ဒီဇင်ဘာ ၂၆ ၊ ၂၀၁၂
via Myanmar Muslim Voice
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား ပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်ဖို့ လိုလားကြောင်း ဗြိတိသျှဝန်ကြီးတစ်ဦးအား ပြောသည်ဟု ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။
ဗြိတိသျှနိုင်ငံခြားရေးရုံး ဝန်ကြီးတစ်ဦးဖြစ်သူ ဟူဂိုဆွိုင်ရာ (Hugo Swire) အနေဖြင့် မြန်မာနိုင်ငံသို့ မကြာသေးမီက ရောက်ရှိသော ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ဆုံရာမှ သူမအနေဖြင့် အစိုးရမှ ဖိတ်ခေါ်ပါက အကူအညီပေးရန် လိုလားသည်ဟု ပြောကြားကြောင်း ဂါးဒီးယန်းသတင်းစာက ကိုးကား ဖော်ပြခြင်းဖြစ်သည်။
ဝန်ကြီး ဟူဂိုဆွိုင်ရာ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဗြိတိသျှ သံအမတ် အန်ဒရူးဟိန်း (Andrew Heyn)နှင့် အတူ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဂါးဒီးယန်း သတင်းထောက် ကိတ်ဟိုဒယ် (Kate Hodal) လည်း လိုက်ပါခဲ့သည်။
ရခိုင်ပြည်နယ်ရှိ အခြေအနေများမှာ အလွန် စိုးရိမ်ဖွယ် ဆက်ရှိနေပြီး အရေးပေါ် ဆောင်ရွက်မှုများ မရှိပါက ဤဝမ်းနည်းဖွယ် အဖြစ်ဆိုးမှာ ပို၍ နက်နဲဆိုးရွားသွားမည်ဟု ဝန်ကြီး ဟူဂိုဆွိုင်ရာက ပြောကြားခဲ့ကြောင်းလည်း ဂါးဒီးယန်းက ဖော်ပြသည်။
Leave a Reply
You must be logged in to post a comment.