News @ M-Media

Blog

  • နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ

    နာတတ်ရင်တော့ ကိုယ်ချင်းစာတတ်သင့်ပြီ

    အောက်တိုဘာ၊ ၆၊ ၂၀၁၂

    M-Media

    ဇေယျာသူ

    အခုတလော ကျွန်မလည်း စာမရေးဖြစ်ပဲ စာတွေပဲဖတ်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ထူးထူးခြားခြား သတိထား ဖတ်မိနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘုန်းကြီးကျောင်းတွေကို မီးရှို့တဲ့သတင်းကစထွက်ပေါ်လာကတည်းက အခုနောက်ဆုံး အခြေအနေထိကို ဆက်တိုက်ဖတ်ဖြစ်နေတယ်။

    ကျွန်မကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကပဲဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်လုပ်တာမျိုးကို မနှစ်သက်ပါဘူး။

    ဘင်္ဂလားဒေရှ် နိုင်ငံ သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)

    “ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ဟဆီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဆင်းတုတော်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး မိမိတို့ ရှုတ်ချကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟေဒင် ခန်အလမ်ဂီက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။”

    “အတိုက်အခံ ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလီဒါဇီရာကမူ အစိုးရသည် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲသွားသည်။ သူမက အစိုးရအနေဖြင့် ယခုကိစ္စကို အမြတ်ထုတ်ကာ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန် ရည်ရွယ်ထားကြောင်း အပြစ်ဖို့ခဲ့သည်။ “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါပဲ။ ဖြစ်ရပ်အားလုံးရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် မကောင်းတဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်”ဟု ဇီရာက ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော နေရာဒေသ တစ်လျှောက်တွင် ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရက လူအများ စုရုံးမှုကို ပိတ်ပင်တားဆီးထားပြီ ဖြစ်သည်။”

    ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ (၁)ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး ယခင်ကမူ မတူညီသော ကိုးကွယ်ယုံကြည်မှု နှစ်ခုကြား အများအားဖြင့် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။ တနင်္လာနေ့ကလည်း ရွက်ဖျင်တဲများဖြင့် ယာယီနေထိုင်နေရသော ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ် ဘာသာဝင် မိသားစုများက အစားအသောက်များ လာရောက် ကူညီ လှူဒါန်းခဲ့သလို အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ဗုဒ္ဓဘာသာဝင် အချို့ကို အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်ဘေးတွင် ယာယီအခန်းများ ဆောက်လုပ်ပေးကာ နေထိုင်နေစေကြောင်း သတင်းများက ဖော်ပြသွားသည်။

    နောက်သတင်းတပုဒ်မှာ  ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြားသွားတဲ့သတင်းကို ဖတ်ရတော့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို လေးစားမိတယ်။ တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ် (၁၀) ယောက် လူမဆန်တဲ့ နည်းလမ်းတွေနဲ့ နေခင်းကြောင်တောင်ကြီး မင်းမဲ့စရိုက်ဆန်ဆန် ရိုက်သတ်ခံရတုံးက ဘယ်တာဝန်ရှိသူ တစ်ဦးမှ ဝမ်းနည်းကြောင်း တရားဝင်မပြောခဲ့ဘူး။ လူနည်းစုကို ကာကွယ်မယ်ဆိုတဲ့ အသံ မထွက်ခဲ့ဘူး။ မြန်မာအများစုရဲ့ စာနာဖေးမမှုအစား ဆိုရှယ် မီဒီယာတွေမှာ အဆဲသံတွေ မိုးမွှန်နေခဲ့တယ်။ ကျွန်မတို့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စရပ်ဟာ အခုဆိုရင် ၄-လအထိ ကြာမြင့်လာပြီဖြစ်ပေမယ့် ဘာတစ်ခုမှ ရေရေရာရာ မထွက်ပေါ်လာခဲ့ပါဘူး။ ဒီကြားထဲ ကိုယ်ချင်းစာမေတ္တာတရားကြီးမားပါတယ်ဆိုတဲ့ မြန်မာအများ(အများစု)က ဘာမသိညာမသိ ရခိုင်က အခြေအနေတွေကို သေချာမသိပဲ မျက်ကန်းမျိုးချစ်တွေအဖြစ် တိုးပွားလာခဲ့ကြတယ်။ တကယ်တမ်း ရခိုင်မှာဖြစ်နေတဲ့ အခြေအနေတွေဟာ Media တွေရဲ့ တဘက်သတ်ဆန်လွန်းတာတွေကြောင့် ပြဿနာတွေပိုကြီးလာခဲ့တယ်။

    တကယ်တမ်းတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စရပ်ကို ကျွန်မတို့အဝေးကနေသူတွေက ဘာကိုမှရေရေရာရာ မသိကြတာပါ။ ရခိုင်ကပြန်လာသူတွေကို သူတို့အတွေ့အကြုံတွေကို ကျွန်မမေးကြည့်တော့ ဖျက်ဆီးခံရတဲ့ ဗလီတွေလည်းရှိပါတယ်။ မွတ်စလင်မ်အများစုက ပိုပြီးဒုက္ခရောက်နေကြရပါတယ်။ ကဲ … ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို ကျန်တဲ့မြန်မာပြည်သူပြည်သားတွေ ဘာကြောင့်မြင်အောင် မကြည့်တတ်ကြတာလဲ။ မမြင်ချင်ယောင် ဆောင်နေကြတာလဲ။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ပဲ ဘာကြောင့် တထစ်ချ စွတ်စွဲနေကြတာလဲ။ ရခိုင်ပြည်နယ်မှာ ဘိုးဘွားစဉ်ဆက် နေထိုင်လာကြတဲ့ မွတ်စလင်မ်တွေ ရှိနေတယ်ဆိုတာကို ဘာလို့လက်မခံကြတာလဲ။ မြေမြိုလို့လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မယ် ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူသားချင်းစာနာမှုကို ဘာလို့မျက်ကွယ်ပြုကြတာလဲ။ ဒါက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ကိစ္စရပ်ပါ။ အခု ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားတဲ့ကိစ္စရပ်ဟာလည်း ရခိုင်ကိစ္စနဲ့ပြောင်းပြန် အချိုးကျနေတယ်လို့ ကျွန်မသုံးသပ်မိတယ်။ ဒီလိုအခြေအနေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေက ဘယ်လိုတုန့်ပြန်ဖြေရှင်းနေကြသလဲ။ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ကွာခြားချက်ကတော့ သိသိသာသာကြီးကို မြင်လိုက်ရပါတယ်။ မေတ္တာတရား ကြီးမား ပါတယ်ဆိုတဲ့ မြန်မာတို့ရဲ့ မေတ္တာတရားတွေ ဘယ်မှာလဲ။

    ကဲ – အဓိကပြောချင်တဲ့အကြောင်းအရာကို ဆက်ပြောပါ့မယ်။

     

    အဲဒါတွေကိုတွေ့တော့ ကျွန်မ တော်တော်တော့ရီချင်တယ်။ ကိုယ့်အမိမြန်မာနိုင်ငံမှာ ကိုယ့်လူအများစုက လူနည်းစုကို အနိုင်ထက်စီးနင်းလုပ်နေတာကို တစ်ခြားသူတွေက ပြောတော့ ဟိုလူ့ကန့်ကွက်၊ ဒီလူကန့်ကွက်နဲ့ လုပ်လိုလုပ်။ အမျိုးချစ်နေရင် ခေါ်သွားကြဆိုပြီးတော့တောင် ပြောလိုက်ကြသေးတယ်။ ထားပါတော့။ ‘ဂျူးမား၊ မရမာကြီးများသင်တို့နှင့်ကျွန်ုပ်တို့ ထပ်တူရှိပါသည်။’  ‘လူနည်းစုတို့၏ အခွင့်အရေးကို လေးစားပါ’တဲ့ တကယ်ကောင်းတဲ့ ဖေးမမှုလေးပါပဲ။ ဖြစ်သင့်ပါတယ်။ ကျွန်မလည်း ကိုယ့်အမိမြန်မာနိုင်ငံကို ထိပါးစော်ကားလာရင် အားလုံးနဲ့တစ်သားတည်း အဲလိုပဲ ရှိမှာပါပဲ။ မကောင်းမှုလုပ်ရင် ၀ဋ်ဆိုတာလည်တတ်တယ်၊ သံသရာရဟတ် တပတ်လည်တတ်တယ်ဆိုတာကို ကျွန်မတို့ လုံးဝမမေ့သင့်ပါဘူး။ ဒီတော့ ကိုယ့်ကို ထိတော့ နာတတ်ကြသလို “သြော် သူတို့မှာလည်း ……….” ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးရှိခဲ့မယ်ဆိုရင်တော့ ………………………. ။

     

  • “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ”

    “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ”

    မူရင်းဆောင်းပါးရှင် – ဝါးလုံးရှည်အတီး

    တို့မြန်မာတွေရဲ့ အမြင်စူးရှပြီး တလွဲဆံပင်ကောင်းပုံတချို့ကိုအနည်းငယ်ထင်ပြလိုပါတယ်ခင်မျာ။အခုတလော အတီးတင်တဲ့ရှေးဟောင်းပုံတွေမှာပါလာတတ်တဲ့ ကိုယ့်အဘိုးအဘွား အရွယ်လောက်ရှိတဲ့ လူမျိုးခြားတွေကို တချို့ကဘုမသိ၊ဘမသိနဲ့ အသားလွတ် ဝင်ရောက် ဆဲဆိုတာတွေ၊နောက်ပိုင်းမှ နိုင်ငံကို အခြေချလာပြီး အောက်တန်းစားအလုပ်တွေကို လုပ်ကိုင်နေကြသူတွေ အဖြစ် ရှု့မြင်လာကြတာကို အတော်များများတွေ့လာရပါတယ်။

    အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့မြေပုံ(၁၇၅၅ ခုနှစ်)
    Photo via Ye Myat Thu

