News @ M-Media

Blog

  • စစ်ဆင်ရေးကာလတွင် အမေရိကန် စစ်သားများ အာဖဂန် အမျိုးသမီးများစွာကို အဓမ္မပြုကျင့်ခဲ့

    စစ်ဆင်ရေးကာလတွင် အမေရိကန် စစ်သားများ အာဖဂန် အမျိုးသမီးများစွာကို အဓမ္မပြုကျင့်ခဲ့

    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media

    အာဖဂန်နစ္စတန်မြောက်ပိုင်းဒေသများတွင် ညပိုင်းစစ်ဆင်ရေးပြုလုပ်ခဲ့သည့် အချိန်များတွင်  အမေရိကန် တပ်သားများသည် အမျိုးသမီးများစွာကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရွာခံများက ပြောကြားလိုက်ပါသည်။

    အမေရိကန်အထူး တပ်သားများ တစ်အိမ်တက်ဆင်း ရှာဖွေများမှုများပြုလုပ်ခဲ့သော အာဖဂန်နစ္စတန်၏ Balkh ပြည်နယ်၏ ဒေသ တစ်ခုဖြစ်သော Chaharbolak အတွင်းရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း အာဖဂန်နစ္စတန် သတင်းအချက်လက် ကွန်ယက်မှ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါသည်။

    သို့သော်လည်း အမေရိကန်တပ်၏ တပ်မှူးက ဤဖြစ်စဉ်ကို တိုင်တန်းခြင်းပြုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များ နှင့် ခြိမ်းခြောက်မှုပြုထားခြင်းကြောင့် ရွာသားများ အနေနှင့် ရွာ၏ အမည်ကိုမှု ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

    စစ်ဆင်ရေး ပြုနေစဉ် တပ်သားများသည် မိသားစုပေါင်း (၁၅)စုမှ အမျိုးသမီးများ နှင့် အမျိုးသားများကို ခွဲခြားကာ အမျိုးသမီး ပေါင်းများစွာကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။

    အမေရိကန် ဦးဆောင်သော တပ်များက အာဖဂန်နစ္စတန်ကို ကျူးကျော်မှု ပြုခဲ့သော ၂၀၀၁ ခုနှစ် ကတည်းကပင် မကြာခဏ ဆိုသလို အာဖဂန်ပြည်သူ ပြည်သားများကို အမျိုးမျိုးသော အလွဲသုံးစားပြုမှုများ ရှိခဲ့ပါသည်။

    ပြီးခဲ့သော လက တောင်ပိုင်း အာဖဂန်နစ္စတန် အတွင်း မတ်လက အာဖဂန် နယ်သားများကို အစုလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သော အမေရိကန် တပ်သားတစ်ဦးမှ အမေရိကန် စစ်ဘက်ဆိုင်ရာ ခုံရုံး ရှေ့မှောက်တွင် သူ၏ ပြစ်မှုများကို ပထမဆုံး အဖြစ် ၀န်ခံမှု တစ်ရပ် ပြီးခဲ့သော လက ဖြစ်ပေါ် ခဲ့ပါသည်။

     

    ကိုးကား –http://www.presstv.ir

     

  • ဒဏ်ရာရ သံဃာများအတွက် မန္တလေးမှ အစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀) လှူ

    ဒဏ်ရာရ သံဃာများအတွက် မန္တလေးမှ အစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀) လှူ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၂

    M-Media

    ဓါတ်ပုံ မင်းမင်းလတ် FB မှ ကူးယူဖော်ပြပါသည်။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွင်းမှု့ကြောင့်  မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် သံဃာတော်များ ဆေးကုသရန် အတွက် မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်များမှ အလှူငွေကျပ် သိန်း(၂၀) ကို ဂဠုန်နီဆရာတော် ဦးကာဝိယ ၏ ကျောင်းတိုက်သို့ ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

    ဓါတ်ပုံ မင်းမင်းလတ် FB မှ ကူးယူဖော်ပြပါသည်။
  • အစ္စလာမ်ကောင်စီ (၅၈) နှစ်တိုင်ခဲ့ပြီ

    အစ္စလာမ်ကောင်စီ (၅၈) နှစ်တိုင်ခဲ့ပြီ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြယာမြေ)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီကတော့ (၅၈) နှစ်တိုင်ခဲ့ပြီ။

    အစ္စလာမ်ကောင်စီဆိုတာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဖဆပလအဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ပြီး ကြိုးပမ်းခဲ့တဲ့ ဗမာမွတ်စလင်ကွန်ကရက် (ဗ.မ.က)ကို မြစ်ဖျားခံစီးဆင်းလာခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ အစ္စလာမ်ကောင်စီ အကြောင်းပြောလျှင် မိခင် ဗ.မ.ကအဖွဲ့ကြီးအကြောင်းကို မေ့ထားလို့ မရ၊ ချန်ထားလို့  မရပါ။

    လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ယနေ့တိုင်းပြည်အခြေအနေဟာ တစ်မျိုးသားလုံးသွေးစည်း ညီညွှတ်ရန်အလွန် လိုအပ်နေတဲ့အတွက် ဗမာမွတ်စလင်များ ညီညီညွှတ်ညွှတ်နဲ့အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းပြီး ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (AFO or The Anit-Fascist Organization) ) အဖွဲ့ကြီးမှာ တပ်ပေါင်းစုအဖြစ် ပါဝင်ရန်” ဆိုတဲ့တိုက်တွန်းချက်အရ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်က ဦးဆောင်ကာ ၁၉၄၅ခုနှစ်၊ ဒီဇင်ဘာလ၂၄ရက်နေ့တွင် ပျဉ်းမနားမြို့မှာညီလာခံကြီး တစ်ရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲ့ဒီညီလာခံမှာ ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး “ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်ကွန်ကရက်”(ဗမက) အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပါတယ်။

    မြန်မာလွတ်လပ်ရေး အရယူရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ “ဗ.မ.က” မှပုဂ္ဂိုလ်များပါဝင်ခဲ့ပါတယ်။ ဦးရာဇတ်တို့လို အာဇာနည်ပုဂ္ဂိုလ်တွေ၊ ဦးဖေခင်တို့လို ပင်လုံညီလာခံကို နောက်ကွယ်မှ ပံ့ပိုးခဲ့သူတွေ၊ ရွှေတိဂုံ အလယ်ပစ္စယံ ညီလာခံကြီးမှာ လွတ်လပ်ရေး အရယူရန်”ဗ.မ.က” ကိုယ်စားလှယ်များပါဝင်ပြီး အဆိုတင်သွင်းခဲ့တာတွေ၊ ထောက်ခံဆန္ဒပြုခဲ့တာတွေကို မေ့ထားလို့မရပါဘူး။

    လွတ်လပ်ရေးရပြီး ဖဆပလ ဟာ နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ အဲဒီ ဖဆပလ မှာ “ဗ.မ.က” ကိုယ်စားလှယ်တွေပါဝင်နေတုန်းပဲ။ ဦးခင်မောင်တို့ ဦးရာရှစ်တို့ စတာတွေဟာ ဖဆပလတွင်းက “ဗ.မ.က” ၀န်ကြီးတွေပါ။ ပါလီမန်အမတ်များဖြစ်ကြတဲ့ ၀ဏ္ဏကျော်ထင်ဒေါ်စောရွှေတို့၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်ဆရာကြီးချယ် (နောင်အခါရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်)တို့ဟာ ဖဆပလထဲက “ဗ.မ.က” လူတွေပါ။ နောက်တော့ ဖဆပလ နှစ်ပိုင်းကွဲတယ်။ သန့်ရှင်း(နုတင်)နဲ့ တည်မြဲ(ဆွေငြိမ်း) ပေါ့။ သို့ပေမယ့် “ဗ.မ.က” ဟာ နိုင်ငံရေးနှင့် ဘာသာရေးရောထွေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၅၆ခုနှစ်မှာ “ဗ.မ.က” ကို ၀န်ကြီးချုပ်ဦးနုက ဖျက်သိမ်းခိုင်းပါတယ်။

    “ဗ.မ.က” ဖျက်သိမ်းပြီးနောက် ဗမာမွတ်စလင်ကွန်ကရက်အစား “အစ္စလာမ်သာသနာရေးရာကောင်စီ”ဖြင့် အစားထိုးလိုက်ပါတယ်။ အစ္စလာမ် သာသနာရေးရာ ကောင်စီအား ၁၉၅၄ခုနှစ် ဒီဇင်ဘာလ ၅ရက်၍ ဗမာမွတ်စလင်ကွန်ကရက် (ဗမက)၊ အိုလမာပညာရှင်များအဖွဲ့ချုပ်၊ ဗမာမွတ်စလင်အမျိုးသမီးများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ စသည့်အင်အားစု ၃ရပ်ကို မဏ္ဍိုင်ပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

    အစ္စလာမ် သာသနာရေးရာ ကောင်စီသည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ ကိုယ်စားပြုအဖွဲ့ကြီး အဖြစ်လည်းကောင်း၊ အခြားသာသနာဝင် တိုင်းရင်းသားညီနောင်တို့နှင့် အချင်းချင်း ပိုမိုသိနားလည်မှု၊ အပြန်အလှန်ထောက်ထားစာနာ လေးစားမှု၊ ချစ်ခင်ရင်းနှီးမှုများ အစဉ်ရှင်သန်ရေးအတွက် အစဉ်အလာကောင်းများကို ထိန်းသိမ်းရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

    လက်ရှိအခြေအနေမှာ အစ္စလာမ်သာသနာရေးရာ ကောင်စီသည် အချိန်အခါအားလျော်စွာ ပေါ်ပေါက်လာသော အစ္စလာမ့်ရေးရာ ကိစ္စအ၀၀တို့ကို သာသနာအဆုံးအမနှင့် အညီ နိုင်ငံတော်၏ ရေမြေသဘာဝ၊ အခြေအနေ၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုတို့နှင့် သဟဇာတဖြစ်စေကာ အစ္စလာမ့်တရားဘောင်အတွင်းမှ တိုင်းရင်သား/နိုင်ငံသား အစ္စလာမ်သာသနာဝင်များအား ကိုယ်စားပြု ရပ်တည်ဖြေရှင်း ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရပါတယ်။

    ဒါအပြင် မိခင်အဖွဲ့ကြီးဖြစ်သော ဗမကကို ဆက်ခံသည့် အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ ပုံမှန်အစည်းအဝေး၊ ဦးစီးအစည်းအဝေး၊ ညီလာခံများကို အဖွဲ့အစည်းအင်္ဂါရပ်များ အများဆန္ဒနှင့်အညီ ဆောင်ရွက်နေသော အဖွဲ့အစည်းကြီးလည်း ဖြစ်ကြောင်းသိရပါတယ်။

    အချုပ်အားဖြင့်ဆိုရလျှင် ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်ရေးခဲ့သော အစ္စလာမ့်ဝန်ထမ်း တေးကဗျာလေးထဲက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ခံယူချက်၊ စိတ်ဓါတ်ကို ဖော်ကျူးသော စာသားလေးကို ပြေး၍ သတိရမိပါသည်။

    ̀̀ဘာသာစုံညီထောက်ထားရမည်၊ နိုင်ငံစည်ပင်ဖွံ့ဖြိုးရမည်၊ အကျိုးမျှော်တို့နော် ရွက်ဆောင်ခဲ့သည်၊ ရပ်ရေးတွေ၊ ရွာရေးတွေ အေးချမ်းစေ၊ ပြည်ထောင်စုအတွက် အသက်ပေးဝန်ထမ်းမည် ́ ဟူ၍ဖြစ်သည်။

    ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့၌ ကျရောက်သော အစ္စလာမ့်ကောင်စီ၏ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့မှသည် ကမ္ဘာတည်သရွေ့ မြန်မာ့အကျိုး၊ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ အကျိုးများကို ဆထက်တပိုး သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ဂုဏ်ပြုရေးသားလိုက်ရပါသည်

  • အစ္စလာမ် သာသနာရေးရာ ကောင်စီ ပေါ်ပေါက်လာပုံ

    အစ္စလာမ် သာသနာရေးရာ ကောင်စီ ပေါ်ပေါက်လာပုံ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media

    (၁) မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အစ္စလာမ်သာသနာရောက်ရှိ ထွန်းကားခဲ့ပါသည်။  ရှေးမြန်မာမင်းများ လက်ထက်က  အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ နိုင်ငံသားများကို ပသီများဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ၄င်းအစ္စလာမ်သာသနာဝင် ပသီများသည် အစ္စလာမ့်အဆုံးအမနှင့်အညီ ဘာသာတရားကိုင်းရှိုင်းကြ၍သစ္စာရှိစွာ အမူ့ထမ်းခဲ့ကြသဖြင့် မြန်မာမင်းများက လုပ်မြေ၊နေမြေများ ချီးမြင့်ခြင်း၊၀တ်ပြုကိုးကွယ်ရန် အတွက်၊ ဗလီဝတ်ကျောင်းတော်များနှင့်သာသနိက အဆောက်အအုံများ လှူဒါန်းခြင်းတို့ ဖြင့် မြှောက်စား ချီးမြှင့်ခြင်းခံခဲ့ကြရပါသည်။

    (၂) (၁၈၂၄)ခုနစ်တွင်ပထမအကြိမ်၊ (၁၈၅၂)ခုနစ်တွင် ဒုတိယအကြိမ်၊ (၁၈၈၅)ခုနစ်တွင် တတိယအကြိမ်၊ အင်္ဂလိပ်မြန်မာ စစ်ပွဲများဖြစ်ကြပြီးနောက် အင်္ဂလိပ်တို့ကမြန်မာနိုင်ငံ တစ်ဝန်းလုံးအား သိမ်းပိုက် အုပ်စိုးခဲ့ပါသည်။

    ထိုစစ်ပွဲများတွင်လည်းကောင်း၊ ထိုစစ်ပွဲများပြီးနောက် မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများတွင် လည်းကောင်း၊ အခြားတိုင်းရင်းသား ညီနောင်များနည်းတူ အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြပါသည်။-

    (၃) ၎င်းနောက် အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးအား ကျွန်ပြုအုပ်ချုပ်ရာတွင် ၄င်းတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက်   တိုင်းတစ်ပါးမှ အခြေချလိုသူ အမြောက်အမြားကို မြန်မာနိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုခဲ့ရာ ၀င်ရောက်လာသူတိုင်းတစ်ပါးသားများအနက် အိန္ဒိယနိုင်ငံဖွား အစ္စလာမ် သာသနာဝင်များလည်း ပါရှိခဲ့ပါသည်။

    (၄) ၂၀-ရာစု အစပိုင်းတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည်  အမျိုးသားရေး စိတ်ဓာတ်များနိုး ကြားလာစပြုကာ ဘာသာရေးအဖွဲ့ အစည်းများ ထူထောင်ဖွဲ့စည်းကြရာတွင် အစ္စလာမ်သာသနာဝင်တို့ သည်လည်း(၁၉၀၉)ခုတွင် အစ္စလာမ်ဘာသာဝင် ဗမာ မွတ်စ်လင်မ် များအတွက်ဟူသောကြွေးကြော်သံဖြင့် အေရဟင်နှင့် ဟာဂျီဦးဘအို (KIH)တို့ ဦးဆောင်၍ ဘားမားမွတ်စ်လင်မ်ဆိုစိုက်တီ (BURMA MUSLIM SOCIETY)အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

    (၅) (၁၉၁၅)ခုနစ်တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်တို့၏ ပညာရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာမွတ်စ်လင်မ် ပညာရေး အဖွဲ့ချုပ်ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံ တစ်ဝန်းမြို့များတွင်အလှည့်ကျ ပညာရေးကွန်ဖရင့်များ နှစ်စဉ်ကျင်းပခဲ့ပါသည်။

    (၆) မြန်မာနိုင်ငံရှိတိုင်းရင်းသားများ အစ္စလာမ်သာသနာဝင်တို့က အစ္စလာမ် ဘာသာရေး ကျောင်းများတွင် မြန်မာဘာသာ စာပေဖြင့် သင်ကြားလိုကြခြင်းကို အစ္စလာမ်သာသနာနှင့် အိန္ဒိယယဉ်ကျေးမူ့ကို ကွဲပြားစွာ သုံးသပ်နိုင်စွမ်းမရှိသူ အစ္စလာမ်သာသနာဝင် အချို့တို့က ဆန့်ကျင် ကန့်ကွတ်၍  အိန္ဒိယစာပေ(အူရ်ဒူစာ)၊ယဉ်ကျေးမူဓလေ့ ထုံးတမ်းများကို အတင်းအကြပ်သင်ကြားစေမူကြောင့် လည်းကောင်း၊ သန်းခေါင်စာရင်းကောက်ရာ မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ် ဘာသာဝင်များကို အိန္ဒိယနိုင်ငံဖွားစာရင်းထည့်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တွဲရေးခွဲရေး ကိစ္စတွင်မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်သာသနာဝင်များက ခွဲရေးဘက်ကထောက်ခံပြီး အိန္ဒိယနွယ်ဖွား အစ္စလာမ်သာသနာဝင် များကတွဲရေးဘက်က ထောက်ခံခဲ့သဖြင့်လည်းကောင်း၊ (၁၉၂၉) ခုနစ်တွင် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်အတွင်း သဘောထားကွဲမူများအထွတ်အထိပ်ရောက်ရှိကာ (၁၉၃၀)ခုတွင် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များခွဲထွက်ပြီးဂျီစီင်္ဘီအမ်အေ (THE GENERAL COUNIL OF BURMA MUSLIM ASSOCIATION) ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

    (၇) (၁၉၃၈)ခုနစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင် တိုင်းတစ်ပါးသားတို့၏တိုင်းရင်းသားများအပေါ် နိုင်ငံရေး၊ဘာသာရေး၊ လူမူရေး ၊ယဉ်ကျေးမူနယ်ပယ်များတွင် လွှမ်းမိုးချယ်လှယ်နေခြင်းကို ရင်ဆိုင်အံတု၍ အမျိုးသားရေးဘာသာရေးများကိုဆောင်ရွက်ရန်အတွက် ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့ချုပ်အား  မန္တလေးမြို့ ဥက္ကဋ္ဌ ဦးသိန်းမောင်(စကြာနွယ်စဉ်)၊ အတွင်းရေးမူး၊ဦးသန်းရွှေတို့ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။

    (၁၉၄၁)ခုနှစ်တွင်ကျင်းပသော ညီလာခံ၌  မန္တလေးမြို့  ဗဟိုအမျိုးသားကျောင်းအုပ်ဆရာကြီး ဦးရာဇတ် (အာဇာနည်ခေါင်းဆောင်ကြီး)ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ပါသည်။

    (၈) ဒုတိယစစ်ကြီးပြီးသည့် (၁၉၄၅)ခုနစ်တွင်  (ဂျီဘီအမ်အေ)အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗမာမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (ဗ မ လ)ကို ဖွဲ့စည်းခဲ့ပါသည်။ထိုနှစ်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ယနေ့တိုင်းပြည်အခြေအနေသည် တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရန် အလွန်လိုအပ် နေသဖြင့် ဗမာမွတ်စ်လင်မ်များညီင်္ညီညွတ်ညွတ်နှင့်အဖွဲ့ အစည်းကြီးတရပ်ဖွဲ့စည်းကာ (ဖလ)အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ရန် တိုက်တွန်းချက်အရ ဆရာကြီးဦးရာဇတ်က ဦးဆောင်ဆော်သြ၍ (၁၉၄၅)ခုနစ်၊ ဒီဇင်ဘာ(၂၄)ရက် (၂၅)ရက်နှင့်(၂၆)ရက်တို့တွင် ပျဉ်းမနားမြို့၌ ညီလာခံကြီးတရပ်ခေါ်ယူ ကျင်းပခဲ့ပါသည်။

    (၉) ၎င်းညီလာခံကြီးသို့ မြန်မာနိုင်ငံတစ်ဝန်းမှ တစ်သီးပုဂ္ဂလ မွတ်စ်လင်မ်ခေါင်းဆောင်များ၊ ဖွဲ့စည်းပြီးသော (ဂျီစီဘီအမ်အေ)နှင့်(ဗ-မ-လ) အဖွဲ့တို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်စေ၍ အဖွဲ့ဟောင်းအားလုံးကိုဖျက်သိမ်းကာ ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဂရက် (က) အဖွဲ့ကြီးကို ဆရာကြီးဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  ဦးခင်မောင်လတ် ( နောင်တရားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် အစ္စလာမ်ကောင်စီ ဌာနချုပ်ဥက္ကဋ္ဌ) အား အထွေထွေအတွင်းရေးမှုးချုပ် အဖြစ် လည်းကောင်း၊ တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။

    ( ဗ-မ-က ) အဖွဲ့ကြီး သည် ညီညွတ်သော တိုင်းရင်းသား  သာသနာ့ပညာရှင်များ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် (ဗ-မ-က)၏ဘာသာရေးမှူး မောင်လာနာဃာဇီ မုဟမ္မဒ်ဟာရှင်မ် (နောင်-အိုလမာ ဥက္ကဋ္ဌ ၊ အစ္စလာမ်ကောင်စီဥက္ကဋ္ဌ)ကို လည်းကောင်း၊ စုစည်းညီညွတ်သော မွ တ်စလင်မ် အမျိုးသမီး အဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် ဒေါ်စောရွှေ ၊ ဒေါ်သက်မေ၊ ဒေါ်မြမြတင်တို့အား လည်းကောင်း တာဝန်ပေးခဲ့ပါသည်။

    (၁၀) ထိုသို့ (ဗ-မ-က) အဖွဲ့ကြီး၏တာဝန်ပေးချက်အရ  (၁၉၄၆) ခုနှစ်ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အမျိုးသမီးထု အစည်အဝေးကျင်းပပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်အမျိုးသမီးအဖွဲ့ချုပ်(ဗမအ)ကိုဥက္ကဋ္ဌ ဒေါ်စောရွှေအား တင်မြေုာက်၍လည်းကောင်း၊ (၁၉၄၆)ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်တွင် သာစည်မြို့၌  သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပ၍ ဥက္ကဋ္ဌဃာဇီမုဟမ္မဒ်ဟာရှင်မ်အား တင်မြှောက်၍ လည်းကောင်းဖွဲ့စည်းခဲ့ပါသည်၊ (အိုလမာအဖွဲ့ချုပ်သည် ၁၉၅၁ခုမေလတွင် ကျင်းပသော အိုလမာညီလာခံ၌ ရန်ကုန်မြို့ရှိ ဂျမီအသ်အဖွဲ့နှင့ပူးပေါင်းလိုက်ပါသည်။)

     

    (၁၁) (ဗ-မ-က)အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယံ၌ကျင်းပသည့် ဖ-ဆ-ပ-လ ညီလာခံ၌စတင်ကာ လူမျိုးရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် (ဖ-ဆ-ပ-လ)တွင် တပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး  ကြိုးပမ်းမှုတွင်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ (၁၂) (၁၉၄၈) ခုတွင် မြန်မာ့နိုင်ငံလွတ်လပ်ရေရရှိပြီးနောက် နိုင်ငံတော်အစိုးရက ဘာသာသာသနာအသီးသီးအား  နှစ်စဉ် သာသနာ့ထောက်ပံ့ကြေးငွေ ချီးမြှင့်ရာတွင် (ဗ-မ-က) သည် အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးအား ကိုယ်စားပြုသော်လည်း အမျုးသားရေးဆောင်ရွက်နေသော အဖွဲ့ဖြစ်သဖြင့် သာသနာ့ထောက်ပံကြေး ငွေလက်ခံနိုင်ခဲ့ခြင်းမရှိပါ။

    ကျန် ဘာသာရေးအဖွဲ့များ သည်လည်း အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးကို ကိုယ်စားပြု၍ ထောက်ပံကြေး လက်ခံနိုင်ခဲ့ခြင်းမရှိပါ။ အိုလမာအဖွဲ့သည် သာသနာ့ပညာရှင်များကိုသာ ကိုယ်စားပြုခြင်း၊ အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများကိုသာ ကိုယ်စားပြုခြင်း၊ လူငယ်အဖွဲ့သည် လူငယ်များကိုသာကိုယ်စားပြုခြင်းကြောင့်ဖြစ်သည်။

    ထို့အတွက် အစ္စလာမ်သာသနာတော်အတွက် နိုင်ငံတော်က ချီးမြှင့်သောသာသနာ့ ထောက်ပံကြေးငွေကို (ဗ-မ-က)အဖွဲ့မှ အောက်ပါပုဂ္ဂိုလ်များအမည်ဖြင့်သာ ဘဏ်၌ ယာယီအပ်နှံ ငွေစာရင်းဖွင့်ထားခဲ့ရပါသည်။

    (က) ဦးခင်မောင်လတ်  (ထိုစဉ်က- ၀န်ကြီးတရားဝန်ကြီးဌာန)

    (ခ)  မစ္စတာ စူလတန် အဟ်မဒ်  (ထိုစဉ်က- ပါလီမန်အမတ်)

    (ဂ)  ဒေါ်ခင်ခင် (ဆရာကြီးဦးရာဇတ်၏ဇနီး) (ထိုစဉ်က-ပါလီမန်အမတ်)

    (ဃ) ဟာဂျီမ ဒေါ်စောရွှေ (ထိုစဉ်က-လူမျိုးစုလွှတ်တော်အမတ်)

    (င)   ဦးသန်ညွန့် (ထိုစဉ်က-ပါလီမန်အမတ်)

    (၁၃) (၁၉၅၄)ခုနှစ်တွင် ဖ-ဆ-ပ-လအစိုးရက (ဗ-မ-က) အဖွဲသည် ဘာသာရေးနှင့် နိုင်ငံရေးရောထွေးနေသည်ဟုအကြောင်းပြကာ  (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းရန် အရေးဆိုလားပါသည်။-

    ထို့အပြင် အစ္စလာမ်သာသနာဝင်အားလုံးတို့ကို ကိုယ်စားပြု၍ အစ္စလာမ့်သာသနာရေးရာများကို ဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရန်လည်း တိုက်တွန်းလာသည် ။ ထိုသို့သောခြေအနေများကြောင့် (ဗ-မ-က)ဌနချုပ်မှ ဥက္ကဋ္ဌ- ဦးခင်မောင်လတ်၊ အထွေထွေအတွင်းရေးမှူး-ဆရာဦးဘိုးချယ်၊ ဒေါက်တာဦးကျော်ညိမ်း၊ ဗမာမွတ်စ်လင်မ်အိုလမာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ-မောင်လာနာအိဗ်ရာဟီမ် အဟ်မဒ် (မဇွာဟီရီ)၊ အထွေထွေ အတွင်းရေးမှူး-မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ်၊ မောင်လာနာ မုဖ်သီ မဟ်မူဒ်ဒါဝုဒ်ယူစွဖ်၊ ဗမာမွတ်စ်လင်မ် အမျိုးသမီးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဟာဂျီမ ဒေါ်စောရွှေ ၊ဒေါ်စိန်စိန်၊ ဒေါ်သက်မေတို့ (၁၉၅၄)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင်(ဗ-မ-က) ဌာနချုပ်ရုံးခန်း၌တွေ့ဆုံစည်းအဝေး၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ် သာသနာရေးရာကောင်စီအား ဖွဲ့စည်းရန်ဆုံ ဖြတ်ခဲ့ပါသည်။

    ၎င်းအစည်းအဝေးကို အိုလမာအဖွဲ့ချုပ်က ဖိတ်ကြားခေါ်ယုရန်ညှိနှိုင်းသဘောတူဆုံးဖြတ်ခဲ့ပါသည်။

    (၁၄) ထိုသို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်နေ့တွင် ရန်ကုန်မြို့၊ကနေဒီလမ်း ( ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန်မြို့နယ်) ရှိ ဇိနယ်စ္စလာမ်ယောကျာ်းလေးများဂေဟာ၌  အောက်ပါ ဗဟိုအမှုဆောင်များပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံအစ္စလာမ်သာသနာရေးရာကောင်စီအား  စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

    (၁၉၅၄)ခုနစ်၊ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဗဟိုအမှုဆောင်အဖွဲ့

    ၁။  ဦးခင်မောင်လတ်  (ထိုစဉ်-တရားရေးဝန်ကြီးဌာန၊၀န်ကြီး)  –   ဥက္ကဋ္ဌ

    ၂။ မောင်လာနာအိဗ်ရာဟီမ်အဟ်မဒ် -မဇွာဟိရီ –   ဒုတိယဥက္ကဋ္ဌ

    ၃။ (သီရိပျံချီ အလ်ဟာဂ်ျ) မောင်လာနာ ဃာဇီ မုဟမ္မဒ်ဟာရှင်မ် –   အတွင်းရေးမှူးချုပ်

    ၄။ အလ်ဟာဂ်ျဆရာကြီးအဗ်ဒုလ္လာဟ် –   တွဲဖက်အတွင်းရေးမှူးချုပ်

    ၅။ ၀ဏကျော်ထင် ဦးဘအေး –   ဘဏ္ဍရေးမှူး

    ၆။ ပါမောက္ခ ဆရာကြီးဦးကာ(ရန်ကုန်တက္ကသိုလ်-သင်္ချာဌာန) –    စာရင်းစစ်

    ရ။ (အလ်ဟာဂ်ျ) မောင်လာနာ မုဖ်တီ မဟ်မူဒ် ဒါဝုဒ် ယူစွပ် –   ဗဟိုအမှု့ဆောင်

    ၈။ ဦးရာရှစ်(ထိုစဉ်-ကုန်သွယ်မူ-တိုးတက်ရေးဝန်ကြီဌာန၊၀န်ကြီး) –   ဗဟိုအမှု့ဆောင်

    ၉။ (ဇေယျကျော်ထင်) ဗိုလ်မူကြီးဘရှင် –   ဗဟို အမှု့ဆောင်

    ၁၀။သီရိပျံချီ ဦဘစိန် (တိုင်းမင်းကြီး)  –   ဗဟိုအမှု့ဆောင်

    ၁၁။ဆရာဦးဘိုချယ် (ပါလီမန်အမက်) (နိုင်ငံဂုဏ်ရည်ပထမအဆင့်)  –   ဗဟိုအမှု့ဆောင်

    ၁၂။ဒေါက်တာ ဦးကျော်ညိမ်း (မော်ကွန်ဝင်ဒုတိယအဆင့်)  –   ဗဟိုအမှု့ဆောင်

    ၁၃။ဦးကိုကိုလေး (ထိုစဉ်က-စာရင်းစစ်ချုပ်)  –   ဗဟိုအမှု့ဆောင်

    ၁၄။(၀ဏကျော်ထင်) (ဟာဂျီမ) ဒေါ်စောရွှေ (ပါလီမန်အမတ်)  –   ဗဟိုအမှု့ဆောင်

    ၁၅။ဆရာမ ဒေါ်သက်မေ  –   ဗဟိုအမှု့ဆောင်

    ၁၆။ဆရာမ ဒေါ်စိန်စိန်  –   ဗဟိုအမှု့ဆောင်

    ၁၇။မစ္စတာ စုလ်တွာန် အဟ်မအ်(ပါင်္လီမန်အမတ်)   –     ဗဟိုအမှု့ဆောင်

    ၁၈။(အလ်ဟာဂ်ျ) မောင်လာနာ မက္ကဆူဒ် အဟ်မဒ်ခန်း  –  ဗဟိုအမှု့ဆောင်

    ၁၉။မောင်လာနာ ဘရှီရုလ္လာဟ် (တာမွေဒါရုလ်အုလူမ်ကျောင်းအုပ်)  –    ဗဟိုအမှု့ဆောင်

    ၂၀ ။စည်သူ ဦးဘကြွယ်(မန္တလေး)  –    ဗဟိုအမှု့ဆောင်

    ၂၁။ဦးဘိုခိုင်(စစ်တွေ)(ပါလီမန်အမဟ်)  –     ဗဟိုအမှု့ဆောင်

    ၂၂။ ဆရာကြီးပုံ (ရွှေဘို) (ဆားကုန်းအရဗီသိပ္ပံကျောင်းအုပ်) -ဗဟိုအမှု့ဆောင်

    ၂၃။မောင်လာနာဂျမာလုဒ်ဒီန်(မန္မလေး) –    ဗဟိုအမှု့ဆောင်

    ၂၄။ဆရာကြီးဦးဂိုလာမ် (မော်လမြိုင်)  –   ဗဟိုအမှု့ဆောင်

    ၂၅။မော်လာနာအိဗာဒုလ္လာဟ်(ကျောက်မဲ)  –     ဗဟိုအမှု့ဆောင်

    ၂၆။ဆရာဦးသန်းဖေ(ပျဉ်းမနား-ကျောင်းအုပ်ဆရာကြီး)  –   (တိုးချဲ့ခန့်) ဗဟိုအမှု့ဆောင်

    ၂၇။ဆရာကြီးခင်(မီတ္ထီလာ) )  –     (တိုးချဲ့ခန့်) ဗဟိုအမှု့ဆောင်

    (၁၅) ထိုသို့အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးနောက် (၁၉၅၅)ခုနစ် ဒီဇင်ဘာ(၂၆)ရက်နေ့တွင်ကျင်းပသော(ဗ မ က)အဖွဲ့ကြီး၏(၈)ကြိမ်မြောက်ညီလာခံကြီး၌ ကိုယ်စားလှယ် ၀န်ကြီး ဦးကျော်ငြိမ်းတက်ရောက်၍ အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးဖြစ်သဖြင့် သာသနာထောက်ပံ့ငွေများကို ယင်းကောင်စီသို့ လွှဲအပ်ပေးပြီး ဖြစ်ကြောင်းနှင့် (ဗ-မ-က)အဖွဲ့ကြီးကို ဖျက်သိမ်းရန် (ဖ-ဆ-ပ-လ)အဖွဲ့ချုပ်၏ သဘောထားကို တင်ပြခဲ့ပါသည်။

    (၁၆) ၎င်းညီလာခံသို့ တက်ရောက်လာသူ ဗ-မ-က ကိုယ်စားလှယ်များက (ဗ-မ-က)အဖွဲ့ကြီးအား ချက်ချင်းဖျက်သိမ်းခြင်းကို သဘောမတူဘဲ တဖြည်းဖြည်းနှင့်သာ ဖျက်သိမ်းသွားရန် ဆုံးဖြတ်ခဲ့သဖြင့် (၂၉-၁၂-၁၉၅၅)ရက်တွင် ၀န်င်္ကြီးချုပ် ဦးနု ကိုယ်တိုင် ညီလာခံလူထု ရှင်းလင်းပွဲ ကျင်းပရာ ရန်ကုန်မြို့တော် ခန်းမသို့လာရောက်၍ (၁၉၅၆)ခုနစ် (၃၀) ရက်ကိုနောက်ဆုံးထား၍ (က)အဖွဲ့အား ဖျက်သိမ်းရန်နှင့် နိုင်ငံရေးလုပ်လိုလျှင်(ဖ-ဆ-ပ-လ)အထဲကို ၀င်ပါ သာသနာရေး လုပ်ချင်ရင် ကောင်စီကိုဝင်ပါ၊ဟု ပြောဆိုကာ အပြီးသတ်ရက်သတ်မှတ်ညွန်ကြားခဲ့သဖြင့် (ဗ-မ-က)၏ ငွေစာရင်းများအားလုံးကို အစ္စလာမ်သာသနာရေးရာကောင်စီသို့ လွှဲပြောင်းပေးအပ်၍ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းပေးခဲ့ရပေသည်။

     

    အစ္စလာမ် သာသနာရေးရာကောင်စီ FB စာမျက်နှာ https://www.facebook.com/irac.myanmar မှ ကူးယူဖော်ပြပါသည်။

  • စုံစမ်းရေးကော်မရှင် (ကာတွန်း)

    စုံစမ်းရေးကော်မရှင် (ကာတွန်း)

    ဒီဇင်ဘာ ၄၊ ၂၀၁၂
    M-Media
    ကာတွန်း လျှောက်လျှောက်