News @ M-Media

Blog

  • အရေပြားလှီးဖြတ်ခြင်း သည် HIV ကို ကာကွယ် ပေးကြောင်း ဟီလာရီ ကလင်တန်၊ WHO နှင့် ဗြိတိသျှ စွယ်စုံကျမ်းတို့က တင်ပြ

    အရေပြားလှီးဖြတ်ခြင်း သည် HIV ကို ကာကွယ် ပေးကြောင်း ဟီလာရီ ကလင်တန်၊ WHO နှင့် ဗြိတိသျှ စွယ်စုံကျမ်းတို့က တင်ပြ

    M-Media

    ဒီဇင်ဘာ ၉ ၊ ၂၀၁၂

    ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်

     

     

    ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်ခဲ့သော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် အမေရိကန်နိုင်ငံ၊ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူး၊ ဟီလာရီကလင် တန်က မိန့်ခွန်းပြောကြားရာ၌ အိပ်ခ်ျအိုင်ဗွီရောဂါ ပိုးကို ကာကွယ်ရန်အတွက် အရေပြားလှီးဖြတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်း သွားခဲ့ကြောင်း စီအင်အင်သတင်းဌာနက ဖော်ပြသည်။

    CNN ၏ သတင်း တင်ပြချက်

     

    ဒီဇင်ဘာ ၁ ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သလို အမေရိကန်နိုင်ငံကလည်း ထိုနေ့တွင် အစိုးရကိုယ်တိုင်ကြီး မှူးသည့် ပြည်သူ့အတွက် တရားဝင်ကြေငြာချက် ကို ၁၉၉၅ မှစတင်၍ ပြုလုပ်လာခဲ့ရာ ယခုနှစ်အတွက် ဟီလာရီကလင်တန်၏ကြေငြာချက်၌ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

    ၁၉၈၁ မှ ၂၀၀၇ ခုနှစ်များအတွင်း အေအိုင်ဒီအက်စ်ကြောင့် လူပေါင်း ၂၅ မီလီယံ သေဆုံးခဲ့ရသလို မြန်မာပြည်၌လည်း စစ်တမ်းများအရ တစ်နာရီတွင် လူနှစ်ဦးမှာ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးနေရသည်။ စီအင်အင်မှ တင်ပြခဲ့သည့် ဗီဒီယိုဖိုင်တွင် ဟီလာရီ ကလင်တန်က အေအိုင်ဒီအက်စ်ကာ ကွယ်ရေးအတွက် ကွန်ဒုံးအသုံးပြုမှု တိုးတက်စေရန်နှင့် အမျိုးသားများ အရေပြားလှီးဖြတ်မှုများ တိုးတက်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

    ဂျူးများ၊ မွတ်စလင်မ်များနှင့် ကော့ပ်တစ်ခရစ်ယာန်များမှာ အရေပြားလှီးဖြတ်ခြင်း ပြုလုပ်ကြသည်။ အချို့သော ခရစ်ယာန်များ ကမူ ပြုလုပ်ဆောင် ရွက်ခြင်းမရှိကြပေ။ သို့သော် ထိုခရစ်ယာန်များက အရေပြားလှီးဖြတ်ခြင်းအား ပိတ်ပင်ဖို့အထိ ဝေဖန်ပြစ်တင်နေကြသော်လည်း အရေပြား လှီးဖြတ်ခြင်းကို ၄င်းတို့၏ ဘိုးဘေးများကိုယ် တိုင် ပြုလုပ်ဆောင်ရွက်ခဲ့ကြခြင်းဆိုသည့် အကြောင်းတွင်မူ နုတ်ဆိတ်လျက် ရှိနေကြသည်။ ၂၀၁၂ တွင်မူ ဂျာမနီနိုင်ငံ၌ နိုင်ငံရေးသမားအချို့က အရေပြားလှီးဖြတ်ခြင်းအား ပိတ်ပင်ဖို့ တောင်းဆိုဆောင်ရွက်ခဲ့ကြသည်။

