News @ M-Media

Blog

  • ရမည်းသင်းမြို့တွင် အကြမ်းဖက် အဓိကရုဏ်းဖြစ်စေရန် ဘုန်းကြီးအချို့ ဆူပူလှုံ့ဆော်

    ရမည်းသင်းမြို့တွင် အကြမ်းဖက် အဓိကရုဏ်းဖြစ်စေရန် ဘုန်းကြီးအချို့ ဆူပူလှုံ့ဆော်

    အောက်တိုဘာ၊ ၁၃၊ ၂၀၁၂
    M-Media
    သတင်း – ဇာဏီ

    ယနေ့ ၁၃.၁၀.၂၀၁၂ နေ့တွင် ရမည်းသင်းမြို့၌ ဘုန်းကြီးတစ်စုနှင့် အရပ်သားတချိှု့ စုဝေးရောက်ရှိလာပြီး ဆူပူလှုံ့ဆော်မှုဖြစ်အောင် ဖန်တီးခဲ့ပြီး ဧကရာဇ်ဗလီအား ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရမည်းသင်းမြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ဖြစ်ပွားပုံကို သိရှိခဲ့ရပါသည်။ ရမည်းသင်းမြို့တွင် နေထိုင်သော ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦးနှင့် မွတ်စလင်မ်အမျိုးသမီး တစ်ဦးတို့သည် လွန်ခဲ့သော ၁၅-နှစ်ခန့်က အိမ်ထောင်ကျပြီး လွန်ခဲ့သော ၄-နှစ်ခန့်က အိမ်ထောင်ပြိုကွဲသွားကာ စီးပွားပြိုင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းတို့ နှစ်ဦးစလုံးမှ အသီးသီး ဘောလုံးအသင်းများထောင်ထားခဲ့သည်။ အမျိုးသမီးထောင်ထားသော ဘောလုံးအသင်းတွင် မွတ်စလင်မ် လူနည်းစုပါဝင်ခဲ့သည်။ မနေ့က ၁၂.၁၀.၁၂ တွင် ရမည်းသင်းမြို့၌ ဘောလုံးပွဲပြုလုပ်ခဲ့ရာ ယင်း ၂-သင်းလုံးပြိုင်ခဲ့ကြပြီး ဘောလုံးပွဲတွင်ပင် ပြဿနာဖြစ်ပွားခဲ့ရာ အမျိုးသမီးပိုင် ဘောလုံးအသင်းမှ မွတ်စလင်မ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်း ပြဿနာသည် ထိုမျှနှင့် ပြီးဆုံးခဲ့သော်လည်း ညပိုင်း၌ အရက်ဆိုင်တွင် ယင်းဘောလုံး ၂-ဖွဲ့လုံး ဆုံမိကြပြီး ရန်ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းရန်ပွဲအား ရဲစခန်းမှ လာရောက်ထိန်းသိမ်း၍ ပြီးဆုံးသွားခဲ့သည်။ ယနေ့တွင်မူ ဘုန်းကြီးတစ်စုနှင့်အရပ်သားတစ်ချို့သည် စုဝေးရောက်ရှိလာပြီး ပဋိပက္ခဖြစ်ပွားစေရန် ဆူပူလှုံ့ဆော်ခဲ့ပြီး ရမည်းသင်းမြို့ရှိ ဧကရာဇ်ဗလီအား ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း ရမည်းသင်းမြို့ရှိ စစ်တပ်နှင့်ရဲတို့မှ အချိန်မီ ထိန်းသိမ်း တားဆီးလိုက်သောကြောင့် ယင်းဆူပူလှုံ့ဆော်မှု အထမမြောက်ဖြစ်သွားကြောင်း သိရပါသည်။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  “ရမည်းသင်းမြို့မှာက ဗလီ ၉-လုံး ရှိပါတယ်။ အခုဖြစ်တဲ့ ဧကရာဇ်ဗလီက အသစ်ပါ။ ဧကရာဇ်ဗလီအဟောင်းလည်းရှိပါတယ်။ အဟောင်းကတော့ ပိတ်ခံထားရပါတယ်။ စဖြစ်တာက ဗုဒ္ဓဘာသာအမျိုးသားနဲ့ မွတ်စလင်မ်အမျိုးသမီး အိမ်ထောင်ကျ အိမ်ထောင်ပြိုကွဲပြီ စီးပွားပြိုင်လုပ်ကြရင်း အသီးသီး ဘောလုံးအသင်းတွေ ထောင်ကြတယ်။ မနေ့က ဘောလုံးပွဲမှာ အဲဒီ ၂-သင်း ရိုက်ပွဲဖြစ်တယ်။ အဲဒီမှာပဲ ရန်ပွဲက ပြီးသွားတယ်။ နောက် ညပိုင်းရောက်တော့ အရက်ဆိုင်မှာ အဲဒီ ဘောလုံး ၂-သင်း အတူတူဆုံမိကြပြီး အရက်သောက်ရင်း စကားများကြရာကနေ ရန်ပွဲထပ်မံဖြစ်သွားခဲ့တယ်။ အဲဒါကို ရဲက အချိန်မီအရေးယူလိုက်တယ်။ အဲဒါ ဒီမနက်ကျတော့ ဘုန်းကြီး တစ်စုရောက်လာပြီး အဓိကရုဏ်းဖြစ်အောင် လာပြီး လှုံ့ဆော်တယ်။ အဲဒီဘုန်းကြီးတွေက ရမည်းသင်းက ဘုန်းတော်ကြီးတွေ မဟုတ်ပါဘူး။ ရမည်းသင်းမြို့ပေါ်က ကျောင်းတိုက်တွေ အားလုံးက ဆရာတော်ကြီးတွေက ကျောင်းကဘုန်းကြီးတွေကို ပေးမထွက်ပါဘူး။ ကျွန်တော် သတင်းပြန်ကြားရသလောက် အခုရောက်လာပြီး လှုံ့ဆော်တဲ့ဘုန်းကြီးတွေက မန္တလေးက ဦးဝီရသူစေလွှတ်လိုက်တဲ့ ဘုန်းကြီးတွေဖြစ်တယ်လို့ တဆင့်ပြန်ကြားရတယ်။ အဲဒီ ဘုန်းကြီးတွေကို ရမည်းသင်းမြို့ပေါ်က ဘယ်ကျောင်းတိုက်ကမှ လက်မခံပါဘူး။ တည်းခိုခွင့်မပြုဘူး။ အဲဒါနဲ့ မြို့ပေါ်က အိမ်တစ်အိမ်မှာ သူတို့တည်းလိုက်ရတယ်။ အဲဒီလက်ခံပေးတည်းလိုက်တဲ့အိမ်ကလည်း NLD အမာခံတစ်ဦးရဲ့ အိမ်လို့ သိရတယ်။ အဲဒါကတော့ သေချာပေါက်မသိသေးဘူး။ အဲဒါ သူတို့က ဧကရာဇ်ဗလီကိုဖျက်ဆီးဖို့အတွက် ပြဿနာဖြစ်အောင် ဆူပူလှုံ့ဆော်ပါတယ်။ စစ်တပ်နဲ့ရဲက အချိန်မီ တားဆီးခဲ့ပါတယ်။ စစ်တပ်နဲ့ရဲက တကယ်ကို ပြဿနာမဖြစ်အောင် တားဆီးနိုင်ခဲ့တာပါ။ အဲဒါ အခုလည်း သတင်းတစ်ခုကြားရတယ်။ ဘာလဲဆိုတော့ မနက်ဖြန်ကျရင် ဘုန်းကြီးတစ်ပါးကို မွတ်စလင်မ်တွေက ၀ိုင်းသတ်တယ်ဆို လုပ်ကြံပြီး ပြဿနာဖြစ်အောင် ဖန်တီးမယ်လို့ သူတို့တွေဘက်က သတင်းကြားနေရတယ်။ အဲဒါကြောင့် မြို့နယ်အာဏာပိုင်တွေရော နောက် ပါတီတွေကိုပါ အဲဒီသတင်းကို အသိပေးထားပြီး အဲဒါမျိုး မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ ပြောထားပါတယ်။ ကျွန်တော်တို့ ဘယ်လို ပဋိပက္ခမျိုးကိုမှ မလိုလားပါဘူးဗျာ။” လို့ ရမည်းသင်းမြို့ မြို့ခံတစ်ဦးက M-Media သို့ ပြောပြခဲ့တယ်။

