ယင်းအခမ်းအနားကို နံနက် (၉)နာရီမှ စတင်ကျင်းပ၍ ညနေ (၅)နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။
    More Photo on FB
  • ဇွန်-၂၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၂၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၂၊၂၀၁၃
    M-Media
    ပြင်းအား ၆.၅ ရှိသော င လျင် တစ်ခု ထိုင်ဝမ်တွင်လှုတ်ခတ် TAIPEI (Reuters)
    ယနေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အပျက်အစီး အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။ တစ်ဦးသေဆုံးခဲ့သည်
    http://www.guardian.co.uk/world/feedarticle/10820062
    —————————
    ဝါရှင်တန်ပြည်နယ် ညူကလီးယား စွန့်ပစ်ပစ္စည်းများ RICHLAND, Wash. (AP)
    ဘတ်စကတ်ဘောကွင်းတစ်ခုစာ စတီးကန်တစ်ခုတွင် ထည့်၍ မြုတ်ထားသော ညူကလီးယား စွန့်ပစ်ပစ္စည်းများသည် ယခုအခါ သက်တမ်း ၄၂နှစ် ကြာမြင့်လာပြီး ယိုစိမ့်မှု ရှိ လာသဖြင့် သဘာဝပတ်ဝန်ကျင်ကို ခြိမ်းခြောက်လျက်ရှိသည်။
    http://news.yahoo.com/storied-nuke-plant-becomes-environmental-wasteland-144014091.html
    —————————
    ဆီးရီးယားကိစ္စ UN လုံခြုံရေးကောင်စီ ကြေငြာချက် မထုတ်ရန် ရုရှတားမြစ် UNITED NATIONS (Reuters)
    ဆီးရီးယားအစိုးရတပ်များ နှင့် ဟစ်ဘိုလာမျာက အယ်လ်ဟာစေးင်္ရမြိုကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သည့်ကိစ္စ လုံခြုံရေးကောင်စီ ကြေငြာချက် မထုတ်ရန် ရုရှတားမြစ်
    http://news.yahoo.com/russia-blocks-u-n-security-council-declaration-syrias-002052643.html
    ————————–
    Pussy Riot အစာငတ်ခံ ဆန္ဒပြမှု အဆုံးသတ်
    ဖမ်းဆီးခံထားရသော ရုရှ တက်ကြွလှုတ်ရှားသူ ပန့်ခ် ဂီတအဖွဲ့ဝင်သည် ထောင်အာဏာပိုင်များမှ တောင်းဆိုချက်များကို လိုက်လျောခဲ့၍ ၁၁ရက်ကြာ အစာငတ်ခံမှုကို အဆုံးသတ်လိုက်သည်။
    http://www.independent.co.uk/news/world/europe/jailed-pussy-riot-woman-ends-hunger-strike-8641047.html
    ————————–
    နယူမက္ကစီကိုပြည်နယ်တောမီးကြောင့် ရွှေ့ပြောင်းရန် ညွှန်ကြား
    အမေရိကန် နယူမက္ကစီကိုပြည်နယ်တောမီးကြောင့် အိမ်ခြေ ၁၀၀၀၀ခန့်ကို ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။ လက်ရှိအခြေအနေတွင် အိမ်ခြေ ၅အိမ်ခန့် ပျက်စီးခဲ့သည်။
    http://www.usatoday.com/story/news/nation/2013/06/02/wildfires-california-mexico-evacuation/2381805/