    ဝေဖန်နေကြသူများ မသိရှိကြသည့် အကြောင်းမှာ ၄င်းတို့၏နည်းဗျူဟာအထမမြောက်စေဖို့ 0.1 micron သာရှိသည့် အလွန်သေးငယ်လှသော ဗိုင်းရပ်စ်ပိုးက လူ့အသက်ပေါင်းများစွာကို ဇီဝိန်ခြွေရင်း လုပ်အားနှုန်းကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖြစ်ထွန်းနေစေခြင်းပင်။ ထိုဗိုင်းရပ်စ်၏အမည် မှာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပင်ဖြစ်သည်။

    ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    “အရေပြားလှီးဖြတ်ခြင်းကို သာသနာရေးဆိုင်ရာ အရေးပါသည့် ကိစ္စတစ်ခုအဖြစ် လူ့ယဉ်ကျေးမှုအများစုတွင် တွေ့ရှိရသည်။ ဥပမာ – ဂျူးသာသနာတွင် အရေပြားလှီးဖြတ်ခြင်းအား တမန်တော် အီဗရာဟင်မ်နှင့် ဘုရားသခင်တို့အကြား ထားရှိသည့် ပထမဆုံးသော ကတိက၀တ်အဖြစ် ဖြော်ပထားသည်။  ထိုသည်ကို ပထမဆုံးသော ကောင်းကင်ကျ အမိန့် ၊ ပန်တာတျူ (Genesis 17:10–27)  တွင် ဖြော်ပထားခြင်းဖြစ်သည်။ ထို့ကြောင့် ယောင်္ကျား ကလေး၊ ကလေးငယ်တိုင်းကို အရေပြားလှီးဖြတ်ခြင်း ပြုလုပ်ဆောင်ရွက်ကြရသည်။ သို့သော်ခရစ်ယာန်သာသနာတွင်မူ အရေပြား လှီးဖြတ်ခြင်း ဆောင်ရွက် ဖို့ မဖြစ်မနေတာဝန်အဖြစ် ပြဌာန်းထားခြင်းမရှိဆိုသည့် ပညတ်ချက်ကိုမူ ပထမဦးဆုံးအနေဖြင့် ဘိုင်ဘလ်ကျမ်းစာ Acts 15 တွင်မှာမှ တွေ့ရှိရသည်။”

    အမေရိကန်ပြည်ထောင်စု၏ တိုင်းရေးပြည်ရာဝန်ကြီး၊ ဟီလာရီကလင်တန်ကိုပင် အရေပြားလှီးဖြတ်ခြင်းအကြောင်း ထည့်သွင်းပြောကြားစေ သည်အထိ ၄င်းအရေပြားလှီးမင်္ဂလာအပေါ် ခေတ်သစ် ပညာရှင်များ၏ တွေ့ရှိချက်က မည်သို့မည်ပုံဖြစ်နေသနည်းဆိုသည့်မေးခွန်းမှာလည်း စိတ်ဝင် စားဖွယ်မေးခွန်းပင်ဖြစ်ပါသည်။ အရေးပါသည့် တွေ့ရှိချက်မှာ အရေပြားလှီးဖြတ်ခြင်းသည် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ကာကွယ်ပေးသည် ဟူသည့် တွေ့ရှိ ချက် ပင်။

    ဗြိတိသျှစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ –

    ” အရေပြားလှီးဖြတ်ခြင်းအား ထောက်ခံပြောဆို ကြသူများ က အရေပြားလှီးဖြတ် ထားသော ယောင်္ကျားသည် အေအိုင်ဒီအက်စ်၊ ဆစ်ဖလစ်နှင့် အခြားသော လိင်ပိုင်းဆိုင် ရာရောဂါ များမှ ပို၍ အကာအကွယ် ရထားပြီးသည့် လေ့လာတွေ့ရှိချက်ကို ကိုးကားတင်ပြကြသည်။ ထို့ပြင် အရေပြား လှီးဖြတ် ထားသည့် ယောင်္ကျားကြောင့် သူ၏ လိင်အဖော် မိန်းမသားမှာလည်း သားအိမ်ခေါင်း ကင်ဆာရောဂါ (Cervical Cancer) မှ အကာအ ကွယ် ရပြီးဖြစ်ကြောင်း သိရသည်။ ၂၀၀၇ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အာဖရိက ယောင်္ကျားများကို အိပ်ခ်ျအိုင်ဗွီနှင့်ပတ်သတ်၍ သုတေသနလုပ် ခဲ့ ရာ ဆန့်ကျင်ဘက် လိင်နှင့် ဆက်ဆံခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများထဲမှာ ရာခိုင်နှုန်း ၄၈ မှ ၆၀ ကို အရေပြားလှီးဖြတ် ထားခြင်းက အကာအကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် WHO က ၄င်းရလဒ်ကို အခြေခံကာ အရေပြားလှီးဖြတ်ခြင်းကို စံပုံစံ အကာ အကွယ် နည်းနာအဖြစ် သတ်မှတ်ပြီး အိပ်ခ်ျအိုင်ဗွီတားဆီးရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်လာခဲ့ကြသည်။ “