  • ကွယ်လွန်သူ NLD CEC (၉၀ အမတ်) ဦးသိန်းဟန် ပြည်မြို့ မွတ်စလင်မ် သုဿာန်တွင် သင်္ဂြိုလ်ခဲ့ခြင်းကို တရားစွဲခံရ

    ကွယ်လွန်သူ NLD CEC (၉၀ အမတ်) ဦးသိန်းဟန် ပြည်မြို့ မွတ်စလင်မ် သုဿာန်တွင် သင်္ဂြိုလ်ခဲ့ခြင်းကို တရားစွဲခံရ

    အောက်တိုဘာ၊ ၁၁၊၂၀၁၂

    M-Media

    သတင်း- ပြည့်ပြည့်

    ကွယ်လွန်သူ ရှေ့နေကြီး ဦးသိန်းဟန် နောက်ဆုံးခရီး လိုက်ပို့ခဲ့စဉ်

    အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဗဟိုအလုပ်အမှုဆောင်(၁၉၉၀)ခုနှစ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ရန်ကုန်မြိုနေ ဦးသိန်းဟန်၏ ရုပ်အလောင်းကို ပြည်မြို့ မွတ်ဆလင်များသဂြိုဟ်သည် မြန်မာမွတ်စလင်မ် သုဿန်တွင် (၁၉.၅.၂၀၁၂)နေ့ကသဂြိုလ်မှု့အပေါ်စည်ပင်ဥပဒေပုဒ်မ-၇၃အရ ပြည်မြိုနယ် တရားရုံးသို ပြစ်မှုကြီး အမှုအမှတ်-၃၆၆၇/၁၂ဖြင့်တရားစွဲဆိုခံရကြောင်း သတင်းရရှိပါသည်။

    အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဗဟိုအလုပ်အမှုဆောင်(၁၉၉၀)ခုနှစ် လွှတ်တော် ကိုယ်စားလှယ် ကွယ်လွန်သူ ရှေ့နေကြီး ဦးသိန်းဟန်

    ရန်ကုန်မြိုနေ ၁၉၉၀ခုနှစ် (NLD)ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး၊ လက်ရှိ(NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သည် ရန်ကုန်မြိုတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်သူ မိဘဘိုးဘွားများ သဂြိုဟ်ထားခဲသည် ပြည်မြို ဆင်စုရပ်ရှိ မဟာမေဒင် သုသာန် (လွန်ခဲ့သည်နှစ်ပေါင်း(၁၀၀)ကျော် တည်ထားခဲ့သည်)တွင် သင်္ဂြိုဟ်လိုသောဆန္ဒ (ကွယ်လွန်သူနဲ ကျန်ရစ်သူ ဆွေမျိုးများ၏ ဆန္ဒ)ရှိသဖြင့် ပြည်မြိုသို ဦးသိန်းဟန်၏ ရုပ်အလောင်းကို သယ်ဆောင်လာခဲ့ပြီး ဆွေမျိုးများနှင့်ပင် ပြည်မြိုနယ်(NLD)ပါတီဥက္ကဌနှင့် အလုပ်အမှုဆောင်များအပါအ၀င် (NLD)ပါတီ၏အလံ၊ လွမ်းသူပန်းခွေများနှင့် ခမ်းနားစည်းကားသိုက်မြိုက်စွာ (၁၉.၅.၂၀၁၂)နေ့ကသဂြိုဟ်ခဲ့ပါသည်၊

    သို့သော်လည်း ဦသိန်းဟန် ရုပ်အလောင်းကိုလွန်ခဲ့သည် နှစ်ပေါင်း (၁၀၀)ကျော် ကတည်းက တည်ရှိပြီး ခေတ်အဆက် သဂြိုင်္ဟ်ခဲ့သော မြန်မာမွတ်စလင်မ် သုဿန်တွင် သဂြိုဟ်ခဲ့ခြင်းသည် စည်ပင်ဥပဒေကို ဖောက်ဖျက်သည်ဟူဆိုကာ စည်ပင်ဥပဒေ ပုဒ်မ-၇၃ဖြစ် ပြည်မြိုဒေသဆိုင်ရာ အာဏာပိုင်များက တရားစွဲဆိုရန်စီစဉ်ခဲ့ပြီပြည်စည်ပင်အဖွဲ ဒုဦးစီးမှုး ဦးမျိုးဇင်ဝင်းမှ တရားလိုပြုလုပ်ခါ ဆွေမျိုး နီးစပ်တော်သူ ဦးမောင်မောင်ဆိုသူအား အရေးယူ တရားစွဲဆိုသည်ဖြစ်ရပ် ပြည်မြိုနယ်တရားရုံးတွင်ဖြစ်ခဲ့ပါသည်၊

    အတိုက်အခံ အင်အားစုပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲဝင်(လွှတ်တော်ကိုယ်စားလှယ်၁၉၉၀)ဦးသိန်းဟန် အနေအဖြင့် သေဆုံးသည်တိုင် အာဏာပိုင်အဖွဲတို့မှ ထိုသိုအရေးယူခြင်းသည် လူသားတဦး၏ အခွင့်အရေးများ ဆုံးရှူံးနေရကြောင်း ဒေသခံပြည်သူများ ကဝေဖန်နေကြပြီ ပြည်မြိုနယ် တရားရုံး၏ တရားစီရင်မှု့သည် ဘက်မလိုက်ဘဲ တရားမျှတမှုရှိစေရန်သာ ဆုတောင်းလျက်ရှိနေကြကြောင်း သိရသည်။

     

    NLD CEC ဥိးသိန်းဟန် နောက်ဆုံးခရီး လိုက်ပို့သူများ

     

    ဤသုဿာန်မြေသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့သော သုဿာန်ဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူထားခဲ့ကြသော မြေနေရာဖြစ်ကြောင်း၊ ၂၀၀၈-ခုနှစ်တွင် မြို့နယ်စည်ပင်မှ မြို့နယ်အင်္ဂါရပ်နှင့်မညီညွတ်ဟုပြောသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ကြောင်း၊ သုဿာန်မြေအဟောင်းအား ပိတ်သိမ်းပြီး အသစ်သို့ပြောင်းရွှေ့ရန် နေရာ အသစ်ပေးခဲ့သော်လည်း အဆိုပါနေရာမှာ အဆင်မပြေသောကြောင့် မပြောင်းရွေ့ပဲ နေခဲ့ကြကြောင်း၊  ဒေသခံများမှ သုဿာန်အသစ်သို့ ပြောင်းရွှေ့ခြင်းမပြုသေးတာကြောင့် ဇူလိုင်လ ၂၅-ရက်နေ့ ည ၉-နာရီခန့်တွင် ရဲများမှ လာရောက်ပြီး သော့ခတ်သွားကြောင်း သတင်းရရှိပါသည်။

