ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂
M-Media
နေသစ်ထွန်း
စစ်တွေမြို့ အောာင်မင်္ဂလာ ရပ်ကွက် ၊ ကုန်တန်းရပ်နေ ထိုင်သူ မာမွတ်ရော်ဖိက် (၂၃နှစ်) အား ဓည၀တီ ရပ်ကွက် နေ ရခိုင်လူမျိုး တစ်စုက နေအိမ်မီးရှို့သည်ဟု စွပ်စွဲ ရိုက်နှက် ဖမ်းဆီးမှု တစ်ရပ် ဒီဇင်ဘာ ၁၄ ရက်နေ့ တွင်ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ – သဲချောင်း ဒုက္ခသည် စခန်းရှိ ကျန်းမာရေးမကောင်းသော ဆွေမျိုးများအား သွားရောက် ကြည့်ရှုပြီး နေအိမ်ရှိရာ အောင်မင်္ဂလာရပ်ကွက် ၊ ကုန်းတန်းရပ်သို့ လမ်းလျှောက် ပြန်လာသူ မာမွတ်ရော်ဖိက်သည် ဓည၀တီ ရပ်ကွက် အရောက် နံနက် ၄ နာရီ ၅၀ မိနစ် အချိန်၌ လုံခြုံရေးရဲတပ်သား များက ၄င်းထံမှ ငွေ ၅၀၀၀ တောင်းယူခဲ့ ကြောင်း ၊ ၄င်းတို့ တောင်းယူသော ငွေ ၅၀၀၀ မပေးနိုင်ခဲ့ကြောင်း ၊ ထို့နောက် ဓည၀တီ ရပ်ကွက်ရှိ ရခိုင်လူမျိုးတစ်စုက ၄င်းအား ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ ဓာတ်ဆီပုလင်း ကိုင်စေပြီး နေအိမ် မီးရှို့သူဟု စွပ်စွဲ၍ အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။
မာမွတ်ရော်ဖိက် (၂၃) နှစ်အား နေအိမ်မီးရှို့သည်ဟု စွပ်စွဲကာ ပုဒ်မ(၁၄၄)ဖြင့် အရေးယူထားကြောင်း သိရသည်။ အောင်မင်္ဂလာ ရပ်ကွက်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ဒုက္ခသည်စခန်းများရှိ ကျန်းမာရေး ၊ လူမှုရေးကိစ္စများဖြင့် သွားရောက်လိုပါက အတင်းအဓမ္မ ငွေတောင်းယူခြင်း ၊ငွေမပေးပါက လုံခြုံရေးမပေးခြင်း ၊ ရခိုင် အစွန်းရောက်များ၏ ရိုက်နှက်ခံရခြင်း ၊ အမှုဆင် စွပ်စွဲခြင်းများနှင့် မကြာခဏ ရင်ဆိုင်နေရကြောင်း သိရသည်။
Leave a Reply
You must be logged in to post a comment.