    ထို့ကြောင့် အရေပြားလှီးဖြတ်ခြင်းကို ဆန့်ကျင်နေကြသူများအနေဖြင့် ချင့်ချိန်စဉ်းစားသင့်သည်မှာ ၄င်းတို့၏ဆန့်ကျင်မှုမှာ ကျိုးကြောင်းညီညွှတ်မှု ရှိ၊ မရှိဆိုသည်ပင် ဖြစ်ပါသည်။

    ကိုးကား – www.britannica.com/EBchecked/topic/118439/circumcision

  • ဒီဇင်ဘာ ၈ ရက် ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲ ကောက်နှုတ်ချက်များ၊

    ဒီဇင်ဘာ ၈ ရက် ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲ ကောက်နှုတ်ချက်များ၊

    ဒီဇင်ဘာ ၈ ၊ ၂၀၁၂
    M-Media

    ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅နာရီခန့်က ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ကိစ္စများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုကို ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။ မူလက ဒုသမ္မတ ကိုယ်တိုင်လာရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး နှင့် လူဝင်မှု့ကြီးကြပ်ရေး ဝန်ကြီး ဦခင်ရီ ၊  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်း တို့ တက်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

    ဓါတ်ပုံ 7 Days

    နယ်စပ်ရေးရာဝန်ကြီ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးးက

    • ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း၊
    • ရခိုင်အရေးနှင့်ပတ်သက်ပြီး အစိုးရက တစ်ဆင့်ချင်းကိုင်တွယ် ဖြေရှင်းနေသည့်အပေါ် နိုင်ငံတကာမှ သည်းခံ နားလည်ပေးရန်လိုကြောင်း၊
    • လူဦးရေတိုးပွားနှုန်းကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြည်ပမီဒီယာများ၏ ဖော်ပြချက် မှန်ကန်ခြင်းမရှိကြောင်း ၊
    • အယ်လ်ဂျားဇီးယားရုပ်သံမှ ရခိုင်အရေးနှင့်ပတ်သက်ပြီး ထုတ်လွှင့်မည်ဆိုပါက အစိုးရအနေဖြင့် လိုအပ်လျင် တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊
    • အဆိုပါ ရုပ်သံအစီအစဉ်ကို Geonocide (လူမျိုးတုန်းသတ်ဖြတ်မှု) ဟု ခေါင်းစဉ်တပ်ထားကြောင်း၊ ၁၉၈၀ ၀န်းကျင်က ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုး နှစ်သိန်းခွဲခန့်ရှိပြီး ယခု ၂၀၁၂ ခုနှစ်တွင် တစ်သန်းရှိကြောင်း၊ သို့ဖြစ်၍ မျိုးတုန်းသတ်ဖြတ်မှု ရှိ၊ မရှိကို ဦးနှောက်သုံး၍ စဉ်းစားသိရှိနိုင်ကြောင်၊း စသည့်အချက်များကို ပြောကြားခဲ့သည်။