  • နိုင်ထက်ရှိန်(ဟင်္သာတ)သို့ အိတ်ဖွင့်ပေးစာ

    နိုင်ထက်ရှိန်(ဟင်္သာတ)သို့ အိတ်ဖွင့်ပေးစာ

    အောက်တိုဘာ၊ ၁ ၊ ၂၀၁၂

    နတ္တလင်းဆရာသိန်း

    Source: http://www.hotnewsweekly.com/archives/11331


    Hot News စာစောင်ပါ အနောက် တံခါးမှဧည့်သည်များ အခန်းဆက်ဆောင်း ပါးများသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းပြီး ဗဟုသုတရစေတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြား လိုပါတယ်။ ဒါပေမဲ့ စိတ်ထဲဘ၀င်မကျဖြစ်နေ တာလေးတွေကို ဆွေးနွေးလိုပါတယ်။ (၁၉.၉.၁၂)နေ့ထုတ် Hot News စာ စောင်ပါ အနောက်တံခါးမှဧည့်သည်များ (၅)နောက်ဆုံးကော်လံမှာ

    “ခရစ်သက္က ရာဇ် (၁၆၆၅)ခုနှစ်နောက်ပိုင်းတွင် ရခိုင် ပြည်သားအစ္စလာမ်ဘာသာဝင်လူမျိုးကို မူ အာရဗ်ဘာသာဖြင့်(ရိုဟင်ဂျာ)ဟုခေါ် ခဲ့ပါသည်။ ထိုအချိန်မှ စ၍ ရခိုင်ပြည် သား အစ္စလာမ်ဘာသာဝင်အုပ်စုတို့ကို (ရိုဟင် ဂျာလူမျိုး)ဟုလည်းခေါ်တွင်လာကြပါ သည် စသဖြင့် ရိုဟင်ဂျာလူမျိုးနဲ့ ပတ်သက် တဲ့အချက်တွေ ကို ရှေးယ ခင်နှစ်ပေါင်း များစွာက ပဲရှိခဲ့လေဟန် သမိုင်းဖြစ်စဉ်နဲ့ ရောထွေးပြီး ထင်ယောင်ထင်မှားဖြစ်စေ ရန် ရိုဟင်ဂျာအမျိုးသားညီညွတ်ရေး အဖွဲ့ချုပ် ကရိုဟင်ဂျာတို့၏ဘ၀ (၁၉၈၉) ခုနှစ် ထုတ် စာစောင် မှာ ရေးသားဖော်ပြ ခဲ့ပါတယ်”

    အဲဒီအချက်တွေဟာ မှားယွင်းတယ် လို့ ကိုနိုင်ထက်ရှိန်သက်သေ သာဓက အထောက်အထားအစုံနဲ့ပြသနိုင်ပါသလား။ ကိုနိုင်ထက်ရှိန်ရဲ့ဆောင်းပါးတွေဟာ ပညာရှင်တစ်ဦးရဲ့ သမာသမတ်ကျတဲ့ ဆောင်းပါးမဆန်ဘဲ ပေါ်လစီဆန်နေတာ တွေ့ရပါတယ်။အဲဒီလောက်နဲ့မရဘူးဗျ။ ခေတ်အဆက်ဆက်က သတင်းမှောင်ချ ထားပြီး Brainwash ပြုလုပ်ခြင်း ခံရတဲ့ မြန်မာပြည်သူလူထုတချို့က အဲဒီလောက် ပြောရုံနဲ့လက်ခံမှာဖြစ်ပေမယ့် နိုင်ငံတကာ နဲ့ ယှဉ်ပြီးဆွေးနွေးငြင်းခုံကြတဲ့အခါမှာ They will not hold water လို့ပြောချင် တယ်ဗျ။နောက်ပြီး (၂၀.၉.၁၂)ခုထုတ် Hot News ရဲ့ အနောက်တံခါးမှဧည့် သည်များ အခန်းဆက်ဆောင်းပါးမှာ

    “မေယုဒေသ(ဘူးသီးတောင်၊မောင်တောဒေသ) မှာရှိတဲ့ ရိုဟင်ဂျာအမည်ခံ စစ်တကောင်း သားဘင်္ဂါလီလူမျိုးတွေအနေနဲ့ကတော့ ကမန်၊မြေဒူး အဆက်အနွယ် ဗမာမူဆလင် များနှင့်မတူဘဲ သီးခြားဘာသာစကား၊ ဓလေ့ထုံးစံ၊၀တ်စားဆင်ယင်မှုတွေထူးခြား စွာ ကွဲပြားခြားနားနေတာတွေ့ရမှာဖြစ်ပါ တယ်”
    အဲဒါဘာကိုပြောချင်တာပါလဲ။ It does not prove anything. ရိုဟင်ဂျာ ပါဆိုမှ ကမန်၊မြေဒူးလိုဝတ်ပါ့ နေပါ့မလား ဗျာ။သီးခြားဘာသာစကား၊ဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မှုရှိခြင်းသည်ပင်လျှင် သီးခြားလူမျိုးဖြစ်တယ်ဆိုတာ ညွှန်ပြမနေ ဘူးလားဗျ။
    နောက်ပြီး အဲဒီဆောင်းပါးကော်လံ (၄)မှာ
    “ရခိုင်လူမျိုးတွေဟာ အမျိုးသီလ ကိုစောင့်ထိန်းကြသူများဖြစ်တဲ့အတွက် မူဆလင်ဘာသာဝင်များနဲ့ လက်ထပ် ထိမ်းမြားလေ့မရှိကြပါဘူး။ဒါကြောင့် ရခိုင် လူမျိုးများဟာ ဗုဒ္ဓဘာသာဝင်များသာဖြစ် ကြပါတယ်။မူဆလင်ဘာသာကို ကိုးကွယ် သက်ဝင်ခြင်းမရှိကြတဲ့အတွက် (ရခိုင် မူ ဆလင်)ဆိုတာလုံးဝမရှိပါဘူး”
    ကောင်း တာပေါ့ဗျာ။ ရိုဟင်ဂျာနဲ့ ရခိုင်ဗုဒ္ဓဘာ သာတွေနဲ့ သွေးမနှောနိုင်တဲ့အတွက် လူမျို လို့ လူမျိုးပျောက်မှာ မကြောက်ရတော့ဘူး။တရုတ်ဘက်ကို မြန်မာအမျိုးသမီး ကလေးများ လူကုန်ကူးမခံရအောင် ပိုပြီး အားစိုက်ကြိုးပမ်းနိုင်တာပေါ့ဗျာ။

    နောက်ပြီး

    “တကယ်တော့ ရိုဟင်ဂျာ အမည်ရှိတဲ့လူမျိုးဟာ မြန်မာနိုင်ငံမှာ သော်လည်းကောင်း၊ရခိုင်ပြည်နယ်အဖြစ် ထင်ရှားရှိစဉ်ကသော်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးမှာ ဘယ်တိုင်းပြည်မှာ မှမရှိခဲ့သော အမည်ဖြစ်ပါသည်။”
    လို့ ကော်လံ(၅)မှာ ဆိုထားတယ်ဗျ။
    အဲဒါကတော့ Nothing is further than the truth. တက်တက် စင်အောင် လွဲနေ ပြီဗျ။
    Dr.Francis Buchanan ရေးသား ပြီး (၁၇၉၉)ခုနှစ်မှာထုတ်ဝေတဲ့ ‘A Comparative Vocabulary of Some of the Languages Spoken in the Burma Empire’ သုတေသနစာအုပ်ထဲမှာပါတဲ့ ပထမ အချက်က
    ’The Mohamendans settled at Arakan call the country Rovingyaw, the Persians call it Rekan.’

    “ရခိုင်တွင် အခြေစိုက်နေထိုင်ကြ သော မဟာမေဒင်လူမျိုးများသည် အဆို ပါဒေသကို Rovingyaw ဟုခေါ်ဝေါ်ပြီး ပါရှန်လူမျိုးများက Rekan ဟုခေါ်ဝေါ် ကြသည်”

    ဒုတိယကောက်နုတ်လိုတာက
    ’ I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation.The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga,or natives of Arakan.

