M-Media
ဒီဇင်ဘာ ၁၅ ၊ ၂၀၁၂
ကွာလာလန်ပူ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ယခုနှစ်တွင် အဖမ်းအဆီးခံရသည့် နိုင်ငံခြားသားများထဲမှ အများစု မှာ မြန်မာနိုင်ငံ သား များဖြစ်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလန်လန်ပူအခြေစိုက်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု ဌာန၏ အကြီးအကဲဖြစ်သူ ဆပ်အဓ္နန် အဇီဇန်က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း မလေးနိုင်ငံ၊ ဘနားမားသတင်းက ဖော်ပြသည်။
ဇန်န၀ါရီမှ အောက်တိုဘာအတွင်း မူးယစ်ဆေးဝါးအမှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူများကို ဖမ်းဆီးထားရာ နိုင်ငံခြားသားစုစုပေါင်း ၃၉၃ ဦးပါ ၀င်ကြောင်း ၄င်းက ဆိုသည်။ “ဒီထဲကမှ ၁၇၉ ဦးကတော့ မြန်မာတွေပါပဲ၊ ပြီးရင် အင်ဒိုက ၅၁ ဦးနဲ့ ဒုတိယအများဆုံး၊ အီရန်က ၃၅ ဦး၊ အဲဒီနောက် ကတော့ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်တွေပါပဲ” ဟု သောကြာနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အဓ္နန်က ပြောကြားခဲ့သည်။
ထို့ပြင် အဓ္နန်က မြန်မာနိုင်ငံသားများသည် ဟီရိုအင်းခေါ်ဘိန်းဖြူမှောင်ခိုရောင်းချသည့် အဓိကတရားခံများဖြစ်ကြောင်း၊ ၄င်းတို့သည် ထိုသို့ရောင်းချမှု ကို ကုန်စည်ဒိုင် လက္ကားဈေးများတွင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.