    လူဝင်မှု့ကြီးကြပ်ရေး  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍

    ” နိုင်ငံသားဆိုတဲ့ကဏ္ဍမှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ သတ်မှတ်ပုံချင်းမတူဘူး တချို့က မြေပေါ်မှာမူတည်သတ်မှတ်တယ် တချို့ကအချိန်ပေါ်မှာမူတည်သတ်မှတ်တယ် ၊ တချို့နိုင်ငံတွေကတော့ သွေးပေါ်မှာမူတည် သတ်မှတ်တယ် ကျွန်တော်တို့နိုင်ငံကတော့ နိုင်ငံသားဖြစ်မဖြစ်ဆိုတာကို သွေးပေါ်မှာပဲ မူတည်ဆုံးဖြတ်ပါတယ်” ဟု ပြောကြားခဲ့သည်။

     ပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက

    တစ်ကျော့ပြန်ပဋိပက္ခကြောင့်လူပေါင်း၉၀နီးပါး သေဆုံးခဲ့သောရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင် လှုံဆော်လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်းချပြ အသိပေးသွားမည် ဟုပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုံဆော် လှုပ်ရှား သူများသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခုလုံးတွင်ရှိပြီး ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင် ပတ်သက်သူများကိုတရားဥပဒေအရ အရေးယူရန်ထိန်းသိမ်းထားပြီးဖြစ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာများကို နိုဝင်ဘာလ ၂၁ရက်နေ့တွင် ပြောကြားခံပြီးဖြစ်သည်။

    ယင်းအခန်းအနားသို့ သံတမန်အဖွဲ့နာယက စင်ကာပူ သံအမတ်ကြီးနှင့် သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ တာဝန်ခံများ၊UNFPA,UNICEF,UNHCR အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

    ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံရေးပါတီ၊ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများနှင့်အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ် သက်နေသည့် အထောက်တွေ့ရှိရပြီး နောက်ကွယ်မှကြိုးကိုင် လှုပ်ရှားနေသူများကို နိုင်ငံ တော်က စတင်စစ်ဆေးအရေးယူ လျှက်ရှိပြီး ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သောဆူပူ အကြမ်း ဖက်မှု များကြောင်း သေဆုံးသူ (၁၆၇) ဦး၊ ဒဏ်ရာ ရရှိသူ(၂၂၃)ဦး၊ အိမ်ထောင်စုပေါင်း (၁၆,၉၈၀)၊ လူဦးရေ (၁၁,၁၀၀၀)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေကြကာ အိုးအိမ်နှင့် အဆောက်အဦး (၁၀,၁၀၀)လုံး အပျက်အစီး ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

    ကိုးကား ပြည်တွင်း သတင်းမီဒီယာများ

  • ကမ္ဘာကျော် မိုက်ခရိုချိ (ပ်) ကုမ္ပဏီ အင်တဲလ်က မြန်မာပြည်တွင်း ဖြန့်ချိမှုကို တိုးမြှင့် လုပ်ဆောင်မည်

    ကမ္ဘာကျော် မိုက်ခရိုချိ (ပ်) ကုမ္ပဏီ အင်တဲလ်က မြန်မာပြည်တွင်း ဖြန့်ချိမှုကို တိုးမြှင့် လုပ်ဆောင်မည်

    M-Media
    ဒီဇင်ဘာ ၈ ၊ ၂၀၁၂
    မူရင်း – ဝေါလ်စထရိဂျာနယ်

     

    မိုက်ခရိုချိ (ပ်)ဘုရင် အင်တဲလ်ကုမ္ပဏီက မြန်မာပြည်သို့ ၄င်း၏စီးပွားရေးပူးပေါင်းဆောင်ရွက် မှုနှင့် ဖြန့်ချိမှု ကဏ္ဍများ ကို တိုးတက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာပြည်သို့ ၀င်ရောက်လာသည့် အမေရိကန်ကုမ္ပဏီကြီးများအထဲတွင် အင်တဲလ်မှာ လက်ရှိအချိန်အထိ နောက်ဆုံးဝင်ရောက် လာသည့် ကော်ပိုရေးရှင်းအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