    “ကျွန်ုပ်ဖြည့်စွက်တင်ပြလိုသည့် ဒေသိယစကား ၃မျိုးမှာ ဗမာအင်ပါယာ အတွင်းပြောဆိုနေသော်လည်း အိန်္ဒိယ နိုင်ငံရှိဘာသာစကားမှ ဆင်းသက်လာ သည်။ ပထမဒေသိယ ဘာသာ စကားမှာ ရခိုင်ဒေသတွင် အခြေစိုက်နေထိုင်ခဲ့သည် မှာကြာပြီဖြစ်သည့် မိမိကိုယ်ကို Rooinga (သို့မဟုတ်)ရခိုင်သားဟုခေါ်ဝေါ်သည့် မဟာမေဒင်လူမျိုး တို့ ပြောသည့် စကား ဖြစ် သည်”

    နောက်ပြီး Dr. Buchanan က အဲဒီ Rooinga တို့ရဲ့ ဘာသာစကား၊ရခိုင်ဟိန္ဒူ တို့ရဲ့ Rossawn ဘာသာစကား၊ Banga (ရခိုင်ဘင်္ဂါလီ)တို့ရဲ့ ဘာသာစကားတို့တူ ညီပုံ၊ခြားနား ပုံတွေ ကို ဇယားနဲ့တင်ပြထား သေးတယ်။ အဲဒီတော့အရေးကြီးတဲ့ အချက်များ က- (၁) ရိုဟင်ဂျာများသည် ၁၇၉၉မ တိုင်မီ နှစ်ပေါင်းများစွာကတည်းက ရခိုင် ဒေသတွင် အခြေစိုက်နေ ထိုင်ခဲ့ကြ သည်။(၂) ရိုဟင်ဂျာကသတ်သတ်၊ ဘင်္ဂါလီက သတ်သတ်ဖြစ်သည်ဆိုတာ ပေါ်လွင်နေ သည်။ အဲဒါကြောင့် ကိုနိုင်ထက်ရှိန်ပြော တဲ့

    “(ရိုဟင်ဂျာ)ဆိုတဲ့ ဝေါဟာရကို လူ မျိုးအမည်နဲ့ ခေါ်ဝေါ်သုံးစွဲလာမယ်ဆိုပါ က နောင်နှစ်ပေါင်းများစွာကြာလာတဲ့ အခါမှာ ဘာသာဗေဒသဘောအရ ပြန် လည်အစကောက်ရင် (ရိုဟင်ဂျာ)ဆိုတာ (ရခိုင်ပြည်သား)ဆိုတဲ့ တိုင်းရင်းသားဖြစ် လာစေရန်၊ကြို တင်ဖန်တီး ထားသော ဝေါဟာ ရဖြစ်ကြောင်းတွေ့ နိုင် ပါတယ်”
    ဆို တဲ့ ကောက်ချက်ဟာ လေဖမ်းဝါးရမ်း ချည်ထားခြင်းသာဖြစ်ပါကြောင်း။

    နတ္တလင်းဆရာသိန်း

  • ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဒေါက်တာ ဇာဂနာနှင့် တွေ့ဆုံခြင်း

    ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဒေါက်တာ ဇာဂနာနှင့် တွေ့ဆုံခြင်း

    အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၂

    Source: THE MODERN WEEKLY -NO.328

    ဒီအေ၀ိုင်

    ကျွန်တော်တို့တိုင်းပြည်မှာလူမှုဆက်ဆံရေးသဟဇာတ (social harmony) ဖြစ်ဖို့အတွက် အားလုံးမှာ ကျင့်ဝတ်ရှိရမယ်။ အခုလို လူမှုဆက်ဆံရေး သဟဇာတမဖြစ်တာကြောင့် ပြည်တွင်းမှာ ပဋ္ဋိပက္ခတွေဖြစ်နေရတာပါ။ ကျင့်ဝတ်တွေထဲမှာမှယဉ်ကျေးမှုကျင့်ဝတ်ရှိဖို့က အရေးကြီးဆုံးဖြစ်ပြီး လူကိုလူလို့မြင်ဖို့လိုပြီး တခြားဘာသာနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို မစော်ကားရဘူးဆိုတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးဇာဂနာကို မေးမြန်းပါတယ်။ တချို့ကိုကောက်နှတ်ဖော်ပြပါတယ်။

    ယဉ်ကျေးမှု့ ကျင့်ဝတ်ရှိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ (ဒေါက်တာ ဇာဂနာ)

     

    မော်။ ။ဦးတို့ကော်မရှင်အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေပါသလဲ။
    ဖြေ။ ။ နိုင်ငံတကာက တချို့သတင်းတွေနဲ့ပတ်သက်ပြီးမဟုတ်မမှန် လျှောက်ပြောတာတွေရှိတယ်။ မဟုတ်တာတွေပြောတယ်လို့ စွပ်စွဲချင်တာတော့ မဟုတ်ဘူး။ သတင်အမှားတွေ ဖြစ်လာတဲ့အခါ အဲ့ဒီသတင်း အမှားတွေကို ပြန်ဖြေရှင်းနှိင်ဖို့အတွက် ပြန်ကြားရေးအဖွဲ့ မှာပါတဲ့ ဆရာဦးဝံသရယ်ဦးကိုကိုကြီးရယ်၊ ကျွန်တော်ရယ်ပြန်ဖြေနေပါတယ်။ အဓိကတော့ နိုင်ငံခြားက တချို့တွေက မဟုတ်မမှန်လုပ်တယ်လေ။ ကျွန်တော့်အနေနဲ့က ဘယ်ဘက်ကမှ လိုက်ပြီးရှင်းတာမဟုတ်ပေမဲ့ ရပ်တည်ချက်အရငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းစေချင်တယ်။ ကြမ်းကြမ်းတမ်းတမ်း မဖြေရှင်းစေချင်ဘူး။

    မော်။ ။ ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းမှာ အဓိကရုဏ်းတြွေုဖစ်အောင် လှုံဆော်နေတဲ့သူတွေကို ဦးအနေနဲ့ဘာတွေ ပြောပြချင်ပါသလဲ။
    ဖြေ။ ။ ဆိုရှယ်ဟာမိုနီဖြစ်ဖို့အတွက် ကျင့်ဝတ်တွေက ခြောက်ခုရှိတယ်ပေါ့။ ကျွန်တော့် အမြင်ပါ။ တခြားလူတွေကိုတော့ မပြောဘူး။ အခုလို social harmony မဖြစ်လို့ ကချင်ပြည်နယ်မှာကော၊ ရခိုင်ပြည်နယ်မှာကော ပဋ္ဋိပက္ခတွေ ဖြစ်နေရတာပေါ့။ သူများဘာသာကိုလည်း မစော်ကားရဘူး။ သူများဓလေ့ထုံးတမ်း အစဉ်အလာကိုလည်း မစော်ကားရဘူး။ ယဉ်ကျေးမှု၊ ကိုးကွယ်ရာကိုလည်းမစော်ကားရဘူ။ အခုလိုဖြစ်အောင်သွေးထိုးမြှောက်ပင့်လုပ်နေတဲ့ သူတွေကလည်း culture ethic ကိုချိုးဖောက်တာပဲ။ သည်လို လုပ်နေတယ်ဆိုရင် ကျွန်တော်တို့ ပြဿနာကဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ကြီးလာဖို့ပဲ ရှိတော့တယ်။ မဖြေရှင်းနှိင်ရင် ရခိုင်နယ်ကြီးတစ်ခုလုံးဟာ တစ်ချိန်လုံးစစ်အုပ်ချုပ်ရေး လက်အောက်မှာပဲ နေနေရတော့မှာ။သည်အတွက် နစ်နာစရာရှိရင် ရခိုင်တိုင်းရင်းသားတွေ နစ်နာသလို အဲသည်ဒေသမှာရှိနေတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူမျိုးတွေလည်း နစ်နာမယ်။ ဘာကြောင့်လည်းဆိုတော့ ဟိုဘက်မှာ ဗုဒ္ဓဘာသာကျောင်းတွေ ဖျက်ဆီးခံရတယ်ဆိုရင် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ စစ်သားတွေကကော သည်ခံမှာလား။