    ဒီလို မိုက်ရိုင်းတဲ့ အယုတ္တ အနတ္တ စကားလုံးတွေကိုတော့ ကောမန့်ကနေဖယ်ရှားတာကလွဲပြီး ဘာမှတုံ့ပြန်မှာမဟုတ်ပေမဲ့လဲ ပြန်ကြားရေး စာအုပ်ထဲက လေသံဖြင့် ရန်ကုန်မြို့ သမိုင်းကို ဝေဖန်မိသော လူများအတွက်တော့ ဖြေရှင်းချက်ပေးပါရစေ။ တကယ်တော့ ဒါတွေဟာ သိပ်အထူးအဆန်းတော့လဲ မဟုတ်လှပါဘူး။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကြီးဟာ မျိုးဆက်နှစ်ခုစာမက အမှောင်ချခံထားရတဲ့ ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရလို့ပါပဲ။ ဒီလိုပြောလို့ ကျွန်တော်ဟာလဲ သမိုင်းပညာရှင်ကြီးမဟုတ်ပဲ ဝါသနာအရ အလွတ်တန်း လေ့လာလိုက်စားတဲ့ ဝါသနာရှင်တဦးသာဖြစ်ကြောင်းကိုကြိုတင်အသိပေးထားပါရစေ။ ဆက်လက်ပြီး “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက်အခြေချနေထိုင်ပုံကို ကျွန်တော် လက်လှမ်းမှီသလောက်လေး တင်ပြပေးပါရစေ။

    တကယ်တော့ ဒီ တရုတ်၊ကုလားစတဲ့ လူမျိုးတွေဟာ အများထင်သလို အင်္ဂလိပ်လက်ထက်လောက်မှာမှ ရုတ်တရက်ကြီး ဝင်ရောက်အခြေချပြီး လူဦးရေဗုံးဘောလလော တိုးပွါးလာတာမဟုတ်ပါဘူး။ကိုလိုနီခေတ်မရောက်မှီ အောက်မြန်မာနိုင်ငံကိုမြန်မာများမသိမ်းပိုက်မှီ မွန်ဘုရင်များ အာဏာသက်ရောက်စဉ်ကာလတွင်းမှာပင် ဒဂုံ၊သန်လျင်၊ အစရှိတဲ့ အရပ်ဒေသများကိုဝင်ရောက်အခြေချနေထိုင်မှူတွေရှိနေပြီဖြစ်ပြီး မြန်မာဘုရင်များ ရန်ကုန်မြို့ကို အာဏာသက်ရောက်စဉ်မှာတော့ သူတို့ရဲ့အခြေချမှုဟာ အတော်လေးကို ခိုင်မာနေပြီဖြစ်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်လက်လွတ်စံပယ်ရမ်းပြောတာမဟုတ်ပါဘူး။ တကယ်ရှိခဲ့တဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းအမှန်ကိုတင်ပြနေခြင်းသာဖြစ်ပါတယ်။ကောင်းပါပြီ။ ဆက်လက်ပြီး အထောက်အထားများနဲ့တင်ပြပေးပါ့မယ်။

    ၁၃ ရာစုမတိုင်မှီကပင် အိန္ဒိယ၊အာရပ် ရေကြောင်းသွား ကုန်သည်တို့သည်မလက္ကာရေလက်ကြားနှင့် အင်ဒိုနီးရှား ဂျာဗားကျွန်းသို့ အသွား သန်လျင်မြို့တွင် ခရီးတထောက် နားကာ ရေချိုနှင့်စားနပ်ရိက္ခာဖြည့်တင်းခြင်း၊ သင်္ဘောကြံ့ခိုင်မှူများ ပြန်လည်စစ်ဆေးခြင်း၊တည်ဆောက်ခြင်းများရှိနေပြီဖြစ်ပါသည်။

    မွန်ဘုရင် ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဟာ အိမ်နိမ့်စံ မင်းသားဘဝနှင့် ဒဂုံ(ရန်ကုန်)အရပ်ကို အခြေစိုက်ပြီး ဟံသာဝတီထီးနန်းကို ပုန်ကန်ခြားနားစဉ်က ရာဇာဓိရာဇ်ဟာ အိန္ဒိယပင်လယ်မှရောက်ရှိလာကြတဲ့ မွတ်စလင် အာရပ် သင်္ဘောသားတွေရဲ့အကူအညီကို ရယူခဲ့တာ ယုံမှားသံသယဖြစ်ဖွယ် မရှိကြောင်းကို B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်မှာ ဒီလိုရေးသားထားပါတယ်။

    During his occupation of Dagon, Razadarit had been aided by certain Muslim seamen, doubtless some of the Arabs who traded across the Indian Ocean so freely in these days; and this would suggest that the River was now being frequented by foreign sailors who took their merchandise through the Delta creeks to Pegu.

    အလောင်းမင်းတရားကြီး လက်ထက် ၁၇၅၅ အရောက်မှာတော့ လူမျိုးခြားများရဲ့ ရန်ကုန်မြို့မှာ အခြေချနေထိုင်မှူကို နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့ သမိုင်းစာအုပ်ရဲ့ စာမျက်နှာ ၂၄ မှာဒီလိုရေးသားထားပါတယ်။

    (အရှေ့နှင့်အနောက်ဖောက်လုပ်ထားသော လမ်းမှာယခုကမ်းနားလမ်း မြောက်ဘက်အနီးတွင်ရှိ၍ကုလားတန်းဟုခေါ်သည်။ကုလားတန်းဟုခေါ်ခြင်းမှာ အိန္ဒိယတိုင်းသားများနှင့် ဥရောပတိုက်သားများ ထိုစဉ်အခါက ဝင်ရောက်အခြေချနေထိုင်သည်ကို အစွဲပြု၍ကုလားတန်းဟုခေါ်သည်။အင်္ဂလိပ်ကိုကုလားဖြုဟုခေါ်၍ အိန္ဒိယတိုင်းသားများကို ကုလားမဲဟုခေါ်သည်။မြို့တွင်း၌ မြို့ဝန်မင်းအိမ်တော်နှင့် ရုံးတော် စစ်ကဲ၊စစ်ကြပ်၊ဗိုလ်မှူးစသော အရာရှိအိမ်များ၊ မဟာမေဒင် ဘလီ ၊ဘုရင်ဂျီ ဘုရားရှိခိုးကျောင်း၊အာမေနိယံ ဘုရားရှိခိုးကျောင်းနှင့် အကောက်ရုံးတော်နှင့် ဆင်းရဲသားအိမ်များရှိသည်။နိုင်ငံခြားသားများသည် ရောင်းဝယ်ဘောက်ကား၍နေထိုင်ကြသည်။သင်္ဘောဆိပ်များနားတွင် ကုန်တင်ကုန်ချရန်ပစ္စည်းများကို သိုလှောင်ရန်ဂိုဒေါင်များရှိသည်။၎င်းသင်္ဘေင်္ာဆိပ်သုံးခုအနက် တခုမှာ ယခုလတ္တာလမ်းတွင် တရုတ်လူမျိုးတို့၏ သင်္ဘောများ ဆိုက်ကပ်ရန်မြန်မာမင်း၏ ခွင့်ပြုချက်အရ သင်္ဘောဆိပ် တခုရှိသည်။တရုတ်လူမျိုးများလည်းတစတစဝင်ရောက်စီးပွါးရှာပြီးလျှင် ဆိပ်ကမ်းအနီးတွင် ရပ်ကွက် သီးခြားနေထိုင်ကြသည်။ ကျန်သင်္ဘောဆိပ်တခုမှာ အခြားနိုင်ငံများမှလာသော သင်္ဘေင်္ာများဆိုက်ကပ်ရန်ဖြစ်သည်။ဥရောပတိုက်သားများသည် ရန်ကုန်မြို့၌လာရောက်နေထိုင်ကြသည်။၎င်းတို့အနက် အချို့ကား ကုန်သည်များဖြစ်ကြ၏။ တချို့ကား မြန်မာဘုရင်များထံ၌ ကျေးတော်မျိုး၊ကျွန်တော်မျိုး အဖြစ် ဝင်ရောက်အမှုထမ်းကြ၏။မစ္စတာ ဂျောင်းဆေးဆိုသူနှင့် ဘာဘာရှိန်(Mr Jhaunsay and Baba Sheen)တို့သည် အကောက်ခွန်အရာရှိနှင့် အခွန်ဝန်အဖြစ် ဆောင်ရွက်ကြသည်။) ဟူ၍ အထင်အရှားပါရှိပါသည်။

    တဖန် B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်ထဲမှာလဲ ဒီလိုဖော်ပြထားပါသေးပါတယ်။

    inside the stockade, which, as suburbs grew up, came to be known as “the Fort” (the strict meaning of the Burmese myo), the town consisted primarily of three streets running east to west, and two running south to north; l there were other minor streets also, including one immediately behind and parallel to the southern side of the sodckade. The southernmost of the major east-west streets, running slightly north of the present Strand Road, came to be known as the Kaladan, “the street of the foreigners”, because most of the foreign merchants lived there.

    အင်္ဂလိပ်လူမျိုးကော၊မြန်မာလူမျိုးက ပါပြုစုထားတဲ့ရာဇဝင်ကျမ်းအချက်မှန်၊မမှန်ကို ကျွန်တော်တင်ပြထားတဲ့ပုံမှာပါရှိတဲ့ ဗလီများ။ ဘုရားရှိခိုးကျောင်းများ၊အာမေးနီးယမ်း သချိုင်းနေရာများနဲ့တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။

    ဒီအထောက်အထားတွေကိုကြည့်ချင်းအားဖြင့် ဝင်ရောက်အခြေချနေထိုင်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သာသနာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသလိုဒေသခံများကနေ တခြားဘာသာများကို ကူးပြောင်းကိုးကွယ်တာမျိုးရှိနိုင်သလို လူမျိုးခြားကနေ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုမိမိနှလုံးသားမှ ကြည်ဖြူစွာကူးပြောင်းသွားသူများလဲ ရှိပါတယ်။ သက်သေအဖြစ်ပြရမယ်ဆိုရင်ဖြင့် B. R. Pearn ရဲ့ A History of Rangoon စာအုပ်မှာပဲ ဒီလိုဖော်ပြထားပါတယ်။

    The easternmost road, which was an extension of the town road corresponding with modern Lewis Street, passed out through the Wungyi’s gate and was known as the Wungyi’s Road; the name was derived from the circumstance that the town road of which the Wungyi’s Road was the extension ran past the Myowun’s residence. This road ran from the gate in a direction slightly west of north and at about the point where the Sots Kirk now stands came on to the line of the modern Signal Pagoda Road and so to the Pagoda. These roads were both paved with bricks by a Muslim merchant who turned Buddhist.

