News @ M-Media

Blog

  • ပင်လယ်ပြင်မျော မွတ်စလင်ဒုက္ခသည်များ သမ္မတနှင့် အစိုးရထံ အသနားခံစာပို့

    ပင်လယ်ပြင်မျော မွတ်စလင်ဒုက္ခသည်များ သမ္မတနှင့် အစိုးရထံ အသနားခံစာပို့

    အောက်တိုဘာ၊ ၂၇ ၊ ၂၀၁၂

    M-Media

    နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ (မြန်မာနိုင်ငံ) သို့ အသနားခံ တင်ပြချက်။

    ရခိုင်ပြည်နယ်အတွင်း မွတ်စလင် လူနည်းစု များနေထိုင်လျက်ရှိသော မြို့နယ်အသီးသီးတွင် ၂၁-၁၀-၂၀၁၂ ရက်နေ့စတင်ပြီး ဒုတိယအကြိမ်ထပ်မံဖြစ်ပွားသော အကြမ်းဖက် အရေးအခင်းတွင် လူများစု ရခိုင် လူမျိုးများတို့က လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက် (မီးရှိုး ၊ လုယက် ၊ သတ်ဖြတ်) မှု ကိုမခံနိုင် သဖြင့် ကျောက်ဖြူ မြို့နယ် နှင့် ပေါက်တောမြို့နယ် တို့မှ စက်လှေ အစီး (၇၀) ကျော်ဖြင့် ဒုက္ခသည် (၇၀၀၀) ကျော်တို့ သည် ပင်လယ်ပြင်ကို ဖြတ်ပြီး စစ်တွေမြို့ ရှိ မွတ်စလင် များနေထိုင်သော ကျေးရွာများ ဒုက္ခသည် စခန်းများသို့ အသက်အန္တရာယ်မှ လွတ်မြောက်ရန် ထွက်ပြေးလာရာမှာ  ရခိုင်ပြည်နယ် အစိုးရ ၏ အမိန့်ဖြင့် ဒုက္ခသည် စခန်းများနှင့် မနီးမဝေး ပင်လယ်တွင် ၊ မိမိတို့ စက်လှေများပေါ်တွင် အစာရေစာ ငတ်မွတ်မှု နှင့် ရင်ဆိုင်လျက် ပိတ်ဆို့ ထိန်းချုပ် ခြင်းခံနေရပါသည်။

    ပြည်နယ်အစိုးရ အဖွဲ့အနေ ဖြင့် မိမိတို့ ဒုက္ခသည်များအား စစ်တွေမြို့နယ် အတွင်းရှိ မွတ်စလင် ဒုက္ခသည် စခန်းမျာတွင် လက်မခံပါက မိမိတို့အား ကျောက်ဖြူ မြို့နယ် နှင့် ပေါက်တောမြို့ နယ်များရှိ မိမိတို့ ၏ ရပ်ကွက်ကျေးရွာ များသို့ လုံခြုံရေး အစီအမံဖြင့် ပြန်လည်ပို့ပေးပြီး စောင့်ရှောက်ထားပေးပါရန် အသနားခံအပ်ပါသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှ အပ မည်သည့် မြို့များတွင် ဒုက္ခသည် အဖြစ် သွားရောက်နေထိုင်ရန် လုံးဝ (လုံးဝ) ဆန္ဒမရှိပါ။

         သို့မဟုတ်ပါက ပြည်ထောင်စု အစိုးရ အဖွဲ့ အနေဖြင့် ကုလသမ္မဂ အဖွဲ့ အစည်း နှင့် စနစ်တကျ ညှို နှိုင်းစီမံပြီး ဘင်္ဂလားဒေရှ် နိုင်ငံ မှ အပ တခြား တတိယ နိုင်ငံ တစ်နိုင်သို့ လူသားချင်း စာနာစွာဖြင့် ပို့ပေးဆောင်ရွက်ပေးပါရန် အသနားခံအပ်ပါသည်။

    (ပင်လယ်ပြင်မျော ဒုက္ခသည်များ)
    ကျောက်တော်မြို့နယ် နှင့် ပေါက်တောမြို့ နယ်မှ မွတ်စလင်များ

  • မွတ်စလင် ဒုက္ခသည်တွေကို သဲချောင်းမှာ လက်ခံဖို့ စပ်တပ်နှင့် ပြည်နယ်အစိုးရ စကားများ

    မွတ်စလင် ဒုက္ခသည်တွေကို သဲချောင်းမှာ လက်ခံဖို့ စပ်တပ်နှင့် ပြည်နယ်အစိုးရ စကားများ

