News @ M-Media

Blog

  • နဝတ အစိုးရလက်ထက် တရားဝင်ကြေညာခဲ့တဲ့ ဗလီ နှင် ခရစ်ယျာန် ဘုရားကျောင်းအရေအတွက်

    မေ-၁၁၊၂၀၁၃
    M-Media
    ရှာဖွေတင်ပြသူ- ဗေဒါလမ်း

    နဝတ စစ်အစိုးရလက်ထက် ထုတ်ဝေခဲ့တဲ့ သာသနာရောင်ဝါထွန်းစေဖို့ စာအုပ်ပြောတဲ့ မြန်မာနိုင်ငံမှ အစ္စလာမ်သာသနာဝင်များကြောင်း၊ ဗလီများ၊ ခရစ်ယျာန် ဘုရားရှိခိုးကျောင်းများ စာရင်း
    1

    “တလောက ရန်ကုန်တိုင်း သာသနာရေးမှုး ဦးအောင်ကြည်က တရားဝင်ဗလီဆိုပြီးဆောက်ခွင့် ပေးထားတာ မရှိဘူး ” ဆိုပြီး Eleven Media က မှာ ဖော်ပြသွားတာတွေ့လိုက်ရပါတယ်။ (** ဦးအောင်ကြည်က ထိုသို့ ပြောခဲ့တာ မဟုတ်ကြောင်း မီဒီယာများလိုရာ ဆွဲရေးပြိးဖော်ပြခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဦးအောင်ကြည်ဖြေရှင်းချက် )
    ဒါနဲ့သာသနာရောင်ဝါ ထွန်းစေဖို.ဆိုတဲ့ စာအုပ်ကိုကြည့်လိုက်ပါတယ်။ စာအုပ်ရဲ. အမှာစာကို န-ဝ-တ အတွင်းရေးမှုး (၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး စစ်ဆင်ရေး အထူးအဖွဲ.မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ကရေးသားထားပြီး “ဘာသာ အယူဝါဒသည် လူသတ္တဝါများကို ယဉ်ကျေးသီမ်မွေ.အောင် ဆုံးမရာတွင် စွမ်းအားမြင့်မားသော အင်အားကြီး တရပ်ဖြစ်ပေသည်” ဟု အမှာစကားပါးထားပါတယ်။
    ဒီစာအုပ်ထဲက အရေးကြီးတဲ့ အချက် လေးချက်လောက်ကိုတော့ ပြောချင်ပါတယ်။

    နံပါတ် (၁)အစ္စလာမ်ဘာသာ မြန်မာနိုင်ငံကို ရောက်လာတာ နှစ်ပေါင်း ၁၂၀၀ ခန့်ရှိပြီဆိုတဲ့အချက်၊
    (၂) ရခိုင်မှာ ကမန်မွတ်စလင်တွေအပြင် တိုင်းရင်းသားဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ရခိုင်တွေရှိခဲ့တယ်ဆိုတဲ့အချက်၊
    (၃) တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေကို ဟဂ်ျသွားခွင့်ပြုခဲ့တဲ့ဆိုတဲ့ အချက်နဲ.
    (၄) ဗလီတွေ ပြန်လည် မွမ်းမံဆောက်လုပ်ခြင်း ဝင်းထရံကာခြင်း၊ တိုးချဲ. ဆောက်လုပ်ခြင်းတွေကို သက်ဆိုင်ရာအာဏာပိုင်များ၏ စီစစ် ခွင့်ပြုချက်နှင့်သာဆောင်ရွက်ခဲ့ခြင်းဆိုတာကိုတွေ.ရပါတယ်။

    ဒီစာအုပ်က န-ဝ-တ ခေတ် ၁၉၉ရ မတ်လ ထုတ်ပါ။ ထုတ်ဝေတာက ကာကွယ်ရေး ဝန်ကြီးဌာန ပြန်လည်နေရာ ချထားရေး ညွန်ကြားရေးမှုးရုံး ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှုးကြီးဝင်းမောင် ကတာဝန်ခံထုတ်ဝေတာဖြစ်ပါတယ်။ ပြောရရင် န-အ-ဖ အစိုးရကထုတ်တာပါ။အဲဒီစာအုပ်ထဲက အစ္စလာမ်ဘာသာနှင့်မြန်မာနိုင်ငံဆိုတဲ့ အကြောင်းကိုတင်ပြချင်ပါတယ်။ကောက်နုတ်ဖော်ပြချက်သာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စာအုပ်ကိုရှာဖွေ ဖတ်ရှုစေချင်ပါတယ်။