    ဒါကိုကြည့်ချင်းအားဖြင့် ဝန်ကြီးလမ်း(ယခု အလံပြဘုရားလမ်း အနီးဟုခန့်မှန်းရ)လို့ခေါ်တဲ့ လမ်းကို အလံပြဘုရားလမ်းနှင့် ရွှေတိဂုံဘုရားထိရောက်အောင် ဖောက်လုပ်လှုဒါန်းခဲ့သူမှာ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာသူ မွတ်စလင် ကုန်သည်တယောက် ( Muslim merchant who turned Buddhist.) ဖြစ်ခဲ့တယ်ဆိုတာကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။

    ဒီလောက်ဆိုရင်တော့ လူမျိုးခြားတွေဟာ အင်္ဂလိပ်ခေတ်လောက်မှ တပြုံတခေါင်းကြီးဝင်ရောက်လာတာမဟုတ်ဘူးဆိုတာကိုအားလုံး သဘောပေါက်ကျေနပ်နိုင်ကြမယ်ထင်ပါတယ်။ ကိုလိုနီခေတ်ရောက်မှ လူဦးရေတိုးတက်လာတာတော့ အမှန်ပါပဲ။ ဒီအကြောင်းကို လက်လှမ်းမှီသလောက်လေး ကျွန်တော်တင်ပြပေးပါရစေ။ အင်္ဂလိပ်တွေဟာ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ မြို့များတည်ဆောက်ရန်နှင့် မီးရထားလမ်းဖောက်လုပ်ရန် အတွက် လိုအပ်တဲ့လုပ်သားအများအပြင် စီးပွါးရေးလုပ်ကိုင်နိုင်တဲ့ အရင်းရှင်ကုန်သည်တချို့ကိုပါ အိန္ဒိယနိုင်ငံမှတဆင့်ခေါ်သွင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ဘာသာရေးနဲ့မဆိုင်တော့ဘူးလို့ထင်ပါတယ်၊ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုတော့ ဝင်ရောက်လာတဲ့ အလုပ်သမားအများစုမှာ ယေဘုယျအားဖြင့် အိန္ဒိယလူမျိုး ဟိန္ဒုဘာသာဝင်တွေဟာ မြို့ပြတည်ဆောက်ရေးလုပ်ငန်းခွင်တွေနဲ့အခြေခံလုပ်ငန်းခွင်များ။ အိန္ဒိယလူမျိုး ခရစ်ယာန်ဘာသာဝင်တွေ အတော်များများဟာ မီးရထားလမ်းဖောက်ရေး လုပ်ငန်းခွင်အတွင်း(ရန်ကုန် ပဲခူးမီးရထားလမ်းမတလျှောက် ထို အိန္ဒိယ -ခရစ်ယာန် ဘာသာဝင် ကျေးရွာကြီး တွေကို အခုထိတွေ့မြင်နိုင်ပါတယ်)အိန္ဒိယလူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ အရောင်းအဝယ်နှင့် ကုန်သည်လုပ်ငန်း၊အိန္ဒိယတောင်ပိုင်းသားဖြစ်တဲ့ ချစ်တီးလူမျိုးတွေဟာ ငွေတိုးချေးတဲ့လုပ်ငန်းတွေကို အားသန်လုပ်ကိုင်ကြတာကိုတွေ့ရပါတယ်။ ဒီတင်ပြချက်ဟာ ကျွန်တော်သိထားသလောက် အကြမ်းဖျင်းတင်ပြချက်သာဖြစ်ပြီး လူမျိုးတမျိုးကို အလုပ်အကိုင်တခုနဲ့ ဘယ်လိုမှတရားသေ တွဲစပ်လို့မရနိုင်ပါဘူးခင်မျာ။မည်သည့်လူမျိုးက မည်သည့်လုပ်ငန်းကိုလုပ်ကိုင်သည်ဖြစ်ပါစေ သမ္မာအာဇီဝါကျပြီး ရိုးသားဖို့ပဲလိုအပ်ပါတယ်။သူ့ဟာသူ ချီးပုံးပဲထမ်းထမ်း၊အမှိုက်ပဲ ကျုံးကျုံး ရိုးသားစွာရတဲ့ ငွေဖြစ်တဲ့ အလွန်ဖြုစင်ပါတယ်။

    ဒီအလုပ်တွေကိုအောက်တန်းစားအလုပ်အဖြစ် နှိမ့်ချရှုမြင်တဲ့လူဟာ သူရဲ့ပင်ကိုယ်အတွင်းစိတ်မကောင်းမှူနဲ့ စာဖတ်အားနည်းသူများလို့ပဲကျွန်တော်ရှူမြင်မိပါတယ်။ နောက်ပြီး တချိန်က ဒီလိုဘယ်သူမှမလုပ်ချင်ခဲ့တဲ့ အလုပ်တွေကိုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အနူမြုဗုံးတောင် ပိုင်ဆိုင်နိုင်ပြီး ကျွန်တော်တော့ ရွှေမြန်မာတွေကတော့ လူများနိုင်ငံတွေမှာ ဒီလိုအလုပ်တွေလုပ်ဖို့ တစတစနဲ့ မွေးရပ်မြေကို စွန့်ခွါနေရတာကို လူတိုင်းသိနိုင်ပါတယ်။ ကံကြမ္မာ လှည်းဘီးဆိုတာမျိုးဟာ တပတ်လည်တတ်ပါတယ်။ဆင်ခြင်နိုင်ကြပါစေ။

    ဒီနေရာမှာ ကြုံလို့ပြောချင်တာကတော့ အများသိထားတဲ့နာမည်ကျော် ချစ်တီးလူမျိုးတွေဟာ မွတ်စလင်တွေမဟုတ်ကြပါဘူး။ခရစ်ယာန်ဘာသာကိုးကွယ်တဲ့လူများရှိသလို အမဲသား၊ဝက်သား မစားပဲ ဟိန္ဒု၊ဗုဒ္ဒဘာသာများဖြစ်ပါတယ်။ ကျွန်တော်ပြောတာကို မယုံဘူးဆိုရင်တော့ ရန်ကုန်မြို့က ချစ်တီးထမင်းဆိုင်တဆိုင်ထဲကို ဝင်ထိုင်ပြီး ဟေ့၊ အမဲသားဟင်းနဲ့တပွဲပေးစမ်းကွာလို့သာမှာကြည့်လိုက်ကြပါခင်မျာ။ နောက်ပြီး ကျွန်တော်တို့ ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ တောင်သူလယ်သမားတွေကိုနှိပ်စက်ခဲ့တဲ့ ချစ်တီးတွေရဲ့ အတိုးနှုန်းဟာလေးကျပ်တိုးပါ။ ယခုအချိန်ကိုယ့်မြန်မာအချင်းချင်း အပေါင်မပါပဲချေးငှါးကြည့်လိုက်ပါ။ အနည်းဆုံး ၂၀ တိုးနဲ့ပဲရပါလိမ့်မယ်။ အပေါင်ပစ္စည်းပါရင်တော့ ဘယ်ဈေးလဲဆိုတာလူတိုင်းသိမှာပါ။ အင်္ဂလိပ်ခေတ်နဲ့ လက်ရှိခေတ်ငွေဖောင်းပွမှူကတော့ ကွာတာပေါ့လေ။

    တကယ်တော့ ဒီလိုပုံထဲမှာပါလာကြပြီး ဆဲဆိုခံနေရတဲ့လူတွေဟာ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံကို ကူးစက်လာချိန် ၁၉၄၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံဘက်ကို မှီရာ သင်္ဘော၊ကား၊ရထားသုံးပြီး အမြန်ပြန်ပြေးရပါတော့တယ်။ဘာယာဉ်မှ အသုံးပြုဖို့ မမှီလိုက်သူတွေကတော့ ကြမ်းတမ်းတဲ့လမ်းခရီး ကို ကခြေလျင် ပြန်ပြေးရပါတော့တယ်။ အဲလိုပြန်ပြီး စစ်ဘေးဒါဏ်ရှောင်တဲ့လူတွေရဲ့တဝက်လောက်ကတော့ စစ်ဘေးဒါဏ်၊ရာသီဥတု၊ငတ်မွတ်ခေါင်းပါးမှူနဲ့ ရောဂါဘယများအစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံဘက်ကို မရောက်မှီလမ်းမှာပဲ ဇီဝန်ကြွှေသွားကြပါတော့တယ်။

    ကိုလိုနီခေတ်ရန်ကုန်မြို့နေလူထုဟာ မြန်မာလူမျိုးများထက် ဥရာပတိုက်သားများ၊ လူမျိုးခြားများက ပိုမိုများပြားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရောင်စုံသူပုန်သာင်းကျန်းသူတွေရဲ့ ရန်ကြောင့် နယ်ဝေးနေ မြန်မာလူမျိုးများရန်ကုန်မြို့ကိုတိုးတက် အခြေချလာခြင်းသာဖြစ်ပါတယ်။

    အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဖြင့် အတီးတင်ပေးထားတဲ့ဓာတ်ပုံဟာ တချိန်ကကိုယ့်နိုင်ငံရဲ့ သမိုင်းဟာ ဒီလိုတောက်ပြောင်ခဲ့တယ်ဆိုတာတယ်၊ အများပြည်သူ ဗဟုသုတရစေနိုင်ဖို့သာရည်ရွယ်ပါတယ်ခင်မျာ။သူ့ဟာသူ တကယ်တည်ရှိခဲ့လို့ ဓာတ်ပုံထဲမှာပါလာတဲ့ ကိုယ့်အဘိုး၊အဘွားအရွယ်တွေကို တလွဲမာန နဲ့ အသားလွတ်ထိုင်ဆဲဖို့မဟုတ်ပါဘူးခင်မျာ။ ဒါမှ မဟုတ်ပဲ ဒါငါ့နိုင်ငံကွ မနေချင်ထွက်သွားဆိုတဲ့လူများအတွက်လဲ တခုပြောချင်ပါတယ်။ သူတို့တွေကို ဘယ်သူမှ မောင်းထုတ်ဖို့မလိုပါဘူးခင်မျာ။ တစတစ ယိုယွင်းလာပြီဖြစ်တဲ့ မွေးရပ်မြေကို လူမျိုးခြားတွေရော၊ မြန်မာလူမျိုးတွေ ကိုယ်တိုင်ပါ ရေကြည်ရာမျက်နုရာ ထွက်ခွါနေကြတာ လူတိုင်းအမြင်ပါပဲ။ဒါမှ မဟုတ်ရင်လဲ အတီးတင်ပေးထားတဲ့ ပုံလေးတွေကို ဒေါင်းလုပ်ချ။ ပြီးရင် ဖိုတိုရှော့ထဲထည့်။ မမြင်ချင်တဲ့ ကုလားများ၊တရုတ်များ ကို ဖယ်ရှားပစ်ပြီးတော့ “တချိန်တုန်းက အရှေ့တောင်အာရှမှာ အလှဆုံးဖြစ်ခဲ့ဖူးသော မြန်မာလူမျိုးသီးသန့် နေထိုင်သည့် မဟာရန်ကုန်ရွှေမြို့တော်” တို့ “လူမျိုးခြား ကင်းစင် မြန်ပြည်တခွင်” တို့ဘာတို့လို ခေါင်းစဉ်များတပ်ပြီး ပျော်ပျော်ပါးပါးကြီးသာ ရှဲကြပေလေတော့။

