News @ M-Media

Galaxy S4 နှင့် ဈေးနှုန်းတူ Galaxy S4 Active (ရေစိုခံ) ဖုန်းကို ထုတ်မည်ဟု Samsung ကြေညာ

ဇွန် ၈၊၂၀၁၃
M-Media

Samsung company က Galaxy S4 Active (ရေစိုခံ) ထုတ်မည် ဆိုကြောင်း လွန်ခဲ့သော နှစ်ရက်က ကြေညာခဲ့ပါသည်။ ၄င်း ရေစိုခံ S4 သည် နွေရာသီ၌ US နှင့် Sweden တို့တွင် ရေပန်းစားမည်ဟုလည်းခန့်မှန်းရပါသည်။

Galaxy S4 Active

Galaxy S4 Active တွင် S4 ကဲ့သို့ Snapdragon 600 chipset ပါဝင်သော်ငြားလည်း ၊ ကင်မရာသည် (8) MP နှင့် အရွယ်အစားအားဖြင့် (၅) လက်မ TFT display ဖြစ်မည်။ အခြားသော နည်းပညာပိုင်းများသည် S4 နှင့် အတူတူပင်ဖြစ်ပြီး ၊ S4 Active သည် ဖုန်နှင့် ရေစိုခံ ပြီး ရေထဲတွင် (၁)မီတာ အနက် အချိန်အားဖြင့် နာရီဝက်ကြာသည်အထိ ရေစိုခံမည်ဖြစ်သည်။

Samsung company သည် Galaxy S4 Active  ၏ ဈေးကို အတိအကျ မထုတ်ပြန်သေးသော်လည်း ၊ ရုရှားနိုင်ငံတွင် တရားဝင်ရောင်းဈေး သည် S4 ထုတ်စဉ်ကကဲ့သို့  ယူရို(၇၀၀) ပင် ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အတူတူပင်ဖြစ်ကောင်းဖြစ်လိမ့်မည်။

ယခုတွင် S4 သည် ဈေးကွက်တော်တော်များများအတွင်း ယူရို(၅၅၀) အောက် ရှိပြီး ၊ S4 Active သည် လည်း ဈေးအတူတူပင်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

S4 Active သည် S4 နှင့် အခြားသော hardware ပိုင်းတွင် အားလုံးနီးပါး တူမည်ဖြစ်ပြီး ၊ ရေစိုခံဖြစ်သောကြောင့်  ရေစိုခံ အခွံ ဖြစ်ပြီး ကင်မရာနှင့် display တို့တွင်မူ S4 ကဲ့သို့ 13Mp Amoled display ဖြစ်မည်မဟုတ်ပေ။ ။

Source (in Russian)

Comments

Leave a Reply