        “အစ္စလာမ်ဘာသာစတင်ဝင်ရောက်လာပုံ”

    အစ္စလာမ်ဘာသာသည်မြန်မာနိင်ငံသို့လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန်.ကစ၍ အုပ်စုလိုက်၎င်း၊တစ်ဦးချင်း နှစ်ဦးချင်း အားဖြင့်၎င်း ပြန့်နှံ့ဝင်ရောက်ခဲ့သည်။သမိုင်းအထောက်အထားများအရအစ္စလာမ်ဘာသာမြန်မာနိုင်ငံသို.စတင်ရောက်ရှိလာပုံမှာ ပြည်ပအစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို.လာရောက်သာသနာပြုသဖြင့်ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။

    အေဒီ ရ၈၈-၈၁၀ အတွင်းရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ပြီးအစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင်အတည်တကျနေရာချထားပေးခဲ့ကြောင်းတို့အပြင် အခြား အထောက်အထားတွေကိုပါ ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မှာ ကမန် မွတ်စလင်တို့အပြင် စစ်တွေမြို.အရှေ.ပိုင်းဒေသများ၊ရမ်းဗြဲကျွန်းနှင့်သံတွဲတဝိုက်တွင် “တိုင်းရင်းသားများဖြစ်ကြသော” အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်ဟုဖော်ပြထားပါသည်။

    ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃ (ခရစ်နှစ် ၁၈၀၁ ခု ) ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ရွှေတိုက်ပရပိုက်မှ ဗိုလ်မင်း မင်းလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀ရ၆ အထိ နန်းစံသောအင်းဝစနေမင်းလက်ထက်တွင် ရခိုင်ဘက်မှဝင်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား အေဒီ(၁၇၀၉) ခုနှစ်တွင်နေရာ ၁၂ နေရာကိုနေရာချပေးခဲ့ကြောင်းရေးသားထားသည်။

    နေရာ ၁၂ နေရာမှာ ၁။တောင်ငူ ၂။ရမည်းသင်း ၃။ညောင်ရမ်း ၄။ယင်းတော် ၅။မိတ္ထီလာ ၆။ပင်းတလဲ ရ။တဘက်ဆွဲ ၈။ဘောမိ ၉။သာစည် ၁၀။စည်ပုတ္တရာ ၁၁။မြေဒူး ၁၂။ဒီပဲယင်း တို့ဖြစ်ကြောင်း ၁၉၉၃ ခု ကောက်ယူသောသန်းခေါင်စာရင်းအရ အစ္စလာမ်ဘာသာဝင် လူဦးရေ ၁၆၂၀၂၃၃ ဦးရှိပြီး လူဦးရေ၏ ၃.၇၉ % ရှိကြောင်းဖော်ပြထားသည်။

    ဆက်လက်ဖော်ပြထားရာတွင် “တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို.၏ “သာသနာ့တာဝန်တရပ်ဖြစ်သော မက္ကာမြို.သို.ဟဂ်ျဘုရားဖူးသွားရောက်ခြင်းကို ၁၉၆၀ တွင် ၂၈၉ ဦး၊၁၉၆၁ တွင် ၄၉၄ ဦး၊ ၁၉၆၂ တွင်၁၀၂ ဦးတို့အား သွားရောက်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံခြားငွေအခက်အခဲကြောင့်ဟဂ်ျဘုရားဖူးသွားခြင်းကိုပိတ်ပင်ခဲ့ပါသည်။

        ယနေ့အခြေအနေ

    အစ္စလာမ်ဘာသာရေးကိစ္စများအတွက် သာသနာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစ္စလာမ်ဘာသာရေး အဖွဲ.ကြီး ငါးဖွဲ.ရှိပြီး၎င်းတို.မှာ

    ၁။အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
    ၂။အိုလမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ.ချုပ်
    ၃။မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ.ချုပ
် ၄။မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူငယ်များ ဘာသာရေးအဖွဲ.
    ၅။မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ.ချုပ် တို့ဖြစ်သည်။

    အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက်နိုင်ငံတော်က နှစ်စဉ်ကျပ် တစ်သိန်းထောက်ပံ့ထားပြီး ဗလီများပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ခြင်းနှင့် ဝင်းထရံကာရံခြင်း၊ အသစ်တိုးချဲ. ဆောက်လုပ်ရေးအတွက် သဘောထားများ စိစစ်ပြန်ကြားဆောင်ရွက်ပေးခြင်း၊ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်းတို.ကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။ ဘာသာေ၇းဆိုင်ရာ စာပေများထုတ်ဝေခြင်းကို စီစစ်ခွင့်ပြုခြင်း၊ပြည်ပမှ အခမဲ့ပေးပို.လှုဒါန်းသော ဘာသာရေးစာအုပ်များ၊မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများ၊လူနာတင်ယဉ်များ တင်သွင်းခွင့်ရရိရေးအတွက် စီစစ် တင်သွင်းခွင့်ပြုလျက်ရှိပါသည်။

    ၁၉၉၇ မတ်လ နိုင်ငံတော်ငြီမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအစိုးရအဖွဲ.မှ ထုတ်ဝေသော သာသနာရောင်ဝါထွန်းစေဖို.စာအုပ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

    Eleven မီဒီယာရဲ့ သတင်းတွင် မြန်မာနိုင်ငံမှာ ရှိတဲ့ ဗလီဝတ်ကျောင်းတော်စာရင်းကို အထောက်အထားမဲ့လွဲမှားစွာ ဖော်ပြခဲ့ကြောင်းလဲ တွေ့ပါတယ်။ Eleven မီဒီယာမှ တနိုင်ငံလုံးတွင် ဗလီဝတ်ကျောင်း ၇၀၀ ကျော်ခန့်သာရှိမည်ဟု ဖော်ပြပြီး ၁၉၉၇ မတ်လ နိုင်ငံတော်ငြီမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအစိုးရအဖွဲ.မှ ထုတ်ဝေသော သာသနာရောင်ဝါထွန်းစေဖို. စာအုပ်တွင် တနိုင်ငံလုံး၌ ဗလီဝတ်ကျောင်း ၂၂၆၆ ရှိကြောင်းကို အတိအကျဖော်ပြပါရှိပါသည်။

    913022_483049071766392_1234274156_n

    908380_483049065099726_152156413_n

    907736_483049068433059_1477882709_n

    908461_483049641766335_181580965_n

    911707_483049635099669_976755969_n

    913017_483049638433002_895272733_n

  • လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂွာတီမာလာ စစ်အာဏာရှင်ဟောင်း ထောင်ဒဏ် အနှစ် ၈၀ ချမှတ်ခံရ

    မေ-၁၁၊၂၀၁၃
    M-Media

    _67536989_017948225

    “ဂွါတီမာလာ နိုင်ငံမှ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ရီယို José Efraín Ríos Montt အား ဂွါတီမာလာ ခုံရုံးမှ ထောင်ဒါဏ် အနှစ် ၈၀ ချမှတ်”

    ဂွါတီမာလာ နိုင်ငံ ၏ မြို့တော် ဂွါတီမာလာ စီးတီး ခုံရုံးမှ နေ၍ စစ်အာဏာရှင် နှင့် ဗိုလ်ချုပ် တစ်ဦးဖြစ်သူ အသက် ၈၆ နှစ် အရွယ်ရှိ ရီယို အား ၁၉၈၂ ၊ ၁၉၈၃ ခုနှစ် အတွင်း လူနည်းစုလူမျိုးများဖြစ်သော မာယာလူမျိုး ၁၇၇၁ ယောက် သေဆုံးခဲ့ရသော လူမျိုးတုန်း သတ်ဖြတ်မှု တွင် တာဝန်ရှိသူ တစ်ဦးအဖြစ် ဆုံးဖြတ်ကာ ထောင်ဒါဏ် အနှစ် ၈၀ ချမှတ်လိုက်ပြီဖြစ်သည်။

    လွတ်မြောက်လာသူများနှင့် သက်သေများ၏ ထွက်ဆိုချက်အရ ထိုအချိန်က အာဏာရ ဂွါတီမာလာ စစ်တပ်သည် မာယာလူမျိုးများက အတိုက်အခံ လက်ဝဲ အင်အားစုများအား အထောက်အပံ့ ပေးသည်ဟု စွပ်စွဲကာ ထို လူမျိုးတုန်း သတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြလေသည်။