    မြန်မာပြည်၏ နှစ်ပေါင်းများစွာ အဆက်ပြတ်ကျန်နေခဲ့သော သတင်းအချက်အလက်နှင့် နည်းပညာ(အိုင်တီ) ကဏ္ဍ အတွက် အင်တဲလ်၏ သစ်လွင်သော ကွန်ပျူတာဖြန့်ချိရေးများက အကူအညီပေးသွားမည်ဖြစ်သည်။ အင်တဲလ်ထုတ်ကွန်ပျူတာများ၏ နည်းပညာများကို အသုံးပြု၍ မြန်မာပြည်၏ နည်းပညာကဏ္ဍတိုးတက်စေရန် လုပ်ဆောင်သွားမည့် သဘောတူညီချက် တစ်ရပ်ကို အမေရိကန်အခြေစိုက် အိုင်တီကုမ္ပဏီဖြစ်သော အင်ဂရမ်မိုက်ခရိုနှင့်အတူ မြန်မာကုမ္ပဏီ၊ KMD တို့ ပူးတွဲ၍ ကြာသာပတေးနေ့က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

    အင်တဲလ်က မြန်မာပြည်မှ ကျောင်းဆရာ၊ ဆရာမများအား စာသင်ခန်းများအတွင်း ကွန်ပျူတာ တပ်ဆင်ပုံနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အသိပညာလေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ကာ အကူအညီပေးသွားဖို့ရှိကြောင်းလည်း သိရသည်။

    သို့ကြောင့် မြန်မာပြည်သို့ဝင်ရောက်လာသည့် အမေရိကန်ကုမ္ပဏီများစာရင်းမှာ ကိုလာကိုလာ၊ ပက်ပ်စီ၊ ဂျင်နရယ် အီလက်ထရိုနစ်တို့အပြင် အင်တဲလ်ပါ စာရင်းဝင်လာပြီဖြစ်သည်။

  • မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့

    မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့

    ဒီဇင်ဘာ ၅ ၊၂၀၁၂
    http://www.tricycle.com/

    “ကမ္ဘာ့နိုင်ငံ အသီးသီးက ဗုဒ္ဓဘာသာ အကြီးအကဲများဖြစ်တဲ့ မိမိတို့အနေနဲ့ လက်ရှိမြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခပြဿနာများအတွက် စာနာမှုနဲ့ အတူ မေတ္တာ ပို့သလိုက်ပါတယ်။”

    မိမိတို့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံဟာ ကောင်းမြတ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် သိသိသာသာ ဖြစ်ပေါ်တိုးတက်နေတာနဲ့အတူ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ၀မ်းနည်းစွာတွေ့မြင်နေရပါတယ်။

    မိမိတို့အနေနဲ့ ပြည်သူများဟာခေတ် အဆက်ဆက် အလွန်သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓတရားဓမ္မကို လေးလေးနက်နက် ကျင့်သုံးလိုက်နာနေထိုင်ခဲ့ကြတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးများ ဖြစ်တယ်ဆိုတာ ကောင်းစွာသိရှိကြပါတယ်။

    ဒါကြောင့် မြတ်စွာဘုရားရဲ့ အဓိကအကျဆုံးတရားတော်များဖြစ်တဲ့ အကြမ်းမဖက်ခြင်း၊ အပြန်အလှန်လေးစားခြင်း စတဲ့ တရာတော်များအတိုင်း ကျင့်သုံး လိုက်နာခြင်းဖြင့် မြန်မာပြည်သားများ ကောင်းကျိုးချမ်းသာ ရနိုင်ကြပါစေလို့ မိမိတို့က အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။

    မြတ်စွာဘုရားဟာ သတ္တ၀ါများကို ညှဉ်းဆဲခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမယ်ဆိုတဲ့ သီလတရားတော်မြတ်ကို ဟောကြားပေးခဲ့ပါတယ်။

    သတ္တ၀ါတိုင်းအပေါ် ကရုဏာတရားနဲ့ စောင့်ရှောက်ရမယ်ဆိုတဲ့ တရားကိုဟောကြားခဲ့ပါတယ်။ လူတိုင်းကို ဘယ်လိုပင် အမျိုးဇာတိ၊ ဘာသာအယူဝါဒ ဂိုဏ်းဂဏ ကွဲပြားသူကိုမဆို အဆင့်အတန်း အယုတ်အလတ် မခွဲခြားပဲ တန်းတူညီတူ လေးလေးစားစား ဆက်ဆံဖို့ဟောကြားခဲ့ပါတယ်။