    ကျွန်တော်ဟာ သမိုင်းပညာရှင်မဟုတ်ပဲ အလွတ်တန်း လေ့လာတဲ့ ဝါသနာရှင်တယောက်သာဖြစ်တဲ့ အတွက် ကျွန်တော့တင်ပြချက်မှာ အမှားအယွင်းများ ပါရှိခဲ့သည်ရှိသော် ထောက်ပြဝေဖန်ပေးပါရန်စာရှူသူမိတ်ဆွေများအား လေးစားစွာပန်ကြားအပ်ပါသည်။ ဒီပို့စ်ဟာ ကုလားသမိုင်း၊တရုတ်သမိုင်း မဟုတ်သလို ရိုဟင်ဂျာသမိုင်းလဲမဟုတ်ပါ။ရန်ကုန်မြို့သမိုင်းစစ်စစ်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပြုသဘော ဆောင်သော ဆွေးနွေးချက်များ၊ဝေဖန်ချက်များကို တလေးတစားနှင့်ပြန်လည်ဖြေကြားမှာဖြစ်သောလည်း ပို့စ့်နှင့်မဆိုင်သော ကိစ္စများနှင့် ရိုင်းစိုင်းသော ကောမန့်များကိုတော့ ဖယ်ရှားရမည်ဖြစ်ကြောင်းကိုဝမ်းနည်းစွာဖြင့် ကြိုတင်အသိပေးလိုက်ရပါတယ်ခင်ဗျာ။

    အကိုးအကား

    နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့သမိုင်း

    B. R. Pearn, Corporation of Rangoon, American Baptist Mission Press, Rangoon, 1939 ရေးသားသော A History of Rangoon

    http://www.tuninst.net/Myanmar/Hist_Rgn/found-rgn/alaungpaya-rgn1/alaungpaya-rng1.htm#ALAUNGPAYAS-RANGOON-1

    Photo via Ye Myat Thu

     

    မူရင်းဆောင်းပါးရှင် – ဝါးလုံးရှည်အတီး ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၂) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ

    စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၂) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ

    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂

    စာတမ်းပြုစုရေးသားသူ

    ဖိုးလှိုင် (B.Sc, H.G.P,R.L)

     

    အခန်း-၁

    (၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ

    (က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ

    (၁) မုဒိန်းမှုကျူးလွန်သူတရားခံများ၊
    (၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်၊
    (၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ဦး၊
    (၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား၊
    (၅) ၁၀လောင်းပြိုင်လူသတ်မှု၊  (အပိုင်း-၁) တွင် ဖော်ပြထားပြီးဖြစ်သည်။

    (ခ)ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ

    (၁) ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားမမှန်
    (၂) သမိုင်းဖျောက်ဖျက်ခြင်း
    (၃) မမှန်သတင်းဖြန့်ခြင်း၊ ပုံကြီးချဲ့ခြင်း
    (၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ
    (၅) အမိန့်မရလျှင် ရေတောင်မသောက်ရ
    (၆) (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေကိုဖောက်ဖျက်ကျူးလွန်သူဘယ်သူလဲ အပိုင်း (၂) တွင်ဖော်ပြပါမည်။
    (၇) ကမ္ဘာကသိသော ကမ္ဘာကျော် နဂါးမင်းစီမံချက်
    (၈) လှေစီးပြီး ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပြေးကြမလား လိုက်ချင်လျှင် ပိုက်ဆံပေး
    (၉) ပြည်တွင်းနေ ခရီးသွားများအား သတ်ဖြတ်ကြ
    (၁၀) ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပေါက်ပေးပါ
    (၁၁) ဘယ်ဘက်လက်မောင်းတွင် ကျောက်ရောဂါကာကွယ်ဆေးထိုး ထားပါသလား
    (၁၂) ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့(ရှ်)နယ်စပ်ရှိ ချင်းပြည်သူများ နိုင်ငံခြားသို့ ဘယ်အပေါက်မှ ထွက်ပြေးကြသလဲ
    (၁၃) ပိန်းရွက်စားကြမလား
    (၁၄) စကပ်ချွတ် – ထဘီဝတ် – ထဘီချွတ် – စကပ်ဝတ် ပဋိပက္ခ၏မူလအကြောင်းခံတစ်ရပ်
    (၁၅) ရွာဘုရား ရွာသား မလေးစား
    (၁၆) တော်လှန်ရေးကောင်စီ၏ လူမျိုးစု (၁၃၅)မျိုး
    (၁၇) လူမျိုးစု (၁၄၄)မျိုးစာရင်း ဘယ်ပျောက်နေသလဲ (၉)မျိုး ဘယ်လို ပျောက်သွားသလဲ
    (၁၈) အကြမ်းဖက်သမားက ကိုဆိုဗိုနှင့် ပါလက်စတိုင်းကို ထောက်ပြ၍ လှုံ့ဆော်ခြင်း
    (၁၉) ရခိုင်ပြည်နယ်ပဋိပက္ခသည် ဘာသာရေးပဋိပက္ခဟုတ်/မဟုတ်
    (၂၀) ဝတ်ကျောင်းတော်များနှင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း
    (၂၁) ပုဒ်မ(၁၄၄)ကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း
    (၂၂) လူမျိုး(၂)မျိုးကြား ရန်တိုက်ပေးနေပါသလား
    (၂၃) အင်းစိန်ထောင်မှ နှစ်ရှည်ထောင်ကျ ရိုဟင်ဂျာ-မူဂျာဟစ်များ၊ ဘယ်ပျောက်သွားသလဲ

    (၁) ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သဘောထားမမှန်

    ပြန်ကြားရေးဝန်ကြီးဋ္ဌာနသည် မူလကတည်းက သဘောထားမမှန်သည့် အကြောင်းခံများစွာရှိပါသည်၊ အချို့ ကို တင်ပြလိုပါသည်၊ ကျောက်နီမော် မုဒိန်းမှုနှင့် တောင်ကုတ်လူသတ်မှုတို့ နှင့်စပ်လျဉ်း၍ သတင်းကြေညာပုံ သဘောထား မမှန်ကြောင်း၊ အားလုံးသိပြီးဖြစ်သည်။ သတင်းစာပြင်ဆင်ချက်တွင်လည်း သဘောထားမမှန်ကြောင်း သိရပြန်ပါသည်။ ၎င်းတို့ ၏ပြင်ဆင်ချက်တွင် “ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ’’ ဟု ပြင်ဆင်ရေးသားပါသည်။ အဓိပ္ပါယ်မှာ အစ္စလာမ်ဘာသာဝင်များသည်၊ နိုင်ငံမဲ့များဖြစ်သည်ဟုဆိုလိုရာရောက်ပါသည်၊ စော်ကားရာလည်း ရောက်ပါသည်။ အရေအခင်းဖြစ်ရန် လှုံဆော်ရာလည်း ရောက်သည်။ အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ်အချိန်ကစ၍ အစိုးရအဆက်ဆက်က တရားဝင်ပြန်တမ်းဝင် အမည်များစွာရှိပါလျက်၊ ပြန်တမ်းဝင်အမည်များကို မသုံးစွဲဘဲ သဘောထားမမှန်သည့်အမည်များကို တီထွင်သုံးစွဲခဲ့ပါသည်။

    ယခင်အခါများကလည်း အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်း၍ အခြားသူများထက်ပို၍ ကန့် သတ်ခံခဲ့ရပါသည်။ နှိမ့်ချဆက်ဆံခံရပါသည်။ ထိုသို့ သဘောထားမမှန်သည့် အချက်အလက်များသည် ပဋိပက္ခများကို ဖြစ်ပွားစေသည့် မူလအကြောင်းခံများဟု မှတ်ယူပါမည်။ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အမှန်အတိုင်းတင်ပြခွင့်၊ဖော်ပြခွင့်၊ရေးသားခွင့် များကို မရရှိသဖြင့် အစ္စလာမ်ဘာသာဝင်များ၏ ခံစားချက်များ၊အသံများကို ၊ပြန်ကြားရေးဝန်ကြီးဋ္ဌာနအနေဖြင့်လုံးဝ နားမလည်နိုင်ပါ။ အစ္စလာမ်ဘာသာဝင်များ၏စာအုပ်စာတမ်းများလည်း မရှိသလောက် ရှားပါးပါသည်။ မြန်မာမင်းများ၊ ရခိုင်မင်းများ လက်ထက်က စာအုပ်စာတမ်းများတောင် ပြန်လည်၍ ဖော်ပြရန် အလွန်ခက်ခဲပါသည်။မြန်မာဘာသာပြန် ကျမ်းစားများလည်း ရှားပါးပါသည်။ ဤသို့ ဖြင့် အစ္စလာမ်ဘာသာဝင်များနှင့် အခြားပြည်သူများ နားလည်မှု လွဲမှားနိုင်ပါသည်။