    ပိုပြီးဖိနှိပ်တော့မှာပေါ့။ ဒါနဲ့ပဲပြဿနာက ပြီးတော့မှာ မဟုတ်ဘူးလေ။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လို့ရအောင် အခြေအနေတွေကို ဖန်တီးနေလို့ စစ်တွေမှာ အခြေအနေလေး ကောင်းခါစရှိသေး ပြဿနာတစ်ရပ်ဖြစ်အောင် ထပ်ထပ်ဖန်တီးကြတယ်။ ပြဿနာမဟုတ်ဘဲ ပြဿနာလုပ်တာဆိုတော့ တစ်ဖက်နိုင်ငံကလည်း အခုလို လုပ်ကြမယ်ဆိုရင် နိုင်ငံအချင်းချင်း၊ ဘာသာအချင်းချင်းဆိုတဲ့ ကျင့်ဝတ်ကို ချိုးဖောက်တာ။ ယဉ်ကျေးမှု ကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုရင် ကျွန်တော်ပြောတဲ့ လူမှုဆက်ဆံရေးက သဟဇာတဖြစ်ဖို့အတွက် social harmony ကရမှာမဟုတ်ဘူး။ social harmony မရသမျှ ရခိုင်ပြည်နယ်ငြိမ်းချမ်းမှုဆိုတာ ကတည်ဆောက်လို့မရ။ ပြေလည်အောင်ဖြေရှင်းပေးနေတာကို နားမ၀င်ဘူးဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်လိမ့်မယ်။ ဒါကျွန်တော်ကော်မရှင် အဖွဲ့ဝင် တစ်ယောက်အနေနဲ့မဟုတ်ဘဲ အလွတ်ပြောပြတာပါ။ အဲသည်မှာ ရခိုင်လူမျိုးတွေမှာလည်း ဝေဒနာအများကြီးရှိပါတယ်။ ဥပဒေအတိုင်း ဥပဒေချိုးဖောက်ကျူးလွန်တဲ့သူကို အရေးယူဖို့က နံပါတ်တစ် ဥပဒေက အကာအကွယ်ပေးရမယ်။

    အခုလိုမဟုတ်ဘဲ ဥပဒေနဲ့အကာအကွယ်မပေး ဘဲနဲ့ ဘာအပြစ်မှမရှိတဲ့ လူတွေဒုက္ခရောက်နေတာကို ကျွန်တော်တို့အနေနဲ့ လိုက်ပိုက်ကြည့်လို့ မသင့်တော် ပါဘူး။ ဖြစ်စေချင်တာက ကချင်မှာစစ်ဖြစ်တယ်။ ကေအိုင်အေနဲ့ မြန်မာစစ်တပ်ဖြစ်တယ် ခံရတာကပြည်သူတွေ ကျွန်တော်တို့ အဲ့သည့်ပြည်သူတွေရဲ့မျက်နှာကိုကြည့်ရမယ်။ မတရားအမှုကျူးလွန်သူတွေကို ဥပဒေအတိုင်း အရေးယူဖို့လုပ်နေတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်အရ အရေးယူမယ်။ အပြစ်လုပ်တဲ့သူကို ခြေရာခံမိပေမယ့် သူတို့က ပြေးနေတယ်။ ပြည်နယ်ထဲမှလဲ မဟုတ်ဘူးဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့လည်း သူတို့ကိုအကြိမ်ကြိမ် အဖန်ဖန် မေတ္တာရပ်ခံတယ်။ ခင်ဗျားတို့ကိုသိနေပြီ မလုပ်ကြနဲ့ဆိုပြီးတောင်းပန်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ပါ။ ဒီမိုကရေစီလမ်းကြောင်းအပေါ်ကို သွားနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်ကြီး ငြိမ်းချမ်းသွားရင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို ကြိုးစားလို့ရမယ်။ တပြိုင်နက်တည်းတော့ မလုပ်နိုင်ပါဘူး။ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ကာလမှာ ပြဿနာတွေမဖြစ်စေချင်ဘူး။ တချို့ကိုယ်တိုင်လည်းမတွေ့ဘဲ ပြောတဲ့ လူတွေရှိတယ်။ ဖေ့စ်ဘုတ်ခ်လိုနေရာမှာတော့ မဖြေရှင်းချင်တော့ပါဘူး။

    မော်။ ။ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်ကစပြီး ပဋိပက္ခဖြစ်သွားတယ်ဆိုပြီး သိထားရပါတယ်။ နိုင်ငံ တကာကလည်း သည်ဆိုရှယ်မီဒီယာကို သုံးနေကြတယ်ဆိုတော့ သည်ကနေ တစ်ဆင့်ဝါဒဖြန့်တဲ့သူတွေနဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားပါသလဲ။
    ဖြေ။ ။ တကယ့်ဖြစ်ရပ်အမှန်ကို ကော်မရှင်ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဆက်တိုက်တင်ပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်မှာလဲ အားနည်းချက်ရှိပါတယ်။ ဆယ်မိနစ်တစ်ခါ ဆယ့်ငါးမိနစ် တစ်ခါ သတင်းတောက် လျှောက်တင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အခုကိုထိုင်လုပ်နေတဲ့သူတွေကြောင့် လျှောက်တင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အခုကိုထိုင်လုပ်နေတဲ့သူတွေကြောင့် နှောင့်နှေးနေရတာလည်းရှိတယ်။ ဒါ့အပြင် အင်တာနက်မရှိတဲ့နေရာမှာ ဘာလို့ဒီကောင်မလေး ပုံတက်တာလည်းဆိုပြီး စဉ်းစားနေတာ။ အဲ့သည်တင်တဲ့လင့်ခ်ကို မီခါနီးကြမှ အလယ် ကလူက ထွက်ပြေးတော့ ဘာမှအရေးမယူနိုင်သေးဘူး။ နောက်ပြီး ဆိုက်ဘာ အတက်ခ်က ပြန်ခုခံနိုင်တဲ့ အင်အားမှာ နည်းပညာက သည်နိုင်ငံက အားနည်းနေတယ်။ နောက်တစ်ခုက သတင်းတင်နိုင်ဖို့အတွက် ရေးသားပုံကလည်း အရေးကြီးတယ် ဒါနဲ့ပက်သတ်ပြီး ကျွန်တော်တို့ကို နိုင်ငံတော်ကပေးထားတဲ့ facility မှာ အားနည်းတယ်။ ဒါကတော့ အမှန်မဟုတ်ပါဘူး။ အမှန်ကဒီလိုပါဆိုပြီး ချက်ချင်းပြန်ကြားနိုင်ဖို့ကလည်း လိုတယ် တစ်ချို့က အဓိကရုဏ်းတွေ ဖြစ်နေတဲ့ကြားထဲ ဘာမှန်းမသိ ညာမှန်းမသိတဲ့သူတွေကလည်း တစ်ပုံ ကြီး အမှားလုပ်တဲ့ သူတို့ကို ပြန်ပြီးတိုက်ခိုက်ဖို့တော့မရှိဘူး။ ပြန်ကာကွယ်ဖို့ဘဲရှိတယ်။ ပြီးခဲ့တဲ့အပတ်က ရခိုင်မှာ ဈေးရောင်းတဲ့ကောင်လေးရဲ့ သတင်းအမှားတွေ ထွက်လာတဲ့အတွက် ကျွန်တော်တို့ကော်မရှင်က သည်ကောင်လေးရဲ့ အဖြစ်ကအခုလိုမဟုတ်ပါဘူး။ သူ့ကိုသူ့အမေနဲ့ပြန်တွေ့နေပြီဆိုတာကို ကျွန်တော်တို့ ဆိုက်မှာပြန်ဖြေရှင်းပေးထားပါတယ်။ ၀က်ဘ်ဆိုဒ်က official မထွက်သေးပေမယ့် ဖေ့စ်ဘုတ်ခ်မှာ ဖော်ပြနေပါ တယ်။

    မော်။ ။ တခြားဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါ။
    ဖြေ။ ။ တစ်ဘက်နိုင်ငံရဲ့ လုပ်ရပ်ကြောင့် သည်မှာ ဆန္ဒဖော်ထုတ်မှုတွေကိုလုပ်ပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် သံရုံးရဲ့နယ်နိမိတ်ကိုတော့ မဖျက်ဆီးကြပါနဲ့။ ဆန္ဒဘဲထုတ်ဖော်ကြပါ။ ကိုယ့်တိုင်းပြည်က လေးစားမှုတစ်ခု အနေနဲ့ပေးစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်နေကြတဲ့အချိန်မှာ အတတ်နိုင်ဆုံး ကိုယ့်မှာရှိနေတဲ့စိတ်လှုပ်ရှားမှုတွေကို နည်းနည်းထိန်းပေးကြပါ။ ပြဿနာတစ်ခုဖြစ်လာတိုင်း ဆူဆူပူပူဖြေရှင်းမယ့်အစား ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြပါ။ မီးလောင်တာကိုတွေ့တယ်။ အဲ့ဒါကိုရေနဲ့ပက်ဖြန်း ရင်ငြိမ်းပါတယ်။ ရေအေးနဲ့ငြှိမ်းလည်း ငြိမ်းသလို ရေနွေးနဲ့ဆိုလည်းငြိမ်းတယ်။ ဒါကိုဘာလို့ ရေနွေးနဲ့ပက်ချင် တာလဲ၊ ရေနွေးနဲ့ပက်တော့ ကိုင်တဲ့သူလည်းပူပါတယ်။ ဖြေရှင်းပေးနေတာကို လက်ခံပေးပါ။ မြှောက်ပေးနေတဲ့ နှစ်ဖက်လုံးကိုလည်း မေတ္တာရပ်ခံပါတယ်။ ဆက်လုပ်နေရင်တော့ သမ္မတက တိုက်ရိုက်ခန့်အပ်ထားတဲ့ကော်မရှင် အဖွဲ့ဖြစ်တာကြောင့် လုပ်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။ ဒါ့အပြင် ရခိုင်ကိစ္စကို ရခိုင်ပြည်နယ်တစ်ခုတည်းမှာ မဟုတ်ဘဲ နေရာစုံဒေသစုံမှာ ကျွန်တော်တို့ကိစ္စလို့ သတ်မှတ်ပေးစေချင်တယ်။

    မော်။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူးအထူးတင်ပါတယ်။

    ဒီအေ၀ိုင်

  • ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ မီဒီယာကကာကွယ်​ စောင့်ရှောက်ပေး

    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ မီဒီယာကကာကွယ်​ စောင့်ရှောက်ပေး

    အောက်တိုဘာ၊ ၁၂၊ ၂၀၁၂
    M-Media
    စနေမောင်မောင် (ဘားမား)

    ၁။ မြန်မာနိုင်ငံ မှုခင်းသတင်းထောက်လောကမှာ စာနယ်ဇင်းကျင့်ဝတ်အပြင် အခါအားလျော်စွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့လေ့ကျင့်စီမံ ညွှန်ကြားရေးမှူးချုပ်ကိုပါ နာခံပြီးသတင်းရေးကြရတယ်။ အားကစား၊ ကျန်းမာရေး၊ ဂမ္ဘီရ စသဖြင့် ဂျာနယ်အမျိုးမျိုး ဖတ်ရှုနေတဲ့ပရိသတ်တွေထဲမှာ မှုခင်းသတင်း ဝါသနာရှင်တွေကို ထောက်ပြပြောဆိုရမယ်ဆိုရင် မှုခင်းသတင်း တစ်ပုဒ်မှာ တရားလို၊ တရားခံရဲ့ မိဘနာမည်၊ ဘာသာ၊ လူမျိုး ရေးသားဖော်ပြခွင့် မပြုဘူး။ ဆိုင်ကယ်၊ ကားနံပါတ် မဖော်ပြရဘူး၊ အဆုံးစွန် ဆုံးက အလိုမတူဘဲ သားမယားပြုကျင့်ခံရတဲ့ ၃၇၆ အမှုတွေမှာ နစ်နာသူအမျိုးသမီး ပျို၊ အို၊ ကြီး၊ ငယ်ရဲ့ နာမည်နဲ့ နေရပ်ဖော်ပြခွင့် မရှိဘူး၊ မြို့ပေါ်ရပ်ကွက်မှာ ဖြစ်ခဲ့ရင်တောင် ဘာမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်လို့ဘဲ ရေးပြရတယ်။

    ၂။       မှုခင်းသတင်းရဲ့ အလိုက်အထိုက် ဖော်ပြလို့မရတာတွေကို သတင်းထောက်က ဖော်ပြရေးသား သတင်းတင်ပြလာရင်တောင် တာဝန်ခံ အယ်ဒီတာ၊ တာဝန်ခံ စာတည်းချုပ်တွေက ဖြုတ်ထုတ်ဖြတ် လုံးဝလုပ်ရတယ်။ ခြေချော်လက်ချော် ဖော်ပြမိတာမျိုး ဘယ်တုံးကမှ မပေါ်ပေါက်ခဲ့ဘူး။ အလကား ပေါ်ပေါက်လို့ ရမလား၊ စာပေစီစစ်ရေးကို ဖြတ်ကြရသကိုး။ ဒီဟာတင်ပြနေရတာက မှုခင်းရှုထောင့်၊ မှုခင်းသတင်း၊ တကယ့်ဖြစ်ရပ်၊ မှုခင်းသတင်းနဲ့ခရိုင်းမ် ဆိုတဲ့ တရားဝင် မှုခင်းသတင်း ဂျာနယ် လေးစောင်ကို မပြတ်ဖတ်ရှု ဆန်းစစ် သုံးသပ်ပြီး အဲ့ဒီက ထင်ပေါ်တဲ့ ရလဒ်ကို သုံးသပ်တင်ပြတာပါ။

    ၃။       ဖော်ပြခဲ့တဲ့ သတင်းထောက်တို့ လိုက်နာရေးသားရတဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ လမ်းညွှန်ချက်တွေ ခပ်သိမ်းကို တစ်ထိုင်တည်း ပျစ်ပျစ်နှစ်နှစ် စည်းပျက်ကမ်းပျက် ချိုးဖောက်ဖော်ပြခဲ့တာကတော့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြဝတီ စတဲ့နိုင်ငံတော်ပိုင်သတင်းစာတွေပါ။ ပထမဆုံး ကျင့်ဝတ်ချိုးဖေါက်တာပါ။