    ကျွန်ုပ်တို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူတူ မွန်မြတ်တဲ့ တရားတော်များ အတွက် ရဲရဲရင့်ရင့် ရပ်တည်လျက် ရှိပါတယ်။

    နောက်ဆုံး မွတ်စလင်မ်များကဖြစ်စေ၊ အခြား တိုင်းရင်းသားများကဖြစ်စေ၊ ကမ္ဘာပေါ်က မည်သည့် ရက်စက်တတ်သူတွေကဖြစ်စေ အကြမ်းဖက်လာခဲ့လျှင်သော်မှ မွန်မြတ်လှတဲ့ ဒီဗုဒ္ဓ တရားတော်များ အတိုင်းပဲ ရပ်တည်လျက် ရှိပါတယ်။

    ဒီဓမ္မလမ်းကြောင်းအတိုင်း ရပ်တည်ခြင်း တစ်လမ်းသာလျှင်မြန်မာပြည်သူများ အတွက် ကောင်းကျိုး ချမ်းသာကိုဖြစ်ပေါ်စေပြီးမြန်မာပြည်သူများဟာ ကမ္ဘာပေါ်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားခြင်း၊ သာတူညီမျှစိတ်ထားရှိခြင်း၊ စိတ်ရှည်သည်းခံတတ်ခြင်း၊ တရားတွေနဲ့ပြည့်ဝတဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသခွင့် ရရုံမက ကမ္ဘာကပါ စံနမူနာ ပြန်ယူရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထေရ်ကြီးဝါကြီး သံဃာတော် အရှင်မြတ်များနဲ့ ရဟန်းပျိုများ၊ သီလရှင်များနဲ့ တရားနဲ့အညီ ကျင့်သုံးနေထိုင်ကြတဲ့ သူတော်ကောင်းများ အနေနဲ့လည်း ပြည်သူလူထုအပေါင်းကို အပြန်အလှန်လေးစားမှု၊ သနားညှာတာမှု စတဲ့ တရားတော်များ အတိုင်း လေးလေးနက်နက် လိုက်နာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်း သွန်သင် ညွှန်ပြပေးကြဖို့ မိမိတို့အနေနဲ့ လေးမြတ်စွာ လျှောက်ထားအပ်ပါတယ်။

    တရားဓမ္မအတိုင်း ပြည်သူများနဲ့ ရပ်တည်လျက်

    Ven. Thich Nhat Hanh
    Nobel Peace Prize Nominee
    Vietnam

    Ven. Bhikkhu Bodhi
    President Buddhist Global Relief
    (world’s foremost translator of the Pali Canon)
    Sri Lanka/USA

    Dr. AT Ariyaratne
    Founder Nationwide Sarvodaya Movement
    Ghandi Peace Prize Laureate
    Sri Lanka

    Ven. Chao Khun Raja Sumedhajahn
    Elder, Ajahn Chah Monasteries
    Wat Ratanavan, Thailand

    Ven. Phra Paisal Visalo
    Chair Buddhika Network Buddhism and Society
    Thailand

    Ven. Arjia Rinpoche VIII
    Abbot Tibetan Mongolian Cultural Center
    Mongolia/USA

    Ven. Shodo Harada Roshi
    Abbot Sogenji Rinzai Zen Monastery
    Japan

    Achariya Professor J Simmer Brown
    Chairperson Buddhist Studies
    Naropa Buddhist University
    USA

    Ven. Ajahn Amaro Mahathera
    Abbot Amaravati Vihara
    England

    Ven. Hozan A Senauke
    International Network of Engaged Buddhists
    Worldwide

    Younge Khachab Rinpoche VIII
    Abbot Younge Drodul Ling
    Canada

    Ven. Sr. Thich Nu Chan Kong
    President Plum Village Zen temples
    France/Vietnam

    Dr. Jack Kornfield Vipassana Achariya
    Convener Western Buddhist Teachers Council
    USA

    Lama Surya Das
    Dzogchen Foundation International
    Vajrayana Tibet/USA

    Ven. Zoketsu N. Fischer Soto Roshi
    Fmr. Abbot largest Zen community in the West
    USA/Japan

    Tulku Sherdor Rinpoche
    Director BI. Wisdom Institute
    Canada

    Professor Robert Tenzin C. Thurman
    Center for Buddhist Studies
    Columbia University
    USA

    HH the XIV Dalai Lama
    Nobel Laureate
    Tibet/India
    Though not able to be reached in time to sign this letter, HH the Dalai Lama has publicly and repeatedly stated his concern about the Rohingya Muslims in Myanmar. He urges everyone to continue to practice non-violence and retain the religious harmony that is central to our ancient and revered culture.