    အောက်တိုဘာ၊ ၂၈၊ ၂၀၁၂

    M-Media

    သတင်း- ထွန်းတောက်

    ရခိုင် အကြမ်းဖက်သများတွေ ရဲ့ သတ်ဖြတ်မှုကြောင့် ထွက်ပြေးလားတဲ့ ကျောက်ဖြူက မွတ်စလင်မ် ဒုက္ခသည်များ

    သဲချောင်း ၂၈.၁၀.၁၂ (မနက် ၇း၃၀ နာရီ)

    သဲချောင်းရောက် ဒုက္ခသည်တစ်ဦးနဲ့ ဒီနေ့မနက် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

    ပေါက်တောဝန်းကျင်မှာရှိတဲ့ ရွာ(၅)ကို မနေ့ကတော့ မယက အုပ်ချုပ်ရေးမှူးနဲ့ နစက က လာပြီး ဆန်နဲ့ ဆေးတချို့ပေးသွားတယ်။ ပြီးတော့ ရွာကဒုက္ခသည်တွေအတွက် လုံခြုံရေးမပေးနိုင်တော့ဘူး သွားချင်ရာသွားတော့လို့ ပြောတယ်။

    ကျောက်ဖြူ က ရခိုင် အကြမ်းဖက်သများတွေ ရဲ့ သတ်ဖြတ်မှုမက ထွက်ပြေးလားတဲ့ ကျောက်ဖြူက မွတ်စလင်မ် ဒုက္ခသည်စက်လှေတွေကို သဲချောင်းမှာ ကမ်းပေါ်ပေးမတက်တဲ့စက်လှေတွေကို အခုတော့ ကမ်းပေါ် တက်ခွင့်ပြုလိုက်ပြီ။ ဒါပေမယ့် ရွာထဲတော့ ပေးမ၀င်ဘူး။ အခု သူတို့အချင်းချင်း စကားများနေကြတယ်။ သူတို့အချင်းချင်းဆိုတာ တပ်ရင်းမှူးနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ပါ။ တပ်ရင်းမှူးကပြောတယ် … ဒုက္ခသည်တွေ တော်တ်ာဒုက္ခရောက်နေကြပြီ။ ဒါကြောင့် ရွာထဲ ပေးဝင်သင့်တယ်လို့ပြောတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပေးမ၀င်ဘူး။ သူတို့ကို မောင်တောပို့မယ်ပဲ ပြောတယ်။ ဒါနဲ့ သူတို့စကားများနေကြတယ်”

  • Hello world!

    Welcome to WordPress. This is your first post. Edit or delete it, then start blogging!

  • ရခိုင်ပြဿနာမှာ မြန်မာပြည်၏ အရိုးစွဲလူမျိုးရေး ခွဲခြားမှုဖြစ်ကြောင်းပညာရှင်

    ရခိုင်ပြဿနာမှာ မြန်မာပြည်၏ အရိုးစွဲလူမျိုးရေး ခွဲခြားမှုဖြစ်ကြောင်းပညာရှင်

    အောက်တိုဘာ ၂၀ ၊ ၂၀၁၂
    M-Media

    ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ မှထုတ်ပြန်ခဲ့ သည့် စည်းကမ်း(၄) ချက်အကြောင်းဖော်ပြခဲ့သည့် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်

    ရေဒီယို သြစတေးလျမှ ဒေါက်တာမောင်ဇာနည်အား သြဂုတ်လအတွင်း အင်တာဗျူးမေးမြန်းထားချက်ကို အတိုချုန်း မြန်မာပြန်ထားခြင်းဖြစ်ပါသည်။ မူရင်းကို http://goo.gl/ztEVs တွင် ရှုစားနိုင်ပါသည်။

    မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်အရေးစုံစမ်းရန် လွတ်လပ်သည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်။ အစောပိုင်းကမူ မြန်မာအစိုးရက ကုလသမ္မဂ၏ လွတ်လပ်သည့် စုံစမ်းရေးအဖွဲ့ စေလွှတ်ရန် ကမ်းလှမ်းမှုအား ပယ်ချခဲ့သည်။

    ရေဒီယို သြစတေးလျမှ ကေတီ ဟမန်း၏  ဒေါက်တာဇာနည် မိတ်ဆက်
    မြန်မာ၏ ဒီမိုပြောင်းလဲဖြစ်စဉ်များကို အနောက်နိုင်ငံများက ချီးမွမ်းခန်းဖွင့်နေချိန်မှာတော့ နိုင်ငံရဲ့အနောက်ဘက်မှာ အကျည်းတန်မှုတွေဖြစ်နေပါတယ်။ ဇွန်လအတွင်းမှာ ဗမာ ဗုဒ္ဓဘာသာ ၀င်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား ခိုက်ရန်ပွားကြတာကြောင့် အနည်းဆုံး လူ ၉၀ လောက် သေကြေခဲ့ရတယ်လို့ သိရပါတယ်။ဗမာလူမျိုး ပညာရှင် ဒေါက်တာမောင်ဇာနည်ကတော့ London School of Economics (စီးပွားရေးတက္ကသိုလ်၊ လန်ဒန်) ရဲ့ မြို့ပြလူ့အဖွဲ့အစည်းနဲ့ လူသားလုံခြုံရေး သုတေသနဌာနမှာ ဧည့်ပညာရှင်အဖြစ် တာဝန်ယူထားသူပါ။ သူဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။

     

    ဒေါက်တာ မောင်ဇာနည်၏ ရခိုင်ပြဿနာရပ်အပေါ် ပညာရပ်ပိုင်းဆိုင်ရာသုံးသပ်ချက်

    ဒေါက်တာမောင်ဇာနည်ကတော့ ရခိုင်ပြဿနာက မြန်မာလူထုမှာ နက်ရှိုင်းစွာ အရိုးစွဲနေပြီဖြစ်တဲ့ လူမျိုးရေးခွဲခြားမှု လက္ခဏာပဲဖြစ်တဲ့အကြောင်း ဆိုပါတယ်။

    ဒေါက်တာမောင်ဇာနည်က အန်အဲလ်ဒီခေါင်းဆောင်ပိုင်းကို လူမျိုးရေး ခွဲခြားသူများအဖြစ် ဝေဖန်ပြောကြားလိုက်ပြီး ၄င်းတို့ အားလုံးသည် “အန္တီကုလား” များဖြစ်ကြကြောင်း၊ ကုလားဆိုသည်မှာ အင်္ဂလိပ်ဘာသာဖြင့် “နစ်ဂါ” (လူမည်း) ဟု အဓိပ္ပါယ်ဆောင်ကြောင်း၊ ၄င်းအန်အဲလ်ဒီပါတီဝင် စီနီယာများအနေဖြင့် ဤပြဿနာရပ်မှာ တရားမ၀င် အခြေချနေထိုင်သည့် ဘင်္ဂါလီများကြောင့်ဖြစ်သည်ဟု ယူဆထားကြကြောင်းဆိုသည်။

    ထို့ပြင် ဒေါက်တာဇာနည်က ရခိုင်ပြည်နယ်တွင် လုံခြုံရေး အားနည်းရခြင်းအတွက် ကြောက်စရာကောင်းသည့် နောက်ကွယ် အချက်အလက်များပင် ရှိနိုင်ကြောင်း၊ ဘက်ပေါင်းစုံ သတင်း အချက်အလက်များအရ နေပြည်တော်အခြေစိုက် မြန်မာစစ်တပ်သည် ရခိုင်ပြဿနာရပ်ကို ကြိုးကိုင် နေခြင်းဖြစ်ကြောင်း အလွန်ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်း ဆိုသည်။

    ဒေါ်စုကြည်နှင့်ပတ်သတ်၍မူ ဒေါက်တာမောင်ဇာနည်က သူမအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ စစ်တပ်ကို အနိုင်ရရန်မှာ လူထုအများစု၏ ထောက်ခံမှုလိုအပ်ကြောင်း၊ ထိုသို့ လူထုထောက်ခံမှုရမှသာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနိုင်မည်ဖြစ်ကြောင်း၊ အခြားနည်းလမ်း အရမူ ဒေါ်စုကြည်အနေဖြင့် မြန်မာလူထုကို ပျော်ရွှင်အောင် ပြုလုပ်ပေးဖို့ လိုကြောင်း၊ အသိဥာဏ်ယှဉ်ပြီး ရိုဟင်ဂျာပြဿနာမှ ရှင်းရှင်းလင်းလင်းနေဖို့ သူမအနေဖြင့် လိုအပ်ကြောင်း၊ သို့နေခြင်းအားဖြင့် သူမအနေဖြင့် လူ့အခွင့်အရေးကြိုးပမ်းသူကြီးဟူသော ပုံရိပ်ကိုပင် ကရုဓမ္မ မပြုနိုင်တော့ကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

    မြန်မာပြည်တွင်းရှိ မည်သူတစ်ဦး တစ်ယောက်ကမှ ရိုဟင်ဂျာများကို အကာအကွယ်ပေးဖို့ စိတ်မ၀င်စားကြောင်းနှင့် မြန်မာတွင် မွတ်စလင်မ်များကို လူမျိုးရေးခွဲခြားမှု မှာ သာမာန်ကိစ္စပင်ဖြစ်နေကြောင်း ဒေါက်တာမောင်ဇာနည်က ဆိုသည်။ ထိုအချက်မှာ ကြောက်စရာ အကောင်းဆုံးနှင့် ပြုပြင်ပြောင်းလဲရေး အတွက် ဒုက္ခအပေးနိုင်ဆုံးသော အချက်ဖြစ်ကြောင်း၊ အနောက်နိုင်ငံများက ထိုအချက်ကို ဖွင့်မပြောကြခြင်းမှာ ၄င်းတို့အနေဖြင့် ကိုယ်ပိုင် မဟာဗျူဟာနှင့် စီးပွားရေးအကြံ အစည်များကိုသာ မြန်မာပြည်အတွက် ယှဉ်ထိုးစဉ်းစားနေကြကြောင်း၊ မြန်မာဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ခေတ်သစ်အသွင် ကုးပြောင်းရေးဖြစ်နေသည့် အကြောင်း တစ်နှစ်ကျော်ခန့် ကျွန်ုပ်တို့ ကြားသိနေရကြောင်း၊ သို့သော် မြန်မာဒီမိုအသွင် ကူးပြောင်းရေးဆိုသည်မှာ ကျစ်လစ်သော၊ နောက်ကြောင်းပြန် မလှည့်နိုင်သော အသွင်ကူးပြောင်းရေး မူဝါဒများမဟုတ်ဘဲ ရုပ်ဆိုးအကျည်းတန်ဆုံး လူမျိုးရေး ခွဲခြားမှုများပင်ဖြစ်နေသည်အား ကမ္ဘာတ၀ှမ်းက သက်သေပင်ဖြစ်ကြောင်း ဒေါက်တာမောင်ဇာနည်က အကျယ်တ၀န့် ဆွေးနွေးသွားခဲ့သည်။

    ရေဒီယို သြစတေးလျမှ ဒေါက်တာမောင်ဇာနည်အား  အောက်တိုဘာ ၂၆၊ ၂၀၁၂ တွင် ထပ်မံအင်တာဗျူးဆွေးနွေးထားရာ အသံဖိုင်ကို http://goo.gl/27BYP တွင် နားဆင်နိုင်သည်။

  • “ကုလားတွေ ထွက်သွား” (သရော်စာ)

    “ကုလားတွေ ထွက်သွား” (သရော်စာ)

    အောက်တိုဘာ၊ ၂၇ ၊ ၂၀၁၂
    M-Media
    အောင်နိုင်

    ငါတို့ မြန်မာများသည်
    ရင်ဘတ်မှာ ဗုံးကပ်ပြီး အသေခံတိုက်ပွဲဝင်ရဲကြသည်…
    လူရှေ့သူရှေ့ သေနတ် ကို တရစပ်ပစ်တတ်ကြသည်…

    အများအကျိုးအတွက် ကိုယ်ကျိုးစွန့် ကာ ဟေးလားဝါးလား ဆန္ဒပြတတ်ကြသည်…
    တယောက်က ဟေးဆို သံယောင်လိုက်ကြသည်….
    အဓိကရုဏ်းတွေမှာ ဆိုင်ခန်းတွေဖောက် ပစ္စည်းတွေဖောက် အချောင်နှိုက်သော မျိုးချစ်များလည်း ဒုနဲ့ ဒေးရှိကြသည်….

    ငါတို့ မဟုတ်က ငါတို့ မုန်းသည်…
    ငါတို့ နှင့် မတူ ရန်သူပင်ဖြစ်သည်…

    ငါတို့ က ပျင်း၍ ဖျင်း၍ မတိုးတက်သောအခါ
    ငါတို့ နှင့်လူမျိုးတူ တိုးတက်နေသူတွေကို မမြင်
    ငါတို့ နှင့် လူမျိုးမတူသူ တိုးတက်နေသူတွေကို လက်ညှိုးထိုး စောင်းမြောင်းကဲ့ရဲ့ကြသည်….

    ငါတို့ နေထိုင်သော အမိမြန်မာပြည်ကို အလွန်ချစ်သောကြောင့်
    နေ့ စဉ် လမ်းပေါ်ကွမ်းတံတွေး တပြစ်ပြစ်ထွေးသည်…
    ငါတို့ ၏ အမေနှမ ညီမအရွယ်များကို စာနာကာ ကားမှတ်တိုင်မှာ ဆေးလိပ်ဖွာကြသည်….
    ငါတို့ ၏ ဘိုးဘွားများကို ရိုသေသောကြောင့် ဘတ်စ်ကားပေါ်တွင် ထိုင်ခုံလုကြသည်…
    ငါတို့ ၏ သယံဇာတများကို အထွဋ်အမြတ်ထားကာ ကျောက်စိမ်းတွေရောင်းစားကြသည်….

    ငါတို့  ကုလားဆိုင်တွေကို အားမပေးဘူး…. ကိုယ့်ဘာသာကိုယ် ဒံပေါက်ခပ်ညံ့ညံ့တွေ လုပ်စားကြမယ်….
    ငါတို့ တရုတ်ဆိုင်တွေကို အားမပေးဘူး…. ကိုယ့်ဘာသာကိုယ် တုန်ရမ်းဟင်းချို ချိုချိုလေးလုပ်သောက်ကြမယ်….

    ကုလားတွေ ငါတို့ ဆိုင်တွေမှာ လာဝယ်ရင် မောင်းထုတ်ပြစ်မယ်….ငါတို့ ထမင်းအငတ်ခံပြီး မောင်းထုတ်မယ်…..

    ငါတို့ ၏ မြန်မာပြည်သည် ကုလားလက်ထဲရောက်ပြီး အပျက်မခံနိုင်…… ငါတို့ ကိုယ်တိုင်သာ ဖျက်မည်…

    ငါတို့ ဟာ ငါတို့ ရဲ့ ဘာမှမတိုးတက်မဖွံ့ ဖြိုးသေးတဲ့ မြေပေါ် ကျူးကျော်လာတဲ့သူတွေကို တိုက်ထုတ်ပစ်မယ်…….
    ငါတို့ မြေမှာ ခိုကပ်ပြီး စုတ်ပြတ်သပ်နေတဲ့ လူအဖွဲ့ အစည်းတခုကို အေကေ ၄၇ တလက်နဲ့ အမျိုးဖြုတ်ပစ်မယ်…..
    သူတို့ တွေ သေသွားတော့မှ ငါတို့ တိုင်းပြည်ကြီးတိုးတက်လာလိမ့်မယ်…..
    အမေရိကန်လောက်နီးနီး အဆင့်အတန်းမြင့်မားလာလိမ့်မယ်…..
    သူတို့ တွေ တယောက်သေတိုင်း သူတို့ ကိုယ်ထဲက ၂၄ ကာရက် စိန်တုံးကြီးတွေ ထွက်ထွက်ကျလာတယ်လေ…..
    ဒါတွေက ငါတို့ တိုင်းပြည်အနာဂတ်အတွက် အဓိက အရင်းအနှီးပဲ……..

    ငါတို့ အခုလက်ရှိမှာ သူတို့ တွေ သေကိုသေရမယ်……….သူတို့ မသေသ၍ ငါတို့ တိုင်းပြည်ဟာ ဆင်းရဲနေဦးမှာပဲ…..စုတ်ပြတ်နေဦးမှာပဲ……
    ကြည့်စမ်း ဟိုမှာ ဟိုတရုတ် Mark X စီးသွားနေတယ်…..ငါဆိုက္ကားပေါ်ကအော်ပြောလိုက်တယ်….
    “မကျေနပ်ဘူး…ဒီဘင်္ဂါလီတွေကို သတ်”
    ငါလည်း Mark X ၀ယ်စီးပစ်မယ်……..

    ငါတို့ ရဲ့ သန်းချီတန်တဲ့ အိမ်ပေါ်မှာ တက်နေနေတဲ့ ဒီဘင်္ဂါလီတွေကို မောင်းထုတ်ပစ်မယ်……သူတို့ မရှိတော့မှ ငါတို့ ရဲ့ ဇိမ်ခံအိမ်ကြီးထဲမှာ ငါတို့ အေးဆေးဇိမ်ယူလို့ ရလိမ့်မယ်…….

    ဒီတော့ ရဲဘော်တို့ …..ရရာလက်နက် တုတ်ဓားမကျန် လှံတချောင်းမချန် အကုန်ကိုင်စွဲပြီး ချီတက်ကြစို့ …..
    ဘင်္ဂါလီအလိုမရှိ…ရိုဟင်ဂျာအလိုမရှိ…
    ငါတို့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နိုင်ငံထဲက ထွက်သွားကြ……………..

    ငါတို့ နိုင်ငံ မင်းတို့ လာဖျက်စရာဘာအကြောင်းမှမရှိဘူး ငါတို့ ဘာသာ ငါတို့ ဖျက်ပြမယ်…….

    မင်းတို့ အေးဆေး အိမ်ပြန်ကြ……………………………..