    သို့သော်လည်း အငြိမ်းစား ဗိုလ်ချူပ်ဖြစ်သူ ရီယိုကတော့ သူအာဏာ ရှိနေစဉ်အတွင်း ထို သတ်ဖြတ်မှူကြီးကို အမိန့်ပေး စေခိုင်းသူမှာ သူမဟုတ်သလို သိလည်းမသိကြောင်း ငြင်းဆိုထားပါသည်။

    ဤ အမှူအတွက် ဗိုလ်ချုပ် ရီယို အနေဖြင့် ခုံရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံ ဝင်လိုပါက ဝင်နိုင်ကြောင်း ခန့်မှန်းရရှိပါသည်

    Ref:BBC

  • လူမျိုး၊ ဘာသာမခွဲခြားဘဲ မိတ္ထီလာဒုက္ခသည်များအား လှူဒါန်း

    မေ-၁၁၊၂၀၁၃

    M-Media

    မိတ္ထီလာမှ အကြမ်ဖက်ခံရသည့် ဒုက္ခသည်များအား လူမျိုး၊ ဘာသာမခွဲခြားဘဲ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့၊ အစ္စလာမ်တံခွန်၊ သီရိမွန် ဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်အတွင်းရှိ ညီနောင်များမှ လှူဒါန်းသောပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

    466406_172266409604273_590647493_o 913930_172266786270902_507020933_o 920054_172266582937589_614286492_o 964446_172266089604305_511064477_o

    Photo Credit>>Zawminlatt Mpz

  • ထင်ရှားသည့် မွတ်စလင် ပညာရှင် ရှိခ် အလ်-ကွာရာဒါဝီ ဂါဇာသို့ သွားရောက် လည်ပတ်

    မေ-၉၊၂၀၁၃
    M-Media

    Qaradawi in Gaza1
    ပါလက်စတိုင်း ခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်

    ဂါဇာ။ ။ ထင်ရှားသော အစ္စလာမ့်ဓမ္မပညာရှင်ဖြစ်သူ ရှိခ် ယူစွဖ် အလ်-ကွာရာဒါဝီ(Sheikh Yusuf Al-Qaradawi)သည် အစ္စရေးတို့ ပိတ်ဆို့ထားသော ဂါဇာကမ်းမြှောင်ဒေသသို့ မေလ ၈ရက် ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့သည်။

    “ကျနော်တို့ရဲ့ ရည်ရွယ်ချက်ဟာ အလ္လာဟ်အရှင်မြတ်လမ်းတော်မှာ အသက်စွန့်ဖို့ပါ။ ပြီးတော့ ပါလက်စတိုင်းနိုင်ငံ တည်တံ့ခိုင်မြဲဖို့အတွက်လည်းဖြစ်ပါတယ်။” ဟု ဂါဇာသို့ ဆိုက်ရောက်ချိန်တွင် ကွာရာဒါဝီက ပြောဆိုခဲ့ကြောင်း AFP သတင်းဌာနက ရေးသားထားသည်။

    အစ္စလာမ့်ဓမ္မပညာရှင် ၅၀ ကို ဦးဆောင်လာသည့် ကွာရာဒါဝီမှာ အီဂျစ်နိုင်ငံ ရာဖာ နယ်ခြားကိုဖြတ်၍ ဂါဇာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဟားမတ်စ်ဝန်ကြီးချုပ် အစ်မေးလ် ဟာနီယာ(Ismail Haniyeh)နှင့် ပါလက်စတိုင်း ကာကွယ်ရေးခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ခဲ့သည်။

    “အာရပ်နွေဦး လှုပ်ရှားမှုခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်၊ ပါလက်စတိုင်းလွတ်မြောက်ရေးကြိုပမ်းမှု ခေါင်းဆောင် ကို ပါလက်စတိုင်းနိုင်ငံမှ ကြိုဆိုပါတယ်။” ဟု ဟာနီယာ က နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ကွာရာဒါဝီမှာ ဂါဇာတွင် ငါးရက်ကြာနေထိုင်မည်ဖြစ်ပြီး မေလ ၁၀ရက် သောကြာနေ့စုပေါင်းဝတ်ပြုမှုကို ဦးဆောင်ဝတ်ပြုမည်ဟု သိရသည်။

    မွတ်စလင်ပညာရှင်များအစည်းအရုံး(IUMS) ၏ ဥက္ကဌဖြစ်သူ ကွာရာဒါဝီမှာ ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး မွတ်စလင်ပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး၊ သူ၏ သမာသမတ်ကျသော အမြင်များကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက လေးစားကြသည်။

    သူသည် ဥရောပ အစ္စလာမ့်ဓမ္မသတ်ကောင်စီ၏ ဥက္ကဌတစ်ဦးဖြစ်ပြီး၊ အောက်စဖို့ဒ်တက္ကသိုလ် အစ္စလာမ် လေ့လာရေးစင်တာ၏ နာယကတစ်ဦးလည်းဖြစ်သည်။ The Lawful and the Prohibited in Islam အမည်ရသည့် စာအုပ်အပါအ၀င် စာအုပ်ပေါင်း တစ်ဒါဇင်ကျော်ကို ရေးသားခဲ့သည်။

    ကွာရာဒါဝီမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု၊ မက်ဒရစ်ဗုံးခွဲမှု၊ လန်ဒန်ဗုံးခွဲမှုနှင့် နိုင်ငံခြားခရီးသွားများအား ပစ်မှတ်ထားသည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဗုံးဖောက်ခွဲမှု အစရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သူဖြစ်သည်။

    ၎င်းအပြင် တူနီးရှား၊ အီဂျစ်နှင့် လစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် တော်လှန်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့ပြီး ဆီးရီးယားအတိုက်အခံများအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ်တစ်ခုကိုလည်း အားထုတ်လုပ်ဆောင်ပေးခဲ့သည်။

    လန်ဒန်မြို့တော်ဝန်ဟောင်းဖြစ်သူ ကင် လစ်ဗင်စတုံး(Ken Livingstone)က ကွာဒါရာဝီအား “တိုးတက်သော မွတ်စလင်ခေါင်းဆောင်” ဟု မှတ်ချက်ပေးခဲ့ပြီး၊ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည် ပုပ်ရဟန်းမင်းကြီး ဂျွန်၂၃ နှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။
    ကွာရာဒါဝီ၏ ဒီမိုကရေစီကို ထောက်ခံမှု၊ အစ္စလာမ်နှင့် အနောက်နိုင်ငံများအကြား ကွာဟမှုများကိုပေါင်းကူးပေးရန် ကြိုးပမ်းမှုများကိုလည်း လစ်ဗင်စတုံးက ချီးကျူးပြောဆိုခဲ့သည်။

    ဆယ်စုနှစ်ပေါင်းများစွာကြာနေပြီဖြစ်သည့် ပါလက်စတိုင်းနိုင်ငံအား အစ္စရေးတို့က သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် ကွာရာဒါဝီက ဆော်အော်ခဲ့သည်။

    “ပါလက်စတိုင်းနိုင်ငံလွတ်မြောက်ဖို့ ကျနော်တို့ ဆောင်ရွက်ရပါမယ်။ ကျနော်တို့ အောင်နိုင်မယ်ဆိုတာ ကျနော် သေချာပြောရဲပါတယ်။” ဟု သူက ပြောဆိုခဲ့သည်။ ထပ်မံ၍လည်း

    “အီဂျစ်နဲ့ တူနီးရှားမှာ အုပ်စိုးခဲ့တဲ့ အာဏာရှင်တွေကို ဖြုတ်ချပြီး ပြည်သူတွေက အောင်ပွဲရယူမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ ပြီးတော့ ဆီရီးယားမှာလည်း အောင်ပွဲ ပေါ်ထွက်လာပါလိမ့်မယ်။” ဟု အာရဗ်နွေဦးလှုပ်ရှားမှုကို ရည်ညွှန်း၍ သူက ပြောဆိုသွားသည်။

    Onislam

  • အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံဆွေးနွေး

    မေလ ၁၀၊ ၂၀၁၃
    M-Media
    K K

    Lower-House-Speaker-23-01-12
    ရန်ကုန် ။       ။          အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ယနေ့ မနက် ၁၁-နာရီတွင် ရန်ကုန်မြို့ ၀င်ဒါမီယာရှိ လွှတ်တော်ဥက္ကဌ ရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြကြောင်းသိရသည်။

    ယင်းတွေ့ဆုံမှုတွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အချက်(၅)ချက်ကို အဓိကထား ဆွေးနွေးတင်ပြခဲ့ပြီး သူရဦးရွှေမန်းမှလည်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့ ဆက်သွယ်မေးမြန်းရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကိုယ်စား ဦးကျော်ခင်မှ ဖြေကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒီနေ့သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးဖြစ်တဲ့ အိုလမာအစ္စလာမ့်သာသနာပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင်မ် လူငယ်များဘာသာရေး အဖွဲ့ချုပ်နှင့် မြန်မာမွတ်စလင်မ် အမျိုးသားရေးရာအဖွဲ့ချုပ် တို့က လွှတ်တော်ရုံးမှာ သွားတွေ့ခဲ့ကြတာပါ။ ကျွန်တော်တို့ တွေ့ရတဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော်ဟာ ပြည်သူ့အသံ၊ လွှတ်တော်ဟာ ပြည်သူ့ ဆန္ဒဖြစ်တဲ့ အတွက်ကြောင့် ပြည်သူထဲက ပြည်သူဖြစ်တဲ့ အစ္စလာမ်သာသနာဝင်များရဲ့ အသံ ဆန္ဒကိုလည်း လွှတ်တော် ဥက္ကဌကြီးအနေနဲ့ နာကြားပြီး လွှတ်တော်ထဲမှာ ဒီဆန္ဒတွေထဲက သဘောတရားတွေကို ချမှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

    တစ်အချက်ကတော့ လောလောဆယ်ဖြစ်ပေါ်နေတဲ့ အစ္စလာမ်ဘာသာတွေအပေါ် တစ်ဘာသာနဲ့တစ်ဘာသာ အကြည်ညိုပျက်အောင် လုပ်ကြံဖန်တီးနေတယ်။ အခြေခံဥပဒေဖြစ်တဲ့ တစ်ဘာသာနဲ့တစ်ဘာသာအကြည်ညိုပျက်ရင် ကာကွယ်တဲ့ဥပဒေ ၃၆၄ လည်း ထုတ်ပြန်ထားပြီးဖြစ်တယ်။ အဲဒါတွေအတွက် ဥပဒေကို သတ်သတ် မှတ်မှတ် ပြဌာန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    နှစ်အချက်ကတော့ နိုင်ငံသားဖြစ်ရေး မဖြစ်ရေးကိစ္စပေါ့။ ၁၉၈၂-ခုနှစ်ဥပဒေဟာ နိုင်ငံသားကိစ္စကို ဆောင်ရွက်တဲ့အခါမှာ နည်းနည်းအခက်အခဲရှိတယ်။ အမှန်တကယ် လက်တွေ့ကျကျ ဆောင်ရွက်တဲ့အခါမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အဖိုးအဖွား မိဘနှစ်ပါးက မွေးဖွားတဲ့ သားသမီးပင်လျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်တဲ့အခါ အခက်အခဲရှိတယ်။ အဲဒါတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ စိစစ်ပြီးတော့ ဆောင်ရွက်ပေးဖို့။

    နောက်တစ်ချက်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက အတည်တကျနေထိုင်ခဲ့တဲ့ လူမျိုးအနွယ်တွေဖြစ်တယ်။ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိခဲ့တယ်။ ဗမာမင်းများကပင် မြှောက်စားမှုခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာလည်း နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ အေးအတူပူအမျှ မြန်မာနိုင်ငံသားအားလုံးနဲ့ အတူ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာလည်း အစ္စလာမ်များ ပါဝင်လာခဲ့ကြတယ်။ အဲဒီလို အစဉ်အလာကောင်းတွေ ရှိခဲ့ကြတဲ့ အစ္စလာမ်သာသနာဝင်တွေကို တိုင်းရင်းသားမျိုးနွယ်တွေထဲမှာ လူမျိုး ၈-မျိုး အဖြစ်သတ်မှတ်ပေးခဲ့တယ်။ အဲဒီထဲမှာ မြန်မာမွတ်စလင်မ်ဆိုပြီး ထူးထူးခြားခြားနဲ့ လူမျိုးတစ်မျိုးကို သတ်မှတ်ပေးထားတယ်။ အဲဒီနောက် ၁၉၆၂-ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး တစ်ပါတီ စနစ်နဲ့ သန်းခေါင်စာရင်းကောက်တဲ့ အချိန်မှာ လူမျိုးစု ၁၄၄-မျိုးထဲကနေ ၁၃၅-မျိုးပြောင်းလိုက်တယ်။ ၁၃၅-မျိုးထဲမှာ အစ္စလာမ် ဘာသာဝင်ဆိုလို့ ကမန်လူမျိုး တစ်မျိုးတည်းသာပါခဲ့တယ်။ ကျန် ၇-မျိုးမပါခဲ့ဘူး။ အထူးသဖြင့် မြန်မာမွတ်စလင်မ်တွေမပါခဲ့ဘူး။ အဲဒါကိုလည်း ပြန်လည်စိစစ်ပေးဖို့၊ လာမယ့် သန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာလည်း မြန်မာမွတ်စလင်မ်ကို သီးခြားခေါင်းစဉ်နဲ့ သတ်မှတ်ပေးဖို့ ဆန္ဒရှိကြောင်းလည်း ဆွေးနွေးခဲ့တယ်။