    အစ္စလာမ်ဘာသာဝင်များ၏ စာအုပ်စာတမ်းများကို ပြည်ထောင်စုသားအားလုံးဖတ်ရှု သိရှိနိုင်ရန်၊ နားလည်မူရနိုင်ရန်၊ တရားဝင် ရေးသားထုတ်ဝေလိုသူများရှိကြပါသည်။ သို့ မှသာပြည်ထောင်စုသားအားလုံး တစ်ဦးကိုတစ်ဦးနားလည်နိုင်ကြ ပေမည်။ ယခုတွင်မူ ပြန်ကြာရေးဝန်ကြီးဋ္ဌာနကိုယ်တိုင်က အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်း၍ နားလည်မှုခေါင်းပါး ကြောင်းတွေ့ ရပါသည်။ သဘောထားလည်းမမှန်ကြောင်း သုံးသပ်၍ရပါသည်။အကယ်၍ ဤပဋိပက္ခများ မဖြစ်မီကတည်းက တည်ရှိနေသော စွပ်စွဲချက်အချို့ ကို အစ္စလာမ်ဘာသာဝင်များ ကြိုတင်၍ အဖြေများပေးနိုင်ပါလျက်နှင့် ပေးခွင့်မရခဲ့ကြပါ။ အကယ်၍သာ ထိုစွပ်စွဲချက်များ၏ အဖြေကို အချိန်မီပေးခွင့်ရနိုင်ခဲ့လျှင် ယခုပဋိပက္ခကြီးကို ရှောင်ကောင်း ရှောင်နိုင်ခဲ့မည် ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်များသည် ရခိုင်ပြည်နယ်အပါအ၀င် ပြည်သူအားလုံး အေးချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရန်၊ အစ္စလာမ်ဘာသာဝင်များ အပေါ် နားလည်မူများရှိရန်၊ စာနယ်ဇင်းများတွင်၊ဆောင်းပါများ၊သတင်းများ၊ စာအုပ်စာတမ်းများ ရေးသားလိုကြပါသည်။သို့ သော် ရေးသားခွင့်မရှိပါ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ လွဲမှားသောသဘောထားအမြင်ဖြင့်၊ ဒေါက်ထောက်ကြည့်ခြင်းကိုသာ ခံရပါသည်။ နိုင်ငံခြားသား/နိုင်ငံမဲ့များအဖြစ်သာလျှင် ဆက်ဆံခံရပါသည်။ ပြစ်မှုကျူးလွန် အံ့ဆဲဆဲသော ပုဂ္ဂိုလ်များ အဖြစ်သာ ဆက်ဆံခံရသည်က များပါသည်။ထို့ ကြောင့် အစ္စလာမ်ဘာသာဝင်များအပေါ် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ အမြင်ကြည်လင်ရန်လိုပါသည်။သို့ မှသာ ပြည်သူများကလည်း အမြင်ကြည်လင်လာနိုင်ပါသည်။ သွေးထိုးလှုံဆော်မူများ အထိုက်အလျှောက်လျော့နည်းသွားနိုင်ပါသည်။ ထိုကြောင့်ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းများ တွင် မူလအကြောင်းအရင်းခံအဖြစ် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အကြံပြုပါသည်။

    (၂) သမိုင်းဖျောက်ဖျက်ခြင်း

    ရိုဟင်ဂျာများသည် ခိုးဝင်လာသူများ၊ တရားမ၀င် ၀င်ရောက်လာသူများ၊ အင်္ဂလိပ်ကလယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခေါ်လာသူများ၊ ဖြစ်သည်ဟူ၍လည်းကောင်း၊ တစ်ဖက်နိုင်ငံတွင်လူဦးရေးများနေသည်ဟူ၍လည်းကောင်း၊ အကြောင်းပြ လျှက်ဝါဒဖြန့် ချီမှုအမျိုးမျိုး၊သွေးထိုးလှုံ့ ဆော်မှုအမျိုးမျိုး ပြုလုပ်ကြပါသည်။ နိုင်ငံရေးပါတီ၂ခုကစာစောင်များ၊ အင်တာဗျူးများ၊ထုတ်ပြန်ချက်များ၊ အမျိုးမျိုးထုတ်ပြန်ကြပါသည်။သမိုင်းလိမ်များကို အမျိုးမျိုးအသုံးပြုကြပါသည်။ ရခိုင်မင်း အချို့  အစ္စလာမ်ဘာသာဝင်အမည်များ ရှိခြင်းကိုလည်း ဖုံးကွယ်ကြပါသည်။ ဒင်္ဂါးများအပေါ်တွင် ရိုဟင်ဂျာစာများ ရှိနေခြင်းကိုလည်း ဖုံးကွယ်ပါသည်။ အခြားထင်ရှားသည့် သမိုင်းအထောက်အထားများကိုလည်း လိမ်ညာဖော်ပြကြ ပါသည်။ထိုသို့ လိမ်ညာဖော်ပြနိုင်ရန်၊ ပဋိပက္ခဖြစ်သည့်အခါတိုင်း သမိုင်းဝင်ရိုဟင်ဂျာဝတ်ကျောင်းတော်များ၊ စာသင်ကျောင်းများ၊ဒရ်ဂါများ၊ အခြားထင်ရှားသည့် အဆာက်အဦးများကို ဖျက်ဆီးဖျောက်ဖျက်ကြပါသည်။ အစိုးရအဆက်ဆက်ကလည်း ၀တ်ကျောင်းတော်များ၊စာသင်ကျောင်းများ၊သမိုင်းဝင်သင်္ချိုင်းများနှင့် အခြေားအဆောက်အဦးများကိုပါ၊ ဖျက်ဆီးတတ်ကြပါသည်။

    ထိုကြောင့်သမိုင်းလိမ်ရေးသားလိုသူများအတွက်၎င်း၊ ရိုဟင်ဂျာသမိုင်းကို ဖျောက်လိုသူများအတွက်လည်းကောင်း၊ များစွာအထောက်အကူပြုရာကြသည်။ယခုအခါ ရခိုင် ပြည်နယ်သမိုင်း ဆွေးနွေးကြသည့်အခါ၊ ဓါးထမ်း၍ ဆွေးနွေးကြရမည့်အခြေအနေသို့ ရောက်နေပါသည်။ပဋိပက္ခကိုသာ ဦးတည်နေပါသည်။အနာဂတ်တွင် ပဋိပက္ခမဖြစ်ပေါ်စေရန် ၊အထူးလိုအပ်ပါသည်။နိုင်ငံတကာသမိုင်းဝင်သုတေသီများက ရေးသားသည့် သမိုင်းများကိုသာ ဘက်မလိုက်သမိုင်းများ အဖြစ်ရှာဖွေစုဆောင်း၍ သုံးသပ်ရန်လိုအပ်ပါသည်။
    ရခိုင်မင်းများသည် စစ်တကောင်းမြို့ မှ၊မော်လမြိုင် ထားဝယ်အထိ အုပ်ချုပ်ခဲ့သည်ကိုသမိုင်းအထောက်အထားများတွင် တွေ့ နိုင်သည်။ ထိုသို့ ကြီးမားကျယ်ဝန်းသော နိုင်ငံတော်ကြီးကို လူမျိုးတစ်မျိုး၏ အင်အားဖြင့်တည်ထောင်ခဲ့သည်မဟုတ် ရိုဟင်ဂျာများအပါအ၀င်၊ နိုင်ငံသားလူမျိုးပေါင်းစုံက စည်းစည်းလုံးလုံး ပါဝင်ထမ်းဆောင်ခဲ့ကြောင်းတွေ့ ရပါသည်။ ဘုရင်မင်းမြတ်များကလည်း ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်ခဲ့သည့်အပြင် ဘုရင်မင်းမြတ်တို့ ၏အမည်များတွင် ရိုဟင်ဂျာအမည်များ ၊ဒင်္ဂါများတွင်လည်း ရိုဟင်ဂျာစာသားများ အတိအလင်းဖေါ်ပြခဲ့ကြောင်း အထင်ရှားတွေ့ ရပါသည်။ ယခုအချိန်တွင် စည်းလုံးမူ ပျက်ပြားလျက် တဖက်တစ်မျိုး လိုရာအဓိပ္ပါယ်ဖွင့်ဆိုနေကြပါသည်။အငြင်းအခုန်ပြင်းထန်နေကြ ပါသည်။ ရခိုင်မင်းများ၏ အထက်ပါစေတနာများမှာ ယခုအခါဝေဒနာဖြစ်နေပါသည်။ကြားလူများ ၀င်ကူမှငြိမ်းချမ်းပါ တော့မည်။အနာဂတ်တွင်ပဋိပက္ခများ မဖြစ်စေရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ရပါမည်။ ကိုယ်လိုရာရေးဆွဲသည့် သမိုင်းလိမ်များ၊ ဘက်လိုက်သမိုင်းများကိုရှောင်ရပါမည်။ကျန်ရှိနေသည့် သမိုင်းဝင် အဆောက်အဦးများအပါအ၀င်၊သမိုင်းအထောက်အထားများကို နိုင်ငံတော်မှ တာဝန်ယူထိန်းသိမ်းရန်လိုအပ်ပါသည်။ သမိုင်းဝင်အထောက်အထားအနည်းငယ်သာ ကျန်ရှိတော့သည်ဟု ယုံကြည်ပါသည်။ထပ်မံဆုံးရူံးပျောက်ပျက်မည်ကို အလွန်စိုးရိမ်ပါသည်။

    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသည့် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း စာအုပ်သည်ဘက်မလိုက် ကြားနေစာအုပ်အဖြစ် မှတ်ယူပါသည်။ ထိုစာအုပ်အရ မိုဟာမက်ရှား အမည်ပါရခိုင်ဘုရင်ကိုတွေ့ ရပါသည်။ မိုဟာမက် ဟူသည့်အမည်သည် ကမ္ဘာက သိသည့်ကမ္ဘာကျော်အမည် ဖြစ်သည်။ ဒင်္ဂါများပေါ်တွင်လည်း ‘ အလ္လာအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ခံထိုက်သူမရှိ၊ မိုဟာမက်သခင်သည် အလ္လာ၏တမန်တော်ဖြစ်သည်ဟု ၊ဖော်ပြကြောင်းသိရပါသည်။ အလားတူ အင်္ဂလန်နိုင်ငံပြတိုက်များတွင်လည်း ရခိုင်ပြည်၏သမိုင်းအထောက်အထား များစွာရှိကြောင်း တွေ့ ရပါသည်။ ထို့ ကြောင့် နိုင်ငံတကာအပါအ၀င် ကျန်ရှိနေသည့် သမိုင်းအထောက်အထား အကြွင်းအကျန်များ၊ ရှေးဟောင်းစာအုပ်များ စုဆောင်း၍ ထိန်းသိမ်းရန် လိုအပ်ပါသည်။ သို့ မှသာ ပဋိပက္ခဖြစ်ရသည့်မူလအကြောင်းခံများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။

