နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
M-Media
ဖို့ဝိန်း၊ အမေရိကန်ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ပြုလုပ်သည့် မြန်မာမွတ်စလင်များနှင့် တိုင်းရင်းသား ပေါင်းစုံတို့၏ အီးဒ်မိတ်ဆုံစားပွဲကို အမေရိကန်ပြည်ထောင်စု FortWayne မြို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင်ပြုလုပ်ခဲ့သည်။
ထို့ မိတ်ဆုံစားပွဲတွင် မြန်မာမွတ်စလင် လူမူအဖွဲ့အစည်းက လက်ရှိဖြစ်ပေါ်နေသော ရခိုင်အရေးအခင်းအပေါ် သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။
အဆိုပါ အီးဒ် မိတ်စုံစားပွဲသို့ ၈၈မျိုးဆက် ကျောင်းသားများ( ပြည်ပ )အဖွဲ့မှ ပေးပို့သော သ၀ဏ်လွှာအား ကိုအောင်မြင့်ထွန်းမှ ဖတ်ကြားခဲ့ကြောင်းသိရှိရသည်။
ဖိုဝိန်းမြို့သည့် အမေရိကားတွင် မြန်မာမွတ်စလင်မ်အများဆုံးရှိရာ မြို့ဖြစ်ပြီး ယခုအခါ မြန်မာပြည်မှ ရွှေ့ပြောင်းအခြေချနေထိုင်သည့် မြန်မာမွတ်စလင်မ်ဦးရေ (၁၅၀၀) နီးပါးရှိပြီဖြစ်ကြောင်းသိရပါသည်။
Leave a Reply
You must be logged in to post a comment.