  • လူမျိုး၊ဘာသာ ခွဲခြားသော ပါတီဝင် အချို့ကြောင့် NLD ပါတီ ဂုဏ်သိက္ခာ ထိခိုက်

    လူမျိုး၊ဘာသာ ခွဲခြားသော ပါတီဝင် အချို့ကြောင့် NLD ပါတီ ဂုဏ်သိက္ခာ ထိခိုက်

    ဒီဇင်ဘာ ၈ ၊၂၀၁၂
    M-Media
    နေသစ်ထွန်း

    အတွဲ (၁) အမှတ် ၄၃ (နိုဝင်ဘာ ၁၂နေ့ထုတ်) ဒီလှိုင်း စာစောင် စာမျက်နှာ ၁၇

    NLD ပါတီဝင် အချို့မှ အစ္စလာမ် ဘာသာဝင်များအပေါ် လူမျိုးရေးခွဲခြား ဆက်ဆံမှုများ ကျင့်သုံးလာခဲ့ခြင်း ကြောင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားနေသော NLD ပါတီ ဂုဏ်သိက္ခာ ထိခိုက်ခဲ့သည်။

    မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် NLD ပါတီ မှ ပါတီဝင်စုဆောင်းရာတွင် နိုင်ငံသား အစ္စလာမ် ဘာသာဝင်များကို လူမျိုးရေး ၊ဘာသာရေး ခွဲခြားဆက်ဆံ ခဲ့ကြောင်း သံဖြူဇရပ်မြို့ခံ အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောပါ သည်။

    “သံဖြူဇရပ် မြို့နယ် NLD အဖွဲ့ဝင်စည်းရုံးရေး လုပ်ခဲ့တော့ မြို့ခံ မွတ်စလင် တချို့ NLD ပါတီဝင်ဖို့ လုပ်ခဲ့ပါ တယ်။ ဒါကို ပါတီဝင်တချို့က ဘာလို့ မုတ်ဆိတ်- ကုလားတွေ ပါလာ ရသလဲလို့ မေးပြီး ပါတီဝင်ရင် လည်းနေရာ ရဖို့မရှိ ဘူးလို့ ပြောပါတယ်။ ” ဟု သံဖြူဇရပ် မြို့ခံ တစ်ဦးက ပြောပါသည်။

    အလားတူ NLD ပါတီဌာနချုပ်မှ ဦးစီးဦးဆောင်ပြု ထုတ်ဝေနေသော ဒီလှိုင်းဂျာနယ် တွင်လည်း လူမျိုးရေး ခွဲခြား မှုပါသော ဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့သည်။ အတွဲ (၁) အမှတ် ၄၃ (နိုဝင်ဘာ ၁၂နေ့ထုတ်) ဒီလှိုင်း စာစောင် စာမျက်နှာ ၁၇ ၌ ဆောင်းပါးရှင် မောင်ပေါက်ကျိုင်း (မရမ်းကုန်) အမည်ဖြင့် “ဒီမိုကရေစီ ဘာလဲ၊ ပြည်သူလူထု ဘယ်လဲ ” ဆောင်းပါးတွင် “မြန်မာနိုင်ငံ၏ သူဌေးလောက၊ စီးပွားရေးလောက၊ ကုမ္ပဏီလောက စသည့်အထက်တန်းစား လောကကိုလေ့လာကြည့်လျှင် လူမျိုးခြား စီးပွားရေးသမား များကသာ လျှင် မြန်မာ နိုင်ငံ၏ အချက်အချာ ကျသော စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားနိုင်ကြောင်း၊” “တိုင်းရင်းသား လုပ်ငန်းရှင်များရှိသော်လည်း ခက်ခဲပင်ပန်းစွာ ရုန်းကန်ရကြောင်း” ဟူ၍ လူမျိုးခွဲခြားသော နိုင်ငံသားပြည်သူ အချင်းချင်း သွေးကွဲနိုင်သော အသုံးအနှုန်းကို ဖော်ပြခဲ့သည်။

    “တခြားဂျာနယ် တွေ လူမျိုးရေး ခွဲခြားဆက်ဆံတာ ခံနိုင်ရည်ရှိပါတယ်။ ကိုယ့် မိခင်ပါတီ NLD ကိုယ်တိုင် ထုတ် တဲ့ ဒီလှိုင်းက လူမျိုးရေး ခွဲခြားဆက် ဆံတဲ့ ဆောင်းပါး ကိုဖော်ပြတော့ ရင်နင့်နေအောင် ခံစားရပါ တယ်။ ” ဟု တာမွေမြို့နယ် မအူကုန်းရပ်ကွက် နေသူ လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

    “ဒီမိုကရေစီ စနစ်မှာ တရုတ်ဖြစ်စေ၊ ကုလားဖြစ်စေ၊ ကုလယ်ဖြစ်စေ၊ နိုင်ငံခြားသား အမေရိကန်ပင်ဖြစ်ပါစေ ဥပဒေနဲ့အညီ လွတ်လပ်စွာ စီးပွားရှာဖွေ ရင်းနှီးမြုပ်နှံ ခွင့်ရှိပါတယ်။ ဘယ်လူမျိုး ဖြစ်ပါစေ။ ဈေးကွက် စီးပွားရေး စနစ်မှာ လုပ်ငန်းကျွမ်း ကျင်သူပဲ ဦးဆောင် သွားမှာ ၊ စီးပွားရေး အကြောင်း နားမလည် သူကကျဆုံး သွားမှပဲ ။ လူမျိုး ၊ ဘာသာ အရေးမကြီးပါဘူး” ဟု ၄င်းက ပြောပါသည်။

    ခေတ်အဆက်ဆက်က ဖိနှိပ်ခံခဲ့ရသော အစ္စလာမ် ဘာသာဝင်များသည် လူ့အခွင့်အရေး အပြည့်အ၀ရရှိရန် ဒီမိုကရေစီတန်ဖိုး ကို အလေးထားသော NLD ပါတီအား ထောက်ခံကြသည်။ “မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ် တလျောက်လုံး ဖိနှိပ်ခံလာခဲ့ရတယ်။ လူ့အခွင့်အရေး ရဖို့ NLD ပါတီမှာ ၀င်ရောက်လှုပ်ရှား ချင် တာအခု NLD ပါတီကပဲ ဒီလို ဘာသာရေး ၊ လူမျိုးရေး ခွဲခြား ဆက်ဆံတာတွေ လုပ်လာတော့ စိတ်ပျက်ရပါ တယ်  ” ဟု သံဖြူဇရပ် မြို့ခံက ပြောပါသည်။

    ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တန်ဖိုးထားသော NLD ပါတီအနေဖြင့် လူမျိုးရေး ၊ ဘာသာရေး ခွဲခြားတတ်သော ပါတီဝင်အချို့ကို လူ့အခွင့်အရေး လေးစားတတ်ရန် သတိပေး တိုက်တွန်းသင့်ကြောင်း ၄င်းက ပြောပါသည်။

    “ဒီလိုအရေးအသားမျိုးကို ဖော်ပြခဲ့တဲ့ NLD ပါတီထုတ် ဒီလှိုင်းအနေနဲ့ တောင်းပန်စာ ထည့်ပေးရမယ်။ နောက်နောင် ဒီလို ဖော်ပြတာမျိုးမလုပ်ပါနဲ့ ။ ဒီလို လူမျိုးရေး ခွဲခြားမှုတွေက ပါတီ မူဝါဒနဲ့ လည်း မကိုက်ညီဘူး။ အကျိုးလဲရှိမှာ မဟုတ်ဘူး” ဟုတာမွေမြို့နယ် မအူကုန်းရပ်ကွက်နေ သူတစ်ဦးက ထောက်ပြပြောကြားခဲ့သည်။