    နံပါတ်(၄)အချက်အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အလျင်အမြန် ဆောင်ရွက်ပေးဖို့နဲ့

    နောက်ဆုံး အချက်က ပျက်ဆီးသွားတဲ့ ဗလီကျောင်းတော်တွေ သာဿနိက အဆောက်အအုံတွေ ပြန်လည်ပြုပြင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

    လွှတ်တော် ဥက္ကဌကြီးက ပြန်လည်ပြောတာက အခုပြောပြတာတွေက ပြည်သူ့အသံ အစစ်အမှန်ဖြစ်တယ်။ လွှတ်တော်ကနေ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြံဆောင်ပေးမယ်လို့ ကတိပြုပေးခဲ့ပါတယ်။ အခုလို ကြားရသိရတဲ့အပေါ်မှာ ၀မ်းသာကြောင်း၊ လွှတ်တော်ဥက္ကဌအနေနဲ့ လုပ်ဆောင်ပေးရမှာကို သဘောပေါက်လာပြီဖြစ်တဲ့ အကြောင်း၊ လွှတ်တော်မှာ တင်ပြမှာဖြစ်တဲ့ အကြောင်း ပြန်ပြောပါတယ်။” လို့ ပြောပြပါတယ်။

    ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ပုံကို မေးမြန်းရာ “ကျွန်တော်တို့ဘက်ကနေ တွေ့ဆုံဖို့ လွှတ်တော်ဥက္ကဌထံ တောင်းဆိုတာပါ။ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုက အချိန် တစ်နာရီလောက်ကြာပါတယ်။ ကျွန်တော်တို့ ဘာသာရေးအဖွဲ့ကြီးအနေနဲ့ အရင်ကတော့ ဘယ်နိုင်ငံခြားအဖွဲ့အစည်းနဲ့မှလည်း မတွေ့ဘူး။ အခုတော့ ဖြစ်လာတဲ့ ဖြစ်စဉ်တွေ အပေါ်မှာ တွေ့ဆုံဖို့လိုအပ်လာပြီ။ ဒါကြောင့် နိုင်ငံရေးအဖွဲ့အစည်းတွေရော၊ အစိုးရအဖွဲ့က လူကြီးတွေရော၊ နိုင်ငံခြားအဖွဲ့အစည်းတွေ၊ NGO တွေကိုရော တွေ့ဆုံပြီး နိုင်ငံတော်အေးချမ်း သာယာရေး အတွက် ၀ိုင်းဝန်းပြီးလုပ်ဆောင်နိုင်ဖို့အတွက် လက်ခံပါတယ်၊ တွေ့ဆုံပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတာတွေကို မွတ်စလင်မ်ထုက မသိရင်လည်း စိတ်အားငယ်မှာစိုးလို့ အခုလို ထုတ်ဖော်ပြောကြားတာပါ” လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်ကို ဦးကျော်ခင်မှ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    လွှတ်တော်ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် အိုလမာအစ္စလာမ့်သာသနာပညာရှင်များအဖွဲ့ချုပ်မှ ဆရာဦးသိန်းမြင့်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်မှ ဦးဝဏ္ဏရွှေ၊ မြန်မာမွတ်စလင်မ် လူငယ်များဘာသာရေးအဖွဲ့ချုပ်မှ ဟာဂျီဦးမြင့်ထွန်းနှင့် မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ချုပ်မှ ဦးကျော်ခင်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။