    (၃) မမှန်သတင်းဖြန့် ခြင်း၊ ပုံကြီးချဲ့ ခြင်း

    ပဋိပက္ခဖြစ်ရသည့်မူလအကြောင်းခံများတွင်၊ မမှန်သတင်းဖြန့် ခြင်း ပုံကြီးချဲ့ ခြင်းများလည်းပါဝင်ပါသည်။ DVB ဒီမိုကရက်တစ်မြန်မာ့သံနှင့် စာစောင်အချို့ က ရခိုင်အမျိုးသားများတင်ပြသည့်သတင်းကိုသာ အဓိကဖေါ်ပြကြပါသည်။ ပုံကြီးချဲ့ ကြပါသည်၊ လှုံ့ ဆော်ကြပါသည်၊ရိုဟင်ဂျာများဘက်မှ မဖော်ပြကြပါ၊ထိန်ချန်ကြပါသည်၊ဖြေရှင်းခွင့်လည်း မရကြပါ၊ ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေအနေကိုမသိကြရပါ၊သွားရောက်ကူညီလိုသူများ အတွက်လည်း သွားရောက်ခွင့်မရှိပါ။ ထိုသို့ တစ်ဖက်သတ်ဖေါ်ပြခြင်းသည် ပဋိပက္ခကြီးထွားပြန်နှံ့ စေရန် လှုံ့ ဆော်သည့်သဘော သက်ရောက်ပါသည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရပါသည်။

    ကမန်အမျိုးသားများ သတ်ဖြတ်ခံရသလို အိမ်များမီးရှို့ ခံရပါသည်။သို့ သော် ကမန်အမျိုးသားများ၏သတင်း လုံးဝမကြားရပါ။ အားလုံးမျိုးပြုတ်သေကုန်ကြပြီလား။ ရန်ကုန်ရှိ ကမန်အမျိုးသားများ အကြီးအကျယ်ငိုကြွေး ပူဆွေးနေကြ ပါသည်။ အကူအညီပေးသည့် အဖွဲ့ အစည်းများကလည်း ၎င်းတို့ ထံသွားရောက်နိုင်ခြင်းမရှိ။ အကူအညီများလည်း မျှမျှတတရရှိပုံမရ၊ လူနည်းစုများ၏ အသံပျောက်နေပါသည်။ လူနည်းစုများကိုကာကွယ်ရန် အထူးအရေးကြီးပါသည်။ လူနည်းစုများ မျိုးပြုတ်မသွားအောင် ကာကွယ်ရပါမည်။ ကောင်းမွန်သည့်အစီအစဉ်များ ရှိရပါမည်။ သတင်းဋ္ဌာနများ ကလည်း ၎င်းတို့ ကိုမေ့နေပုံရသည်။ အကြီးအကျယ်ဘက်လိုက်မှုများရှိသည်။ ဖုံးကွယ်ခြင်း၊လိမ်လည်ခြင်း၊ ထိန်ချန်ခြင်း သည်အစဉ်အလာဆိုးဖြစ်သည့်အပြင် လူနည်းစုများကို ပို၍ထိခိုက်စေပါသည်။ အနာဂတ်တွင် ထိုသို့ မဖြစ်စေရန် အစဉ်လာ ဆိုးများကို ဖယ်ရှားရပါမည်။ဤအကြောင်းအချက်များသည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံလည်း ဖြစ်သည်။

    (၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ

    မြန်မာနိုင်ငံအနှံ့ နယ်များတွင် အသုဘချရန် လူငယ်များမရှိ၊ ဘယ်လူမျိုးသေသေ၊ ဘယ်ဘာသာ သေသေ အသုဘ ချရန် လူငယ်များမရှိ၊ အားလုံးနိုင်ငံခြားသွား၍ အလုပ်လုပ်နေကြသည်။ ဒီအသံကျယ်ကျယ်ပြန့် ပြန့် ကြားနေရပါသည်။ သို့ သော် ရခိုင်ဒေသတွင် ထိုသို့ မဟုတ်။ ရခိုင်လူငယ်များ နိုင်ငံခြားသွားအလုပ်လုပ်ကြသည်။ ရိုဟင်ဂျာလူငယ်များ နိုင်ငံခြားထွက်၍ အလုပ်လုပ်ခွင့်မရှိ၊ နိုင်ငံခြားထွက်ခွင့်မရှိ၊ ရွာပုန်းများအဖြစ်နေကြရပါသည်။ အခြားရွာများသို့ လည်း သွားခွင့်မရှိ၊ မြို့ တက်ခွင့်မရှိ၊ အကန့် အသတ်ဖြင့်သာ နေကြရပါသည်။ မိန်းမယူ၊ကလေးမွေး အလုပ်မှလွဲ၍ အခြားအလုပ် မရှိပါ။ ထို့ ကြောင့်လူဦးရေတိုးနှုန်းလည်း များလာရပါသည်။ ရိုဟင်ဂျာလူမျိုးများနှင့် ကမန်လူမျိုးများက မွေးဇာတိကို အခြားလူမျိုးများထက် ပို၍ပို၍ ချစ်နေရပါသည်။ ဇာတိချက်ကြွေ မွေးရပ်မြေသည်၊ သူတို့ ၏သင်္ချိုင်းမြေလည်းဖြစ်သည်။ ဘယ်မှပြောင်းမရ ရွေ့ မရ၊ ဤသည်ကား လက်တွေ့ ဖြစ်ရပ်မှန်၊ သရုပ်မှန်သာဖြစ်သည်။

    ထို့ ကြောင့် ခိုးဝင်လာသူများ တရားမ၀င် ၀င်ရောက်လာသူများဟု မတရားစွပ်စွဲလာသည့်အခါ အသည်းနာအောင် ခံစားကြရပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အကျဉ်းထောင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ၀င်ရောက်လာရန် အကြောင်းမရှိ၊ ယုတ္ထိမတန်။ ရိုဟင်ဂျာများ၏ ရွာများတွင် ၀င်လမ်းလည်းမရှိ၊ထွက်လမ်းလည်းမရှိ။ ပြည်တွင်းပြည်ပ ဧည့်သည်များလည်းမလာ၊ နိုင်ငံတကာသံတမန်များလည်း မရောက်၊ ပြည်တွင်းပြည်ပသတင်းဋ္ဌာနများလည်းမရောက်၊ ကယ်မဲ့သူ၊ကူမဲ့သူလည်း မရောက်ပါ။ ရိုဟင်ဂျာများအာလုံး ထားရာနေ စေရာသွားအဆင့်သာ ရှိပါသည်။

    ရိုဟင်ဂျာများနှင့် ကမန်လူမျိုးများသည် နိုင်ငံသားမှတ်ပုံတင်များလည်း မရရှိကြပါ၊ အစိုးရအလုပ်အကိုင် များလည်း မရကြပါ။အခြားလူမျိုးများ နည်းတူ တန်းတူဆက်ဆံခြင်းများ မခံရပါ၊ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများကိုသာ ခံရပါသည်။ဖိနှိပ်မှုအမျိုးမျိုး ၊ပိတ်ဆို့ မှု အမျိုးမျိုးခံရသဖြင့်အစွန်းရောက်အခြားလူမျိုးများက အားရကြပါသည်။၎င်းတို့ ကပါ လူမျိုးရေး၊ဘာသာရေးခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြီး ပဋိပက္ခအမျိုးမျိုးဖန်တီးလိုကြပါသည်။ ရန်စမှုအမျိုးမျိုး ကြုံကြ ရ ပါသည်။နိုင်ငံတကာလူ့ အခွင့်ရေးစောင့်ကြည့်သည့်အဖွဲ့ များကလည်း ဤအချက်များကိုထောက်ပြကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းများကလည်း ထောက်ပြကြသည်။ခံရသူများကလည်း နှစ်ရှည်လများ ခံနေရသဖြင့် ဘာသာရေးအရ ခွဲခြားဖိနှိပ်ချုပ်ချယ်သည်ဟု မှတ်ယူကြသည်။ အမေရိကန်အစိုးရ၏ ဘာသာရေးအရခွဲခြားဖိနှိပ်ချုပ်ချယ် မှုရှိကြောင်း နှစ်စဉ်ထုတ်ပြန်ကြေညာချက်များလည်း ရှိနေသည်။ကမ္ဘာ့ နိုင်ငံအစိုးရများ၊နိုင်ငံရေးပါတီများကလည်း ဤအတိုင်း ယုံကြည်ကြပါသည်။ဤသတင်းဆိုးကျော်ကြားမှုကြီးကို အချိန်မီဖယ်ရှားရန် လိုပါသည်။သို့ မဟုတ်ပါက ပဋိပက္ခဖြစ်ပေါ်ရန် လှုံ့ ဆော်ဘိသကဲ့သို့ ဖြစ်နေပါမည်။ဤအချက်သည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းရင်းခံတစ်ချက် လည်းဖြစ်ပါသည်။နိုင်ငံတော်အစိုးရ၏ ဥပဓိရုပ်ကို ဆိုးရွားစွာ ပျက်စီးစေပါသည်။

    ထို့ ကြောင့် အခြားနယ်များတွင် အသုဘချရန် လူငယ်များမရှိသည့်အချိန်တွင် ရိုဟင်ဂျာနှင့်ကမန်လူငယ်များကို ဒေသအတွင်း အသုဘချရန် လှောင်ပိတ်ထားသကဲ့သို့ ဖြစ်နေပါသည်။ လူဦးရေတိုးပွားနေသည်ဟု မလှုံ့ ဆော်သင့်ပါ။ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည်ဟု မစွပ်စွဲသင့်ပါ။ယမ်းပုံမီးကျ မလှုံ့ ဆော်သင့်ပါ။ ကျွန်တော်များအနေဖြင့်အနာဂတ်တွင် မတူကွဲပြားခြားနားသူ အားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်မည့် အခြေအနေမျိုးကိုသာ လိုလားပါသည်။ထိုအခြေအနေ မျိုးကို ထိခိုက်ပျက်စီးစေမည့် လှုံ့ ဆော်မှုမျိုးစုံကို ဖယ်ရှားရန် မေတ္တာရပ်ခံလိုပါသည်။ပဋိပက္ခတွင် ပါဝင်သူအသီးသီး ကလည်း ရှောင်ရှားရန်လိုပါသည်။အစိုးရကလည်း တရားဥပဒေနှင့်အညီ တားဆီးသင့်ပါသည်။စုံစမ်းစစ်ဆေးရေးကော်မရှင် ကလည်း ဤအချက်ကို ပဋိပက္ခဖြစ်စေသည့် မူလအကြောင်းခံ တစ်ရပ်အဖြစ် မှတ်ယူသင့်ကြောင်း အကြံပြုလိုပါသည်။