    ၄။       မှုခင်းသတင်းဖော်ပြရာမှာ ကပ်စေးအနဲဆုံး ၂ လက္မ၊ ၃ လက္မထက် စာမျက်နှာ လုံးဝပိုမပေးတဲ့ အဓိက သတင်းစာတွေမှာ မှုခင်းသတင်းလေးပုဒ်ကို သတင်းစာ တစ်မျက်နှာလုံး လေးပိုင်း ပိုင်းပြီးတင်ဆက်ခဲ့တဲ့ သတင်းလေးပုဒ်ပါ။ ဟုတ်ပါတယ်။ ရခိုင်အရေးအခင်းရဲ့ စနက်တန်ချိန်ကိုက်ဗုံး သတင်းပါ၊ အကြောင်းကြောင်းကြောင့် အချိန်မရလို့ ဆိုတဲ့ ဝိနည်းရှောင်လို့ ရရိုးထုံးစံ မရှိခဲ့ပါဘူး။ တာဝန်ရှိသူက တာဝန်ရှိသူပါ။

    ၅။       ဒီလေးပိုင်းပိုင်း သတင်းတွေထဲမှာတောင် ကျောက်နီမော် သတင်းတစ်ပုဒ်က လွှဲရင် ကျန်သုံးပုဒ်မှာ တရားလို၊ တရားခံတွေရဲ့ မိဘအမည် ဘာသာ၊ လူမျိုး မဖော်ပြဘဲ၊ ကျောက်နီမော်သတင်း တစ်ပုဒ်ကိုသာ ရင်ထုမနာ စုတ်တစ်သတ်သတ် ဖြစ်ရအောင် အတုံးလိုက် အတစ်လိုက် တစ်တစ်ခွခွ တမင်သက်သက် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပျက်ပြားအောင် ဆင်ကြံကြံပြီး တက်သစ်စ ဒီမိုကရေစီ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဒီရိုက်ချက်တွေဟာ မီဒီယာလောကသားတွေက သက်သေခံ ရှာဖွေတွေ့တယ်။

    ၆။       မြန်မာနိုင်ငံသားအားလုံးက ထမင်းစားတာမို့ ခွေးလှေးခုန်လို့ ဖုန်မထဖြစ်တော့ မဆီမဆိုင် လက်ပံသားဓါးနဲ့ချိုင်ပြီး တရားစခန်းဝင်ပြီး ပြန်လာတဲ့ တောင်တွင်းကြီးသားတွေကို သာသနာ့အာဇာနည်ဘွဲ့ ပေပြီးစတေးပစ်ခဲ့တယ်။ အိမ်ကြက်ခြင်း အိုးမဲသုပ် အခွပ်ခိုင်လို့ ရခိုင်အရေးအခင်း ထောင်းလမောင်း ထလိုက်တာ ပြန်လည် ထူထောင်ရေး အတွက် ပြည်တွင်းအလှူရှင်တွေက ငွေသားတင် အလှူငွေစာရင်း (သတင်းစာအရ) သုံးကုဋေကျော် လှူဒါန်းခဲ့ရတယ်။ ဒါလုံလောက်ပြီလား၊ အဝေးကြီး။ နိုင်ငံတကာက အကူအညီတွေ ပေးနေပေမယ့် ဒါလည်း မပြည့်စုံသေးဘူး။

    ၇။       ချောင်ကြိုချောင်ကြား၊ မြို့စွန်မြို့ဖျား၊ ဆိုင်ကယ်တိုက်သတဲ့ဆို ဖြတ်ကနဲရောက်တတ်တဲ့ နယ်ထိန်းစွန်ရဲတွေ ထုံမွှန်းထားတဲ့ မြန်မာပြည်မှာ တရားစခန်းပြန် ဆယ်ဦးတင်မက စီးလာတဲ့ကားကိုပါ မှုန့်မှုန့်ညက်ညက်ချေတာ ၃ နာရီနီးပါးမှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို လုံခြုံရေးကာကွယ် စောင့်ရှောက်ပေးနေတဲ့ ကူညီပါရစေတွေ မထိန်းနိုင်လို့ လက်ပိုက်ကြည့်နေရတာမျိုး သမိုင်းအမည်းစက် မဆိုးသင့်ဘူး၊ မစွမ်းထင်းသင့်ဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခါကို မငြိုးနွမ်းစေသင့်ဘူး။ သိသိကြီး ဗြောင်ဥပဒေချိုးဖေါက် မျက်ကွယ်ပြုတာ။

    ၈။       မြန်မာနိုင်ငံ ထာဝရတည်ငြိမ်အေးချမ်းပါစေ။ ဒီလိုလူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ပပဉ္စဝါဒီ၊ နာဇီလက်သစ်တွေ ဒါရိုက်တာအဖြစ်မှ ကင်းရှင်းကြပါစေ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ထွန်းကားပြန့်ပွားပါစေ။

    ၉။       ရခိုင်အရေးအခင်းကို ဖန်တီးတဲ့ ဒါရိုက်တာတွေ တာဝန်ရှိသူတွေကို လက်သည်တရားခံအစစ်က ဘယ်သူလဲ၊ မြင်အောင်ကြည့်ပြီး နောင်ကျဉ်အောင် ဖော်ထုတ်အရေးယူနိုင်မှ ဥပဒေစိုးမိုးပြီလို့ ဆိုနိုင်မှာ ဖြစ်သလို ဒါမှလည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေ နစ်နာအောင် လုပ်ဝံ့သူတွေ မပေါ်ပေါက်မှာပါ။ ဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးဟာ ငြိမ်းချမ်းရေးရဲ့ အုတ်မြစ်ပါ။

    ၁၀။     ဖြစ်ခဲ့ပြီးတဲ့ ရခိုင်အရေးခင်းဟာ ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးလက်တွေ့ပယောဂနဲ့ ဘာကြောင့် ထုဆစ်ခဲ့ရတာလဲ၊ ဆန်းစစ်ကြည့်ကြစို့။ ပျားတစ်စက်နဲ့ ပြည်ပျက်အောင်၊ ဆင်ကြံကြံသူတွေဟာ ဘယ်သူတွေလဲ။

    ၁၁။     စနေမောင်မောင် ၁၉၆၄ ခုနှစ်ထဲမှာ လမ်းစဉ်ပါတီထုတ် နိုင်ငံတကါရေးရာဂျာနယ်မှာ ဖတ်ခဲ့ရဘူးတယ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံထဲမှာ လူဦးရေ အများဆုံးက ရှမ်းလူမျိုးတဲ့၊ အဲ့ဒီလူဦးရေ သန်းနှစ်ဆယ်ကာလက (ရှမ်း) တိုင်ရင်းသား သုံးသန်းရှိပြီး၊ လူဦးရေအနည်ဆုံးက ကရင်နီ(ကယား) လူမျိုး။ ဒီတုံးက လူဦးရေကိုးထောင်တဲ့။ အဲ့ဒီတုန်းက မြန်မာမွတ်စလင် ၆ ဒသမ ၅ သန်းရှိသတဲ့။ လင်ယူသားမွေးထွန်ကားတဲ့ လောကမှာ ကိုယ်စီ လူဦးရေပေါက်ကွဲပြန့်ပွားများပြားလာလိုက်တာများ (အမျိုးပျောက်မှာ စိုးကြောက်ပါ) စာအုပ်ကို မင်းရဲနန္ဒကျော်ခေါင်၊ ကလောင်ပုန်းက နှစ်သန်း ရိုက်နှိပ်ပြီး အခမဲ့ ရဟန်းရှင်လူကို အလှူလှူခဲ့တယ်။ နိုင်ငံသား အားလုံးထဲမှာ မွတ်စလင်တွေကို ပစ်မှတ်ထားနှိပ်ကွပ်လာခဲ့တယ်။ ပညာရှိနှိပ်စက်နည်းနဲ့ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို အာဏာနဲ့ အနိုင်ကျင့်ပြီး နိုင်ငံသားချင်း လူမျိုးရေးမုန်းတီးမှုမျိုးစေ့ ပျိုးခဲ့တယ်။

    မင်းရဲနန္ဒကျော်ခေါင် နာဇီဟာ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ပြီး မြန်မာမင်းများလက်ထက်က သစ္စာရှိ နာခံတော်ကောင်းများအဖြစ် နေထိုင်လာတဲ့ မွတ်စလင်တွေကို တစ်ဖက်သတ် စွဲချက်တင်ပြီး မလိုမုန်းထားစိတ်နဲ့ (လူမြိုမှ လူမျိုးပြုတ်တယ်) မှိုင်းသွင်းခဲ့တယ်။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့သံ ဓမ္မတေး လွှမ်းတဲ့မြန်မာပြည်မှာ မကြံစည်အပ်တဲ့ လူမျိုးရေး ပဋိပက္ခကို စနစ်တကျ လျှို့ဝှက်ကြံစည်ပြီး မျိုးစေ့တွေ ပျိုးလာခဲ့တယ်။ ထေရဗုဒ္ဓဝါဒီ၊ သီလဝိသုဒ္ဓိဖြစ်တဲ့ သံဃာတော်အရှင်သူမြတ်တွေက အာဏာရှင်တွေ အလိုကျ မကခဲ့ဘူး၊ သူတို့ရဲ့ အဓမ္မဝါဒကို ဓမ္မကရပ်တည်ပြီး၊ သတ္တဝါခပ်သိမ်း ငြိမ်းချမ်းရေးကိုပဲ ဆောင်ရွက်တော်မူခဲ့ကြတယ်။

    နေရာတကာမှာ အနိုင်ပိုင်းပြီး လူမျိုးကြီးဝါဒတည်ထောင်ရေး လျှို့ဝှက်လုပ်ရှားဆောင်ရွက်တဲ့ အာဏာရှင် အုပ်ချုပ်သူတွေရဲ့ နှစ်ငါးဆယ်ရွှေရတုလွန်ကာလမှာ သတ်သတ်မှတ်မှတ် အဓိကပစ်မှတ်ထားပြီး နှိပ်ကွပ်ခံနေရတဲ့ မွတ်စလင်တွေဟာ အကျယ်ချုပ်နဲ့ နေထိုင်ကြီးပြင်းလာနေရတယ်။ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ ရာထူး ဘက်စုံက ဖိနှိပ်ခွဲခြားခံရတယ်။ ဒါပေမယ့် လူမှုရေး၊ စီးပွားရေး၊ အနုပညာနဲ့ အားကစားစတဲ့ ကဏ္ဋစုံမှာ နိုင်ငံဂုဏ်ဆောင် အောင်ပွဲရအောင် မွတ်စလင်တွေလဲ တတပ်တအား အမှန်တကယ် ကြိုးစားခဲ့တာ သမိုင်းသက်သေ ရှိပါတယ်။

    အခုလို ကောလဟာလ သတင်းလိမ်တွေနဲ့ ဒီခေတ်မှာလုပ်ကြံချင်လို့ မလွယ်တော့ပါဘူး။ ကမ္ဘာ့ရွာမှာ [IT] မျက်လုံး၊ နားတွေနဲ့ပါ။ အစစ်အမှန်တရားအရ ပြောရရင် မြန်မာနိုင်ငံမှာ မြန်မာ (ဗမာ) လူမျိုးပြီးရင် မွတ်စလင်ဟာ ဒုတိယလူဦးရေအများဆုံးပါ။ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား စတာတွေထက် မြို့တိုင်းရွာတိုင်းမှာ ရှေးအစဉ်အဆက်နေထိုင်တွေ့ရှိနိုင်တာက အသေအခြာ မွတ်စလင်ပါ။ ကရင်မရှိတဲ့ အရပ်၊ ရှမ်းမရှိတဲ့အရပ်၊ ကချင်မရှိတဲ့အရပ်တွေ ရှိချင်ရှိမယ်။ မွတ်စလင် မရှိတဲ့အရပ်ဆိုတာ တွေ့ရဖို့ ရှားပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံမှာ တစ်စုတစည်းထဲ သတ်မှတ်လူဦးရေရှိရင် လူနည်းစုလွှတ်တော် ကိုယ်စားလှယ် ၁ ယောက်နှုန်း သတ်မှတ်ချက်ရှိပေမယ့် သမိုင်းသက်သေတည် မွတ်စလင်များတဲ့ ရန်ကုန်မြို့က မွတ်စလင် လူနည်းစု လွှတ်တော်ကိုယ်စားလှယ် ဒီနေ့လွှတ်တော်ထဲမှာ ရှိနေလို့လား။ မရှိပါဘူး၊ မပါအောင်လည်း အဲ့ဒီကျတော့  မွတ်စလင်က မြန်မာမို့ပါတဲ့။ နားလှည့်ပါးရိုက် ပြန်ပါလေရော။ ဒါဆို ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တိုင်း မွတ်စလင်တွေကို ကိုယ်စားပြုတာ မမေ့ဖို့ လိုပါတယ်။

    *၂၀၁၄ မှာ မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်းကောက်ကြမယ်။ နိုင်ငံတကာက တက်သစ်စ ဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်ကို နည်းပညာရော ငွေကြေးရော ဝိုင်းကူညီမယ်။ ကိုယ်တိုင်ပူးပေါင်း ကူညီမယ်။ စနစ်တကျ ဘိုင်အိုဂရဖ်ဖီတွေနဲ့ မှတ်တမ်းတင်မယ်။ အရှိကို အရှိအတိုင်း တန်ဘိုးထားမှတ်သားမယ်။ ဒါဆို မွတ်စလင်ဟာ တိုင်ရင်းသားတွေထဲမှာ လူဦးရေ အများဆုံး ပေါ်တင်ကြီးဖြစ်တော့မယ်။ ဒါကိုအစိုးရိမ်လွန်ပြီး လူမျိုးကြီးဝါဒီ အစွန်းရောက်တွေက လူမျိုးရေး ပဋိပက္ခ ပွဲတိုက်ကြတာပဲ။

    ကမ္ဘာမှာ၊ မြန်မာပြည်မှာ တိုင်းရင်းသားမျိုးနွယ် မူလ (၁၄၅ မျိုး)၊ နောက်ပြောင်း (၁၃၅ မျိုး)ထဲမှာ ဗမာလူမျိုးပြီးရင် ဒုတိယ လူဦးရေအများဆုံးက ဦးပိန် (တံတား)၊ ဦးရာဇတ်၊ ဦးရာရှစ်၊ ဦးခင်မောင်လတ်၊ ဆရာချယ်၊ ဗိုလ်မှူးဘရှင်၊ ဝတ်လုံဦးဖေခင်၊ ဝမ်းအိုဝမ်းဦးကျော်ဝင်းမောင် တို့လိုလူမျိုးတွေဆိုတာ သမိုင်းမှန်ကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မပျောက်နိုင်တာကို စိုးရိမ်လို့၊ ဒါပေါ်တော့မှာ စိုးရိမ်လို့ ရခိုင်အရေးအခင်းနဲ့ ဆင်ကြံကြံ ဝိတ်လျှော့တာမျိုးပါ။

    မြန်မာနိုင်ငံသားအားလုံး သတိထားကြဖို့လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားကောင်းပီသရေး၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာစောင့်သိ ကာကွယ်ရေး၊ အသိ၊ သတိ အလေးအနက် ထားရှိကြပါစို့လို့ တိုက်တွန်းနှိုးဆော်လျက်။ ။

    (မြန်မာပြည်ကြီး ငြိမ်ချမ်းသားယာရေးနဲ့ ဒို့တာဝန်အရေးသုံးပါး အားလုံးလေးစားပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ဝိုင်းဝန်းကြိုးစားပေး)

    စနေမောင်မောင် (ဘားမား)