    (၅)အမိန့် မရလျှင် ရေတောင်မသောက်ရ

    ရိုဟင်ဂျာလူမျိုများ၊ကမန်လူမျိုးများသည် အမိန့် မရလျှင် လက်မထပ်ကြရ၊ အမိန့် မရလျှင် ကလေးမမွေးရ၊ခရီးမထွက်ရ၊ အမိန့် မရလျှင် ဆေးရုံမတက်ရ၊ ဘုရားဝတ်မပြုရ၊ စာမသင်ရ၊ စာသင်ကျောင်းမဖွင့်ရ၊ အမိန့် မရလျှင် အိမ်မဆောက်ရ၊ အိမ်ယာမရွေ့ ရ၊ အမိန့် မရလျှင် အိမ်ထောင်ကျသားသမီးများ အိမ်ခွဲမနေရ၊ သန်းခေါင်စာရင်းမခွဲရ၊ အမိန့် မရလျှင် ၀တ်ပြုကျောင်းမဆောက်ရ၊ စသည်စသည်ဖြင့် ကန့် သတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးခံရပါသည်။ ယုတ်စွအဆုံး အမိန့် မရလျှင် ရေတောင်မသောက်ရဟုဆိုရပါမည်။ ရိုဟင်ဂျာများ အားလုံး အကြောက်တရားအောက်တွင် ကြီးပြင်း ခဲ့ရပါသည်။လူမြင်တိုင်း ကြောက်လန့် ၍ပြေးပုန်းနေကြရပါသည်။ အထူးသဖြင့် ယူနီဖောင်းဝတ်လာသူများကိုမြင်လျှင် တစ်ရွာလုံး ကလေး၊လူကြီးမကျန် ပြေးပုန်းနေရပါသည်။ကြာလျှင်အခြေအနေ အလွန်ဆိုးရွားနိုင်ပါသည်။သံသယအကျိုး ကို ဆိုးရွားစွာ ခံစားနေကြရသည်။ ဤအကြောင်းတရားများသည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများသာဖြစ်သည်။
    အစိုးရ၀န်ထမ်းဟောင်းများ၊ပင်စင်စားများ၏သားသမီးများပင် အလုပ်မရကြပါ။အစိုးရအလုပ် လုံးဝမရ၊ ခွဲခြားဆက်ဆံ ခံကြရပါသည်။ ရိုဟင်ဂျာများ၏လက်ရှိ၊ လက်တွေ့ အခြေအနေများကို ပြည်မမှပြည်သူများ၊အခြားပြည်နယ်များမှ ပြည်သူများ မသိရှိကြပါ။ သတင်းဋ္ဌာနများ၊ စာစောင်များကလည်း ရေးသားတင်ပြခြင်းမရှိကြပါ။ သို့ သော် နိုင်ငံတကာ သတင်းဋ္ဌာနများ၊ အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့ အစည်းများက အချို့ အခြေအနေများကို သိကြပါသည်။အလားတူ မြန်မာနိုင်ငံပြည်သူများကလည်း အခြေအနေအရပ်ရပ်ကို အမှန်တိုင်းသိရန်လိုအပ်ပါသည်။ ပွင့်လင်းသောလူ့ အဖွဲ့ အစည်း ဖြစ်လာရန် လိုအပ်ပါသည်။ ပွင့်လင်းသောလူ့ အဖွဲ့ အစည်း ဖြစ်လာအောင် အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရပါမည်။ သို့ မှသာ ၀ါဒဖြန့် သူများ အစွန်းရောက်သူများ၏နယ်ပယ် ကျဉ်းမြောင်းသထက်ကျဉ်းမြောင်း သွားပါမည်။အမျိုးသားရေး ကို တရားဥပဒေ၏အထက်တွင် နေရာမပေးသင့်ပါ။တစ်ချို့ က မြန်မာနိုင်ငံ၏ထူးခြားသည့်အခြေအနေကိုကောင်းကောင်း မသိဟု ပြောဆိုကြသည်၊အထင်သေးကြသည်၊ နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်းကိုကောင်းကောင်းသိသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ယနေ့ ကမ္ဘာကြီးသည်ကျဉ်းမြောင်းလာပါသည်။သတင်းခေတ်သို့ ရောက်နေပါသည်။ ဘယ်သူ့  ကိုမျှ လျှော့မတွက်သင့်ပါ၊ပြည်တွင်းတွင်သာ ဖုံးကွယ်၍ရမည်၊လိမ်လည်၍ရမည်၊ကမ္ဘာကြီးကိုတော့ ဘာမှမသိဟုဆိုပြီး လိမ်၍မရနိုင်ပါ။ပွင့်လင်းသောလူအဖွဲ့ အစည်းကို ထူထောင်နိုင်မှသာလျှင် အနာဂတ်ပဋိပက္ခများကိုရှောင်လွဲနိုင်မည်ဟု ယုံကြည်ပါသည်။ပွင့်လင်းသောလူ့ အဖွဲ့ အစည်း မရှိခြင်းကပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံတစ်ရပ်ဟု သုံးသပ် လိုပါသည်။
    ပွင့်လင်းသောလူ့ အဖွဲ့ အစည်းမဟုတ်သည့်အတွက်၊လူမျိုးရေးတစ္ဆေဘာသာရေးတစ္ဆေများ၏ ခြိမ်းခြောက်မှုကို ခံနေရသူများစွာရှိသည်၊ လှုံ့ ဆော်မှုအမျိုးမျိုးလည်းရှိသည်၊ ထိုသူများသည် ကိုယ့်မျက်ဝတ်ကို ကိုယ်မမြင်အခြားသူများ၏ မျက်ဝတ်ကိုသာ မြင်ကြသည်။ပွင့်လင်းသောလူ့ အဖွဲ့ အစည်းကို ထူထောင်နိုင်မှသာလျှင်အနာဂတ်ပဋိပက္ခများကို ရှောင် လွဲနိုင်မည်။တရားလမ်းမှန်အပေါ် လျှောက်လှမ်းနိုင်ရန်အတွက်အလင်းရောင် တည်းဟူသောပွင့်လင်းမှု့ လိုအပ်ပါသည်။ သို့ မှသာ တရားလမ်းမှန်ကိုလည်း သိမြင်ကြရမည်။ပြည်သူများ လမ်းမမြင်ကမ်းမမြင် သွားနေရသည့်အဖြစ်မှကျွတ်မည်၊ ငြိမ်းချမ်းသာယာသော လူ့ အစုအဝေးကိုလည်း တည်ဆောက်နိုင်မည်။ အနာဂတ်ပဋိပက္ခများ မပေါ်ရန် ကြိုတင်ကာကွယ် ရာလည်းရောက်မည်။

    (၆) ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ ဘယ်သူလဲ

    ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေသည် မတရားသောဥပဒေဖြစ်သည်။ သို့ သော်လည်း ထိုမတရားသောဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများ၊ နိုင်ငံသားလက်မှတ်လျှောက်ထားလာသည့်အခါတွင်လည်း ထပ်ဆင့်၍ မတရားဆက်ဆံ ခံကြရပါသည်။ ပြည်သူအမြောက်အများ ၊ နိုင်ငံသားစိစစ်ရေးကဒ် မရကြပါ။ အစ္စလာမ်ဘာသာဝင်အားလုံးနီးနီး၊ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရန်၊ အခက်ခဲမျိုးစုံကြုံကြရပါသည်။အချိန်စွဲခံကြရသည်၊ ခွဲခြားဆက်ဆံခံကြရပါသည်။ လ၀ကအရာရှိကြီးများသည် ကျွန်တော်တို့ ၏ အရှင်သခင်များဖြစ်ကြပါသည်။ ၎င်းတို့ ကို အရှင်သခင်အဖြစ် ဆက်ဆံကြရပါသည်။ သူတို့ သနားမှ ကျွန်တော်များ မှတ်ပုံတင်ရကြပါသည်။ သို့ မဟုတ်ပါက ၁၉၉၀ခုနှစ်ဘူးသီးတောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ကဲ့သို့ ထောင်နှစ်ရှည်ကျခံရနိုင်ပြီး မိသားစုတစ်ခုလုံး ဘ၀ပျက်သွားနိုင် ပါသည်။စိစစ်ဆေးရေးကဒ်ပြားလျှောက်ထားသူများကို အချိန်မီထုတ်မပေးဘဲ အချိန်ဆွဲထားခြင်းသည်၊ ဥပဒေချိုးဖောက်ခြင်း သာဖြစ်သည်။ ပါးစပ်ဟထားခြင်းလည်း ဖြစ်သည်ဟု သုံးသပ်၍ ရသည်။ ဥပဒေချိုးဖောက်သူ ဘယ်သူလဲ သုံးသပ်၍လည်း ရသည်။

    ရိုဟင်ဂျာလူမျိုးများနှင့်ကမန်လူမျိုးများ သည်လည်း အမျိုးသားမှတ်ပုံတင်များ မရရှိကြပါ။ သိက္ခာမဲ့သောအဖြူရောင် စက္ကူများသာ ရရှိကြသည်။ အဖြူရောင်စက္ကူသည် ခွဲခြားဆက်ဆံမှု၏ သက်သေခံတစ်ရပ်သာဖြစ်သည်။ ဖိနှိပ်မှု၏သင်္ကေတ လည်းဖြစ်သည်။ပဋိပက္ခ ဖြစ်ရန်အကြောင်းခံတစ်ရပ်လည်းဖြစ်သည်။လှုံ့ ဆော်မှု တရပ်လည်း ဖြစ်သည်။ထို့ ကြောင့် အနာဂတ်ပဋိပက္ခကို ရှောင်ရှားရန်အတွက် တရားဥပဒေနှင့်အညီ၊ ရိုဟင်ဂျာနှင့်ကမန်များကို အမြန်ဆုံး (ချက်ချင်း) နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးရန်လိုအပ်ပါသည်။နယ်ခြားဒေသဖြစ်၍ နိုင်ငံသားစိစစ်ရေးကဒ်ပြား အမြန်ဆုံး ထုတ်ပေးရန် အရေကြီးပါသည်။ မလိုလားအပ်သည့်သံသယများ ဖယ်ရှားရန်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားသည် မရှိ မဖြစ် လိုအပ်ပါသည်။ အစိုးရကနိုင်ငံမဲ့များအဖြစ် ပြုမူဆက်ဆံမှုများ ရှောင်သင့်သည်။တရားဥပဒေကို လေးစားသင့်သည်။ ခေါင်ကမိုးမလုံ မဖြစ်သင့်ပါ၊ ပြည်သူများအကြား သံသယပွားအောင် မလှုံ့ ဆော်သင့်ပါ။ အကယ်၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ရထိုက်သူများ၊ မရရှိဘဲအချိန်စွဲနေလျှင် ပဋိပက္ခများကို ဖိတ်ခေါ်ရာကျမည်။ ဤအချက်သည် ယခုဖြစ်ပွားခဲ့ ရသည့် ပဋိပက္ခ၏ မူလအကြောင်းခံတစ်ရပ်လည်း ဖြစ်သည်။

  • ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာယူနွစ်  ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု့ကို ရှုံ့ချ

    ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာယူနွစ် ဘုန်းကြီးကျောင်းများ ဖျက်ဆီးမှု့ကို ရှုံ့ချ

    အောက်တိုဘာ၊ ၃ ၊ ၂၀၁၂

    M-Media

    ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါက်တာ မုဟမ္မဒ်ယူနွစ်က ဘင်္ဂလားဒေရှ်နိုင်ငံ ပန်းဝါနှင့် ရာမူးဒေသမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့  နေအိမ်များ ဖျက်ဆီးခံရမှုကို စိတ်ပျက် ထိတ်လန့်တုန်လှုပ်မိကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အဆိုပါကြေငြာချက်မှာ ဒီတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သူတွေကို  စုံစမ်းစစ်ဆေးမှုတွေ သေချာပြုလုပ်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ဒေါက်တာယူနွစ်က ဘင်္ဂလားဒေရှ် အစိုးရကို တိုက်တွန်းထားပါတယ်။

    “ကျနော် ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ်တွေ ဖျက်ဆီးခံရတာကို စိတ်ပျက်မိကြောင်း” ဒေါက်တာယူနွစ်က ပြောပါတယ်။

    ဒေါက်တာ ယူနွစ်က ဗုဒ္ဓဘာသာများနှင့် ဟိန္ဒူဘာသာဝင်များကို စာနာကြောင်း ၄င်းတို့၏ စိတ်ရှည်သီးခံမှုအတွက် ကျေးဇူးတင်ကြောင်းကြေငြာချက်မှာ ဖော်ပြပါတယ်။

    အောက်တိုဘာ ၁ ရက်နေ့တွင် Facebookပေါ်တွင် အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကုရ်အာန် ကျမ်းစာအုပ်ကို မီးရှို့သည့် ဓာတ်ပုံတစ်ပုံနှင့် ပတ်သက်ပြီး ဒေါသထွက်နေသော အစ္စလာမ် ဘာသာဝင်များသည် နိုင်ငံတောင်ပိုင်းရှိ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းနှင့် ဗုဒ္ဓဘာသာဝင် နေအိမ် (၅၀)ကျော်ကို မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း သတင်းများတွင် ဖော်ပြကြပသည်။

် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါက်တာယူနွစ်သည် စီးပွားရေးပညာရှင်တဦးဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်  Micro Finance ခေါ် အသေးစားငွေချေးမှုစနစ်ကို ဆင်းရဲသားများအတွက်  တီထွင်ကြံဆပေးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်းခံရပြီး နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံထားရသူဖြစ်သည်။

     

    ကိုးကား http://www.banglanews24.com

  • ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို

    ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို

    အောက်တိုဘာ၊ ၃ ၊ ၂၀၁၂

    Source: VOA

    Cox’s Bazar ခရိုင်၊ Ramu ဒေသအတွင်းမှာ ဖျက်ဆီးခံခဲ့ရသော ဘုန်းကြီးကျောင်းတစ်ကျောင်း။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့တိုက်ခိုက် မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အချိန်မီ အကာကွယ်မပေးနိုင်တဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံချုပ်က အမိန့်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအပါအ၀င် အခင်းဖြစ်ပွားခဲ့တဲ့နယ်မြေတွေက လုံခြုံရေးအရာရှိတွေလည်း အခု အမိန့် ထုတ်ပြန်ချက်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

    အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၂၀ ကျော်နဲ့ စေတီပုထိုး အတော်များများ ပျက်စီးခဲ့ရတဲ့ အဲဒီ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုကို အစိုးရအနေနဲ့ ဘာကြောင့် အချိန်မီ အကာကွယ်မပေးနိုင်တာလဲဆိုပြီး ဗဟိုတရားရုံးရှေ့နေတဦးက အဆိုတင်သွင်းလာတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် ဗဟိုတရားရုံးချုပ်က ကြားနာပြီး အခုလို ဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းဌာနက ၀ါရင့်သတင်းထောက် Abdul Karam Azad က ပြောပါတယ်။

    သူပြောသွားတာကတော့ – “ဘုန်းတော်ကြီးကျောင်းတွေ အရေအတွက် အများအပြား ပျက်စီး ဆုံးရှုံး တဲ့အထိ ဖြစ်သွားစေတဲ့ ဒီတိုက်ခိုက်မှုကို အစိုးရအနေနဲ့ ဘာကြောင့် အချိန်မီ ဟန့်တားနိုင်ခဲ့ခြင်း မရှိတာလဲ ဆိုတာနဲ့ နောက်ပိုင်း လိုအပ်တာတွေကို ဘာကြောင့် အချိန်မီ မလုပ်ဆောင်ဘဲ ရေငုံနှုတ်ပိတ် လုပ်နေတာလဲဆိုတဲ့အပေါ် ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက အဆိုတင်သွင်း လာပြီး တဲ့နောက်မှာ တရားရုံးချုပ်က အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်-တဲ့။ ဗဟိုတရားရုံးချုပ်ရဲ့ ဒီအမိန့်ကို အစိုးရအနေနဲ့ မကြာခင် ရက်ပိုင်းအတွင်းမှာ အကြောင်းပြန်ကြားပေးရမှာ ဖြစ်ပါ တယ်”လို့ ပြောသွားတာပါ။

    ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတ၀ှမ်းလုံးမှာရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ရဟန်း သံဃာတော်တွေအပါအ၀င် တခြား ဘာသာတိုင်းရဲ့ ၀တ်ပြု ဆုတောင်းရာ နေရာတွေ အားလုံးကို အစိုးရအနေနဲ့ လုံခြုံ စိတ်ချမှုရှိအောင် လုပ်ဆောင်ပေးရမယ်ဆိုတဲ့ နောက်ဆက်တွဲ အမိန့်တခုကို လည်း အဲဒီအမိန့်ချပြီး နာရီအနည်းငယ်အကြာမှာ ဗဟို တရားရုံးချုပ်က ချမှတ်လိုက်ပါတယ်။

    Ramu ခေါ် ပန်းဝါမြို့နဲ့ Cox’s Bazaar ခေါ် ဖလောင်းချိတ်ဒေသတွေမှာ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပြီးပြီးချင်း နောက်တနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် အခြေအနေတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း တိုးမြှင့် ချထားခဲ့ တာကြောင့် ဗဟိုတရားရုံးချုပ်ရဲ့ ဒီ အမိန့်ဟာ အစိုးရတာဝန်ရှိသူတွေအတွက် ပဟေဠိ ဖြစ်နေတာပါ။

    အစိုးရအနေနဲ့ အခင်းဖြစ်ပွားရာ နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်ဆိုပေမယ့်လည်း တခြားဒေသတွေမှာ ရှိနေသေးတဲ့ ဘာသာရေး အဆောက်အဦးတွေကိုပါ အကာကွယ်ပေးရမယ့် တာဝန်ရှိတာကြောင့် ဗဟိုတရားရုံးချုပ်က အခုလို အမိန့်ချမှတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ Abdul Karam Azad ကတော့ သုံးသပ်ပါတယ်။

    သူပြောသွားတာကတော့ – “ဗဟိုတရားရုံးချုပ်က ဒီအမိန့်ကို ထုတ်ပြန်တာဟာ အခင်းဖြစ်ပွား တဲ့ နေရာဒေသတွေတင်သာ မကပဲ တခြား နေရာတွေမှာပါ ယိုပေါက်မရှိစေရအောင် အစိုးရအနေနဲ့ လုံခြုံရေးတွေ တိုးမြင့် ချထားဖို့အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်နိုင်ပါတယ်”- လို့ ပြော သွားတာပါ။

    အခု ဗဟိုတရားရုံးချုပ်က ထုတ်ပြန်တဲ့ အမိန့်ဟာ အစိုးရအဖွဲ့လို့ ရည်ညွန်း ဖော်ပြထားပေမယ့်လည်း အဓိကအားဖြင့်တော့ တိုင်းပြည်ရဲ့ လုံခြုံရေးကိစ္စတွေမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်၊ နိုင်ငံတော် ရဲချုပ်အပါအ၀င် Ramu နဲ့ Cox’s Bazaar ဒေသတွေက ရဲမှူးတွေနဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေကို ရည်ညွန်း ပြောဆိုတာ ဖြစ်ပါတယ်။

    ဗဟိုတရားရုံးချုပ်က အစိုးရအနေနဲ့ လုံခြုံရေးကိစ္စတွေမှာ ပိုမို တင်းကြပ်လုပ်ဆောင်ဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပေမယ့်လည်း အခင်းဖြစ်ပွားခဲ့တဲ့ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။

    အဲဒီဒေသမှာ အခြေအနေတွေဟာ ပြန်လည် တည်ငြိမ်နေပြီး နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေလည်း ထပ်မဖြစ်တော့တဲ့အတွက် အခုလို ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေး လိုက်တာ ဖြစ်နိုင်တယ်လို့ The Daily Star သတင်းထောက် Abdul Karam Azad က တော့ သုံးသပ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်းကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။

    အခုချိန်ထိတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်လို့ မသင်္ကာသူ ၁၆၆ ဦးကို ဖမ်းဆီးထားပြီးဖြစ်တဲ့ အကြောင်း ပြည်ထဲရေးဝန်ကြီး ၀န်ကြီး Muhiuddin Khan Alamgir က ပြောကြားထားပါတယ်။ ဒါပေမယ့် အခု ဖမ်းထားတဲ့သူတွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ အစိုးရဘက်က သတင်း ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် သူတို့တွေဟာ အများက ထင်ကြေးပေးနေသလို့ ရိုဟင်ဂျာတွေနဲ့ ဂျမား အစ္စလားမီးယားလို့ခေါ်တဲ့ အစ္စလာမ် စစ်သွေးကြွအဖွဲ့ဝင်တွေ ဟုတ်မဟုတ်ဆိုတာတော့ ကွဲကွဲ ပြားပြား မသိရသေးပါဘူး။

    မနေ့က အောက်တိုဘာ ၂ ရက်နေ့ကတော့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာ အကွယ် ပေးဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် အစိုးရအနေနဲ့ ထိုက်တန်တဲ့ လျော်ကြေး ထုတ်ပေးဖို့ ရာနဲ့ချီတဲ့ ဒါကားတက္ကသိုလ် ကျောင်းသားတွေ ချီတက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျား။